(၂၉) ကြိမ်မြောက် ဆီးဂိမ်းကို မြန်မာနိုင်ငံက အားကစားသမား ၄ဝဝ ခန့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်

လာမည့် သြဂုတ် ၁၉ ရက်မှ ၃ဝရက် အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် 
ကျင်းပမည့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကို
မြန်မာနိုင်ငံက အားကစားသမား အင်အား ၄ဝဝ ခန့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသော ယင်းဆီးဂိမ်းပြိုင်ပွဲကို ယခုနှစ်တွင် မလေးရှားနိုင်ငံက
အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အားကစားနည်း ၃၈ မျိုးကို ထည့်သွင်းကျင်းပမည်
ဖြစ်သည်။ မြန်မာနိုင်ငံက အားကစားနည်း ၂၉ နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

(၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအားကစားအဖွဲ့များသည် ၂ဝ၁၅ ခုနှစ်က
ကျင်းပခဲ့သော (၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအပြီးတွင် စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
အားကစားနည်းများကို ရန်ကုန်နှင့်နေပြည်တော်တွင်ခွဲ၍ စခန်းသွင်းလေ့ကျင့်ပေးနေသည်။
ရန်ကုန်မြို့တွင် အားကစားနည်း ၁၆ နည်းကို အားကစားသမား ၅၃၂ ဦးဖြင့် လေ့ကျင့်ပေး
နေပြီး နေပြည်တော်တွင် အားကစားနည်း ၁၅ နည်းကို အားကစားသမား ၃၈၅ ဦးဖြင့်
စခန်းသွင်းပြင်ဆင်နေသည်။

ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအသင်းရွှေတံဆိပ် ရရှိနိုင်သော အားကစားနည်းများ
အနက် ရိုးရာလှေ၊ ကနူးလှေနှင့် လှေလှော်ပြိုင်ပွဲ အမျိုးအစားများ မပါဝင်သလို ဂျူဒိုပြိုင်ပွဲ
တွင်လည်း ဆုတံဆိပ်မျှော်မှန်းနိုင်သည့် ကီလိုတန်းများ မပါဝင်ကြောင်းသိရသည်။

''လှေလှော်အားကစား မပါဝင်တာ မြန်မာအားကစားအဖွဲ့အတွက် သိပ်နစ်နာတယ်။
လှေလှော်အားကစားနည်းက ဆီးဂိမ်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ်တွေများစွာဆွတ်ခူးနိုင်ခဲ့
တယ်။ (၂၇) ကြိမ်မြောက် ဆီးဂိမ်းတုန်းက ရွှေတံဆိပ် ၂ဝ ကျော်ရခဲ့တဲ့ အားကစားနည်း
ဖြစ်တယ်။ ဆီးဂိမ်းပြိုင်ပွဲ သက်တမ်းတစ်လျှောက် လှေလှော်အားကစားနည်းမပါဝင်တာ
ဒီအကြိမ်က ပထမဆုံးပါပဲ'' ဟု အားကစားနှင့်ကာယပညာ (ရန်ကုန်) ကျောင်းအုပ်ကြီး
ဦးစိုးအောင်က ပြောသည်။

''ဒီကစားနည်းကို ထည့်သွင်းကျင်းပဖို့ အိမ်ရှင်မလေးရှားနိုင်ငံကို တောင်းဆိုခဲ့တယ်။
ဒါပေမဲ့ အိမ်ရှင်အသင်းက လှေလှော်အားကစားနည်းမှာ အားနည်းတယ်။ သူတို့ဆုတံဆိပ်
မရနိုင်တဲ့အတွက် ဒီအားကစားနည်းကို ပယ်ဖျက်လိုက်တာပါ။ ၂ဝ၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ
မှာကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲမှာတော့ ပါဝင်ခွင့်ရဖို့မျှော်လင့်ထားပါတယ်'' ဟု ဦးစိုးအောင်က
ပြောသည်။

မြန်မာအားကစားအဖွဲ့သည် လှေလှော်အားကစားနည်းအပါအဝင် ဝူရှူး၊ဂျူဒို၊
ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ ဘိလိယက်နှင့်စနူကာ၊ ပြိုင်ပွဲများတွင်လည်း ရွှေတံဆိပ်များ
ဆွတ်ခူးနိုင်သည်ကို တွေ့ရသည်။ ၂ဝ၁၅ ခုနှစ်က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော (၂၈)
ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အားကစားသမား ၃၉၆ ဦးဖြင့် ဝင်ရောက်
ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၂၆ ခု၊ ကြေးတံဆိပ် ၃၁ ခု တို့ကို ဆွတ်ခူးနိုင်
ခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း