အပြောင်းအရွှေ့ ဈေးကွက်ရှုထောင့်က အင်တာမီလန်ကို သုံးသပ်ခြင်း

လာမည့်ရာသီအတွက် မီလန်မြို့အခြေစိုက် စီးရီးအေ ထိပ်သီးများဖြစ်သော အေစီမီလန်နှင့်
အင်တာမီလန်တို့သည် ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်နေသည်မှာ သူ့နည်းသူ့ဟန်နှင့် 
စိတ်ဝင်စားစရာကောင်းနေသည်။

အေစီမီလန်သည် ချန်ပီယံလိဂ် ရည်မှန်းချက်ထားကာ ကစားသမားသစ်များ ခေါ်ယူရန်
ယူရို သန်း- ၁ဝဝ သုံးစွဲလိုက်သောကြောင့် ပရိသတ်များအကြား 'ပြောစမှတ်တွင်' သွား
သည်။ ထိုအချက်က တစ်မြို့တည်း ပြိုင်ဘက် အင်တာမီလန်အတွက် ဖိအားဝင်ပြီး
'သိမ်ငယ်' သွားစေသည် မဟုတ်ပါလား။

တစ်ဆက်တည်းမှာ နည်းပြသစ် စပယ်လက်တီ ရောက်ရှိလာပြီးနောက် အင်တာမီလန်
'ဘာလဲ၊ ဘယ်လဲ' ဆိုသော ရှုထောင့်က ပရိသတ်များ စိတ်ဝင်စားလာကြသည်။

ယမန်နှစ်က အင်တာမီလန်သည် နည်းပြလေးယောက် အပြောင်းအလဲ ဖြစ်ခဲ့သည်။
ရော်ဘတ်တိုမန်စီနီနှင့် အသင်းပိုင်ရှင်၊ အုပ်ချုပ်သူများ သဘောထားကွဲလွဲမှုကြောင့်
ဘောလုံးရာသီမစမီ ရက်ပိုင်းအလိုတွင် ၄င်းနုတ်ထွက်သွားသဖြင့် အင်တာမီလန်သည်
ဟော်လန် လက်ရွေးစင်ဟောင်း နည်းပြဖရန့်ဒီဘိုးဝါးကို ခေါ်ယူအစားထိုးလိုက်သည်။

စီးရီးအေနှင့် အတန်ငယ်စိမ်းနေသော ဖရန့်ဒီဘိုးဝါးကို ရာသီစတင်ခါနီးမှကပ်၍
အစားထိုးလိုက်ခြင်းသည် အင်တာမီလန်အတွက် စွန့်စားလွန်းရာရောက်ပြီး မှားယွင်းသော
ဆုံးဖြတ်ချက်ဖြစ်ကြောင်းကို 'ရလဒ်' များက သက်သေထူသွားသည်။ အခြေအနေ ဆိုးရွား
လာသောကြောင့် အင်တာမီလန်သည် ဖရန့်ဒီဘိုးဝါးနေရာ၌ စတီဖန်နိုပီအိုလီဖြင့် အစားထိုး
ခဲ့သည်။ ထိုမှတစ်ဖန် ပီအိုလီနေရာတွင် ယာယီနည်းပြ စတီဖန်နိုဗစ်ချီဖြင့် အစားထိုးကာ
ရာသီကုန်သည်အထိ 'မှေး' ကိုင်စေခဲ့သည်။

ရာသီကုန်ဆုံးသောအခါ စီးရီးအေတွင် အဆင့်(၇) သာရသောကြောင့် အင်တာမီလန်သည်
ဥရောပပြိုင်ပွဲများနှင့် လွဲချော်သွားသည်။

အုပ်ချုပ်သူများနှင့် နည်းပြများအကြား ဆက်ဆံရေး အရှုပ်အထွေးများကြောင့် အင်တာမီလန်
သည် ပြီးခဲ့သောတစ်ရာသီလုံး တည်ငြိမ်မှု နည်းပါးခဲ့သည်။ ကစားသမားသစ်များ
ခေါ်ယူရင်းနှီးမြှုပ်နှံရာတွင်လည်း 'အနုတ်လက္ခဏာ'ပြခဲ့သည်။ ဈေးကြီးပေးခေါ်ယူလိုက်သူ
အများစုသည် အင်တာမီလန်တွင် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ထိုထဲတွင် ယူရို ၂၉ သန်းခွဲဖြင့်
ခေါ်ယူခဲ့သော အသက် ၂၁- နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူးဂါဘရီရယ်ဘာဘိုဆာသည်
အင်တာမီလန်အတွက် ပွဲထွက်ခွင့် တစ်ပွဲမျှ မရရှိခဲ့သောကြောင့် ပြောစမှတ်တွင်ရစ်သွား
ခဲ့သည်။ ရှိစေတော့။

