အပြောင်းအရွှေ့ဈေးကွက်ရှုထောင့်မှ ဂျူဗင်တပ်ကို ပြန်လည် သုံးသပ်ခြင်း

ဘောလုံးရာသီတစ်ခု ကုန်ဆုံးပြီးနောက် နောက်ထပ်ရာသီတစ်ခု မစတင်မီ ကြားကာလ
အတွင်း ထုံးစံအတိုင်း ပရိသတ်များသည် ကစားသမား အပြောင်းအရွှေ့သတင်းများကို 
စိတ်ဝင်စားကြသည်။

ကိုယ်အားပေးသောအသင်းသည် မည်သည့်နာမည်ကျော်ဘောလုံးသမားကို မည်မျှ
ငွေကြေးသုံးစွဲပြီး ပြိုင်ဘက်လက်ထဲမှ ရအောင်ခေါ်ယူလိုက်ပြီဆိုသော သတင်းမျိုးကို
စိတ်မဝင်စားသော ပရိသတ်ဟူသည်ကား နည်းပါးသည်။

တစ်ဖက်ကလည်း ကလပ်အသင်းများသည် 'ကိုယ့်အထွာနှင့်ကိုယ်' အသင်းလိုအပ်ချက်
ကြောင့် ကစားသမားသစ်များကို ခေါ်ယူခြင်းမျိုးလည်းရှိသကဲ့သို့ ဝင်ငွေနှင့်အကျိုးစီးပွား
အတွက်လည်းကောင်း၊ ပရိသတ်ကို စိတ်ကျေနပ်အောင် ပေးစွမ်းနိုင်အောင်အတွက်
လည်းကောင်း ခေါ်ယူတာမျိုးတွေလည်း ရှိလာသည်။

သို့ကလိုကြောင့် ဘောလုံးသမား အပြောင်းအရွှေ့သတင်းများသည် မျက်နှာဖုံးသတင်းများ
အဖြစ် ထိုးဖောက်နေရာယူနိုင်သည် မဟုတ်ပါလား။

သည်ဘက်နှစ်များတွင် စီးရီးအေ အပြောင်းအရွှေ့ သတင်းများသည် နိုင်ငံတကာမှ
ပရိသတ်များကို အင်္ဂလန် ပရီမီယာလိဂ်၊ စပိန်လာလီဂါ တို့လောက် စွဲဆောင်နိုင်စွမ်း
မရှိသော်လည်း စီးရီးအေ ထိပ်တန်းအသင်းအချို့သည် ငွေကြေးသုံးစွဲနိုင်သောကြောင့်
နာမည်ကျော် ဘောလုံးသမားများကို ခေါ်ယူနိုင်စွမ်း ရှိနေသည်။ ထိုထဲတွင် လက်ရှိချန်ပီယံ
ဂျူဗင်တပ်ကို ပရိသတ်အများဆုံး စိတ်ဝင်စားနေကြသည်။

၂ဝ၁၆–၁၇ ဘောလုံးရာသီတွင် ဂျူဗင်တပ်သည် စီးရီးအေနှင့် ကိုပါအီတာလျံရှုံးထွက်ဖလား
နှစ်ခုစလုံးကို သုံးနှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သည်။ တစ်ဖန်ချန်ပီယံလိဂ်ပြိုင်ပွဲတွင်
နောက်ဆုံးဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့သည်။

သို့ကလိုကြောင့် အောင်မြင်ရခြင်းနှင့်ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးကနေ ချဉ်းကပ်
သုံးသပ်ခဲ့ရာတွင် ပရိသတ်အများစု လက်ခံသော ရှုထောင့်တစ်ခုကား ရာသီကြို
အပြောင်းအရွှေ့ဈေးကွက်တွင် ဂျူဗင်တပ်သည် မှန်ကန်စွာ အရောင်းအဝယ် ပြုလုပ်နိုင်
ခြင်းဖြစ်သည်။

