မလေးရှားဆီးဂိမ်းမှာဗိုလ်လုပွဲအဆင့်အထိ မျှော်မှန်းထားတဲ့ မြန်မာဟော်ကီအသင်း

အောက်တိုဘာလက ကျင်းပခဲ့သော တိုင်းနှင့်ပြည်နယ် ဟော်ကီပြိုင်ပွဲ၌ ကစားသမားများ ယှဉ်ပြိုင်နေစဉ်။ နိုင်ဝင်းထွန်း / မြန်မာတိုင်း(မ်)အောက်တိုဘာလက ကျင်းပခဲ့သော တိုင်းနှင့်ပြည်နယ် ဟော်ကီပြိုင်ပွဲ၌ ကစားသမားများ ယှဉ်ပြိုင်နေစဉ်။ နိုင်ဝင်းထွန်း / မြန်မာတိုင်း(မ်)

လာမယ့်သြဂုတ်မှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်
(၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ ဟော်ကီပြိုင်ပွဲမှာ ဗိုလ်လုပွဲ
အဆင့်အထိတက်ရောက်နိုင်ဖို့ မြန်မာဟော်ကီအသင်းက မျှော်မှန်းထားပြီး အကောင်းဆုံး
ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

၂ဝ၁၃ ခုနှစ်က အိမ်ရှင်လက်ခံကျင်းပခဲ့တဲ့ (၂၇) ကြိမ်မြောက်ဆီးဂိမ်းနဲ့ ၂ဝ၁၅ ခုနှစ်က
စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၇) ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲကို
နှစ်ကြိမ်ဆက် လွဲချော်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ ဗိုလ်လုပွဲကို ပထမဆုံးတက်ရောက်နိုင်ဖို့
ယခင်နှစ်တွေထက်ပိုတဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ မြန်မာဟော်ကီ
အသင်းဟာ ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက်လွဲချော်ခဲ့ပေမဲ့ ကြေးတံဆိပ်ကိုတော့ နှစ်ကြိမ်စလုံး
မှာ ရယူထားနိုင်တာတွေ့ရတယ်။

''ပြီးခဲ့တဲ့ ဆီးဂိမ်းနှစ်ကြိမ်ဆက်တိုက် ကြေးတံဆိပ်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။ ဒီနှစ်တော့
အသင်းကို ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတယ်။ ပြင်ဆင်ချိန်လည်း အလုံအလောက်
ရတဲ့အတွက် ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ပထမ
ရည်မှန်းချက်က ဗိုလ်လုပွဲတက်နိုင်ဖို့ပါ။ ဒုတိယပစ်မှတ်ကတော့ ရွှေတံဆိပ်ပေါ့'' ဟု
မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစောလုလုထော်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ ဟော်ကီပြိုင်ပွဲမှာ မလေးရှားအသင်းက ကြီးစိုး
ထားတာတွေ့ရပြီး နှစ်စဉ်ရွှေတံဆိပ်တွေ ရယူထားနိုင်တာကို တွေ့ရပါတယ်။ မလေးရှားရဲ့
နောက်မှာ စင်ကာပူအသင်းက ဒုတိယအကောင်းဆုံးအဖြစ် ရပ်တည်နေပြီး ငွေတံဆိပ်
တွေကိုရရှိထားပါတယ်။ ဒါကြောင့် လာမယ့်ဆီးဂိမ်းပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ဖို့ မျှော်လင့်
ထားတဲ့ မြန်မာအသင်းအတွက် မလေးရှားနဲ့စင်ကာပူ အသင်းတွေက အဓိကပြိုင်ဘက်
တွေဖြစ်လာမှာဖြစ်တယ်။

