ဘယ်သူပဲစိန်ခေါ်လာပါစေ လက်ဝှေ့ချန်ပီယံဘွဲ့ကို ကာကွယ်မှာပါ

ဆိုင်းရပ်စ်နှင့်ပွဲမှာ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် ဒေ့ဗ်လက်ဒက်။ ဓာတ်ပုံ - ဒေ့ဗ်ဖေ့စ်ဘွတ်ခ်ဆိုင်းရပ်စ်နှင့်ပွဲမှာ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် ဒေ့ဗ်လက်ဒက်။ ဓာတ်ပုံ - ဒေ့ဗ်ဖေ့စ်ဘွတ်ခ်

ကနေဒါလက်ဝှေ့သမား ဒေ့ဗ်လက်ဒက်၊လက်ရှိ မြန်မာ့ရိုးရာလက်ဝှေ့လောကမှာ မှတ်တမ်း
ကောင်းတွေပိုင်ဆိုင်ထားတဲ့ နိုင်ငံခြားသား လက်ဝှေ့သမားတစ်ဦး၊ သူဟာ ပြည်တွင်း
လက်ဝှေ့သမားတွေနဲ့ တွေ့ဆုံမှုတိုင်းမှာ ရှုံးပွဲမရှိထိုးသတ်ထားနိုင်သူဖြစ်တယ်။ သူက
ရိုးရာလက်ဝှေ့သမားအဖြစ် ခံယူထားသူဖြစ်သလို အဲကေဘီဇက်ရွှေအောင်လံ၊ ကမ္ဘာ့
လက်ဝှေ့
အလွတ်တန်းချန်ပီယံဆိုတဲ့ဘွဲ့တွေကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ဒီ ၂၅ နှစ်အရွယ် ကနေဒါသားဟာ လာမယ့်ဇွန်လမှာ အမေရိကန်လက်ဝှေ့သမား
ဆိုင်းရပ်စ်ဝါရှင်တန်နဲ့ ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ ဒီစိန်ခေါ်ပွဲဟာ
သူ့အတွက် တတိယမြောက် ချန်ပီယံကာကွယ်မှုလည်းဖြစ်တယ်။

ဆိုင်းရပ်စ်ဝါရှင်တန် မတိုင်ခင် ဝါးရင်းတုတ်ဖိုးကေ၊ သြစတြေးလျဖိုက်တာ အဒမ်တို့နဲ့
ချန်ပီယံစိန်ခေါ်ပွဲတွေ ထိုးသတ်ခဲ့ပြီး ဖိုးကေကို အလဲထိုး၊ အဒမ်ကိုသရေကျခဲ့ကာ ချန်ပီယံ
ဘွဲ့ကာကွယ်ထားနိုင်တယ်။

ဒါပေမဲ့ ဆိုင်းရပ်စ်ဝါရှင်တန်ဟာ ယခင်ပြိုင်ဘက်တွေ ထက်ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လို့
ဒီစိန်ခေါ်ပွဲကို မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ်တွေက စိတ်ဝင်စားလျက်ရှိတယ်။

''ဆိုင်းရပ်စ်က အတွေ့အကြုံများတဲ့ လက်ဝှေ့သမားတစ်ဦးပါ။ သူကမွေထိုင်းမှာရော
လက်ဝှေ့မှာပါ ဝါရင့်တဲ့ ဖိုက်တာတစ်ဦးပါ။ သူက ထွန်းထွန်းမင်းကို အနိုင်ရခဲ့ဖူးတယ်ဆိုတာ
သိတယ်။ဒါပေမဲ့ ကျွန်တော် သူ့ကို ကြောက်နေမှာ မဟုတ်ဘူး။ သူက စိန်ခေါ်သူဖြစ်လို့
ဒီပွဲအတွက် သူသေချာပြင်ဆင်လာမှာသေချာတယ်။ ပွဲရလဒ်ကို အတိအကျမပြောနိုင်ပေမဲ့
ဒီပွဲမှာ အနိုင်ရဖို့ ကျွန်တော်ဘက်က ပြင်ဆင်ထားတယ်''လို့ ဒေ့ဗ်က ဆိုပါတယ်။

ဒီစိန်ခေါ်ပွဲမှာ ဒေ့ဗ်က ချန်ပီယံကာကွယ်သူအဖြစ်သာမဟုတ်ဘဲ မြန်မာ့ရိုးရာလက်ဝှေ့
ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်သွားမှာပါ။ သူက ရိုးရာလက်ဝှေ့ရဲ့ သဘာဝဆန်တဲ့ စည်းမျဉ်း
စည်းကမ်းတွေနဲ့ အနိုင်ရဖို့ ခက်ခဲတဲ့စနစ်တွေကြောင့် ရိုးရာလက်ဝှေ့သမားအဖြစ်ခံယူဖို့
ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

''ရိုးရာလက်ဝှေ့ စည်းမျဉ်းစည်းကမ်းတွေက သဘာဝဆန်တယ်။ သတ်ကိုးသတ်၊ မောင်း
ကိုးမောင်းကို အသုံးပြုပြီး တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ အနိုင်ရဖို့ ခက်ခဲတယ်။ စိန်ခေါ်ပွဲ
တွေမှာအမှတ်ပေးစနစ်ကို မသုံးဘူး။ အလဲထိုးနိုင်မှသာ အနိုင်ရတယ်။ဒီအချက်တွေကြောင့်
ရိုးရာလက်ဝှေ့ကို သဘောကျတယ်။ ဒါကြောင့် ရိုးရာလက်ဝှေ့သမားအဖြစ် ခံယူခဲ့တာပါ။
ရိုးရာလက်ဝှေ့ကိုကမ္ဘာ့ကသိအောင် တစ်ထောင့်တစ်နေရာက ပါဝင်သွားဖို့ ဆုံးဖြတ်ထား
တယ်''လို့ ဒေ့ဗ်က ပြောပါတယ်။

