ရာသီကြိုခြေစမ်းပွဲတွေက အသင်းကြီးတွေကို ဘယ်လိုများ အထောက်အပံ့ပြုလိုက်နိုင်မလဲ

ရာသီကြိုခြေစမ်းပွဲအတွက် အမေရိကတွင် လေ့ကျင့်ခန်းပြုလုပ်နေသည့် မန်ယူအသင်းသားများ။ ဓာတ်ပုံ – အေအက်ဖ်ပီရာသီကြိုခြေစမ်းပွဲအတွက် အမေရိကတွင် လေ့ကျင့်ခန်းပြုလုပ်နေသည့် မန်ယူအသင်းသားများ။ ဓာတ်ပုံ – အေအက်ဖ်ပီ

ရာသီကြို ခြေစမ်းပွဲတွေကတော့ စတင်ပါပြီ။ ဒါဟာလာမယ့် ၂ဝ၁၇–၁၈ ဘောလုံးရာသီ
အတွက် အကြိုပြင်ဆင်မှုဆိုတာ ပြောဖို့တောင်လိုမယ် မထင်ပါဘူး။

ကလပ်တွေဟာ ဘဏ္ဍာရေး အခြေအနေ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအနေအထား
အားလုံးကို ချိန်ညှိပြီး ကြိုးပမ်းအားထုတ်ကြရပါတယ်။

ပရီမီယာလိဂ်ကလပ်တွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ တိုက်စစ်တွေက ဘယ်လောက်
ပြီးပြည့်စုံသလဲ၊ ကြံ့ခိုင်မှုနဲ့ဘဏ္ဍာရေးအနေအထားမှာ အဲဒီရာသီကြို ခရီးစဉ်တွေအတွင်း
ဘယ်လောက်ချိန်ညှိမှုဖြစ်မလဲဆိုတာတွေကို သူတို့ ကြိုးပမ်းကြမှာ ဖြစ်ပါတယ်။

သုတေသန စစ်တမ်းတွေအရ ပရီမီယာလိဂ်ကလပ်တွေဟာ လေယာဉ်မိုင်သိန်းချီပြီး ခရီး
ဆန့်ရမှာ ဖြစ်ပါတယ်။ အတိအကျပြောရရင် သူတို့သွားရမယ့် ခရီးစဉ်စုစုပေါင်းမိုင်ဟာ
၁၆၉,၆၁၇ မိုင် ဖြစ်ပါတယ်။ သွားမယ့်ဒေသတွေကလည်း အစုံပါပဲ။ တင်နက်စီ၊ ပင်ဆီလ်
ဗေးနီးယား၊ ကယ်လီဖိုးနီးယား၊ တက္ကဆက်၊ ဖလော်ရီဒါ၊ နယူးဂျာစီ၊ ဗာဂျီးနီးယား၊
မြောက်ကယ်ရိုလိုင်းနား၊ အိုက်စလန်၊ အိုင်ယာလန်၊ စပိန်၊ နော်ဝေ၊ နယ်သာလန်၊ ဂျာမနီ၊
သြစတြီးယား၊ ဆွစ်၊ တန်ဇန်းနီးယား၊ ပေဂျင်း၊ ဟောင်ကောင်၊ စင်ကာပူ၊ သြစတြေးလျ
အစရှိတဲ့ဒေသတွေပါပဲ။

ထူးခြားချက်တစ်ခုကတော့ ရုရှားနဲ့ ဘောလ်တစ်နိုင်ငံတချို့ မပါဝင်ခဲ့တာကို တွေ့ရမှာ
ဖြစ်ပါတယ်။

စစ်တမ်းတစ်ခုကတော့ သြစတြေးလျ၊ တရုတ်နဲ့ အမေရိကန်တွေကိုသွားတဲ့ ပန်းတိုင်
လမ်းဆုံးအတွက် နွေရာသီမှာ ပွဲစဉ်ဇယားက ပွဲစဉ် ၁ဝဝ ရဲ့ အထက်မှာပဲရှိပါတယ်။