''ဗိုလ်လုပွဲအဆင့်အထိတော့ မျှော်လင့်နိုင်ပါတယ်။ ရွှေတံဆိပ်ရဖို့တော့ ခက်ခဲတယ်။
မလေးရှားက အိမ်ရှင်အသင်းဖြစ်သလို သူတို့ လက်ရွေးစင် ဟော်ကီအသင်းက ကမ္ဘာ့
အဆင့်ရှိပါတယ်။ မလေးရှားနဲ့ဆုံခဲ့ရင်တောင် ဗိုလ်လုပွဲမှာဆုံဖို့ပဲရှိမယ်။ စင်ကာပူနဲ့
ထိုင်းကတော့ ဗိုလ်လုပွဲအတွက် အဓိကလုရမယ့် အသင်းတွေပေါ့''ဟု ဦးစောလုလု
ထော်က ဆိုပါတယ်။

ဒီနှစ်ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ကအမျိုးသားပြိုင်ပွဲအပြင် အမျိုးသမီး
ပြိုင်ပွဲများပါ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပေမဲ့ အမျိုးသမီး ဟော်ကီအသင်းကတော့
ကြေးတံဆိပ်သာ မျှော်မှန်းနိုင်တယ်လို့ သိရပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး
ဟော်ကီအသင်းက (၂၇) ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကြေးတံဆိပ်ကို
ရရှိခဲ့ပါတယ်။ (၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကိုတော့ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ဘဲ
ယခုနှစ်ပြိုင်ပွဲမှာ တစ်ကျော့ပြန် ပါဝင်လာခြင်းဖြစ်ပါတယ်။

''အမျိုးသမီးအသင်းက စင်ကာပူဆီးဂိမ်းပြိုင်ပွဲမှာ ဝင်ရောက်မယှဉ်ပြိုင်နိုင်ခဲ့ဘူး။
သွားရောက်ယှဉ်ပြိုင်ဖို့ ကုန်ကျစရိတ်ခက်ခဲတာရယ် ကစားသမား နည်းပါတာရယ်ကြောင့်
မပြိုင်နိုင်ခဲ့တာပါ။ ဒီနှစ်မှာတော့ အသင်းကို သေသေချာချာဖွဲ့စည်းပြီး ဝင်ပြိုင်ပါမယ်။
ရွှေတံဆိပ် မမျှော်မှန်းနိုင်ပေမဲ့ ကြေးတံဆိပ် ရယူနိုင်ဖို့ ပစ်မှတ်ထားတယ်''လို့ ဆိုပါတယ်။

လက်ရှိ မြန်မာ့လက်ရွေးစင်ဟော်ကီအသင်းကို အတွေ့အကြုံရင့် စီနီယာကစားသမား ၇၅
ရာခိုင်နှုန်းကို အခြေခံပြီး မျိုးဆက်သစ် ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။
အမျိုးသားအသင်းအတွက် အားကစားသမား ၃ဝ ကျော်ကို ရွေးချယ်ထားပြီး အမျိုးသမီး
အသင်းအတွက် ၂ဝ ဝန်းကျင်ကို စခန်းသွင်းထားပါတယ်။

ဒီလက်ရွေးစင်နှစ်သင်းစလုံးအတွက် ပါကစ္စတန်လူမျိုး နည်းပြနှစ်ဦးကို နည်းပြချုပ်အဖြစ်
ခန့်အပ်ထားသလို ပြည်တွင်းနည်းပြသုံးဦးက လက်ထောက်နည်းပြတွေအဖြစ် တာဝန်ယူ
ကိုင်တွယ်နေပါတယ်။ ပါကစ္စတန်နည်းပြတစ်ဦးကို ဂိုးနည်းပြအဖြစ်ခန့်အပ်ဖို့ မကြာခင်
ထပ်မံခေါ်ယူမယ်လို့လည်း သိရပါတယ်။

