မဟာအောင်မြင်မှုတွေနဲ့ အဲဗာတန်ကို ပြန်လာသူ

အဲဗာတန်ကို မဟာအောင်မြင်မှုတွေနဲ့ ပြန်လာတယ်ဆိုမှတော့ တစ်ခြားသူဟုတ်ရိုးလား။ 

ဝိန်းရွန်နီမှတစ်ပါး တခြားသူမရှိတော့ပါဘူး။ ရွန်နီတစ်ယောက် မန်ယူကနေ သူ့ကိုမွေးဖွား
ပေးတဲ့ မိခင်ကလပ်ဆီကို ပြန်လာခဲ့ပါပြီ။ ဘယ်ပုံဘယ်နည်းနဲ့ရွန်းနီပြန် လာခဲ့ပါသလဲ။
ခပ်ကုပ်ကုပ်၊ ခပ်သိုသိုလေးပြန်လည်ခိုဝင်လာတာ မဟုတ်ပါဘူး၊ အောင်မြင်မှုအပေါင်း
သရဖူဆောင်းပြီး ဂွဒ်ဒီဆင်ပါ့ခ်ကို ပြန်လာခဲ့သူဖြစ်ပါတယ်။ မာဆေးဆိုက်ဒ်က ပရိသတ်
တွေကလည်း ရင်ခွင်ဟောင်းဆီပြန်လာတဲ့ ရွန်နီကို ကျေနပ်ကြည်နူးစွာ Welcome 
လုပ်ခဲ့ကြတာပါ။ သူ့ကြောင့် အဲဗာတန်တောင် ဂုဏ်တက်ခဲ့ရတာကိုး။ ဘယ်အရာတွေက
ဂုဏ်တက်ခဲ့စေသလဲ။ မန်ချက်စတာယူနိုက်တက်မှာ ဂိုးအများဆုံးသွင်းခဲ့တဲ့သူ၊ အင်္ဂလန်
လက်ရွေးစင်အသင်းမှာ ဂိုးအများဆုံးသွင်းခဲ့တဲ့သူအဖြစ်နဲ့ ဂုဏ်တက်ခဲ့ရသူပါ။။

ပရိုတစ်ယောက် ဖြစ်လာပြီဆိုရင် အောင်မြင်မှုရှိရမယ်။ ငွေကြေးပြည့်စုံသူ ဖြစ်ရမယ်။
အောင်မြင်စဉ်ကာလမှာ ငွေကြေးရင်းနှီးမြုပ်နှံထားသူတွေရဲ့ မဟာချီးကျူးခန်းတွေကြုံ
ရမယ်။ မက်လောက်စရာတွေ ပံ့ပိုးပေးမယ်။ အကျဘက် ရောက်သွားရင်လည်း အလှည့်
ကျတော့ မနွဲ့ကျစတမ်းဆိုသလို သူတို့အလိုမရှိတော့ရင် ရတဲ့ဈေးနဲ့ပြန်ရောင်းထုတ်ကြမယ်။
ဒါဟာသဘာဝပဲဆိုတာကို De La Salle High School Graduate တစ်ယောက်ဖြစ်တဲ့
ဝိန်းရွန်နီတစ်ယောက် သဘောပေါက်ထားပြီးဖြစ်မှာပါ။ အခုမန်ချက်စတာယူနိုက်တက်ဟာ
ဒီအချိုးမျိုး ချိုးလိုက်တာပဲဖြစ်ပါတယ်။ တကယ်လို့များ မော်ရင်ဟိုနေရာမှာ ဆာအဲလက်စ်
ဖာဂူဆန်သာရှိနေဦးမယ်ဆိုရင် ရွန်နီတစ်ယောက်ဒီလိုမျိုး ကြုံတွေ့ခဲ့ရမှာ မဟုတ်တာ
သေချာပါတယ်။ အခုတော့ မော်ရင်ဟိုက အလိုမရှိတော့ရင် ကလပ်က အလိုရှိသေးရင်
ထိန်းထားလို့ရနိုင်ပေမဲ့ အခုပုံစံက ကလပ်က အလိုမရှိတော့တဲ့အချိန်မှာ မော်ရင်ဟို
ကလည်း မီးစိမ်းပြလိုက်တော့ ရွန်နီတစ်ယောက် မီးနီပိသွားခဲ့ရတာပဲဖြစ်ပါတယ်။ ဒါပေမဲ့
လောကဓံ နိမ့်မြင့်ကိုတော့ ရွန်နီတစ်ယောက် ရှေ့က နောင်တော်တွေကြည့်ရင်း ကျင့်သား
ရနေလောက်ပါပြီ။ ဒါကြောင့် တစ်ပတ်ပေါင် သုံးသိန်းရသူဟာ တစ်ပတ်ပေါင် ၁၅ဝ,ဝဝဝ
သာပေးတဲ့နေရာကို ပြန်လာခဲ့တာပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၃ နှစ် ၂ဝဝ၄ ခုနှစ် အခုလို နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်ကတော့
အသက် ၁၇ နှစ်သား ရွန်နီကိုပိုင်ဆိုင်ဖို့ နယူးကာဆယ်မန်နေဂျာ ဆာဘော်ဘီရော့ဘ်ဆင်နဲ့
မန်ယူမန်နေဂျာ ဆာအဲလက်စ်ဖာဂူဆန်တို့ဟာ အကြိတ်အနယ် လုယက်နေကြပြီး
နောက်ဆုံးမှာ ငွေပိုပေးတဲ့ ဖာဂူဆန်နောက်ကို ရွန်နီတစ်ယောက် ပေါင် ၂၇ သန်းနဲ့
လိုက်သွားခဲ့တာဖြစ်ပါတယ်။ ဖာဂူဆန်ကလည်း သူမွေးမြူခဲ့သူနဲ့မခြား ဂရုစိုက်ခဲ့တာကို
ဝိန်းရွန်နီလေး ခံစားခဲ့ရပါတယ်။ တစ်ပတ်လုပ်ခလစာ အများဆုံးရတဲ့ အသက်အငယ်ဆုံး
ဘောလုံးသမားဖြစ်ဖို့ ဖာဂူဆန်က လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ရွန်နီဆိုတဲ့ တောက်မယ့်
မီးခဲလေးကလည်း တရဲရဲဆိုတော့ လုပ်ခလစာတွေ အများဆုံးရလာခဲ့တာပဲဖြစ်ပါတယ်။

