အကျဘက်ဆီ ဦးတည်နေတဲ့ ဘွန်ဒက်စ်လီဂါက ဝုဖ်ဘတ်

လွန်ခဲ့တဲ့တစ်နှစ်ကျော် ချန်ပီယံလိဂ်ပြိုင်ပွဲကွာတားဖိုင်နယ်မှာ ဝုဖ်ဘတ်ဆိုတဲ့ ဂျာမန်
ဘွန်ဒက်စ်လီဂါကလပ်အသင်းဟာ ရီးယဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားဖို့ဖြစ်လာခဲ့တယ်။

ဝုဖ်ဘတ်ရဲ့အောင်မြင်မှုလို့ ပြောရမှာပါ။ ဒါပေမဲ့ အခုပြီးဆုံးသွားတဲ့ရာသီမှာတော့
ဘွန်ဒက်စ်လီဂါမှာ ထိပ်တန်းအသင်းတစ်သင်း ဖြစ်တဲ့ဝုဖ်ဘတ်ဟာ ဘွန်ဒက်စ်လီဂါက
တန်းဆင်းရဖို့ကနေ သီသီလေးလွတ်မြောက်သွားတဲ့ အသင်းလေးအဖြစ်ကိုရောက်ရှိသွား
ခဲ့ပါတယ်။ ဗောက်စ်ဝက်ဂွန်းကား ကုမ္ခဏီကြီးပိုင်ဆိုင်တဲ့ဝုဖ်ဘတ်ရဲ့ လောကဓံ အတက်
အကျ သာဓကဖြစ်လာခဲ့ပါတယ်။ ဘောလုံးစီးပွားရေးရဲ့ တိုတောင်းတဲ့ကာလတစ်ခုအတွင်း
မှာ စီမံခန့်ခွဲဆုံးဖြတ်မှုတွေဟာ အရေးပါလှပြီး ဆုံးဖြတ်မှု တစ်ချက်အမှားက ကြီးကြီးမားမား
ဆုံးရှုံးမှုတွေဖြစ်သွားခဲ့ရသလို ဆုံးဖြတ်ချက်ကောင်းတစ်ခုကြောင့်လည်း ကြီးမားတဲ့
အမြတ်အစွန်းတွေရတတ်တာ ဘောလုံးစီးပွားရေးရဲ့သဘာဝပဲဖြစ်ပါတယ်။ အခုလည်း
ဝုဖ်ဘတ်ဟာ ကံကောင်းလို့သာ ဘွန်ဒက်စ်လီဂါက တန်းမဆင်းရတဲ့ အခြေအနေကြုံသွား
ခဲ့ရတာဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါမှာ ဘိုင်ယန်မြူးနစ်ကို တူတူတန်တန်လိုက်လံ ယှဉ်နိုင်တဲ့အသင်းတွေထဲမှာ
ဝုဖ်ဘတ်ဟာ တစ်သင်းအပါအဝင်ပါ။ သူတို့ဟာ ၂ဝဝ၉ ခုနှစ်က ဘွန်ဒက်စ်လီဂါချန်ပီယံ
ဖလားကို ရယူနိုင်ခဲ့ကြပါတယ်။ ဘိုင်ယန်မြူးနစ်ကို အမီလိုက်ရင်း ဝုဖ်ဘတ်ဟာ ချန်ပီယံ
လိဂ်ဝင်ခွင့်တွေရကာ ဘွန်ဒက်စ်လီဂါမှာ အသင်းကြီးတစ်သင်းအဖြစ် ရပ်တည်နေခဲ့ပါ
တယ်။ ဒါပေမဲ့ ၂ဝ၁၅ မှာတော့ဝုဖ်ဘတ်ရဲ့ စီမံအုပ်ချုပ်မှုအပြောင်းအလဲက ၂ဝ၁၇ မှာ
ကြီးမားတဲ့သက်ရောက်မှုကြီးတစ်ခုဖြစ်သွားခဲ့ရပါတယ်။ ကလောက်အောအော့ဖ်ဆိုသူ
MD အဖြစ် ရောက်လာခဲ့ခြင်းက ဝုဖ်ဘတ်အသင်း တန်းဆင်းရဖို့ဖြစ်သွားစေခဲ့တာ
ဖြစ်ပါတယ်။ သူရောက်လာတဲ့နှစ်မှာတော့ ဝုဖ်ဘတ်ဟာ ဂျာမန်ပိုကယ်ဖလားကိုရယူခဲ့
သလို ဘွန်ဒက်စ်လီဂါမှာ ဒုတိယရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့လို့ နည်းပြဟစ်ကင်းဟာ
မျက်နှာပန်းလှခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အောအော့ဖ်တစ်ယောက် ဝုဖ်ဘတ်က
အရေးပါတဲ့ ထိပ်တန်ကစားသမားတွေကို စတင်ရောင်းချလိုက်ခြင်းနဲ့ ဝုဖ်ဘတ်ရဲ့
တောက်ပမှုတွေ မှေးမှိန်ခြင်း စတင်လာခဲ့ပါတယ်။