လာမည့် ၂ဝ၁၇-၁၈ ရာသီသစ်အတွက် အင်တာမီလန်၏ ကြိုတင်ပြင်ဆင်မှုနှင့်
ပတ်သက်ပြီး စိတ်ဝင်စားစရာ ရှုထောင့်များရှိနေသည်။

ယူအီးအက်ဖ်အေ ဘဏ္ဍာရေးစည်းမျဉ်းအရ ငွေပုံအောနိုင်ခြင်း မရှိသေးသော အင်တာ
မီလန်သည် နည်းပြသစ် စပယ်လက်တီလက်ထက်တွင် အောင်မြင်သော အသင်း
တည်ဆောက်ရန် ကြိုးပမ်းနေသော်လည်း လက်တွေ့မှာ ဟန့်တားစိန်ခေါ်မှုများရှိနေသည်။

အထူးသဖြင့် ယမန်နှစ်က ခြေစွမ်းပြခဲ့သူ အချို့ကို ပရီမီယာလိဂ်ထိပ်သီးများက ခေါ်ယူရန်
ကြိုးပမ်းနေရာ ထိုဒဏ်ချက်ကို အင်တာမီလန်သည် အလူးအလဲခံနေရသည်။ တစ်ဖက်တွင်
မြို့ခံပြိုင်ဘက် အေစီမီလန်သည် ငွေပုံအောကာ ကစားသမားသစ်များ ခေါ်ယူနေခြင်းက
အင်တာမီလန်ကို ဖိအားတစ်ခုဖြစ်ကာ ပရိသတ်များအကြား အသင်းအပေါ် 'အားမလို
အားမရ'ဖြစ်လာစေသည်။

အင်တာမီလန်သည် အပြောင်းအရွှေ့ဈေးကွက်ထဲဝင်ကာ နာမည်ကျော်များ ခေါ်ယူလိုလျှင်
ပထမဦးစွာ ကစားသမားများကို ရောင်းထုတ်ရဖွယ်ရှိသည်။ အီတလီ ကျွမ်းကျင်သူများ
ခန့်မှန်းချက်အရ ယူရို သန်း- ၃ဝ ပမာဏကို ရောင်းချရမည့် အနေအထားတွင် ရှိနေသည်။

သို့ကလိုကြောင့် နည်းပြသစ် စပယ်လက်တီကို စောင့်ကြိုနေသော မေးခွန်းနှစ်ခုက
ယမန်နှစ်က ခြေစွမ်းပြခဲ့သူများကို ထုတ်ရောင်းမလား၊ သို့တည်းမဟုတ် သူတို့ကို
ဆက်ထိန်းဖို့ အခြားဘောလုံးသမားများကို ထုတ်ရောင်းမလားဆိုတာ ဖြစ်သည်။

'နည်းနည်းနှင့်ကျဲကျဲ' ဝိုင်းရတော့မည့် နည်းပြ စပယ်လက်တီသည် အသင်းကို ပြန်တည်
ဆောက်ရန် ဖီအိုရင်တီးနားမှ အသက်- ၃၂ အရွယ် ဝါရင့်စပိန်ကွင်းလယ် လူဘော်ဂျာ
ဗာလီယိုကို ခေါ်ယူလိုက်သည်။ စပယ်လက်တီသည် ရိုးမားကို ကိုင်တွယ်စဉ်ကတည်းက
ဗာလီယိုကိုသဘောကျခဲ့သော်လည်း ထိုစဉ်က ခေါ်ယူနိုင်ခြင်းမရှိဘဲ အင်တာမီလန်နည်းပြ
ဖြစ်လာသောအခါတွင်မှ ၄င်းကို ခေါ်ယူနိုင်ခဲ့သည်။

ဖီအိုရင်တီးနားတွင် ငါးနှစ်ကစားခဲ့ရာ၌ ဗာလီယို၏ ဘောလုံးပေးပို့ရာမှာ တိကျသေချာမှု
သည် ပျမ်းမျှ တစ်ရာသီ ၈၆- ရာခိုင်နှုန်းအောက်ဘက်သို့ ရောက်လေ့မရှိကြောင်း အီတလီ
ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။ တစ်ဖန် ဗာလီယိုသည် နောက်တန်းနှင့် တိုက်စစ်
သမားများအကြား စနစ်တကျ ချိတ်ဆက်ပေးနိုင်ပြီး ကစားကွက်ကို သက်သောင့်သက်သာ
ရှိအောင် ပုံဖော်ပေးနိုင်သည်။ အရည်အသွေးမြင့်မားပြီး အသင်းကို ဦးဆောင်နိုင်စွမ်း
ရှိခြင်းကြောင့် အင်တာအတွက် လိုအပ်နေသော ကစားသမားမျိုး ဖြစ်သည်။

