ရီးယဲလ်ရဲ့ ချန်ပီယံမျှော်လင့်ချက်ကို ဆီဗီလာ ဟန့်တားနိုင်မှာလား

 

ရီးယဲလ်တိုက်စစ်မှူး ဗက်စ်ကွက်စ်(ယာ) ဂရန်နာဒါအသင်းဘက်သို့ ဂိုးကန်သွင်းနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီရီးယဲလ်တိုက်စစ်မှူး ဗက်စ်ကွက်စ်(ယာ) ဂရန်နာဒါအသင်းဘက်သို့ ဂိုးကန်သွင်းနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ရီးယဲလ်မက်ဒရစ် – ဆီဗီလာ
တနင်္လာ၊ နံနက် ဝဝး၃ဝ

လာလီဂါရဲ့ ရာသီသိမ်းကတော့ မဟာပြိုင်ဘက်အသင်းကြီး နှစ်သင်းဖြစ်တဲ့ ရီးယဲလ်နဲ့
ဘာစီလိုနာရဲ့ ချန်ပီယံပြိုင်ဆိုင်မှုနဲ့ အရှိန်ကောင်း နေတာတွေ့ရတယ်။ ရမှတ်တူ အနေ
အထားမှာ လက်ကျန်ပွဲတစ်ပွဲကစားဖို့ရှိနေတဲ့ ရီးယဲလ်ကို ဘာစီလိုနာက အပြင်းအထန်
ဖိအားလိုက်ပေးနေသလို ရီးယဲလ်ကလည်း လက်ကျန်ပွဲတွေမှာ အမှားမရှိအောင် ကြိုးစား
ကစားပြနေနိုင်ဆဲ ဖြစ်နေတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေမှာလည်း နှစ်သင်းစလုံး
အနိုင်ရရုံတင်မကဘူး ဂိုးတွေပါ အပြိုင်သွင်းပြနေကြတာတွေ့ရလို့ ဒီနှစ်သင်းရဲ့ ရာသီသိမ်း
ချန်ပီယံအားပြိုင်မှုက အတော်လေးကို မြိုင်ဆိုင်နေပြီး စိတ်ဝင်စားဖို့လည်းကောင်းနေတာ
တွေ့ရတယ်။

ရာသီသိမ်းခါနီးမှာ ဘာစီလိုနာက လာလီဂါတစ်ခုတည်းကို အပြည့်အဝအာရုံစိုက်ပြီး
သွားခွင့်ရနေပေမဲ့လည်း ရီးယဲလ်ကတော့ ချန်ပီယံလိဂ်တစ်ဖက်နဲ့ပွဲတွေဆက်နေလို့
ရီးယဲလ်ရဲ့ စိတ်ပိုင်းရုပ်ပိုင်းအတွက်ပါ စိန်ခေါ်မှုပိုရှိနေတယ်လို့လည်း ပြောနိုင်နေတယ်။
အခုရင်ဆိုင်ရမယ့် ဆီဗီလာကလည်း ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် အမှတ်ဖြုန်းလို့
မရတဲ့အသင်းမျိုးဖြစ်နေတာကလည်း ဒီပွဲဟာ ရီးယဲလ်အတွက် ခက်ခဲတဲ့ပွဲဖြစ်လာနိုင်နေတဲ့
အပြင် ဒီပွဲပြီးရင်လည်း လက်ကျန်ပွဲဖြစ်တဲ့ဆယ်လ်တာဗီဂိုနဲ့ပွဲကို ကြားရက်မှာ အဝေးကွင်း
သွားပြီး ကစားရဖို့ကလည်းရှိနေလို့ ရီးယဲလ်အတွက် တကယ့်ပွဲကျပ်ကာလကိုဖြတ်ရတော့
မယ့်အချိန်ဖြစ်နေတယ်။ ရီးယဲလ်ဟာ ဒီပွဲအပြီး ကစားရမယ့်နှစ်ပွဲစလုံးကို အဝေးကွင်းမှာ
ချည်း သွားကစားရမှာဖြစ်လို့ အခုအိမ်ကွင်းမှာ နောက်ဆုံးကစားရမယ့် ဆီဗီလာနဲ့ပွဲကို
မဖြစ်မနေအနိုင်ကစားထားနိုင်ဖို့ကလည်း အရေးကြီးနေတယ်။ ဒါပေမဲ့ ဒီပွဲမတိုင်မီ အလက်
တီကိုနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ရေး အဆုံးအဖြတ်ပွဲကိုလည်း အဝေးကွင်းမှာ ကစား
ထားရဦးမယ့်အပြင် အဲဒီပွဲမှာ အလက်တီကိုရဲ့ နောက်ဆုံး မထူးဇာတ်ခင်းပြီး ပြင်းပြင်း
ထန်ထန်တုံ့ပြန်ကစားလာနိုင်မှုကို ရင်ဆိုင်ရတာကလည်း ရီးယဲလ်ရဲ့ ကြံ့ခိုင်မှုအပိုင်းကို
ရိုက်ခတ်မှု ရှိလာနိုင်နေသေးတယ်။

