ဒုံးပျံတစ်စင်းလို ပစ်လွှတ်နေတဲ့ နောက်ခံလူတွေရဲ့ ပြောင်းရွှေ့ကြေး

တိုက်စစ်မှူးတွေချည်း ဈေးကောင်းနေတဲ့အချိန် ကာလတစ်ခုကနေ အခု ခံစစ်မှူးတွေ၊ 
နောက်ခံလူတွေ ပြောင်းရွှေ့ကြေးက ဒုံးပျံ တစ်စင်းလိုပဲ အားကောင်းမောင်းသန်နဲ့
ပြေးလွှားနေပါတယ်။

တစ်နေ့ကပဲ သတင်းတစ်ပုဒ်ထဲမှာ တွေ့လိုက်ရတယ်။ ဂျူဗင်တပ်အသင်းရဲ့ အီတလီ
နောက်ခံလူ ဘိုနုချီကို ရီးယဲလ်မက်ဒရစ် အသင်းကပါ လိုချင်နေသတဲ့။ ချယ်လ်ဆီးနည်းပြ
ကွန်တီကလည်း အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ တယ်ရီရဲ့နေရာမှာ အစားထိုးဖို့
ဘိုနုချီကို လိုအပ်နေတာပါ။ ချယ်လ်ဆီးက ဘိုနုချီအတွက် ပေါင် ၅၇ သန်းနဲ့ ကမ်းလှမ်း
ခဲ့တယ်လို့ ဆိုပါတယ်။

ဒါဆိုရင် လိဒ်ယူနိုက်တက်ကနေ မန်ယူက ခေါ်ခဲ့တဲ့ နောက်ခံလူ ဖာဒီနန်ထက်တောင်
ကြေးက ပိုများနေတာပေါ့။

မန်ယူကလည်း ဘင်ဖီကာရဲ့ ဆွီဒင်နောက်ခံလူ လင်ဒီလော့ကို ပြောင်းရွှေ့ကြေး ပေါင် ၃ဝ
သန်းကျော်ပေးပြီး ခေါ်တယ်။ ဒါတောင် ကစားသမားရဲ့ စွမ်းဆောင်ရည်ကိုကြည့်ပြီး
ပေးရမယ့်ကြေးတွေ ထပ်ပေါင်းရင် ဒီထက်တောင် များသွားလိမ့်ဦးမယ်။ အသက် ၂၂ နှစ်ပဲ
ရှိသေးတဲ့ လူငယ်ကစားသမားတစ်ဦးအတွက် ဒီကြေးဟာ သိပ်များနေတယ်လို့ မိတ်ဆွေ
တွေးမိမှာပါပဲ။ ဒါပေမဲ့ ဘောလုံးစီးပွားရေးသမားတွေနဲ့ ဘောလုံးထဲမှာ ပါဝင်ပတ်သက်
လာတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ပုံသဏ္ဌန်သစ်တွေက ဒီလိုမဖြစ်ဖြစ်အောင် တွန်းပို့နေ
သလိုပါပဲ။

ကဲ... လက်သွက်နေတဲ့ အေစီမီလန်ကရော ဝုဖ်ဘတ်က ဆွီဒင်နောက်ခံကစားသမား
ရီကာဒိုရိုဒရီဂွက်ဇ်ကို ယူရို ၁၈ သန်းနဲ့ ခေါ်လိုက်ပြန်ပြီတဲ့။ အရင်တုန်းက ပြောင်းရွှေ့ခဲ့ရတဲ့
နောက်ခံကစားသမားတွေရဲ့ တန်ဖိုးတွေနဲ့ ချိန်ထိုးကြည့်ကြရအောင်...။

အတိတ်ကာလ ပြောင်းရွှေ့မှုများ

၁၉၉၄ တုန်းက လီဗာပူးဟာ သူတို့ရဲ့ ဗဟိုခံစစ် ကစားသမားနှစ်ဦးကို ခေါ်ဖို့ ပေါင် ၇ ဒသမ
၁ သန်းပဲ သုံးခဲ့ရတယ်။ သူတို့ဟာ ကုန်ကျစရိတ်ကို တစ်ဝက်လျှော့ချနိုင်ခဲ့တယ်လို့ဆိုတယ်။

နောက်တစ်ခါ ၁၉၉၄ ကိုပဲပြန်ကြည့်ရင် ဖီးလ်ဘက်ဘ်က စက်တင်ဘာ ၁ ရက်မှာ လီဗာပူး
ကိုပဲ ပေါင် ၃ ဒသမ ၆ သန်းနဲ့ ရောက်လာတယ်။ ဒါဟာ အဲဒီအချိန်တုန်းက နောက်ခံလူ
တစ်ဦးအတွက် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးပါပဲ။ အဲ... နောက်တစ်နေ့မှာတော့
ဝင်ဘယ်လ်ဒန်က ဂျွန်စကေးလ်ဟာ ပြောင်းရွှေ့ကြေး ပေါင် ၃ ဒသမ ၅ သန်းနဲ့ အန်းဖီးလ်
ကိုရောက်လာပြန်တယ်။သူက အန်းဖီးလ်မှာ ရှစ်နှစ်တောင်ကြာခဲ့တယ်။

