ရာသီသစ်အတွက် စောင့်ကြည့်ချင်စရာ အလက်တီကို

ထုံးစံအတိုင်း အပြောင်းအရွှေ့မုန်တိုင်းက ပရီမီယာလိဂ်ကိုပဲ ဗဟိုပြုနေသည်။ 
ကျန်လိဂ်များဘက်တွင်တော့ ခပ်အေးအေး။

စီးရီးအေတွင် အေစီမီလန်တစ်သင်းသာ ခပ်သွက်သွက်လှုပ်ရှားနေပြီး ဘွန်ဒက်စ်လီဂါကိုပဲ
ကြည့်ကြည့်၊ လာလီဂါကိုပဲကြည့်ကြည့် သိပ်ပြီး ထူးထူးခြားခြားမတွေ့ရ။ ပြင်သစ်တွင်
တော့ ပီအက်စ်ဂျီက အဝယ်၊ မိုနာကိုက အရောင်းဖြင့် နည်းနည်းတော့ ခပ်လှုပ်လှုပ်ဖြစ်နေ
သည်။ သို့သော်လည်း ပရီမီယာလိဂ်မှလွဲ၍ ကျန်လိဂ်များက အသင်းကြီးများ၏ဈေးကွက်
အတွင်း လှုပ်ရှားမှုများက သိပ်ပြီး စိတ်ဝင်စားစရာဖြစ်မလာသေးသည်ကတော့ အမှန်ပင်
ဖြစ်သည်။

လာလီဂါကိုကြည့်လိုက်ပြန်လျှင်လည်း လက်ရှိအချိန်တွင် ဈေးကွက်ဖွင့်ခါစလောက်ကလို
လှုပ်လှုပ်ခတ်ခတ်မရှိတော့သလောက် ဖြစ်သွားသည်။ ဈေးကွက်းမဖွင့်မီနှင့် ဈေးကွက်
ဖွင့်ခါစကတော့ အလက်တီကိုက ဂရစ်ဇ်မန်းကို ဝိုင်းလိုက်နေကြသော သတင်းများ၊
ရော်နာဒိုထွက်တော့မည့်သတင်းများ ရီးယဲလ်မက်ဒရစ်က ကစားသမားကောင်းတချို့
ထွက်ခွာနိုင်ဖွယ် ခန့်မှန်းသတင်းများနှင့် ဝေစည်ခဲ့သေးသည်။ သို့သော်လည်း နောက်ပိုင်း
တွင်တော့ ထိုသတင်းများအားလုံး မှုန်ဝါးဝါးဖြစ်ကုန်သည်။

လာလီဂါဟုဆိုလိုက်လျှင်လည်း ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်နှစ်သင်းကသာ အပြောင်း
အရွှေ့တွင် စိတ်ဝင်စားဖမ်းစားနိုင်သောအသင်းများအဖြစ် သတ်မှတ်ထားကြသည်။
ကျန်အသင်းများ၏ ဈေးကွက်လှုပ်ရှားမှုများက အမြဲလို မထင်မရှားဖြင့် ထိုနှစ်သင်း၏
အရိပ်အောက်ရောက်နေလေ့ရှိသည်။ နောက်ပိုင်းရီးယဲလ်၊ ဘာစီလိုနာအသင်းများနှင့်
အပြိုင်ဖြစ်လာသော အလက်တီကိုပင် ထိုနှစ်သင်း၏အရှိန်ကို ဈေးကွက်တွင် ဖောက်ထွက်
မပြနိုင်ခဲ့။ ကစားသမားဝယ်ယူမှုထက်စာလျှင် အလက်တီကိုက ကစားသမားရောင်းချမှု
အထူးသဖြင့် တိုက်စစ်မှူးများရောင်းချမှုများနှင့်သာ အမည်ထွက်သော အသင်းတစ်သင်း
အဖြစ် သတ်မှတ်ခံထားရဆဲပဲဖြစ်သည်။ ဒီရာသီတွင်တော့ အလက်တီကိုမှာကစားသမား
ဝယ်ယူခွင့်အပိတ်ခံပြစ်ဒဏ်ကိုပါ ခံလိုက်ရပြန်ရာ လာလီဂါဘက်တွင် အပြောင်းအရွှေ့မျ
ားအတွက် စိတ်ဝင်စားအောင် လှုပ်ခတ်ပြနိုင်သောအသင်းက မရှိသလောက်ဖြစ်သွား
ခဲ့သည်။ ဒီလိုအခြေအနေမျိုးတွင် ရီးယဲလ်နှင့် ဘာစီလိုနာအသင်းများ၏ အပြောင်းအရွှေ့
သတင်းများကလည်း သိပ်ပြီးဆွဲဆောင်မှုမရှိသလို ဖြစ်နေခဲ့ရာ လာလီဂါရပ်ဝန်း အပြောင်း
အရွှေ့များက အေးစက်သွားသည်မှာ သိပ်ပြီးအဆန်းမဟုတ်တော့။