ဆိုင်းရပ်စ်နဲ့ပွဲအပြီးမှာ မြန်မာနိုင်ငံမှာ လက်ဝှေ့စိန်ခေါ်ပွဲတစ်ပွဲ လာရောက်ထိုးသတ်ဖို့ ရှိနေ
တယ်လို့ဆိုပါတယ်။ ဒီပွဲဟာလည်း ချန်ပီယံစိန်ခေါ်ပွဲဖြစ်လာလိမ့်မယ်လို့ ဒေ့ဗ်က ပြောပါ
တယ်။

''လောလောဆယ် ဆိုင်းရပ်စ်နဲ့ပွဲကို အပြည့်အဝ အာရုံစိုက်ထားတယ်။ လာမယ့် သြဂုတ်မှာ
မြန်မာနိုင်ငံမှာ လာရောက်ထိုးသတ်ဖို့ရှိတယ်။ ပြိုင်ဘက်ကတော့ ဘယ်သူဆိုတာ မသိရ
သေးဘူး။ ဒါပေမဲ့ ဘယ်သူပဲစိန်ခေါ်လာပါစေ ကျွန်တော်ကတော့ လက်ဝှေ့ချန်ပီယံဘွဲ့ကို
ကာကွယ်သွားမှာပါ''လို့ ဆိုပါတယ်။

ထွန်းထွန်းမင်းနဲ့တူးတူးဟာ သူ့အတွက် ခက်ခဲတဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့တယ်လို့လည်းဆို
ပါတယ်။ ဒါပေမဲ့သူက ဒီလက်ဝှေ့သမားတွေထက် နည်းစနစ်ပိုင်း အားသာချက်ရှိတယ်လို့
ယုံကြည်မှု ရှိနေတာပါ။

''တူးတူးကို ကျွန်တော် အနိုင်မရခဲ့ပေမဲ့ အသာစီးက ယှဉ်ပြိုင်နိုင်ခဲ့တယ်။ ထွန်းထွန်းမင်းနဲ့
နှစ်ကြိမ်တွေ့ခဲ့တယ်။ ပထမပွဲက သရေကျခဲ့ပြီး ဒုတိယပွဲမှာ အနိုင်ရခဲ့တယ်။သူတို့က
နာမည်ကြီး လက်ဝှေ့သမားတွေပါ။ အတွေ့အကြုံလည်း အများကြီးရှိတယ်။ ဒါပေမဲ့
လက်ဝှေ့ အတွေ့အကြုံနည်းတဲ့ ကျွန်တော့်ကို အနိုင်မရခဲ့ဘူး။ သူတို့က အရည်အချင်း
ရှိတယ် ဖိုက်တာတွေဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်မှာ နည်းစနစ်ပိုင်းအားသာ
ချက်ရှိတဲ့ ကျွန်တော်ကို အလွယ်တကူတော့ အနိုင်ရမှာမဟုတ်ဘူး'' လို့ ဒေ့ဗ်ကပြောပါတယ်။

ဒေ့ဗ်ရဲ့ ဘဝမှာ အကြိုက်ဆုံးရိုးရာလက်ဝှေ့သမားကတော့ တွေ့မရှောင်ဖြစ်ပါတယ်။

''ရိုးရာလက်ဝှေ့ထဲမှာ တွေ့မရှောင်ကို အကြိုက်ဆုံးပါပဲ။ သူ့ရဲ့ပွဲတွေ ကျွန်တော် အင်တာ
နက်မှာ ကြည့်ခဲ့ရတယ်။ တကယ်လေးစားဖို့ကောင်းတဲ့ လက်ဝှေ့သမားတစ်ဦးပါ။ သူ့ရဲ့
ပွဲတွေ ကြည့်ရတာ စိတ်အားတက်စေတယ်။ သူ့ထက်အရပ်မြင့်တဲ့ အလေးချိန်သာတဲ့
ပြိုင်ဘက်တွေကို အလဲထိုးနိုင်ခဲ့တာဟာ မယုံကြည်နိုင်စရာပါပဲ။ တွေ့မရှောင်က
ရိုးရာလက်ဝှေ့ရဲ့ အနှစ်သာရကို ပြသနိုင်ခဲ့တဲ့ လက်ဝှေ့သမားတစ်ဦးပါ။

ဒေ့ဗ်ရဲ့ ငယ်ဘဝအိပ်မက်က ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်ချင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့
သူ့ရဲ့ အိပ်မက်တွေပြည့်ဝခဲ့ပြီလို့ ဆိုပါတယ်။

''ပရိုဖိုက်တာဘဝ အစမှာ ကျွန်တော့်အိပ်မက်က ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်ဖို့ပါ။
ကစားသမားဘဝ အနားမယူခင် ကမ္ဘာ့ချန်ပီယံ တစ်ဦးဖြစ်ချင်ခဲ့တာ။ အခုကျွန်တော်က
ကမ္ဘာ့လက်ဝှေ့ချန်ပီယံဖြစ်လာခဲ့ပြီ။ ကျွန်တော်ရဲ့အိပ်မက်ကတော့ ပြည့်ဝခဲ့ပါပြီ။ ဒါပေမဲ့
လက်ဝှေ့ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်နေမှာပါ။ ကျွန်တော့်မိသားစုမှာ ကလေးမရခင်အထိ
လက်ဝှေ့ပွဲတွေယှဉ်ပြိုင်သွားမယ်။ ကျွန်တော့်မျိုးဆက်သစ်ကလေးရလာခဲ့ရင်တော့
အနားယူဖို့ ဆုံးဖြတ်ထားတယ်''လို့ ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း