ဗာလီယိုကို နှစ်ဖက်အသင်းများနှင့် ပရိသတ်များအကြား 'လွန်ဆွဲ'ခဲ့ကြပြီး ၄င်းရောက်ရှိ
လာခြင်းကြောင့် အင်တာပရိသတ်များကို စိတ်အားတက်ကြွစေခဲ့သည်။ အီတလီကျွမ်းကျင်
သူများက ဗာလီယိုသည် အသင်းဖော်များသာမက ပရိသတ်များပါ အလိုရှိပြီး အင်တာကို
တည်ငြိမ်အောင် ကစားကွက်ပုံဖော်ရာမှာ အရေးပါသူဖြစ်လာမည်ဟု ထင်ကြေးပေး
ထားသည်။

အင်တာသည် အစောပိုင်းက ဆမ်ဒိုးရီးယားမှ အသက်- ၂၂ နှစ်အရွယ် ဆလိုဗက်ကီးယား
လက်ရွေးစင်မီလန်စကီနီယာကို ယူရို ၁၈ -သန်းဖြင့် ခေါ်ယူခဲ့သည်။ တစ်ဖန်တိုရီနိုဂိုးသမား
ဒါနီလီပါဒါလီကိုလည်း ခေါ်ယူထားပြီး ဖြစ်သောကြောင့် ဗာလီယိုသည် တတိယမြောက်
ခေါ်ယူမှုဖြစ်သည်။

ဗာလီယိုရောက်ရှိလာခြင်းကြောင့် ခရိုအေးရှား လက်ရွေးစင် ပါရီဆစ်သည် အသင်းပြောင်း
နိုင်ဖွယ်ရှိသည်။

ပါရီဆစ်ကို မန်ယူက ပထမအကြိမ် ယူရို သန်း- ၄ဝ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း
အင်တာက ပယ်ချခဲ့ပြီး ၄င်းအတွက် ယူရို ၅၅-သန်း အလိုရှိနေသည်။ ယခုတစ်ဖန်
မန်ယူသည် နောက်ခံလူ ဒါမီယံနှင့် ယူရိုသန်း- ၂ဝ ပေးကာထပ်မံကမ်းလှမ်းလာသည်။

ပါရီဆစ်သည် ပြီးခဲ့သောရာသီ စီးရီးအေတွင် ၃၆- ပွဲ ကစားခဲ့ရာ၌ ၁၁- ဂိုး သွင်းယူနိုင်ခြင်း
ကြောင့် ၄င်း၏ထူးချွန်ထက်မြက်မှုက အသင်းပြန်လည် တည်ဆောက်မည့် နည်းပြ
စပယ်လက်တီအတွက် ရောင်းချရန် အခက်တွေ့နေသည်။ သို့ရာတွင် စပယ်လက်တီသည်
ပါရီဆစ်၏ သဘောထားအတိုင်း ရွေးချယ်ခွင့်ပေးထားခြင်းကြောင့် မန်ယူသို့
၎င်းပြောင်းရွှေ့ခြင်းသည် အမှန်တကယ် ဖြစ်လာနိုင်သည်။

တစ်ဖန်လာမည့်ရာသီအတွက် အင်တာသည်ဘယ်သန်ဘောလုံးသမားတစ်ယောက်
မဖြစ်မနေ ခေါ်ယူဖွယ်ရှိနေသည်။ ယမန်နှစ်က အင်တာဘယ်ခြမ်းလူများဖြစ်သော
အန်ဆယ်ဒီ၊ နာဂါမိုတို၊ ဒေးဗစ်ဆန်တန်တို့သည် ဘယ်သန်ကစားသမားများ မဟုတ်ကြ
သောကြောင့် နည်းစနစ်ပိုင်းတွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့သည်။

ထွက်ပေါ်လာသော သတင်းများအရ အင်တာသည် ဂျာမန်ကလပ် အော့စ်ဘတ်က
ဂရိလက်ရွေးစင် ဘယ်တောင်ပံလူ စတာဖီလီဒစ်ကိုခေါ်ယူရန် ကြိုးပမ်းနေပြီး
အော့စ်ဘတ်က ယူရို လေးသန်းခွဲ အလိုရှိနေသည်။