သို့သော်လည်း တစ်ဖက်တွင်တော့ အပြောင်းအရွှေ့ အပိတ်ခံထားရသည့်ကြားမှ
အလက်တီကို၏ ရာသီသစ်အတွက် တိတ်တိတ်ကျိတ်ပြင်ဆင်မှုများကတော့ စိတ်ဝင်စား
စရာဟု ပြောနိုင်သည်။အမှန်တော့ ဒီလို အပြောင်းအရွှေ့အပိတ်ခံလိုက်ရခြင်းကပဲ
အလက်တီကိုအတွက် ခပ်ကောင်းကောင်းဟု ဆိုရမလိုဖြစ်နေသည်။ အကယ်၍များ
အပြောင်းအရွှေ့ အပိတ်မခံခဲ့ရပါက အသင်းမှကစားသမားများကို ထိန်းရမည့်အလုပ်က
တစ်ဖက် ကျန်တစ်ဘက်တွင်လည်း ကစားသမားများဖြည့်ဆည်းနိုင်ရန် လှုပ်ရှားရတော့မည့်
အလုပ်တစ်ဖက်ဖြင့် အလက်တီကိုအတွက် အလုပ်အတော်ရှုပ်မည့် ဈေးကွက်တစ်ခုဖြစ်
သွားနိုင်သည်။ ထိုအခြေအနေမျိုး ဖြစ်လာခဲ့ပါက အလက်တီကို၏ ငွေကြေးအင်အား၊
လက်ရှိဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ကစားသမား ကမောက်ကမ ဈေးကစားမှုများ
ကြားတွင် အလက်တီကိုအတွက် လုပ်ရကိုင်ရ အတော်ခက်သွားနိုင်မည့် ပုံမျိုးလည်း
ပေါ်နေသည်။

အခုတော့ ပြစ်ဒဏ် ချမှတ်ခံရမှု အပေါ် မူတည်ပြီး အသင်းက ကစားသမားများ ဆက်ထိန်း
နိုင်ဖို့ကိုသာ ဦးစားပေးလုပ်ခဲ့ရသည့်အပြင် ကစားသမားများဘက်ကလည်း အခက်ကြုံနေ
ရသောအသင်းအပေါ် ထားသည့်သစ္စာတရားကိုပါ မြင်တွေ့ခွင့်ရလိုက်ခြင်းက
အလက်တီကိုအတွက် အမြတ်ဟုဆိုနိုင်သည်။