ချယ်လ်ဆီးက မကြိုက်လို့ ရောင်းပစ်လိုက်တဲ့ ဒီဘရိုင်းဟာ ဝုဖ်ဘတ်မှာ အတောက်ပဆုံး
ကစားနိုင်ခဲ့သူပါ။ သူ့ကို မန်စီးတီးကဝယ်တော့ ဒီဘရိုင်းကို ယူရို ၇၅ သန်းနဲ့ ရောင်းပစ်
လိုက်ပါတယ်။ အောအော့ဖ်ဟာ ဒီဘရိုင်းကိုရောင်းပြီး ဒရက်ဆလာကို ယူရို ၃၆ သန်းနဲ့
ပြန်ဝယ်ဖြည့်တင်းလိုက်လို့ မဆိုးဘူးဖြစ်ခဲ့ပေမဲ့ ဒီဘရိုင်ပြီးတော့ နောက်ထပ်အရေးပါတဲ့
ပါရီဆစ်ကို ရောင်းလိုက်ပြန်ပါတယ်။ ဝုဖ်ဘတ်ရဲ့ တောင်ပံတွေမှာ တကယ်အားထားရတဲ့
နှစ်ယောက်ကို ပြိုင်တူထုတ်ရောင်းလိုက်ခြင်းကMD တစ်ယောက်ရဲ့ အမှားအယွင်းပဲ
ဖြစ်ပါတယ်။ ပြီးရင် ရှာရယ်ကို ရောင်းတယ်။ တိုက်စစ်မှူးဘက်စ်ဒေါ့ကို ရောင်းထုတ်ပစ်
လိုက်တယ်။ တကယ့်အခက်အလက်တွေနဲ့ ဝေဆာနေတဲ့ အပင်တစ်ပင်ဟာ ပင်လုံး
ထီးထီးသာကျန်တော့သလိုပဲ နည်းပြဟစ်ကင်းရဲ့ ဝုဖ်ဘတ်ဟာနာမည်သာရှိပြီး အသင်းမှာ
ကွာလတီ ပလေယာတွေ လွင့်စဉ်သွားခဲ့ရပါတယ်။ ဒရက်ဆလာ တစ်ယောက်ပဲ ရှိနေခဲ့ပါ
တယ်။ အဲဒီတော့လည်းနည်းပြ ဟစ်ကင်းတစ်ယောက် ဘာမှမတတ်နိုင်ဘဲ ဘွန်ဒက်စ်လီဂါ
ကိုဖြတ်သန်းခဲ့တာ အောက်တိုဘာရောက်တော့ ဟစ်ကင်းဟာ အထုတ်ပယ်ခံ ထိသွား
ခဲ့ရပါတယ်။ ကွင်းထဲက ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာမန်နေဂျာအပေါ် မူတည်
နေပေမဲ့ ကစားသမားတွေ ရောင်းထုတ်တာမှာတော့ မန်နေဂျာဟာ အဆုံးအဖြတ်မဖြစ်ခဲ့
တာကတော့ တစ်ခုခု အမှားပဲဖြစ်ပါတယ်။ အခုလည်းရောင်းဖို့ ဆုံးဖြတ်ခဲ့၊ ပြုခဲ့သူက
MD အထုတ်ခံလိုက်ရတော့ မန်နေဂျာဖြစ်သွားခဲ့ပါတယ်။ ဟစ်ကင်းကိုထုတ်ပစ်လိုက်လို့
ဘယ်သူ့ကိုနည်းပြခန့်မလဲ စောင့်ကြည့်ခဲ့ပေမဲ့ အောအော့ဖ်ခန့်လိုက်သူက လူငယ်
အသင်းနည်းပြအစ္စမေးလ်၊ MD ဖြစ်သူရဲ့ ဆုံးဖြတ်ချက်အမှားတွေက ဆက်တိုက်ဖြစ်နေခဲ့
ပါတယ်။ အဲဒီမှာ တစ်ခါထပ်ပြီးတော့ ဝယ်ထားတဲ့ ဒရက်ဆလာကို ပီအက်စ်ဂျီကို
ရောင်းထုတ်ပစ်လိုက်တော့ ဝုဖ်ဘတ်ဆိုတာ အခွံသာကျန်တော့တဲ့အသင်း ဖြစ်သွားစေခဲ့
ပါတယ်။