''စီနီယာကစားသမားတွေရဲ့ အတွေ့အကြုံနဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ အရည်အသွေး
တွေကို ပေါင်းစပ်ပြီးအသင်းကို ဖွဲ့စည်းထားပါတယ်။ နည်းပြသစ်လက်ထက်မှာလည်း
အသင်းက တော်တော်တိုးတက်လာတယ်။ ကစားပုံမြန်လာတယ်။ ဘောလုံးပိုင်ဆိုင်မှုကို
ဦးစားပေးကစားတယ်။ သိသာတဲ့ ပြောင်းလဲချက်ကတော့ ကစားကွက်လုံးဝ ပြောင်းလဲဖို့
ရှိတယ်။ အရင်တွေ့နေကျမဟုတ်တဲ့ မြန်မာဟော်ကီအသင်းရဲ့ စွမ်းဆောင်မှုမျိုးကို
ကွာလာလမ်ပူဆီးဂိမ်းမှာ တွေ့မြင်ရမှာပါ'' လို့ ဦးစောလုလုထော်က ပြောပါတယ်။

မြန်မာဟော်ကီအသင်းရဲ့ အဓိက အခက်အခဲကတော့ ကစားကွင်းရှားပါးမှုပြဿနာဖြစ်ပြီး
အိမ်နီးချင်းနိုင်ငံတွေကို ယှဉ်နိုင်ဖို့ ကစားသမားကောင်းတွေလိုအပ်သလို ဟော်ကီကွင်း
တွေလည်း လိုအပ်တယ်လို့ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစောလုလုထော်က
ဆိုပါတယ်။

''ဒီနှစ်ဆီးဂိမ်းကို အိမ်ရှင်လုပ်မယ့် မလေးရှားအသင်းက ကမ္ဘာ့အဆင့် (၁၁) ရှိတယ်။
သူတို့ကို ယှဉ်ဖို့ဆိုတာ အရမ်းခက်တယ်။ အနီးစပ်ဆုံး ဥပမာပေးရရင် မလေးရှားမှာ
ဟော်ကီကွင်း ရာကျော်ရှိတယ်။ ဒီမှာတော့ သိမ်ဖြူကွင်းတစ်ကွင်းပဲရှိတယ်။ လက်ရှိကွင်းရဲ့
သက်တမ်းကလည်း ၁ဝ နှစ်ကျော်နေပါပြီ။ ကွင်းမရှိရင် ပြိုင်ပွဲတွေကျင်းပဖို့ ခက်တယ်။
ဒါကြောင့် နိုင်ငံခြားမှာ ပူးတွဲလေ့ကျင့်မှုတွေ သွားရောက်ကစားခဲ့တယ်။ သူတို့ဆီမှာ
ကွင်းလည်းများသလို ဟော်ကီအသင်းတွေလည်း အများကြီးရှိတယ်''လို့ ဆိုပါတယ်။

မြန်မာဟော်ကီအဖွဲ့ဟာ ဆီးဂိမ်းအကြိုပြင်ဆင်မှုအဖြစ် ပြီးခဲ့တဲ့ဧပြီက မလေးရှားနိုင်ငံမှာ
တစ်လကြာသွားရောက်ခဲ့ပြီး မလေးရှားနိုင်ငံအခြေစိုက် ဟော်ကီကလပ်အသင်းတွေနဲ့
လက်ရည်စမ်းပွဲတွေ ကစားခဲ့ပါတယ်။ ဒီတစ်လကြာ ခရီးစဉ်မှာ လက်ရည်စစ်ပွဲပေါင်း
၂ဝ ကစားခဲ့ပြီး ၁၅ ပွဲနိုင်၊ သုံးပွဲရှုံး၊ နှစ်ပွဲသရေဆိုတဲ့ ရလဒ်တွေကို ရရှိခဲ့ပါတယ်။ လာမယ့်
ဇူလိုင်လအတွင်းမှာလည်း တရုတ်နိုင်ငံမှာလက်ရည် စစ်ပွဲတွေ ယှဉ်ပြိုင်ကစားဖို့ စီစဉ်နေ
ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း