ရာသီမကုန်မီကတည်းက မန်ယူနှင့်သတင်းများထွက်နေသော တိုက်စစ်မှူးဂရေ့ဇ်မန်း
အသင်းတွင်ဆက်နေရန် စာချုပ်သက်တမ်းတိုးခဲ့ခြင်း၊ ဥရောပ ယူ-၂၁ ပြိုင်ပွဲတွင် စပိန်
အသင်းနှင့်အတူ ခြေစွမ်းပြနိုင်ခဲ့သဖြင့် ခေါ်ယူလိုသောအသင်းများ ဝိုင်းဝိုင်းလည်လာသည့်
ကြားက ဆာအူးလ်တစ်ယောက် မည်သည့်အသင်းကိုမျှမပြောင်းဘဲ အသင်းနှင့်ကာလရှည်
စာချုပ်သစ်တစ်ရပ် သက်တမ်းတိုးရန် ဆုံးဖြတ်လိုက်ခြင်းများက ကစားသမားများနှင့်
အသင်းကြားက သံယောဇဉ်ကြီးမားမှုကိုပါ မြင်တွေ့ခွင့်ရလိုက်သလိုပဲ ဖြစ်သည်။

ထို့ပြင် အသင်းနည်းပြဆီမြွန်နီမှာလည်း ပြီးခဲ့သည့်ရာသီဖလားလက်မဲ့မှုများကြောင့်
ဒီရာသီတွင်တော့ အသင်းကို နှုတ်ဆက်ဖွယ်ရှိနိုင်သည်ဟု ခန့်မှန်းခဲ့ကြသော်လည်း
အသင်းအတွက် ပြစ်ဒဏ်ချမှတ်ခံလိုက်ရသည့် သတင်းများထွက်ခဲ့ပြီးနောက် အသင်းကို
မထားခဲ့ရက်တော့ဘဲ စာချုပ်သက်တမ်းတိုးရန်ပင် ဆွေးနွေးနေသည်ဆိုသော သတင်းများ
နှင့်အတူ ဆီမြွန်နီနှင့် အလက်တီကို၏ အနာဂတ်သတင်း မှေးမှိန်ကုန်သည်ကိုကြည့်လျှင်
လည်း ဆီမြွန်နီ၏ အသင်းအပေါ်ထားသည့် စေတနာကိုပါ မြင်၍ရနေပြန်သည်။

ဒီတော့ လက်ရှိ အလက်တီကို၏ အနေအထားကို ပြန်ကြည့်လျှင် ဒီရာသီခါတိုင်းထက်ပင်
ပိုပြီးစုစည်းမှုရှိရှိဖြင့်တွေ့ရဖို့က များနေပြီဟု ဆိုနိုင်သည်။ နည်းပြ၊ အသင်းသားများနှင့်
အသင်းတာဝန်ရှိသူများကြားတွင်လည်း လက်ရှိအခြေအနေများအရ အကောင်းဘက်
ဆောင်သည့် အပြုသဘော ပေါင်းစည်းခြင်းများကိုပါ မြင်တွေ့နေရသလို ဖြစ်နေပြန်ရာ
ကစားသမား ဝယ်ယူခွင့်ပိတ်ခံထားရသော်လည်း သူတို့အင်အားကို လျှော့တွက်၍မရဟု
ဆိုနိုင်သည်။

အသင်းက ကစားသမားများကို အသင်းတွင် ဆက်ရှိအောင် ဆွဲဆောင် နိုင်ခဲ့ရုံသာမက
ဈေးကွက်အတွင်း အလက်တီကို၏ လှုပ်ရှားမှုများကိုလည်း လျှော့တွက်မရသလို ဖြစ်လာ
သည်။ အသင်းမှာ လာမည့် ၂ဝ၁၈ ဇန်နဝါရီမှသာ ကစားသမားသစ်များ မှတ်ပုံတင်ခွင့်
ရမည်ဖြစ်ရာ ထိုအချိန်အတွက် အလက်တီကို၏ ကြိုတင်လှုပ်ရှားနေမှုများကလည်း
အကွက်စေ့သလို တွေ့နေရပြန်သည်။

