ချန်ပီယံချယ်လ်ဆီး ဒီပွဲမှာ လျှော့သွားမှာလား

 

ချယ်လ်ဆီးကွင်းလယ်လူ အာကီ(ယာ)နှင့် ဝက်ဖို့ဒ်ကွင်းလယ်လူ အမ်ရာဘက်တို့ ဘောလုံးယှဉ်လုနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီချယ်လ်ဆီးကွင်းလယ်လူ အာကီ(ယာ)နှင့် ဝက်ဖို့ဒ်ကွင်းလယ်လူ အမ်ရာဘက်တို့ ဘောလုံးယှဉ်လုနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

လီဗာပူး – မစ်ဒယ်ဘရော့
တနင်္ဂနွေ၊ ည ၈း၃ဝ

လီဗာပူးက နောက်ဆုံးကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဝက်စ်ဟမ်းကို ဂိုးပြတ်နဲ့အနိုင်ရလိုက်
တဲ့အတွက် ရမှတ် ၇၃ မှတ်ရသွားပါပြီ။ အခုပွဲသာနိုင်လိုက်ရင် လီဗာပူး ချန်ပီယံလိဂ်ဝင်ခွင့်
ရတော့မှာဖြစ်ပါတယ်။ လီဗာပူး မဖြစ်မနေအနိုင်ရဖို့တက်ကုန်ဖွင့်ကစားလာမယ့်ပွဲဖြစ်ပြီး
လီဗာပူးဂိုးပြတ် အနိုင်ရပါလိမ့်မယ်။

ဘန်လေ – ဝက်စ်ဟမ်း
တနင်္ဂနွေ၊ ည ၈း၃ဝ

ဘန်လေအနေနဲ့ အိမ်ကွင်းနောက်ဆုံးနှုတ်ဆက်ပွဲမို့ ပရိသတ်အတွက် ဒီပွဲကိုကစားအား
တင်ပြီး ကစားလာနိုင်ပါတယ်။ ဝက်စ်ဟမ်းက ဒဏ်ရာရသူတွေ များနေတယ်။ အဝေးကွင်း
လည်းဖြစ်နေတယ်ဆိုတဲ့အချက်တွေကြောင့် ကစားအားတင်လာမယ်မထင်ပါဘူး။ အဝေး
ကွင်းမှာ ကစားပုံလည်းမကောင်းပါဘူး။ ဘန်လေရဲ့ အကျင့်ကလည်းအိမ်ကွင်းဆိုရင်
အကောင်းဆုံးကစားနေတာဖြစ်လို့ အခုပွဲက ဘန်လေအနိုင်ရပါလိမ့်မယ်။

ဆွမ်ဆီး – ဝက်စ်ဘရွန်း
တနင်္ဂနွေ၊ ည ၈း၃ဝ

ဆွမ်းဆီးဟာ နောက်ဆုံးနှစ်ပွဲကို ကစားအား တင်ကစားလိုက်ပြီး နှစ်ပွဲစလုံး အနိုင်ရလိုက်
ချိန်မှာ အဓိကပြိုင်ဘက် ဟားလ်စီးတီးက နှစ်ပွဲဆက်တိုက် ရှုံးပွဲတွေ့သွားလို့ ဆွမ်ဆီးဟာ
ပရီမီယာလိဂ်မှာ တင်ကျန်ခဲ့ပြီဖြစ်ပါတယ်။ ဝက်စ်ဘရွန်းကတော့ ကြားရက်မှာလက်ကျန်ပွဲ
ကစားထားရလို့ ပွဲပန်းနေသလိုကစားသမားတွေက အနာခံပြီး အစွမ်းကုန်ကစားကြမယ်
မထင်ပါဘူး။ ဆွမ်ဆီးရဲ့အိမ်ကွင်းပွဲက အနိုင်နဲ့ အောင်ပွဲခံသွားနိုင်ပါတယ်။

