ဂျူဗင်တပ်တို့ နိုင်ပွဲပြန်ရဖို့ လိုအပ်နေပြီ

 

ဂျူဗင်တပ်တိုက်စစ်မှူး ဒိုင်ဘာလာ (လယ်) ရိုးမားအသင်းဘက်သို့ တိုက်စစ်ဆင်နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဂျူဗင်တပ်တိုက်စစ်မှူး ဒိုင်ဘာလာ (လယ်) ရိုးမားအသင်းဘက်သို့ တိုက်စစ်ဆင်နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဂျူဗင်တပ် – ခရိုတိုနီ
တနင်္ဂနွေ၊ ည ၇း၃ဝ

ယခုရာသီတွင် ဖလားသုံးလုံးအိပ်မက်နှင့် လက်တကမ်းအလို ရောက်ရရှိနေသော ဂျူဗင်
တပ်သည် ချန်ပီယံလိဂ်နှင့် စီးရီးအေပြိုင်ပွဲနှစ်ခုအကြား ကစားအားချိန်ဆပြီး အတင်အချ
ပြုလုပ်နေသည်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်တွင် မိုနာကိုနှင့် သူ့မြေကိုယ့်မြေ နှစ်ကျော့စလုံး အနိုင်
ကစားခဲ့သော ဂျူဗင်တပ်သည် စီးရီးအေ အမှတ်ပေးပွဲ၌ ကစားအား 'ချို' ခဲ့သည်။ မိုနာကို
ကို အဝေးကွင်းတွင် နှစ်ဂိုးပြတ်နိုင်ပြီးနောက် အပြန်ခရီးတွင် ဒေသခံပြိုင်ဘက် တိုရီနိုနှင့်
၁–၁ သရေကျသည်။ တစ်ဖန် ချန်ပီယံလိဂ် ဒုကျော့ပွဲတွင် မိုနာကိုကို ၂–၁ ဖြင့် ထပ်မံအနိုင်
ရသော်လည်း ရိုးမားကွင်း၌ ၃–၁ ဖြင့် အရေးနိမ့်သည်။

ချန်ပီယံလိဂ်တွင် နှစ်ပွဲစလုံး နိုင်အောင်ညှစ်လိုက်သော ဂျူဗင်တပ်သည် စီးရီးအေ၌တစ်ပွဲ
သရေကျပြီး ဒုတိယနေရာက အရေးပါသောပြိုင်ဘက် ရိုးမားကို ၃–၁ ဖြင့်အရေးနိမ့်ခဲ့သည်။
သို့ကလိုကြောင့် စီးရီးအေ ပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲအလိုတွင် ဒုတိယနေရာမှ ရိုးမားနှင့်
လေးမှတ်သာကွာတော့သဖြင့် ဂျူဗင်တပ်သည် မဖြစ်မနေအနိုင်ရအောင် ဖျစ်ညှစ်ကစား
ရမည့်အနေအထားကို ရောက်လာသည်။

ရိုးမားနှင့်ပွဲစဉ်တွင် ဂျူဗင်တပ်သည် အထိုင်ကျနေပြီဖြစ်သော ၄–၂–၃–၁ အစား ၄–၃–၃
ကစားကွက် ပြောင်းလဲပြီး သုံးယောက်တိုက်စစ်ပုံစံ ကျင့်သုံးခဲ့သည်။ တစ်ဖက်တွင်
ရိုးမားသည် ပုံမှန်အသုံးပြုနေကျ ၄–၃–၃ အစား ၄–၂–၃–၁ ကစားကွက်ကို ပြောင်းလဲကျင့်
သုံးခဲ့သည်ကို တွေ့ရသည်။

ရိုးမားနှင့်ပွဲတွင် ဂျူဗင်တပ်သည် အာဂျင်တီးနား တိုက်စစ်မှူးဟီဂူအင်ကို မြားဦးတင်ပြီး
ဝါရင့် ခရိုအေးရှားတိုက်စစ်မှူးမန်ဇူကစ်၊ ကိုလံဘီယာတိုက်စစ်မှူးကူအာဒါဒိုတို့ဖြင့် ဝန်းရံ
ပံ့ပိုးပေးခဲ့သည်။ ကစားကွက်ဖန်တီးရှင် ဒီဘာလာကို ချန်လှပ်လိုက်သောကြောင့် ဂိုးသွင်း
ခွင့်ဖန်တီးပေးခြင်း၊ ပြိုင်ဘက်နောက်ခံလူများကို လှည့်စားခြင်းများ၌ သိသိသာသာလျော့ကျ
သွားသည်။

တစ်ဖန် ကွင်းလယ်တွင် အဓိက ဘောလုံးသမား ပီဂျာနစ်ကို လီမီနာ (၂၃ နှစ်)၊ စတူယာရို
(၂၄ နှစ်) တို့နှင့် တွဲဖက်ပွဲထုတ်ခဲ့ရာ တည်ငြိမ်မှု လျော့ကျသွားသည်။ တစ်ဖန် 'ကစားရှိန်'
အတင်အချ ပြုလုပ်သောအခါ ယခင်ပွဲများလောက် အချိတ်အဆက်မမိတာတွေ့လာရသည်။

