မျှော်လင့်ချက်အသက်ငွေ့ငွေ့နဲ့ ဟမ်းဘတ်တို့ရဲ့ ရင်ခုန်သံ

 

ဘိုင်ယန်မြူးနစ် – ဖရိုင်းဘတ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဖရိုင်းဘတ် ၁–၂ ဘိုင်ယန်

ပွဲကပြီးနေပါပြီ။ ဘိုင်ယန်က လူစုံထုတ်သုံးမတဲ့လား။ ဒါစဉ်းစားစရာ အချက်တစ်ခုပဲ။
ဖရိုင်းဘတ်က ဥရောပဝင်ခွင့်တစ်နေရာ သေချာအောင်လုပ်ဖို့လိုတယ်။ အန်ဆယ်လော့တီ
ကတော့ သူ့ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ပြောနေတယ်။
ကျွန်တော်တို့ အဲဒီည ဖရိုင်းဘတ်နဲ့ အလဲအထပ် လုပ်ကြည့်ရအောင်လားဗျာ။

ဒေါ့မွန် – ဝါဒါဘရီမင်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဝါဒါဘရီမင် ၁–၂ ဒေါ့မွန်

ဒေါ့မွန်ရေ... ပြေးပြေး အမြင့်ဆုံး ရောက်အောင်ပြေး။ မင်းရဲ့အမှတ်တွေ မတည်ငြိမ်ရင်
ဟော့ဖန်ဟိမ်းက ကောက်စားသွားလိမ့်မယ်။ သောမတ်စ်တူချယ်လ် ခင်ဗျားရဲ့ဆုံမှတ်တွေ
တည်ငြိမ်ဖို့၊ အသင်းရဲ့ဂုဏ်သိက္ခာအတွက် အိမ်ကွင်းမှာ ဝါဒါဘရီမင်ကို အနိုင်ကစားမယ်
လို့ ယုံကြည်လိုက်မယ်။

ဟော့ဖန်ဟိမ်း – အော့စ်ဘတ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ အော့စ်ဘတ် ဝ–၂ ဟော့ဖန်ဟိမ်း

အဝေးကွင်းမှာတောင် ဝ–၂ ဂိုးရလဒ်နဲ့ ဟော့ဖန်ဟိမ်းနိုင်ခဲ့သေးတာ ဘာမှစဉ်းစားနေစရာ
မရှိပါ။ ဟော့ဖန်ဟိမ်းကိုပဲ အားပေးရမှာဖြစ်ပါတယ်။

မွန်ချင်ဂလက်ဘတ် – ဒမ်းစတက်ဒ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဒမ်းစတက်ဒ် ဝ–ဝ မွန်ချင်

ပထမအကျော့မှာ အဝေးကွင်းဆိုတာတောင် ဂိုးမရှိသရေခံကစားနိုင်ခဲ့တယ်။ နှစ်သင်း
စလုံးက ဘာမျှော်လင့်ချက်မှမရှိဘဲ မှတ်တမ်းမှတ်ရာအရ ကစားကြမှာပါ။ တန်းဆင်းရတော့
မယ့် ဒမ်းစတက်ဒ်အတွက် ရလိုရငြား ကောက်ရိုးတစ်မျှင်ကို ဆွဲကြည့်ချင်ပေမဲ့လည်း
မွန်ချင်ရဲ့ အိမ်ကွင်းသြဇာကို မကျော်နိုင်လောက်ပါဘူး။

ဟမ်းဘတ် – ဝုဖ်ဘတ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဝုဖ်ဘတ် ၁–ဝ ဟမ်းဘတ်

အင်မတန် ကြည့်ကောင်းမယ့် ပွဲတစ်ပွဲပါပဲ။ နှစ်သင်းစလုံးက တန်းဆင်းဇုန်နားမှာ
ကပ်နေလို့ ဘယ်သူမှ အမှားမခံရဲကြဘူး။ ဟမ်းဘတ်က ပိုပြီး အားထုတ်ဖို့ ကြိုးစားမှာပဲ။
အိမ်ကွင်းပရိသတ်အရှိန်ကလည်း ရှိနေလို့ ဟမ်းဘတ်ဟာ ပွဲစကတည်းက တိုက်စစ်ဆင်
ကစားလိမ့်မယ်။ အဲဒီည ဟမ်းဘတ်လို့ အကျယ်ကြီးအော်လိုက်မယ်။

ဟာသာဘာလင် – လေဗာကူဆင်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ လေဗာကူဆင် ၃–၁ ဟာသာဘာလင်

ဟာသာဘာလင်ကွင်းမှာ လေဗာကူဆင် နိုင်ခဲ့ဖူးတာရှိတယ်။ ဒါကို မေ့ထားလို့မဖြစ်ဘူး။
ဟာသာဘာလင်က ဥရောပဝင်ခွင့် တစ်နေရာကိုရဖို့ အသည်းအသန် ကစားမှာပါ။
လေဗာကူဆင် အမှတ်ခွဲယူဖို့ ကြိုးစား လိမ့်မယ်။ ဒီပွဲ သရေကျမယ်လို့ ထင်မိတယ်။

ကိုလုံး – မိန့်ဇ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ မိန့်ဇ် ဝ–ဝ ကိုလုံး

ပထမအကျော့မှာ သရေကျထားတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့ရာမှာ ကိုလုံးအတွက်
သိပ်ခက်ခဲတဲ့ ပြဿနာမဟုတ်ဘူး။ မိန့်ဇ်ကတော့ တန်းဆင်းဇုန် ပြဿနာရှိနေတယ်။
အဲဒီည အိမ်မှာထမင်းမစားတော့ဘူး။

အင်ဂိုလ်စတက်ဒ် – ရှော်လ်ကေး
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ရှော်လ်ကေး ၁–ဝ အင်ဂိုလ်စတက်ဒ်

အဖြေတွေထွက်ပြီးတဲ့ပွဲတစ်ခုပါ။ အိမ်ရှင် တန်းဆင်းရမှာသေချာသလို ရှော်လ်ကေးက
လည်း ဇယားအလယ်မှာ ဟိုမရောက် ဒီမရောက်နဲ့။ အားထုတ်ကစားမယ်လို့ မထင်ပါဘူး။
ရှော်လ်ကေး အမှတ်ခွဲပေးသွားရင် သိပ်ပြီး အံ့သြမနေပါနဲ့။

ဖရန့်ဖတ် – လိုက်ပဇစ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ လိုက်ပဇစ် ၃–ဝ ဖရန့်ဖတ်

ဒီပွဲက ကျီစယ်နေသလိုပါပဲ။ လိုက်ပဇစ်ချန်ပီယံလိဂ်ဝင်ခွင့်ရနေပြီဖြစ်သလို ဖရန့်ဖတ်
ကလည်း ဇယားအလယ်မှာ ဘာမှမဖြစ်တော့ပါဘူး။ ဒီတော့ ချစ်ကြည်ရေးပွဲလို ကစားမယ့်
ပွဲမှာ ဖရန့်ဖတ်ကပဲ နေလိုက်ကြရအောင်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း