ပြောမည်ဆိုလျှင် အသင်းအတွက် လိုအပ်ချက်နှင့်အညီ ကစားသမားများကို နေရာအလိုက်
ခေါ်ယူအားဖြည့်နိုင်ခဲ့သည်။ ထိုမျှမက ဘတ်ဂျက် တစ်ဖက်စောင်းနင်း မဖြစ်စေရန်နှင့်
အခြားဝန်ထုပ်ဝန်ပိုးများ လျှော့ချနိုင်စေရန်အတွက် တစ်ဖက်ကလည်း အသင်း၌ မလိုအပ်
တော့သည့် ကစားသမားများကို ပြန်လည် 'ရုံခါ' ခဲ့သည်။ သို့ကလိုကြောင့် ကိစ္စနှစ်ရပ်
စလုံးကို ဂျူဗင်တပ်သည် ကျွမ်းကျင်ပိုင်နိုင်စွာ စွမ်းဆောင်နိုင်သည် မဟုတ်ပါလား။

လာမည့် ၂ဝ၁၇–၁၈ ရာသီအတွက် ဂျူဗင်တပ်သည် နာမည်ကျော် ဘောလုံးသမားများကို
ခေါ်ယူအား ဖြည့်ရန် ပြင်ဆင်နေရာ ¤င်းတို့၏ ပစ်မှတ်ထဲတွင် ပီအက်စ်ဂျီအသင်း၌
ခြေစွမ်းပြနေသော အီတလီလက်ရွေးစင် ကစားကွက်ဖန်တီးရှင် မာကိုဗာရက်တီလည်း
ပါဝင်နေသည်။

အသက် ၂၄နှစ်သာရှိသေးသော ဗာရက်တီသည် ပီအက်စ်ဂျီမှ ထွက်ခွာလိုကြောင်း
ပြောဆိုလိုက်ပြီးနောက် ၄င်းကို ဥရောပထိပ်တန်းအသင်း အများအပြားကမ်းလှမ်းလာ
သည်။ ဗာရက်တီကို ဘာစီလိုနာက ယူရိုသန်း ၁ဝဝ ဖြင့် ကမ်းလှမ်းဖွယ်သတင်းများ ထွက်
ပေါ်နေသည်။ သို့ရာတွင် ဗာရက်တီကမူ ဂျူဗင်တပ်ကို ပြောင်းရွှေ့ရန် စိတ်အားထက်သန်
နေကြောင်း ပြောဆိုထားသည်။

ဂျူဗင်တပ်ကွင်းလယ် ဗဟိုချက်တွင် ပီဂျာနစ်ကို 'တည်'ပြီး ဝါရင့်ကစားသမားများဖြစ်သော
မာချီစီယို၊ ခီဒရာတို့ဖြင့် တလှည့်စီ တွဲပေးထားသော်လည်း ၄င်းတို့သည် အသက်အရွယ်
အရ အကျပိုင်းရောက်နေပြီး ဒဏ်ရာများဖြင့် ရုန်းကန်နေရတတ်သည်။ သို့ကလိုကြောင့်
ဂျူဗင်တပ်အနေဖြင့် ကွင်းလယ် ဗဟိုကစားသမားတစ်ယောက် ခေါ်ယူအားဖြည့်ရန်
လိုအပ်သည်။

ဂျူဗင်တပ်သည် ခေတ်အဆက်ဆက်တွင် အီတလီ လက်ရွေးစင်များ အခြေစိုက်ရာအသင်း
ဖြစ်သောကြောင့် ထိုအချက်ကပင် အီတလီလက်ရွေးစင် ဗာရက်တီကို စွဲဆောင်နိုင်စွမ်းရှိ
သည်။ သို့ရာတွင် ဗာရက်တီသည် စီးရီးအေ၌ ကစားဖူးသော အတွေ့အကြုံ လုံးဝမရှိသေး
သည့်အချက်ကို ဂျူဗင်တပ်ဘုတ်အဖွဲ့က ထည့်သွင်းစဉ်းစားနေသည်။ တစ်ဖန် ဂျူဗင်တပ်
သည် ဆီဗီလာကွင်းလယ်လူ အန်ဇွန်ဇီကို ယူရို သန်း ၄ဝ နှင့်ခေါ်ယူနိုင်ရန်နီးစပ်နေသည်။