ရီးယဲလ်ဟာ နောက်ဆုံးပန်းအဝင် အရေးကြီးတဲ့ပွဲတွေ ကစားနေရတဲ့အချိန်မှာ အသင်း
လိုက်ကြံ့ခိုင်မှုကို ထိန်းနိုင်ဖို့အတွက် အသင်းကို အလှည့်ကျလူထုတ်ပြီး ကစားနေစေပေမဲ့
လည်း ဒီလိုအလှည့်ကျ လူထုတ်နေမှုဟာ အသင်းငယ်လေးတွေ အမှတ်သိပ်မလိုကြတော့
တဲ့အသင်းတွေနဲ့တွေ့ရင် သိပ်ပြီးမသိသာလှပေမဲ့ အရှိန်ရှိတဲ့အသင်းမျိုး၊ အမှတ်လိုနေလို့
သူတင်ကိုယ်တင်ကစားနိုင်မယ့် အသင်းမျိုးနဲ့ တွေ့တဲ့အခါမျိုးမှာတော့ ရီးယဲလ်ကို အခက်
တွေ့စေနိုင်တဲ့ အနေအထားမျိုးဖြစ်လာနိုင်တယ်။

ဆီဗီးလားကလည်း ချန်ပီယံလိဂ် ဝင်ခွင့်သေချာအောင်အပြင်တစ်ဖက်မှာ တိုက်ရိုက်ဝင်ခွင့်
ရမယ့် အဆင့် (၃) နေရာအတွက် အလက်တီကို ကို အမီလိုက်နေရတဲ့အချိန်မျိုးဖြစ်နေလို့
ရီးယဲလ်ကို ခပ်ပေါ့ပေါ့ရင်ဆိုင်မယ့်အသင်းမျိုးမဟုတ်ဘူး။ နောက်ပြီး ဆီဗီလာမှာ
နည်းပြရော ကစားသမားတွေပါ အတွေ့အကြုံများကြပြီး အသင်းကြီးတွေကိုလည်းရင်ဆိုင်
တတ်တဲ့အသင်းမျိုးလို့ ပြောလို့ရနေတယ်။ ခုနောက်ပိုင်း နည်းပြဆမ်ပါယိုလီရဲ့ရာထူးနဲ့
ပတ်သက်ပြီး မတည်ငြိမ်တဲ့ သတင်းတွေထွက်လာပြီးနောက်ပိုင်းမှ အသင်းကစားပုံ
အားလျော့သွားသလိုဖြစ်သွားပြီး ချန်ပီယံလိဂ်ကလည်းထွက်ရ လာလီဂါမှာလည်း
သေချာသလောက်ဖြစ်နေတဲ့ အဆင့် (၃) နေရာကို အလက်တီကိုဆီ လွှဲပေးလိုက်ရတဲ့
အထိဖြစ်သွားခဲ့ပေမဲ့ ဆီဗီလာသာ တကယ်တမ်းပုံမှန်အတိုင်း ကစားနိုင်ခဲ့မယ်ဆိုရင်
ရီးယဲလ်ကိုကောင်းကောင်း ဒုက္ခပေးနိုင်တဲ့အသင်းမျိုးပဲ ဖြစ်တယ်။

