မြန်မာ ယူ-၂၂ နှင့် မလေးရှား ယူ-၂၂ ယနေ့ခြေစမ်းမည်

မလေးရှားအသင်းနှင့် ခြေစမ်းမည့် မြန်မာ ယူ–၂၂ အသင်း။ ဓာတ်ပုံ – မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မလေးရှားအသင်းနှင့် ခြေစမ်းမည့် မြန်မာ ယူ–၂၂ အသင်း။ ဓာတ်ပုံ – မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

အာရှခြေစစ်ပွဲနှင့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်လျက်ရှိသော
မြန်မာ့လက်ရွေးစင် ယူ–၂၂ အသင်းသည် မလေးရှား ယူ–၂၂ အသင်းနှင့် မလေးရှားနိုင်ငံ၊ 
ကွာလာလမ်ပူမြို့၌ ယနေ့ ဇူလိုင် ၁၃ ရက်တွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မြန်မာအသင်းနှင့် မလေးရှားအသင်းတို့သည် ဆီးဂိမ်းပြိုင်ပွဲတွင်လည်း တစ်အုပ်စုတည်း
ကျရောက်လျက်ရှိရာ ယင်းခြေစမ်းပွဲကိုနှစ်သင်းစလုံးက အာရုံစိုက်ယှဉ်ပြိုင်လာဖွယ်ရှိသည်။

အဆိုပါနှစ်သင်းသည် လာမည့် ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်အထိ အာရှ ယူ–၂၃ခြေစစ်ပွဲကို
လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာအသင်းနည်းပြချုပ် ဂတ်ဆီဇီက ယင်းခြေစမ်းပွဲအတွက် လေးနိုင်ငံဖိတ်ခေါ် ပြိုင်ပွဲဝင်
ကစားသမားအများစုကို ပြန်လည်ရွေးချယ်ထားပြီး တိုက်စစ်မှူးနေရာတွင် သန်းပိုင် အစား
ရွှေကိုကို ရွေးချယ်ထားသည်ကို တွေ့ရသည်။

အာရှခြေစစ်ပွဲအပြီးတွင် မလေးရှားဆီးဂိမ်းအတွက် ဆက်လက်ပြင်ဆင်မည်ဖြစ်သည်။
ဆီးဂိမ်းမတိုင်မီ သြဂုတ် ၁၁ ရက်တွင် အီတလီကလပ် အင်တာမီလန် ယူ–၁၈အသင်းနှင့်
သုဝဏ္ဏဘောလုံးကွင်း၌ ခြေစမ်းပွဲထပ်မံကစားမည်ဖြစ်သလို အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲဝင်
ယူ–၁၈ အသင်းနှင့်လည်း ခြေစမ်းမည်ဖြစ်သည်။

ဂတ်ဆီဇီဦးဆောင်မည့် မြန်မာ ယူ–၂၂အသင်းသည် လာမည့် (၂၉) ကြိမ်မြောက်ဆီးဂိမ်း
ပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူရန် မျှော်မှန်းနေသော အသင်းဖြစ်သည်။

ယင်းအသင်းကို ၂ဝ၁၅ ယူ–၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်အသင်းက ကစားသမားအများစုနှင့်
စင်ကာပူဆီးဂိမ်းပြိုင်ပွဲဝင်အသင်းက ကစားသမားများကို အခြေခံ၍ဖွဲ့စည်း ထားသည်။

''မြန်မာအသင်းက အာရှခြေစစ်ပွဲအောင်ဖို့ မျှော်မှန်းထားသလို ဆီးဂိမ်းမှာလည်းရွှေတံဆိပ်
ဆုရယူနိုင်ဖို့ ကြိုးစားမှာပါ။ လေ့ကျင့်ပြင်ဆင်မှုတွေကို ပြင်းပြင်းထန်ထန်ပြုလုပ်နေပါတယ်''
ဟု နည်းပြချုပ်ဂတ်ဆီဇီက ပြောသည်။

မြန်မာယူ–၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲ၏ အုပ်စု(က) တွင် အိမ်ရှင်မလေးရှား၊ စင်ကာပူ၊
လာအို၊ ဘရူနိုင်းအသင်းများနှင့်တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရန် အိမ်ရှင်မလေးရှားနှင့် စင်ကာပူအသင်းတို့သည်
မြန်မာအသင်းအတွက် အဓိကပြိုင်ဘက်များဖြစ်လာမည်ဖြစ်သည်။

မြန်မာဘောလုံးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲများတွင် ရွှေတံဆိပ်နှင့် နှစ်ပေါင်းများစွာဝေးကွာ
လျက်ရှိရာ ယခုနှစ်ပြိုင်ပွဲတွင် ပြန်လည်ရယူနိုင်ရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။၂ဝ၁၅
ခုနှစ်က စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သော (၂၈)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ
အသင်းက ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့သော်လည်း ထိုင်းအသင်းကိုရှုံးနိမ့်ပြီး ငွေတံဆိပ်
ဆုသာ ရရှိခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း