ဒီပရီမီယာလိဂ် ထိပ်တန်းကလပ်အသင်း ၂ဝ ဟာ ဥရောပအပါအဝင် အခြားသော
ဒေသများကိုလည်း ခရီးထွက်ခြင်းက ရာသီကြိုရဲ့ အကောင်းဆုံး လေ့ကျင့်မှုတစ်ခုဖြစ်တယ်
လို့ ယူဆပါတယ်။ ဒါဟာ တခြားဒေသတွေကိုလည်း သွားရောက်ခြင်းက အကောင်းဆုံး
ချိတ်ဆက်ပူးပေါင်းမှုတစ်ခု ဖြစ်တယ်လို့ပဲ သတ်မှတ်ရမှာပါပဲ။

နောက်တစ်ခုရှိပါသေးတယ်။ ဒါကတော့ တစ်ကမ္ဘာလုံးအနှံ့ သူတို့ရဲ့ ပုံရိပ်တွေ၊ အမှတ်
အသား၊ အမှတ်တံဆိပ်တွေကို တိုးမြင့်အောင် လုပ်ဆောင်နေခြင်းဆိုတာကို စာဖတ်သူ
မိတ်ဆွေအနေနဲ့ မုချမလွဲမသွေ သဘောပေါက်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

(၂၅) ကြိမ်မြောက် ပရီမီယာလိဂ်ရာသီဟာ သြဂုတ် ၁၁ ရက်မှာ စတင်တော့မှာဖြစ်ပါတယ်။
ဘောလုံးနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးကျွမ်းကျင်သူ ရော့ဘ်ဝီလ်ဆင်က ပြောတာကတော့
ကလပ်အသင်းတွေဟာ ရာသီသစ်မှာ အဆင်သင့်ဖြစ်နေစေဖို့ နောက်ပြီး ဟန်ချက်မျှ
ခြေရှိစေဖို့ နောက်တစ်ခုက စပွန်ဆာ အထောက်အပံ့တွေ ပိုမိုတိုးပွားများပြားလာစေဖို့
ရည်ရွယ်ရင်းလည်း ဖြစ်ပါတယ်။

BBC အားကစားဌာနရဲ့ အားကစားရေးရာ သုံးသပ်သူတစ်ဦးလည်းဖြစ်တဲ့ ရော့ဘ်ဝီလ်ဆင်
ကတော့ မနှစ်က တရုတ်နဲ့ မြောက်အမေရိက ဈေးကွက်ဟာ အတော်ကို ကြီးကျယ်တဲ့
စပွန်ဆာ အထောက်အပံ့တွေ ရရှိခဲ့တဲ့ဈေးကွက်ကြီးတစ်ခုပဲလို့ သူက သုံးသပ်ခဲ့ပါတယ်။

ပရီမီယာလိဂ်ချန်ပီယံ ချယ်လ်ဆီးဟာ တရုတ်နိုင်ငံကို ဇူလိုင် ၂၂ ရက်မှာ ရာသီကြို
ခြေစမ်းပွဲ ထွက်ခွာပါမယ်။ အလားတူ အာဆင်ဝင်းဂါးနဲ့ ဂန်းနားတပ်ဖွဲ့ကလည်း
သြစတြေးလျမှာ နှစ်ပွဲကစားဖို့ရှိနေပါတယ်။ သူတို့ဟာ ရာသီရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့
ကွန်မြူနတီ ဒိုင်းပွဲမှာ တွေ့ဆုံကြဖို့ ရှိနေပါတယ်။

ကဲ... ထူးခြားမှုတစ်ခုကတော့ မန်ချက်စတာ ဒါဘီလို့ တင်စားခေါ်ဝေါ်အပ်တဲ့ မန်ယူနဲ့
မန်စီးတီးတို့ကတော့ ဇူလိုင် ၂ဝ တက္ကဆက်ပြည်နယ်၊ ဟူစတန်မှာ ကစားဖို့ရှိနေကြတယ်။
ဒါကတော့ အမေရိကားဈေးကွက်ကို နှစ်သင်းအပြိုင်လုကြမယ့် သဘောပေါ့။