ဝုဖ်ဘတ်ရဲ့တန်ဖိုးဆိုတာ ဘာမှမရှိတော့ပါဘူး၊ ဘွန်ဒက်စ်လီဂါပွဲတွေ ကစားရင်း
ကစားရင်းနဲ့ အသင်းက အပေါ်တက်မလာဘဲ ကျလို့သာ သွားနေခဲ့ပါတယ်။ အဲဒီလို
ကျဆင်းနေလို့ဆိုပြီး အောအော့ဖ်ဟာ နည်းပြအစ္စမေးလ်ကို ထပ်ထုတ်လိုက်ပြန်ပါတယ်။
သူနောက်ထပ် နည်းပြခန့်သူက အာဆင်နယ်လူငယ်အသင်းနည်းပြ ဂျန်ကာဆိုသူပဲဖြစ်ပါ
တယ်။ ဂျန်ကာလည်း ဘာတတ်နိုင်မှာလဲ၊ လိမ်ဖည်လိမ်ဖည်နဲ့သာ ဝုဖ်ဘတ်ကို ကိုင်တွယ်
နေခဲ့တာ ဘွန်ဒက်စ်လီဂါ နောက်ဆုံးပွဲစဉ် (၃၆) မှာ အဓိကပြိုင်ဘက် ဟမ်းဘတ်ကို
သရေကစားနိုင်ရင် ဝုဖ်ဘတ်ဟာ ဘွန်ဒက်စ်လီဂါမှာ တင်ကျန်နေမှာဖြစ်ပေမဲ့ ဂျန်ကာဟာ
သရေမကစားနိုင်ခဲ့ပါဘူး။ ရှုံးနိမ့်သွားလို့ဘွန်ဒက်စ်လီဂါ (၂) က အသင်းနဲ့ Play-off ကစား
ခဲ့ရပြီးအနိုင်ရလို့ လာမယ့်ရာသီမှာ ဝုဖ်ဘတ်ကို ဘွန်ဒက်စ်လီဂါ မှာမြင်တွေ့ရမှာ ဖြစ်ပါ
တယ်။ ဂျန်ကာအထုတ်မခံရပေမဲ့ MD အောအော့ဖ်ကတော့ ပရိသတ်ရဲ့ဖိအားနဲ့အတူ
နောက်ဆုံးမှာ MD ရာထူးကနေ နုတ်ထွက်ပေးလိုက်ရပါတယ်။

အခုအခါမှာတော့ ဗောက်စ်ဝက်ဂွန်းဟာ ဝုဖ်ဘတ်အသင်းရဲ့ လူငယ်အကယ်ဒမီကို
ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ဖို့အတွက် World Rally Championship ပြိုင်ပွဲကနေ
နုတ်ထွက်လိုက်ပြီး လူငယ်အကယ်ဒမီကို ယူရို သန်း ၄ဝ ကျော် ရင်းနှီးမြှုပ်နှံလိုက်ပါတယ်။
အောအောဖ့် ထွက်ခွာသွားတဲ့အခါ ဝုဖ်ဘတ်ဟာ အားကစား ဒါရိုက်တာတစ်ယောက်
ခန့်ဖို့လုပ်နေပေမဲ့ အခုထိ ခန့်ထားခြင်းမရှိသေးပါဘူး။ ဒါဟာကောင်းတဲ့ လက္ခဏာတော့
မဟုတ်ပါဘူး။ နည်းပြဂျန်ကာဟာလည်း လာမယ့်ရာသီမှာ ဘယ်လပိုင်းအထိခံမလဲ
ဆိုတာကို စောင့်ကြည့်နေကြပြီး ဝုဖ်ဘတ်ရဲ့ ပြန်လာမယ့်အချိန်ဟာ ရုတ်တရက်
ချက်ချင်းကြီး ဖြစ်မလာနိုင်ဘဲ လာမယ့်ရာသီမှာလည်း လိန်ဖည်လိန်ဖည် တဝဲလည်လည်
အသင်းသာ ဖြစ်နေဖွယ်ရှိပါရဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း