မန်ယူရောက်တော့ ဖာဂူဆန်က သူ့ကို ပရီမီယာလိဂ်ပွဲ စတင်မကစားစေဘဲ ချန်ပီယံ
လိဂ်ပွဲကို စတင်ကစားခိုင်းလိုက်တာ နွားသိုးတစ်ကောင်အလား ရှူးရှူးရှဲရှဲ ဖြစ်နေတဲ့
ဆယ်ကျော်သက် တိုက်စစ်မှူးလေး ရွန်နီဟာ ဖီနာဘာချီနဲ့ကစားတဲ့ သူ့ရဲ့ပထမဆုံး
မန်ယူနဲ့ပွဲမှာ ဟက်ထရစ်သွင်းခဲ့သလို ဂိုးတစ်ဂိုးကိုလည်း ဖန်တီးပေးသူဖြစ်သွားခဲ့ပါတယ်။
အဲဒီကစပြီး မီးခဲလေးက ထတောက်လာခဲ့တာပဲဖြစ်ပါတယ်။ အဲဗာတန်မှာတုန်းက ၂၉ ပွဲ
ဆက်တိုက် ရှုံးပွဲမရှိကစားထားတဲ့ အာဆင်နယ်ကို အနိုင်ဂိုးသွင်းပြီး ပွဲ ၃ဝ ရှုံးပွဲမရှိစံချိန်
ရပ်တန့်လိုက်တော့ မန်ယူရောက်ဖို့ဖြစ်လာခဲ့ပြီး ဖီနာဘာချီကို ပထမဆုံးကစားရတဲ့မန်ယူ
ပွဲမှာ ဟက်ထရစ်သွင်းလိုက်တော့ တစ်ပတ်လုပ်ခ အများဆုံးရ အသက်အငယ်ဆုံး
ကစားသမားဖြစ်သွားစေခဲ့ပါတယ်။ အဲဒီလိုခြေစွမ်းတွေပြလာတော့လည် မန်ယူပရိသတ်
တွေက Once Blue, Always Red ဆိုပြီး ဝိုင်းဝန်းထောမနာပြုဖို့ ဖြစ်လာစေခဲ့ပါတယ်။