ဆောက်သမ်တန် – စတုတ်
တနင်္ဂနွေ၊ ည ၈း၃ဝ

ဆောက်သမ်တန်က မစ်ဒယ်ဘရော့ကိုအနိုင်ရလိုက်လို့ ရမှတ် ၄၅ မှတ်ရပြီး အဆင့် (၉)
နေရာကိုတက်လာပါပြီ။ စတုတ်ကတော့ ၄၁ မှတ်သာရထားပါတယ်။ စတုတ်ရဲ့လက်ရှိ
ခြေက တော်တော်အားနည်းနေပါတယ်။ဆောက်သမ်တန်က အိမ်ကွင်းမှာသုံးပွဲဆက်တိုက်
နိုင်ပွဲပျောက်နေလို့ ဒီပွဲကို နိုင်ပွဲရအောင် ကစားအားတင်လာနိုင်ပါတယ်။ စတုတ်ကို
ဆောက်သမ်တန်အနိုင်ယူသွားပါလိမ့်မယ်။

လက်စတာ – ဘုန်းမောက်
တနင်္ဂနွေ၊ ည ၈း၃ဝ

လက်စတာက နောက်ဆုံးပွဲမှာ မန်စီးတီးနဲ့ သရေကျသင့်တာပါ။ မာရက်ဇ်ရဲ့အမှားကြောင့်
လက်စတာရှုံးသွားလို့ မာရက်ဇ်ဟာ အခုပွဲမှာ သူ့အမှားကို ချေဖျက်ရပါလိမ့်မယ်။
ဘုန်းမောက်က အိမ်ကွင်း နှစ်ပွဲဆက်တိုက်ကစားခဲ့ပြီး လေးမှတ်ရခဲ့ပါတယ်။ ထိပ်သီး ၁ဝ
သင်းထဲဝင်နေတဲ့အတွက် ဘုန်းမောက်ကစားသမားတွေ ကစားအားလျှော့ချနိုင်ပါတယ်။
လက်စတာနိုင်ပွဲတွေ့သွားပါလိမ့်မယ်။

ဟားလ်စီးတီး – စပါး
တနင်္ဂနွေ၊ ည ၈း၃ဝ

ဟာလ်းစီးတီးကတော့ အိမ်ကွင်းမှာ ဆန်းဒါးလန်းကိုရှုံး၊ ခရစ္စတယ်ပဲလေ့စ်ကိုရှုံးဆိုတဲ့
အခြေအနေတွေ ကြုံတွေ့ပြီးတန်းဆင်းသွားပါပြီ။ စပါးကလည်း ဒုတိယနေရာခိုင်နေပါပြီ၊
ဒါပေမဲ့ ဟယ်ရီကိန်းဟာ ပရီမီယာလိဂ်မှာ ဂိုးအများဆုံးသွင်းတဲ့ဆုရဖို့ ကြိုစားဦးမှာပါ။
အခုပွဲမှာ ဟယ်ရီကိန်းဂိုးဘယ်နှဂိုးသွင်းမလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မန်ယူ – ပဲလေ့စ်
တနင်္ဂနွေ၊ ည ၈း၃ဝ

မန်ယူကတော့ ယူရိုပါလိဂ်ပဲ အာရုံရောက်နေပြီး ပရီမီယာလိဂ်ကို အဖြစ်သာကစားနေပါ
တယ်။ အနိုင်ရလိုစိတ်တွေမန်ယူမှာမရှိတော့ပါဘူး။ ပဲလေ့စ်ဟာ ချယ်ယ်ဆီး၊ လီဗာပူး၊
အာဆင်နယ်တို့ကို အနိုင်ကစားခဲ့တာ သတိပြုသင့်ပါတယ်။ ဆမ်အလာဒွိုက်စ်ဟာ
အသင်းကြီးတွေဆိုရင် ဂရုတစိုက်ပြင်ဆင်ပြီး ဒုက္ခပေးတတ်သူဖြစ်ပါတယ်။ အခုလည်း
ဘန်တီကီ၊ ဇာဟာတို့ အစွမ်းကုန် ကစားလာပါလိမ့်မယ်။ သရေကျဖို့များတဲ့ပွဲဖြစ်ပါတယ်။