တစ်ဖက်ကလည်း အသက် ၂၃ နှစ်သာရှိသေးသော ကွင်းလယ်လူ မာရီယိုလာမီနာကို
ပြန်လည်ရောင်းချနိုင်ဖွယ်ရှိသည်။ လာမီနာကို အာဆင်နယ်၊ ဗလင်စီယာ အသင်းများက
ခေါ်ယူရန် စိတ်ဝင်စားနေသည်။

ပြီးခဲ့သောရာသီတွင် လာမီနာသည် ဂျူဗင်တပ်အတွက် ပြိုင်ပွဲအရပ်ရပ် ၂၉ ပွဲ ပါဝင်ကစား
ပေးခဲ့သည်။ ဂျူဗင်တပ်အတွက် ဘောလုံးရာသီ ပထမနှစ်ဝက်ခြမ်းတွင် ပုံမှန်နီးပါး ပွဲထွက်
ခွင့်ရရှိခဲ့သည်။ ထိုစဉ်က ပီဂျာနစ်သည် ရိုးမားက ပြောင်းလာပြီး ချက်ခြင်း 'အထိုင်' မကျ
သေးသလို အီတလီဝါရင့်လူ မာချီစီယိုကလည်း ဒဏ်ရာကြောင့်ပါဝင်နိုင်ခြင်းမရှိသေးချိန်မှာ
ကွင်းလယ်ဗဟိုနေရာတွင် လိုအပ်ချက်ကို လာမီနာက အဓိက ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

ရာသီထက်ဝက်ကျိုးပြီးနောက် ဂျူဗင်တပ်နည်းပြ အယ်လီဂရီသည် သမ္ဘာရှိသော အဓိက
ကွင်းလယ်လူများဖြင့် အသင်းကို ပြန်လည်အထိုင်ချလိုက်သည်။ တစ်ဖန် တိုက်စစ်မှူး
လေးယောက်အထိ ထည့်သွင်းအသုံးပြုနိုင်သော ၄–၂–၃–၁ ကစားကွက်ကို ပြောင်းလဲ
လိုက်သောအခါ လာမီနာသည် ပွဲထွက်ခွင့် လျော့နည်းသွားသည်။

တစ်ဖက်ကလည်း ဂျူဗင်တပ်သည် အီတလီကွင်းလယ်လူ စတူယာရိုနှင့် ယူရို ၁၂ သန်း
ပေးပြီး လာဇီယိုတိုက်စစ်မှူးကီတာကို ခေါ်ယူမည့်သတင်းများ ထွက်ပေါ်နေခြင်းကြောင့်
တိုက်စစ်ပိုင်းကိုလည်း အားဖြည့်ရန် စိတ်ဝင်စားနေကြောင်း ထင်ရှားနေသည်။

ဇွန်လ ပထမပတ်တွင် ထွက်ပေါ်လာသော သတင်းများအရ ဘိုင်ယန်မြူနစ်နည်းပြ
အန်ဆယ်လော့တီ၏ ဦးစားပေးစာရင်းတွင် မပါသော ဘရာဇီးလ်တိုက်စစ်မှူး
ဒေါက်ကလပ်ကော်စတာကို ယူရို သန်း ၃ဝ နှင့် ခေါ်ယူရန်ပြင်ဆင်နေကြောင်းသိရသည်။

အသက် ၂၆ နှစ်ရှိ ဘရာဇီးလ်ကစားသမား ဒေါက် ကလပ်ကော်စတာသည် ဘယ်ညာ
တောင်ပံနှစ်ဖက်စလုံးတွင် ကစားနိုင်ရုံတင်မက နောက်ချန်တိုက်စစ်မှူးအဖြစ် ထိရောက်
ကျွမ်းကျင်စွာကစားနိုင်ခြင်းကြောင့် ဂျူဗင်တပ်က ၄င်းကို စိတ်ဝင်စားနေသည်။

နာမည်ကျော် ဂဇက်တာဒယ်လိုစပို့တွင် ဖော်ပြချက်အရ ယခုအပြောင်းအရွှေ့ဈေးကွက်
ဖွင့်ချိန်၌ ဂျူဗင်တပ်သည် ၄င်းတို့၏ ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် ဆမ်ဒိုးရီးယား
လူငယ်ခြေတက် တိုက်စစ်မှူးပက်ထရစ်ရှစ်ကို ယူရို ၂၅ သန်းနှင့် ခေါ်ယူရန်သဘောတူညီမှု
ရရှိသွားပြီဖြစ်သည်။