တစ်ဖန် အင်တာသည် ပြင်သစ်ကလပ်နိုက်စ်အသင်းက အသက် ၂၃- နှစ်အရွယ်
ဘယ်တောင်ပံ ခံစစ်သမား ဒဲလ်ဘတ်ကို ခေါ်ယူရန် ကြိုးပမ်းနေသည်။ နိုက်စ်က
၎င်းအတွက် ယူရိုသန်း- ၃ဝ အလိုရှိသော်လည်း အင်တာဘက်က ယူရိုသန်း- ၂ဝ ဖြင့်
ကမ်းလှမ်းထားသည်။

နောက်ထပ်လည်း အင်တာမီလန်သည် ချယ်လ်ဆီးတွင် နေရာမရသော နောက်ခံလူ
ကတ်ဇူးမား၊ ဒိန်းမတ် လက်ရွေးစင် အင်ဒရီယာခရစ္စတင်ဆန်တို့ကို ခေါ်ယူရန် စိတ်ဝင်စား
နေသည်။ တစ်ဖက်ကလည်း နည်းပြ စပယ်လက်တီ၏ အစီအစဉ်ထဲတွင် မပါဝင်နိုင်သူများ
သည် အင်တာမီလန်မှထွက်ခွာရန် ပြင်ဆင်နေကြသည်။

ချီလီလက်ရွေးစင် ကွင်းလယ်ခံစစ်သမား ဂယ်ရီမီဒယ်သည် မက္ကဆီကိုကလပ် တီဂရက်စ်
သို့ ယူရိုခုနစ်သန်းဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိသွားပြီဖြစ်သည်။ တစ်ဖန်
အသက် ၃ဝ နှစ်အရွယ် အီတလီတိုက်စစ်မှူး အီဒါမာတင်ကို အင်တာက ဆမ်ဒိုးရီးယားသို့
ယူရို ခြောက်သန်းဖြင့် ရောင်းချလိုသည်။ အီဒါမာတင်သည် ဆမ်ဒိုးရီးယားတွင် ၄င်း၏
အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ပြီးနောက် ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီတွင် အင်တာသို့ ယူရို
၁၂- သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ မာတင်ကို ဆမ်ဒိုးရီးယားက ခေါ်ယူလိုပြီး ဖီအိုရင်
တီးနားကလည်း စိတ်ဝင်စားနေသည်။

တိုက်စစ်အင်အား ဖြည့်တင်းနေသော ဆမ်ဒိုးရီးယားသည် အီဒါမာတင်နှင့်အတူ
အင်တာတွင် ပွဲထွက်ခွင့်မရခဲ့သော ဘရာဇီးလ်တိုက်စစ်မှူး ဘာဘိုဆာကိုလည်း ခေါ်ယူ
နိုင်ရန် ကြိုးပမ်းနေသည်။

အခြားသတင်းတစ်ပုဒ်တွင် အင်တာသည် ဆက်စူလိုက အီတလီလက်ရွေးစင် ဘာရာဒီကို
ခေါ်ယူရန် ဘာဘိုဆာကို 'ငါးစာ'လုပ်ပြီး ကမ်းလှမ်းဖွယ်ရှိသည်။

ဆိုရပါလျှင် အင်တာသည် နည်းပြသစ် စပယ်လက်တီ လက်ထက်တွင် ရှေ့- လယ်-နောက်
ဟန်ချက်ညီသောအသင်း တည်ဆောက်နိုင်ရန် လိုအပ်သည်။ အသင်းအတွက် ပေးဆပ်
မည့်သူများ၊ အရည်အသွေး မြင့်မားသော စပါယ်ရှယ်လစ်များကို ရွေးချယ်ရမည်။ လူငယ်
များကို နေရာပေးကာ ၄င်းတို့နှင့် တွဲဖက်ပေါင်းစပ် ကစားစေရမည်။

ကစားသမားအားလုံးအတွက် အခွင့်အရေးပေးရမည်။ သို့မှသာ ဘောလုံးသမားများအကြား
ကြိုးစားအားထုတ်လိုမှု၊ မှန်မှန်ကန်ကန် ယှဉ်ပြိုင်လိုမှုများ မြင့်တက်လာပြီး အသင်း
အောင်မြင်မှုအတွက် အထောက်အကူပြုနိုင်မည် မဟုတ်ပါလား။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း