ဆယ်စုနှစ်နှစ်ခုအတွင်းမှာပဲ အရာရာက ပြောင်းလဲသွားခဲ့ပါပြီ။ ဆောက်သမ်တန်က
ဗီဂျီလ်ဗန်စ်ကိုသာရခဲ့ရင် လီဗာပူးရဲ့သမိုင်းမှာ ယင်းကစားသမားဟာ ဈေးအကြီးဆုံး
နောက်ခံလူတစ်ယောက်ပါပဲ။ သူ့အတွက် ပေါင်သန်း ၇ဝ အထိ ပေးရမှာပါ။

ကဲ... အခုဂျာဂင်ကလော့ပ် လက်ထက် လီဗာပူးကို ကြည့်လိုက်ပါဦး။ တကယ့်ကို
လျှင်လျှင်မြန်မြန်နဲ့ ပြောင်းလဲနေတာ ဖြစ်ပါတယ်။

မန်စီးတီးကလည်း ပြီးခဲ့တဲ့သြဂုတ်လမှာ ဂျွန်စတုန်းကိုပေါင်း ၄၇ ဒသမ ၅ သန်းပေးပြီး
တော့တောင် ခေါ်ခဲ့ရတယ်။

အဲဒါကို စကေးလ်က ဘာမှတ်ချက်ပေးသလဲဆိုတော့ ''ကျွန်တော်ကတော့ တိုက်စစ်မှူး
တစ်ယောက်နဲ့တန်းတူ အဲဒီလို ကြေးမျိုး ပေးသင့်တယ်လို့ မထင်ဘူး။ ဒါပေမဲ့ ကလပ်အများ
အပြားက သူတို့ရဲ့ခံစစ်ပိုင်းကို ပြင်ဆင်လိုစိတ်ကဲနေတာမို့လို့ ဒီလိုကြေးတွေမြင့်နေရတာ
ဖြစ်တယ်''လို့ သုံးသပ်သွားခဲ့ပါတယ်။

ချယ်လ်ဆီးဆိုရင်လည်း သူတို့ရဲ့ နောက်ခံလူ ဒေးဗစ်လုဇ်ကို ၂ဝ၁၄ ခုနှစ်မှာ PSG ကို
ပေါင်သန်း ၅ဝ နဲ့ရောင်းခဲ့တယ်။ ဒါဟာ နောက်ခံလူတစ်ယောက်အတွက် တော်တော်ကြေး
ကြီးတဲ့ ဈေးနှုန်းသတ်မှတ်ချက်တစ်ခုပါပဲ။

ဒီလိုပါပဲ... ဆီနီဂေါနောက်ခံလူ ကလ်ဒူကောက်လီဘာလီကို ပြီးခဲ့တဲ့နွေရာသီက ကြေးကြီး
ပေးပြီး နာပိုလီက ခေါ်ယူခဲ့ပါတယ်။ အခုလာမယ့် သုံးလေးနှစ်အတွင်းမှာ လူငယ်ကစား
သမားတွေဟာ ဈေးကြီးတန်ဖိုးမြင့်လာလိမ့်မယ်လို့ သုံးသပ်ကြတယ်။ ခြုံငုံပြီးကြည့်လိုက်
ရင်တော့ ဒီနှစ်ပိုင်းအတွင်း မျှော်လင့်ရတာက လူငယ်နောက်ခံလူတွေ ဈေးကြီးလိမ့်မယ်လို့
အကြမ်းဖျင်းပြောလို့ရပါတယ်။

၂ဝ၁၄ မှာပဲ တော်တော်လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၄ သြဂုတ်မှာ မန်ဂါလာဟာ
ပေါင် ၄၂ သန်း၊ သူနဲ့တန်းတူ နောက်ခံကစားဖော် ဗင်းဆင့်ကွန်ပနီဟာလည်း ပေါင် ၄၂
သန်း တန်ဖိုးရှိခဲ့တယ်။ ဂွာဒီယိုလာဟာ နောက်ခံလူတွေအတွက်ချည်း ပေါင်သန်း ၁၂ဝ
သုံးခဲ့တယ်။

အလားတူ အသင်းတွေအားလုံးဟာ နောက်ခံလူတွေအတွက် ပိုက်ဆံတွေ ပုံအော
သုံးလာကြတယ်။ ဒီထဲမှာ မန်ယူလည်းပါတယ်။ အဲရစ်ဘိုင်လေအတွက် ပေါင် သန်း ၃ဝ
တောင်သုံးခဲ့တယ်။

ချုပ်ပြီးဆိုရရင်တော့ မော်ဒန်ဘောလုံးလောကမှာ ဖြစ်ပေါ်လာတဲ့ ကစားကွက်တွေ၊
နည်းစနစ်တွေ၊ နည်းဗျူဟာတွေအရ ခံစစ်မှူး၊ ဗဟိုခံစစ်မှူးတွေ၊ တောင်ပံတိုက်စစ်သမား
တွေ၊ ရှေ့တန်းတိုက်စစ်မှူးတွေ၊ ဂိုးသမားတွေရဲ့ တန်ဖိုးသတ်မှတ်မှုတွေဟာ အားလုံး
မတိမ်းမယိမ်း ဖြစ်လာမှာပါပဲ။

တစ်ချိန်က ကြေးတွေဟာ အတိတ်မှာကျန်ခဲ့ပြီး အနာဂတ်မှာ ပိုပြီးကြေးတွေကတော့
မြင့်လာမှာပါပဲ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း