၂ဝ၂ဝ တိုကျိုအိုလံပစ် အားကစားကွင်း အချိန်မီ ပြီးစီးမည်

တည်ဆောက်ပြီးလုပြီဖြစ်သည့် ၂ဝ၂ဝ တိုကျို အိုလံပစ်အားကစားကွင်း။တည်ဆောက်ပြီးလုပြီဖြစ်သည့် ၂ဝ၂ဝ တိုကျို အိုလံပစ်အားကစားကွင်း။

၂ဝ၂ဝ တိုကျို အိုလံပစ် အားကစားပြိုင်ပွဲအတွက် ကစားကွင်းသည် အစပိုင်း၌ပြဿနာ
အနည်းငယ်ကြုံတွေ့ခဲ့သော်လည်း အချိန်မီပြီးစီးမည်ဖြစ်ကြောင်း ဇွန် ၃ဝ ရက်က 
နိုင်ငံတကာဆိုင်ရာ အိုလံပစ်ကော်မတီက ပြောကြားခဲ့သည်။

အားကစားကွင်းတည်ဆောက်ရန် ငွေကြေးကုန်ကျမှုများသောကြောင့် ပြည်သူတွေဒေါသ
ထွက်နေချိန်တွင် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အမျိုးသား အားကစားရုံသစ်
ပုံစံငယ်ကို လွန်ခဲ့သောနှစ်နှစ်က ပယ်ချခဲ့သည်။

''ကျွန်တော်တို့ ပထမဆုံးအနေနဲ့ကစားကွင်းကြီး စတင်တည်ဆောက်ကတည်းက
သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ကစားကွင်းအမှန်တကယ် မြေပြင်မှာ ပေါ်ထွက်လာတာကို
ကြည့်ဖို့ အရမ်းသဘောကျသလို ဒါကလည်း ဘတ်ဂျက်ပေါ်မူတည်နေပါသေးတယ်။
ကျွန်တော်တို့အတွက် အရေးကြီးဆုံးအချိန်ဖြစ်တဲ့ ၂ဝ၁၉ နိုဝင်ဘာလအတွင်း အပြီး
ဆောက်လုပ်မယ်လို့ သေချာတွက်ချက်ထားပါတယ်'' ဟု Tokyo 2020 Coordination
Commission ဥက္ကဋ္ဌ John Coates  သည် သုံးရက်ကြာလာရောက်လည်ပတ်တဲ့
ခရီးစဉ်အတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

ကစားကွင်း ဆောက်လုပ်ရေးအတွက် ကုန်ကျစရိတ်သည် ဒေါ်လာ ၂ဝ ဘီလျံအောက်
ထားရှိရန် နိုင်ငံတကာဆိုင်ရာအိုလံပစ်ကော်မတီက တိုကျိုမှစီစဉ်သူများကိုပြောကြား
ထားပြီး ယခုတွင် ဒေါ်လာ ၂ ဒသမ ၂ ဘီလျံလျှော့ချမည်ဖြစ်ကြောင်း Coates က
ပြောခဲ့သည်။

တိုကျိုမြို့နယ် အုပ်ချုပ်ရေးမှူး Yuriko Koike ကလည်း ၂ဝ၂ဝ ခုနှစ်တွင် အိမ်ရှင်အဖြစ်
လက်ခံကျင်းပခွင့် ရရှိသောအခါ ခန့်မှန်းကုန်ကျစရိတ်ကို လျှော့ချပြီး ဘတ်ဂျက်ငွေကို
ပြန်လည်စစ်ဆေးကြရန် မနှစ်ကအမိန့်ပေးခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း