အပြောင်းအလဲတွေနဲ့ ချင်းယူနိုက်တက်ရဲ့ခြေစွမ်းကို စောင့်ကြည့်ရမယ့် ရက်သတ္တပတ်

 

ချင်းယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်တို့ ပထမအကျော့က သုဝဏ္ဏကွင်း၌ တွေ့ဆုံစဉ်။ ဓာတ်ပုံ - ရှမ်းယူနိုက်တက်ချင်းယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်တို့ ပထမအကျော့က သုဝဏ္ဏကွင်း၌ တွေ့ဆုံစဉ်။ ဓာတ်ပုံ - ရှမ်းယူနိုက်တက်

ဂျီအက်ဖ်အေ – ဟံသာဝတီယူနိုက်တက်
၂ဝ–၅–၂ဝ၁၇ (အောင်ဆန်း)

ဂျီအက်ဖ်အေက တန်းဆင်းဇုန်က အသင်းဆိုပေမဲ့ အထင်သေးလို့မရဘူး။ အသင်းကြီး
တွေကိုဒုက္ခပေးနိုင်တယ်ဆိုတာ ကိုပြီးခဲ့တဲ့ အပတ်က သက်သေပြခဲ့တယ်။ ရှမ်းကို
အဝေးကွင်းမှာ ဂိုးမရှိသရေကစားနိုင်ခဲ့တယ်။ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့
အသင်းဖြစ်တယ်။ ဟံသာဝတီက ပွဲစဉ် (၁၃) မှာ နိုင်ပွဲပြန်ရထားတယ်။ နှစ်သင်းစလုံးက
အထက်အောက် ရပ်တည်နေတာဖြစ်လို့ ရှုံးတဲ့အသင်းက တန်းဆင်းဇုန်ထဲရောက်သွားမှာ
ဖြစ်တယ်။ နှစ်သင်းစလုံးအတွက် ခက်ခဲမယ့်ပွဲပါ။

ရှမ်းယူနိုက်တက် – ချင်းယူနိုက်တက်
၂၁–၅–၂ဝ၁၇ (တောင်ကြီး)

ချန်ပီယံမျှော်မှန်းထားတဲ့ရှမ်း ပြီးခဲ့တဲ့အပတ်က ခြေချော်ခဲ့တယ်။ ရန်ကုန်နဲ့ အမှတ်ကွာသွား
ခဲ့သလို တတိယနေရာက ရတနာပုံရဲ့ ဖိအားပေးမှုကိုလည်း ခံနေရတယ်။ ဒီပွဲက အိမ်ကွင်း
လည်းဖြစ်တာကြောင့် သေချာပြင်ဆင်လာဖို့ရှိတယ်။ ချင်းက ဒုတိယအကျော့အတွက်
ပြင်ဆင်မှုတွေအများကြီးလုပ်ထားတယ်။ ရန်ကုန်က နောက်ခံလူ သီဟထက်အောင်နဲ့
သန်းပိုင်တို့ကို ခေါ်ယူထားတယ်။ ကစားသမားအသစ်တွေနဲ့ ချင်းရဲ့အပြောင်းအလဲ
အလုပ်ဖြစ်မလားဆိုတာ စောင့်ကြည့်ရမယ်။

မကွေး – နေပြည်တော်
၂၁–၅–၂ဝ၁၇ (သုဝဏ္ဏ)

ဒုတိယအကျော့မှာ မကွေးနိုင်ပွဲမရသေးဘူး။ ဒီအပတ်က တန်းဆင်းဇုန်က နေပြည်တော်နဲ့
တွေ့နေလို့ နိုင်ပွဲပြန်ရအောင် ကြိုးစားလိမ့်မယ်။ ကစားသမား အင်အားအရရော
စိတ်ဓာတ်ပိုင်းအရပါ နေပြည်တော်က မကွေးကို ယှဉ်ဖို့မလွယ်ဘူး။

ဆောက်သမ်းမြန်မာ – ရန်ကုန်ယူနိုက်တက်
၂၁–၅–၂ဝ၁၇ (မော်လမြိုင်)

ဒုတိယအကျော့မှာ နိုင်ပွဲဆက်နေတဲ့ ဆောက်သမ်းနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့
ရန်ကုန်တို့ တွေ့တဲ့ပွဲပါ။ဒီပွဲက စိတ်ဝင်စားစရာကောင်းတယ်။ဆောက်သမ်းက နိုင်ပွဲဆက်
နေလို့ အားတက်နေနိုင်တယ်။ အိမ်ကွင်းအားသာချက်လည်းရှိနေတယ်။ ရန်ကုန်က
ချန်ပီယံဆုရဖို့ အားထည့်နေတဲ့အသင်းဖြစ်တယ်။ ဒါပေမဲ့ အဝေးကွင်းပွဲစဉ်တွေမှာ ခြေစွမ်း
ပိုင်းက အားရစရာမရှိဘူး။ အစဉ်အလာအရ ရန်ကုန်က အသာရနေပေမဲ့ အိမ်ရှင်ဆောက်
သမ်းအတွက် သရေမျှော်လင့်ချက်ရှိနေတယ်။

ရတနာပုံ – ဧရာဝတီယူနိုက်တက်
၂၂–၅–၂ဝ၁၇ (မန္တလာသီရိ)

ရတနာပုံရဲ့ ခြေစွမ်းက အားရစရာမရှိပေမဲ့ အသင်းကြီးဆိုတဲ့ အရှိန်အဝါရှိနေတုန်းပဲ။
ဒီအပတ် ဧရာဝတီနဲ့တွေ့တာဖြစ်လို့ အိမ်ရှင် ရတနာပုံမလွယ်ဘူး။ ဧရာဝတီရဲ့ ခြေစွမ်းက
ပထမအကျော့ကအတိုင်းပဲတည်ငြိမ်တယ်။ ဒါပေမဲ့ ရန်ကုန်၊ မကွေးစတဲ့ အသင်းတွေနဲ့
ဆက်တိုက်တွေ့ထားလို့ ပွဲပန်းနေနိုင်တယ်။

ဇွဲကပင်ယူနိုက်တက် – ရခိုင်ယူနိုက်တက်
၂၂–၅–၂ဝ၁၇ (အောင်ဆန်း)

ဒုတိယအကျော့မှာ ဇွဲကပင် နိုင်ပွဲမရသေးဘူး။ နှစ်ပွဲကစား နှစ်ပွဲစလုံး ရှုံးထားတယ်။
အသင်းက အပြောင်းအလဲတချို့ လုပ်ခဲ့ပေမဲ့ ထိရောက်တဲ့ အကျိုးသက်ရောက်မှု မတွေ့
ရဘူး။ ရခိုင်က ဒုတိယအကျော့မှာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးထားတယ်။ ခြေစွမ်းပိုင်းအရ ရခိုင်က
အားသာချက်ရှိနေတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း