ချယ်လ်ဆီး – ဆန်းဒါးလန်း
တနင်္ဂနွေ၊ ည ၈း၃ဝ

ချယ်လ်ဆီးအသင်း ပရီမီယာလိဂ်ချန်ပီယံဆုကို ရယူအောင်ပွဲခံမယ့်ပွဲ ဖြစ်ပါတယ်။
ဆန်းဒါးလန်းကတော့ ချယ်လ်ဆီး အောင်ပွဲခံအခမ်းအနားမှာ ဇာတ်ရံတွေအဖြစ် မြင်တွေ့
ရမယ့်ပွဲဖြစ်ပါတယ်။ ဆန်းဒါးလန်း ဘယ်လိုစိတ်ဓာတ်နဲ့ပဲ ကစားကစား၊ ချယ်လ်ဆီးကို
သရေ မကန်နိုင်ပါဘူး။ ချယ်လ်ဆီး အနည်းဆုံးသုံးဂိုး သွင်းမယ့်ပွဲ ဖြစ်လာပါလိမ့်မယ်။

အာဆင်နယ် – အဲဗာတန်
တနင်္ဂနွေ၊ ည ၈း၃ဝ

အာဆင်နယ် ခက်ခက်ခဲခဲ ကစားရမယ့်ပွဲဖြစ်ပါတယ်။ အဲဗာတန်ဟာ အရင်အဲဗာတန်
မဟုတ်ပါဘူး။ တောင့်တင်း လာတဲ့အဲဗာတန်ဟာ ချယ်လ်ဆီးကို ယှဉ်နိုင်စွမ်းရှိတဲ့အသင်း
ဖြစ်ပါတယ်။ အာဆင်နယ် ခက်ခက်ခဲခဲ ကစားရမယ့်ပွဲက သရေနဲ့ပြီးသွားနိုင်သလို
အာဆင်နယ်နိုင်ရင် ဂိုးမပြတ်ပါဘူး။

ဝက်ဖို့ဒ် – မန်စီးတီး
တနင်္ဂနွေ၊ ည ၈း၃ဝ

ဝက်ဖို့ဒ်ကတော့ ရမှတ် ၄ဝ ရပြီးတဲ့နောက်ပိုင်းမှာ ကစားအားလျော့ပြီး အာရုံစူးစိုက်မှု
နည်းသွားတဲ့အသင်း ဖြစ်ပါတယ်။ မန်စီးတီးကလည်း ဒီပွဲဟာ ချန်ပီယံလိဂ်ဝင်နိုင်ဖို့အတွက်
အလွန်အရေးပါနေပါတယ်။ ရှုံးလို့မရတဲ့ပွဲဖြစ်လို့ ဂရုတစိုက်ရှိနေပါလိမ့်မယ်။ အကြိတ်
အနယ်ဖြစ်ပြီး အပြန်အလှန်ဂိုးသွင်းနိုင်လို့ ဒီပွဲကဂိုးများမယ့်ပွဲ ဖြစ်လာပါလိမ့်မယ်။