နည်းပြအယ်လီဂရီသည် ဂျူဗင်တပ်ခံစစ်ကြောင်းတွင် အမာခံဘိုနုချီနှင့် ဘီနာတီယာကို
ဗဟိုခံစစ် 'ထိုင်' လိုက်သည်။ တောင်ပံနှစ်ဖက်တွင် လစ်ခ်ျစတိန်းနား၊ အဆာမိုတို့ကို
ထည့်သွင်းခဲ့ပြီး ပုံမှန်ခြေစွမ်းပြနေသည့် ဘရာဇီးလ်ကစားသမားများ ဖြစ်ကြသော ဒါနီအဲလ်
ဗက်စ်နှင့် အဲလက်စ်ဆန်ဒရိုတို့ကို 'ခေါက်'ထားခဲ့သည်။ သို့ကလိုကြောင့် တောင်ပံနှစ်ဖက်က
တိုက်စစ်ကို လိုက်ပါပံ့ပိုးအား ကျဆင်းသွားသည်။ ပြိုင်ဘက်ရိုးမားအသင်းက တောင်ပံ
နှစ်ဖက်တွင် ဘောလုံးဖြန့်ကြက်ကစားမှု ပိုမိုပြုလုပ်သောအခါ ဂျူဗင်တပ်ရုန်းကန်ခဲ့ရသည်။

သို့သော်လည်း ခြုံကြည့်လျှင် ရိုးမားနှင့်ယှဉ်ပြိုင်ရာ၌ ဂျူဗင်တပ်သည် ပွဲထွက်ကစားသမား
ငါးယောက်ကို အနားပေးခဲ့သော်လည်း ဘောလုံးပိုင်ဆိုင်မှု ၅၈–၄၂ ဖြင့်အသာစီးရခဲ့သည်။

တစ်ဖက်တွင် ခရိုတိုနီသည် တန်းဆင်းဇုန်က လွတ်မြောက်ရန် အသည်းပေါက်မတတ်
အားစိုက်ကစား လာခြင်းနှင့်အတူ ခြေစွမ်းရော ရလဒ်ပါ တစ်ဟုန်ထိုး ကောင်းမွန်တိုးတက်
လာသည်။

ဧပြီ ၂ ရက်တွင် ခရိုတိုနီသည် ချီယေဗိုကွင်း၌ ၂–၁ ဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲစဉ်မှစ၍
ခရိုတိုနီသည် ခုနစ်ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ ငါးပွဲနိုင်ပြီး နှစ်ပွဲသာ သရေကျလိုက်သော
ကြောင့် ၁၇ မှတ် ရရှိခဲ့သည်။ အသင်းလိုက်ယုံကြည်မှု ကောင်းမွန်လာသည်။

ခရိုတိုနီသည် ချီယေဗို၊ အင်တာမီလန်၊ ဆမ်ဒိုးရီးယား၊ ပက်စ်ကာရာ၊ ယူဒီးနိစ်တို့ကို
အနိုင်ရပြီး အေစီမီလန်နှင့်တိုရီနိုကို ၁–၁ သရေကျခဲ့သော ခရိုတိုနီခြေစွမ်းကို လျှော့တွက်
လို့မရတော့ပေ။ အထူးသဖြင့် ခရိုတိုနီကစားသမားများသည် အနာခံကာ ဖျစ်ညှစ်ကစားကြ
သည်။ ခံစစ်လုံခြုံအောင်ပိတ်ဆို့ပြီး တန်ပြန်တိုက်စစ်ကို ထိရောက်စွာ ကစားနိုင်သော
ခရိုတိုနီသည် ကွင်းလယ်၊ တောင်ပံလူများနှင့် တိုက်စစ်မှူးများအကြား နားလည်မှု
ကောင်းမွန်ကြသည်။

ခြုံကြည့်လျှင် ဂျူဗင်တပ်သည် အသင်းလိုက် အကောင်းဆုံး ခြေစွမ်းရရှိနေပြီး ရှေ့လယ်
နောက် စွယ်စုံ တောင့်တင်းကျစ်လျစ်သော အသင်းဖြစ်သည်။ လူစုံထည့်သွင်းပြီး အားစိုက်
ကစားပါက ဂျူဗင်တပ်ခြေစွမ်း သည် ခရိုတိုနီထက် များစွာသာလွန်သည်။ သို့ရာတွင်
ခရိုတိုနီသည် ခံစစ်လုံအောင် ပိတ်ဆို့ပြီး တန်းမဆင်းရေးအတွက် စိတ်ရောကိုယ်ပါ
ဖျစ်ညှစ်ကစားမည့် အချက်ကိုထည့်တွက်ရမည်။ ပုံမှန်အတိုင်းတွက်လျှင် အဘက်ဘက်က
သာလွန်ကောင်းမွန်သော ဂျူဗင်တပ်အတွက် သုံးမှတ်သေချာနေပြီး ဂိုးများဖွယ်ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း