အမေရိကားမှာ ပြုလုပ်တဲ့ နိုင်ငံတကာ ချန်ပီယံရှစ် ဖလားမှာတော့ တော့တင်ဟမ်
ဟော့စပါး၊ ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်၊ ဘာစီလိုနာ၊ PSG နဲ့ ရိုးမားတို့ ယှဉ်ပြိုင်ကစား
ကြမယ်။

လီဗာပူးကတော့ ဂျာမနီမှာလုပ်မဲ့ အော်ဒီဖလားကို ဝင်ရောက်ယှဉ်ပြိုင်လိမ့်မယ်။ ဂျာဂင်
ကလော့ပ်အတွက် ဂျာမနီမြေကို ပြန်ပြီးခြေချ ရမှာ စိတ်ဝမ်းချမ်းမြေ့စရာတစ်ခုပဲပေါ့။ အဲဒီမှာ
ဘိုင်ယန်မြူးနစ်၊ အလက်တီကိုမက်ဒရစ် (ဒါမှမဟုတ်) နာပိုလီတို့ ပါဝင်ဖို့ရှိနေတယ်။

အဲဗာတန်ကတော့ ထူးခြားတယ်။ သူတို့ရဲ့ ပထမဆုံးခရီးစဉ်အဖြစ် တန်ဇန်းနီယားကို
သွားပြီး ကင်ညာချန်ပီယံဖြစ်ခဲ့တဲ့ ဂေါ်ဖာရီ ဟာ FC နှင့် ကစားမယ်။

အာဆင်နယ်က ရာသီကြိုခြေစမ်းပွဲမှာ ဘိုင်ယန်၊ ချယ်လ်ဆီး၊ ဘင်ဖီကာ၊ ဆီဗီလာတို့နဲ့
ရက်ရွေးပြီးဖြစ်တယ်။ အလားတူ ချယ်လ်ဆီးကလည်း အာဆင် နယ်၊ ဘိုင်ယန်၊ အင်တာ
မီလန်တို့နဲ့ ကစားဖို့တွေ ရှိနေတယ်။

လီဗာပူးကစားမယ့် အသင်းတွေထဲမှာ ထိပ်တန်းအသင်းတွေကတော့ ဟာသာဘာလင်၊
ဘိုင်ယန်၊ ဘီလ်ဘာအိုတို့ ဖြစ်တယ်။

မန်စီးတီးက မန်ယူ၊ ရီးယဲလ်၊ တော့တင်ဟမ်၊ ဝက်စ်ဟမ်းတို့နဲ့ ခြေစမ်းမယ်။ မန်ယူ
ကတော့ နည်းနည်းများတယ်။ LA ဂလက်ဇီ၊ ရီးယဲလ်ဆော့လိတ်၊ မန်စီးတီး၊ ရီးယဲလ်၊
ဘာစီလိုနာ၊ ဆမ်ဒိုးရီးယားတို့ ပါဝင်တယ်။

အဲဒီတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာက ခြေစမ်းပွဲတွေမှာ ခေါ်ယူထားတဲ့လူသစ်တွေ
ဘယ်လောက်ခြေစွမ်းပြနိုင်မလဲ၊ ဒုတိယအချက်က ဘောလုံးဈေးကွက်စီးပွားရေးကို
ဘယ်အသင်းတွေက ဘယ်လောက်တည်ဆောက်နိုင်ကြမလဲ၊ တတိယအချက်က
နည်းပြတွေရဲ့ ကစားကွက် စမ်းသတ်မှုတွေက ဘယ်လောက် အံဝင်ခွင်ကျဖြစ်မလဲ၊
စတုတ္ထအချက်က ဒဏ်ရာရသွားခဲ့ရင် Plan-B ကို ပြင်ဆင်ထားမှု ဘယ်လောက်ရှိမလဲ
ဆိုတဲ့အချက်တွေကို အလေးအနက်ထားစောင့်ကြည့်ရမယ်လို့ တင်ပြရင်း ဆောင်းပါးကို
အဆုံးသတ်လိုက်ရပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း