လီဗာပူး – မစ်ဒယ်ဘရော့တနင်္ဂနွေ၊ ည ၈း၃ဝ
လီဗာပူးက နောက်ဆုံး ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဝက်စ်ဟမ်းကို ဂိုးပြတ်နဲ့အနိုင်ရလိုက်တဲ့အတွက် ရမှတ် ၇၃ မှတ်ရသွားပါပြီ။ အခုပွဲသာ နိုင်လိုက်ရင် လီဗာပူး ချန်ပီယံလိဂ် ဝင်ခွင့်ရတော့မှာဖြစ်ပါတယ်။ လီဗာပူး မဖြစ်မနေအနိုင်ရဖို့တက်ကုန်ဖွင့်ကစားလာမယ့်ပွဲဖြစ်ပြီး လီဗာပူးဂိုးပြတ် အနိုင်ရပါလိမ့်မယ်။
ဘန်လေ – ဝက်စ်ဟမ်းတနင်္ဂနွေ၊ ည ၈း၃ဝ
ဘန်လေအနေနဲ့ အိမ်ကွင်းနောက်ဆုံးနှုတ်ဆက်ပွဲမို့ ပရိသတ်အတွက် ဒီပွဲကို ကစားအားတင်ပြီး ကစားလာနိုင်ပါတယ်။ ဝက်စ်ဟမ်းက ဒဏ်ရာရသူတွေ များနေတယ်။ အဝေးကွင်းလည်းဖြစ်နေတယ်ဆိုတဲ့အချက်တွေကြောင့် ကစားအားတင်လာမယ်မထင်ပါဘူး။ အဝေးကွင်းမှာ ကစားပုံလည်းမကောင်းပါဘူး။ ဘန်လေရဲ့ အကျင့်ကလည်းအိမ်ကွင်းဆိုရင် အကောင်းဆုံးကစားနေတာဖြစ်လို့ အခုပွဲက ဘန်လေအနိုင်ရပါလိမ့်မယ်။
ဆွမ်ဆီး – ဝက်စ်ဘရွန်းတနင်္ဂနွေ၊ ည ၈း၃ဝ
ဆွမ်းဆီးဟာ နောက်ဆုံးနှစ်ပွဲကို ကစားအား တင်ကစားလိုက်ပြီး နှစ်ပွဲစလုံး အနိုင်ရလိုက်ချိန်မှာ အဓိကပြိုင်ဘက် ဟားလ်စီးတီးက နှစ်ပွဲဆက်တိုက် ရှုံးပွဲတွေ့သွားလို့ ဆွမ်ဆီးဟာ ပရီမီယာလိဂ်မှာ တင်ကျန်ခဲ့ပြီဖြစ်ပါတယ်။ ဝက်စ်ဘရွန်းကတော့ ကြားရက်မှာလက်ကျန်ပွဲကစားထားရလို့ ပွဲပန်းနေသလိုကစားသမားတွေက အနာခံပြီး အစွမ်းကုန်ကစားကြမယ်မထင်ပါဘူး။ ဆွမ်ဆီးရဲ့ အိမ်ကွင်းပွဲက အနိုင်နဲ့ အောင်ပွဲခံသွားနိုင်ပါတယ်။
ဆောက်သမ်တန် – စတုတ်တနင်္ဂနွေ၊ ည ၈း၃ဝ
ဆောက်သမ်တန်က မစ်ဒယ်ဘရော့ကိုအနိုင်ရလိုက်လို့ ရမှတ် ၄၅ မှတ်ရပြီး အဆင့် (၉)  နေရာကိုတက်လာပါပြီ။ စတုတ်ကတော့ ၄၁ မှတ်သာရထားပါတယ်။ စတုတ်ရဲ့ လက်ရှိခြေက တော်တော်အားနည်းနေပါတယ်။ဆောက်သမ်တန်က အိမ်ကွင်းမှာ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်နေလို့ ဒီပွဲကို နိုင်ပွဲရ အောင် ကစားအားတင်လာနိုင်ပါတယ်။ စတုတ်ကို ဆောက်သမ်တန်အနိုင်ယူသွားပါလိမ့်မယ်။
လက်စတာ – ဘုန်းမောက်တနင်္ဂနွေ၊ ည ၈း၃ဝ
လက်စတာက နောက်ဆုံးပွဲမှာ မန်စီးတီးနဲ့ သရေကျသင့်တာပါ။ မာရက်ဇ်ရဲ့အမှားကြောင့် လက်စတာရှုံးသွားလို့ မာရက်ဇ်ဟာ အခုပွဲမှာ သူ့အမှားကို ချေဖျက်ရပါလိမ့်မယ်။  ဘုန်းမောက်က အိမ်ကွင်း နှစ်ပွဲဆက်တိုက်ကစားခဲ့ပြီး လေးမှတ်ရခဲ့ပါတယ်။ ထိပ်သီး ၁ဝ သင်းထဲဝင်နေတဲ့အတွက် ဘုန်းမောက်ကစားသမားတွေ ကစားအားလျှော့ချနိုင်ပါတယ်။ လက်စတာနိုင်ပွဲတွေ့သွားပါလိမ့်မယ်။