ဒါပေမဲ့ ဆီဗီလာရဲ့အားနည်းချက်က ပြီးခဲ့တဲ့ရာသီကတည်းက အဝေးကွင်းမှာ ရုန်းကန်
နေရတတ်ပြီး ဒီရာသီအဝေးကွင်းမှာလည်း နိုင်ပွဲက ခုနစ်ပွဲပဲရှိပြီး ရှုံးပွဲခြောက်ပွဲနဲ့ သရေပွဲက
ငါးပွဲအထိရှိနေတာတွေ့ရတယ်။ နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ အဝေးကွင်း
ခြောက်ပွဲစလုံးကိုလည်း တစ်ပွဲမျှနိုင်ပွဲမယူနိုင်ခဲ့ဘူး။ အခုနောက်ပိုင်းပွဲတွေမှာလည်း
ဆီဗီလာတိုက်စစ်ပိုင်းက ပုံမှန်ဂိုးသွင်းနှုန်း သိပ်မရှိတော့တဲ့အပြင် အဝေးကွင်းမှာလည်း
နဂိုကတည်းက ဂိုးရဖို့ ရုန်းကန်ရတတ်သေးတယ်။ နောက်ဆုံးကစားထားတဲ့ အဝေးကွင်း
သုံးပွဲမှာလည်း ပြီးခဲ့တဲ့မာလာဂါနဲ့ပွဲမှာပဲ နှစ်ဂိုးသွင်းနိုင်ခဲ့ပြီး ကျန်နှစ်ပွဲမှာတော့ သွင်းဂိုး
တစ်ဂိုးမျှရမထားခဲ့ပါဘူး။ ဒါကြောင့် ဆီဗီလာရဲ့ လက်ရှိရုန်းကန်နေရတဲ့ အနေအထားနဲ့
အဝေးကွင်းခြေစွမ်းတွေအရတော့ ရီးယဲလ်လို ချန်ပီယံမျှော်လင့်ချက် အပြည့်နဲ့ကစလာ
နိုင်နေတဲ့ ရီးယဲလ်ရဲ့ဘာနေဗျူးမှကစားအားကို တောင့်ခံနိုင်ဖို့ခက်ခဲမှာလည်း သေချာ
နေတယ်။

ဒါပေမဲ့ ရီးယဲလ်ရဲ့ ဒီရာသီ အိမ်ကွင်းအားကိုလည်း သိပ်ပြီးယုံကြည်ထားလို့ မရပြန်ဘူး။
အဝေးကွင်းမှာ ခက်ခဲနိုင်တဲ့ပွဲမျိုးတွေကိုအလွယ်တကူကျော်ဖြတ်ပြနိုင်ပေမဲ့ အိမ်ကွင်းမှာ
လွယ်ကူမယ့်ပွဲမျိုးတွေကိုတော့ ခက်ခက်ခဲခဲ ကျော်ဖြတ်နေခဲ့ရတာ တွေ့ရတယ်။ လာလီဂါ
နောက်ဆုံးအိမ်ကွင်းသုံးပွဲကို ကြည့်ရင်လည်း အလက်တီကိုနဲ့သရေ၊ ဘာစီလိုနာကို ရှုံးပြီး
ဗလင်စီယာကိုလည်း အနိုင်ရဖို့ မနည်းကစားယူခဲ့ရတယ်။ ပွဲပြီးခါနီးမှ မာဆယ်လိုရဲ့
သွင်းဂိုးကြောင့် ၂–၁ နဲ့ကပ်ပြီးနိုင်ခဲ့တာကို ကြည့်ရင်လည်း ဗလင်စီယာထက်ပို
တောင့်တင်းအောင်ကစားပြနိုင်တဲ့ ဆီဗီလာကိုလည်း ရီးယဲလ်အနိုင်ရဖို့ ခက်သွားနိုင်တယ်။