၂ဝ၁၆–၁၇ ရာသီတွင် တစ်ဟုန်ထိုး ခြေစွာလာပြီးနောက် တိုက်စစ်မှူးပက်ထရစ်ရှစ်သည်
အဓိကတိုက်စစ်မှူးလူးဝစ်မူရီယဲလ်၏ နေရာတွင် လူစားဝင်ကစားပေးရသူအဖြစ်
ပွဲထွက်ခွင့်ရရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင် ခြေစွမ်း ထက်မြက်လာသောကြောင့်
ပထမဦးစားပေး တိုက်စစ်မှူးလူးဝစ်မူရီယဲလ်ကိုပင် အရန်ခုံသို့ ပို့နိုင်ခဲ့သူဖြစ်သည်။

သို့ရာတွင် စာချုပ်အရ ဂျူဗင်တပ်သည် ပက်ထရစ်ရှစ်ကို ခေါ်ယူပြီးနောက် ယုံကြည်မှုနှင့်
ပုံမှန်ပွဲထွက်ခွင့် ရရှိစေရန်အတွက် ဆမ်ဒိုးရီးယားအသင်းကိုပင် တစ်ရာသီ
အငှားပြန်ချလိုက်သည်။

ပြီးခဲ့သောရာသီ ဂျူဗင်တပ်၏ တိုက်စစ်အနေအထားကို ပြန်ပြောင်းကြည့်လျှင် တိုက်စစ်
မှူးများဖြစ်ကြသော ဟီဂူအင်၊ ဒိုင်ဘာလာ၊ မန်ဇူကစ်တို့သည် ချန်ပီယံလိဂ်၊ စီးရီးအေနှင့်
ကိုပါအီတာလျံဖလား ပြိုင်ပွဲသုံးခုစလုံးတွင် ခြေစွမ်းပြနိုင်ပြီး အရေးပါသောဂိုးများကို
သွင်းယူနိုင်ခဲ့သည်။

ဝါရင့်အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်ဆိုလျှင် နာပိုလီမှ ခေါ်ယူလိုက်ပြီးနောက်
ဗွေဆော်ဦးနှစ်မှာပင် ဂျူဗင်တပ်အတွက် စီးရီးအေပြိုင်ပွဲအတွင်း ၂၄ ဂိုးသွင်းယူပေးခဲ့သည်။
လူငယ်ခြေတက် ဒိုင်ဘာလာသည် ဂျူဗင်တပ်တိုက်စစ်အတွက် အားထားရသူဖြစ်လာပြီး
စီးရီးအေတွင် ၁၁ ဂိုး သွင်းယူခဲ့သလို ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်ကလည်း စီးရီး
အေ၌ ခုနစ်ဂိုးသွင်းယူခဲ့သည်။ အခြားပြိုင်ပွဲများဖြစ်သော ချန်ပီယံလိဂ်နှင့် ကိုပါအီတာလျံ
ဖလားပွဲစဉ်များအတွင်း ၄င်းတို့သွင်းယူခဲ့သော ဂိုးများလည်း ရှိနေသေးသည်။

တစ်ဖန် ဘောလုံးရာသီကုန်ခါနီးတွင် အသက် ၁၇ နှစ်သာရှိသေးသော တိုက်စစ်မှူးလေး
မော့စီကိန်းကို ထည့်သွင်းအသုံးပြုသောအခါ ဂိုးသွင်းယူနိုင်ခြင်းကြောင့် ဂျူဗင်တပ်
တိုက်စစ်အတွက် 'အားဆေး' တစ်ခွက် ဖြစ်လာသည်။ သို့ကလို တိုက်စစ်အင်အား
တောင့်တင်းသော အနေအထားမျိုးတွင် ဂျူဗင်တပ်သည် ပက်ထရစ်ရှစ်ကို ခေါ်ယူခဲ့ရာ
အကယ်၍ ၄င်းသာ ဂျူဗင်တပ်သို့ ရောက်ရှိလာပါကပွဲထွက်ခွင့်ရရှိဖို့ အခွင့်အလမ်း
နည်းပါးနေသည်။