ဟားလ်စီးတီး – စပါးတနင်္ဂနွေ၊ ည ၈း၃ဝ
ဟာလ်းစီးတီးကတော့ အိမ်ကွင်းမှာ ဆန်းဒါးလန်းကိုရှုံး၊ ခရစ္စတယ်ပဲလေ့စ်ကိုရှုံးဆိုတဲ့ အခြေအနေတွေ ကြုံတွေ့ပြီးတန်းဆင်းသွားပါပြီ။ စပါးကလည်း ဒုတိယနေရာခိုင်နေပါပြီ၊ ဒါပေမဲ့ ဟယ်ရီကိန်းဟာ ပရီမီယာလိဂ်မှာ ဂိုးအများဆုံးသွင်းတဲ့ဆုရဖို့ ကြိုစားဦးမှာပါ။ အခုပွဲမှာ ဟယ်ရီကိန်းဂိုးဘယ်နှဂိုးသွင်းမလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
မန်ယူ – ပဲလေ့စ်တနင်္ဂနွေ၊ ည ၈း၃ဝ
မန်ယူကတော့ ယူရိုပါလိဂ်ပဲ အာရုံရောက်နေပြီး ပရီမီယာလိဂ်ကို အဖြစ်သာကစားနေပါတယ်။ အနိုင်ရလိုစိတ်တွေမန်ယူမှာမရှိတော့ပါဘူး။ ပဲလေ့စ်ဟာ ချယ်ယ်ဆီး၊ လီဗာပူး၊အာဆင်နယ်တို့ကို အနိုင်ကစားခဲ့တာ သတိပြုသင့်ပါတယ်။ ဆမ်အလာဒွိုက်စ်ဟာ အသင်းကြီးတွေဆိုရင် ဂရုတစိုက်ပြင်ဆင်ပြီး ဒုက္ခပေးတတ်သူဖြစ်ပါတယ်။ အခုလည်း ဘန်တီကီ၊ ဇာဟာတို့ အစွမ်းကုန် ကစားလာပါလိမ့်မယ်။ သရေကျဖို့များတဲ့ပွဲဖြစ်ပါတယ်။
ချယ်လ်ဆီး – ဆန်းဒါးလန်းတနင်္ဂနွေ၊ ည ၈း၃ဝ
ချယ်လ်ဆီးအသင်း ပရီမီယာလိဂ်ချန်ပီယံဆုကို ရယူအောင်ပွဲခံမယ့်ပွဲ ဖြစ်ပါတယ်။ဆန်းဒါးလန်းကတော့ ချယ်လ်ဆီး အောင်ပွဲခံအခမ်းအနားမှာ ဇာတ်ရံတွေအဖြစ် မြင်တွေ့ရမယ့်ပွဲဖြစ်ပါတယ်။ ဆန်းဒါးလန်း ဘယ်လိုစိတ်ဓာတ်နဲ့ပဲ ကစားကစား၊ ချယ်လ်ဆီးကိုသရေမကန်နိုင်ပါဘူး။ ချယ်လ်ဆီး အနည်းဆုံးသုံးဂိုး သွင်းမယ့်ပွဲ ဖြစ်လာပါလိမ့်မယ်။
အာဆင်နယ် – အဲဗာတန်တနင်္ဂနွေ၊ ည ၈း၃ဝ
အာဆင်နယ် ခက်ခက်ခဲခဲ ကစားရမယ့်ပွဲဖြစ်ပါတယ်။ အဲဗာတန်ဟာ အရင်အဲဗာတန်မဟုတ်ပါဘူး။ တောင့်တင်း လာတဲ့အဲဗာတန်ဟာ ချယ်လ်ဆီးကို ယှဉ်နိုင်စွမ်းရှိတဲ့အသင်းဖြစ်ပါတယ်။ အာဆင်နယ် ခက်ခက်ခဲခဲ ကစားရမယ့်ပွဲက သရေနဲ့ ပြီးသွားနိုင်သလို အာဆင်နယ်နိုင်ရင် ဂိုးမပြတ်ပါဘူး။
ဝက်ဖို့ဒ် – မန်စီးတီးတနင်္ဂနွေ၊ ည ၈း၃ဝ
ဝက်ဖို့ဒ်ကတော့ ရမှတ် ၄ဝ ရပြီးတဲ့နောက်ပိုင်းမှာ ကစားအားလျော့ပြီး အာရုံစူးစိုက်မှုနည်းသွားတဲ့အသင်း ဖြစ်ပါတယ်။မန်စီးတီးကလည်း ဒီပွဲဟာ ချန်ပီယံလိဂ် ဝင်နိုင်ဖို့အတွက် အလွန်အရေးပါနေပါတယ်။ ရှုံးလို့မရတဲ့ပွဲဖြစ်လို့ ဂရုတစိုက်ရှိနေပါလိမ့်မယ်။အကြိတ်အနယ်ဖြစ်ပြီး အပြန်အလှန် ဂိုးသွင်းနိုင်လို့ ဒီပွဲကဂိုးများမယ့်ပွဲ ဖြစ်လာပါလိမ့်မယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း