ဒီရာသီမှာလည်း ရီးယဲလ်နဲ့ ဆီဗီလာ လေးကြိမ်တွေ့ဖူးထားပြီဖြစ်လို့ ဒီတစ်ကြိမ်က
ငါးကြိမ်မြောက် တွေ့ဆုံမှုဖြစ်နေတယ်။ ဒါကြောင့် အသင်းနှစ်သင်းကြားမှာ တစ်သင်း
အကြောင်းတစ်သင်းကောင်းကောင် သိနေနိုင်ကြတဲ့အခြေအနေမျိုးလည်း ဖြစ်နေကြလို့
အခုပွဲဟာ တစ်သင်းနဲ့တစ်သင်း သိသာတဲ့အသာစီးရယူနိုင်မှုမျိုး ဖြစ်မလာနိုင်ဘူး။ ဒီရာသီ
လေးကြိမ်တွေ့ဆုံထားမှုမှာတော့ လာလီဂါ ပထမအကျော့မှာ ဆီဗီလာကရီးယဲလ်ကို အနိုင်
ယူထားနိုင်ပြီး ကိုပါဒယ်ရေးနှစ်ကျော့မှာတော့ ရီးယဲလ်က တစ်ပွဲနိုင်တစ်ပွဲသရေ ကစား
ထားနိုင်တယ်။ ဥရောပစူပါဖလားလုပွဲအဖြစ် ရာသီမစမီ ဆုံခဲ့ကြတုန်းကတော့ မိနစ် ၉ဝ
အတွင်း သရေကျခဲ့ပြီး အချိန်ပိုရောက်မှ ရီးယဲလ်က အနိုင်ယူသွားနိုင်ခဲ့တာဖြစ်တယ်။
ဒါကြောင့် ဒီရာသီတွေ့ဆုံထားမှုတွေအရတော့ သိပ်မကွာလှဘူး။ ဒါပေမဲ့ ရီးယဲလ်ရဲ့
ဘာနေဗျူးမှာရင်ဆိုင်ခဲ့ကြတဲ့ အစဉ်အလာ ရလဒ်တွေမှာတော့ ရီးယဲလ်က တစ်ဖက်သတ်
အသာစီးရနေသလို ရှိနေတဲ့အပြင် ဂိုးပြတ်နိုင်ပွဲတွေလည်းများတတ်လို့ လက်ရှိဆီဗီလာရဲ့
ပန်းအဝင်ခြေမမှန်လှတဲ့ပုံမျိုးနဲ့ဆိုရင်တော့ ရီးယဲလ်ကိုတောင့်ခံနိုင်ဖို့ မလွယ်လှဘူးထင်ပါ
တယ်။ အနိုင်ကစားဖို့ အရေးကြီးနေတဲ့ ရီးယဲလ်ပဲရွေးထားရမယ့်ပွဲ ဖြစ်နေတယ်။ါ

အခြားပွဲစဉ်များ

စနေ၊ ည ၈း၃ဝ
အက်စ်ပန်ညို – ဗလင်စီယာ

စနေ၊ ည ၁၁းဝဝ
အိုဆာဆူနာ – ဂရန်နာဒါ

တနင်္ဂနွေ၊ ည ၈း၃ဝ
အလာဗတ်စ် – ဆယ်လ်တာ

တနင်္လာ၊ နံနက် ဝဝး၃ဝ
ဘီလ်ဘာအို – လီဂါနက်စ်

တနင်္လာ၊ နံနက် ဝဝး၃ဝ
ဘက်တစ် – အလက်တီကို

တနင်္လာ၊ နံနက် ဝဝး၃ဝ
အိုင်ဘာ – ဂီဂျွန်

တနင်္လာ၊ နံနက် ဝဝး၃ဝ
လက်စ်ပါးလ်မားစ် – ဘာစီလိုနာ

တနင်္လာ၊ နံနက် ဝဝး၃ဝ
ဗီလာရီးယဲလ် – ဒီပို့တီဗို

တနင်္လာ၊ နံနက် ဝဝး၃ဝ
ဆိုစီဒက် – မာလာဂါ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း