တစ်ဖက်တွင် ဂျူဗင်တပ်သည် အနာဂတ်အတွက် ဂိုးသမား ခေါ်ယူအားဖြည့်မည့်သတင်း
များထွက်ပေါ်နေသည်။ အာဆင်နယ်မှ ရိုးမားသို့ အငှားချလိုက်သောပိုလန်လက်ရွေးစင်
ဂိုးသမားစီဇက်စနီသည် ပြီးခဲ့သောရာသီတွင် လက်စွမ်းပြနိုင်ခြင်းကြောင့် ဂျူဗင်တပ်က
၎င်းကို စိတ်ဝင်စားနေသည်။

ပိုလန်သတင်းစာများတွင် ဖော်ပြချက်အရ ဂျူဗင်တပ်က တစ်နှစ်လျှင် ယူရိုလေးသန်းနှင့်
လေးနှစ်ကမ်းလှမ်းမှုကို စီဇက်စနီက လက်ခံလိုက်ပြီ ဖြစ်သည်။

စီဇက်စနီကို အာဆင်နယ်က ပြန်လည်ခေါ်ယူရန်အလားလာ နည်းပါးနေသည်။ တစ်ဖက်
တွင် အီတလီလက်ရွေးစင်ဂိုးသမား ဘူဖွန်ကလည်း အသက် ၄ဝ နှစ် ရှိပြီဖြစ်ရာ
အသက်အရွယ်ကြောင့် အကျပိုင်းသို့ရောက်လာပြီး တစ်ရာသီလုံး ပွဲစဉ်တိုင်း ပါဝင်
လက်စွမ်းပြနိုင်ဖို့ မလွယ်တော့ပေ။

နောက်ဆုံးထွက်ပေါ်လာသော သတင်းများအရ ပရီမီယာလိဂ်ချန်ပီယံ ချယ်လ်ဆီးသည်
ဂျူဗင်တပ်အသင်းမှ နာမည်ကျော်ခံစစ်မှူး ဘိုနုချီနှင့် ဘရာဇီးလ်ဘယ်တောင်ပံကစားသမား
အဲလက်စ်ဆန်ဒရိုတို့ကို ခေါ်ယူရန်စိတ်ဝင်စားနေသည်။ သို့ရာတွင် ဘိုနုချီက ချယ်လ်ဆီးသို့
ပြောင်းရွှေ့မည့်သတင်းများကို ငြင်းဆန်ထားပြီး ၄င်းသာအသင်းပြောင်းခဲ့ပါက ဂျူဗင်တပ်
အနေဖြင့် ခံစစ်ပိုင်းကို အင်အားဖြည့်တင်းမှု မဖြစ်မနေ ပြုလုပ်ရဖွယ်ရှိသည်။

ဂျူဗင်တပ် ဘယ်တောင်ပံတွင် ခြေစွမ်းပြခဲ့သော ဘရာဇီးလ်လက်ရွေးစင် အဲလက်စ်ဆန်
ဒရိုကို ချယ်လ်ဆီးနှင့် မန်စီးတီးတို့က အပြိုင်အဆိုင် အလိုရှိနေကြသည်။

ဆန်ဒရိုသည် ပြီးခဲ့သောရာသီက ဂျူဗင်တပ်တွင် ပထမဦးစားပေး ဘယ်တောင်ပံကစား
သမား ဖြစ်လာခြင်းကြောင့် အီဗရာကို အရန်ခုံ ပို့နိုင်ရုံတင်မက အပြီးတိုင် အသင်းပြောင်း
သွားရန်အထိ တွန်းပို့နိုင်ခဲ့သူ ဖြစ်သည်။

ဆန်ဒရိုအတွက် ဂျူဗင်တပ်က ယူရိုသန်း ၆ဝ အလိုရှိပြီး ချယ်လ်ဆီးဘက်က ယူရိုသန်း ၄ဝ
ဖြင့် စတင်ကမ်းလှမ်းထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း