သူတို့ဂုဏ်ပြုမယ်ဆိုလည်း ပြုလောက်စရာဖြစ်အောင် ဝိန်းရွန်နီဟာ ဆာဘော်ဘီ
ချာလ်တန် စံချိန်တင်ခဲ့တဲ့ ဂိုးသွင်းနှုန်းကို ချိုးဖျက်ပစ်ပြီး မန်ယူရဲ့ ဂိုးအများဆုံးစံချိန်သွင်းတဲ့
တိုက်စစ်မှူးအဖြစ် ကမ္ပည်းတင်လိုက်ပါတယ်။ မန်ယူမှာ ကောင်းလှပါတယ်ဆိုတဲ့ တိုက်စစ်
မှူးတွေ လက်ညိုးထိုးမလွဲမပေမဲ့ ဘော်ဘီချာလ်တန် ဂိုးသွင်းစံချိန်ကိုတော့ ဘယ်သူမှ
မချိုးနိုင်ခဲ့ပါဘူး။ ဘော်ဘီချာလ်တန်ဟာ မန်ယူမှာ ၂၄၉ ဂိုးသွင်းပြီး ၇၂-၇၃ ရာသီ
ကတည်းက စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ အဲဒီစံချိန်ကို ဝိန်းရွန်နီက ၂ဝ၁၆-၁၇ ဘောလုံး
ရာသီမှာ ၂၅၃ ဂိုးသွင်းပြီး စံချိန်ချိုးပစ်လိုက်တာဖြစ်ပါတယ်။ ရွန်နီအတွက် ဒီထက်
ဂုဏ်ယူစရာ ဘာရှိဦးမှာလဲ။ ပြီးတော့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဂိုးအများသွင်းတဲ့
စံချိန်ကိုလည်း ရွန်နီဟာ ၅၃ ဂိုးသွင်းပြီး စံချိန်ထပ်ချိုးပစ်ခဲ့သူဖြစ်ပါတယ်။ ဆာဘော်ဘီချာလ်
တန်ဟာ ၁၉၇ဝ ခုနှစ်ကတည်းက အင်္ဂလန်အသင်းနဲ့အတူ ၄၉ ဂိုးသွင်းပြီး စံချိန်တင်ထား
တာကို ရွန်နီက စံချိန်ချိုးပစ်ခဲ့တာဖြစ်ပါတယ်။မန်ယူမှာ ရွန်နီဟာ ၁၃ နှစ်ကြာကျင်လည်ခဲ့
တာပါ။ အဲဒီကာလမှာ ပရီမီယာလိဂ်ချန်ပီယံဖလားကို ငါးကြိမ်ရခဲ့ပြီး ချန်ပီယံလိဂ်ဖလား၊
ယူရိုပါလိဂ်ဖလား၊ အက်ဖ်အေဖလား၊ ဖီဖာကမ္ဘာ့ကလပ်ဖလားတို့ကို တစ်ကြိမ်စီရခဲ့ပါတယ်။

မော်ရင်ဟိုမရောက်ခင်အထိတော့ မန်ယူမှာရွန်နီတစ်ယောက်အမြဲတမ်း ဦးစားပေးပါ။
ဒါပေမဲ့ မနှစ်က မော်ရင်ဟိုရောက်လာတဲ့အခါမှာတော့ ရွန်နီဟာ အရန်လူဖြစ်သွားခဲ့ရ
ပါတယ်။ မနှစ်က ပရီမီယာလိဂ်မှာ ၁၅ ပွဲသာပွဲထွက် ကစားခွင့်ရခဲ့ပါတယ်။ တိုက်စစ်မှူး
တစ်ယောက်၊ နောက်ချန်တိုက်စစ်မှူးတစ်ယောက်ကို Attacking Zone မှာ နေရာစုံ
လိုက်ကစားခိုင်းခြင်းဆိုတဲ့ အာဆင်းနစ်တွေကို တိုက်ကျွေးတာကို ရွန်နီခံလိုက်ရတာ
ဖြစ်ပါတယ်။ သူ့ကို မန်ယူက တစ်ပတ်လုပ်ခ ပေါင် သုံးသိန်းပေးထားခဲ့တာကို
အက်ဒ်ဝုဒ်ဝါ့ဒ်တို့ လျော့ချင်ခဲ့ပုံရပါတယ်။ မော်ရင်ဟိုကတော့ ဓားစာခံပေါ့လေ။
သူမန်နေဂျာ သူထိန်းထားချင်ရင် ထိန်းထားလို့ရလို့ ဓားစာခံလို့ ဆိုရတာပါ။
နောက်ဆုံးတော့ ဂလေဇာ မိသားစုအတွက် အက်ဒ်ဝုဒ်ဝါဒ်ဟာ တည့်ရာဈေးနဲ့ ရွန်နီကို
အဲဗာတန်ပြန်ရောင်းလိုက်တာပဲ ဖြစ်ပါတယ်။

ရွန်နီရဲ့ အိမ်ပြန်ခရီးက မျက်နှာပန်းလှခဲ့ပါတယ်။ နေရာဟောင်းမှာ ရွန်နီဟာ ၂ဝဝ၄ ကနေ
၂ဝ၁၁ ကလို ခြေစွမ်းမျိုး ပြနိုင်ချင်မှပြနိုင်ပေမဲ့ ရွန်နီဟာ မနှစ်က မန်ယူခြေစွမ်းထက်
မနိမ့်တဲ့ခြေစွမ်းကို ပြလာပါလိမ့်မယ်လို့ ယုံကြည်နေမိပါရဲ့----။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း