ပရီမီယာလိဂ်အသင်းများ စိတ်ဝင်စားခြင်းခံနေရသော ဆီဗီလာက ဗီတိုလို လာမည့်
ဇန်နဝါရီတွင်အသင်းသို့ ပြောင်းလာရန် ဆွဲဆောင်လှုပ်ရှား ပြနိုင်ခဲ့သည့်အပြင်
ချယ်လ်ဆီးတွင် ကွန်တီနှင့်အဆင်မပြေဖြစ်နေသဖြင့် အလက်တီကိုသို့ ပြန်ပြောင်းလိုနေ
သော ဒီယေဂိုကော့စတာကိုပါ ဇန်နဝါရီလအတွက် ကြိုတင်ဘွတ်ကင်လုပ်ယူနိုင်ခဲ့သည်။

ဗီတိုလိုကို ခေါ်ယူရာတွင် ဗီတိုလို၏ စာချုပ်ပါလျော်ကြေးကို အသုံးချပြီး ကစားသမားကို
ကိုယ့်ကိုယ်ကိုယ်ပြန်ဝယ်ခိုင်းကာ လာလီဂါရှိ ဗီတိုလို၏ မိခင်ကလပ်ဟုပြောနိုင်သည့်
လက်စ်ပါးမားစ်တွင် အငှားဖြင့် ၂ဝ၁၇ ကုန်အထိ ကစားနိုင်အောင် ဖန်တီးနိုင်ခဲ့သည်။
ကော်စတာကိုလည်း အဆိုပါနည်းလမ်းမျိုးသုံးကာ ဇန်နဝါရီမတိုင်မီမထိ တူရကီကလပ်
ဘက်ဆီးတပ်တွင် အငှားဖြင့်သွားကစားနိုင်ရေးကိုပါ စီစဉ်နေရာ အထမြောက်ခဲ့ပါက
အလက်တီကိုအသင်း၏ ဈေးကွက်ပြင်ပ လှုပ်ရှားပြမှုများက ချီးကျူးစရာပဲ ဖြစ်သည်။

အသလက်တီကို၏ လက်ရှိ အင်အားကို ကြည့်လျှင်လည်း ပြီးခဲ့သည့် ရာသီသိမ်းခါနီး
ခြေစွမ်းအရ အင်အားတောင့်တင်းသောအသင်းအဖြစ် ထုတ်ပြလာနိုင်ခဲ့ရာ ထိုအင်အား
မျိုးနှင့် ၂ဝ၁၇ အကုန်အထိ သူတို့၏အနေအထားကို အကောင်းဆုံး ဆက်ထိန်းနိုင်မည်မှာ
လည်း သေချာသလောက်ရှိနေသည်။ ရာသီသစ်အတွက် တကယ့်အဆုံးအဖြတ်ကာလဟု
ပြောနိုင်သည့် ဒုတိယရာသီဝက် ရောက်ချိန်တွင် လက်ရှိအင်အားကို ဗီတိုလို၊ ကော်စတာ
တို့လို တကယ့်အားကိုးရလောက်သည့် ကစားသမားများနှင့် ထပ်ဖြည့်နိုင်ခဲ့မည်ဆိုလျှင်
အလက်တီကိုမှာ အရှိန်ကောင်းကောင်းနှင့် ဆက်သွားနေနိုင်ဦးမည်သာ ဖြစ်သည်။

ကစားသမားဟောင်း လူးဝစ်ဂါစီယာကတော့ ပြောထားသည်။ အလက်တီကိုမှာ
ယခုရာသီသစ်တွင် အောင်မြင်မှုတစ်ခုခုတော့ အနိမ့်ဆုံး ယူပြနိုင်လိမ့်မည်ဟုဆို၏။ သူက
အသင်းနှင့် ၂ဝ၁၈ တွင် စာချုပ်ကုန်ဆုံးတော့မည့်နည်းပြသစ်ဆီမြွန်နီမှာ အသင်းကို
ဆုဖလားဖြင့် နှုတ်ဆက်ထွက်ခွာနိုင်အောင်ကြိုးစားပြနိုင်မည်မှာလည်း သေချာနေသည်ဟု
အာမခံခဲ့သည်။ အပြောင်းအရွှေ့ အပိတ်ခံထားရသည့်ကြားက အလက်တီကို၏
ဈေးကွက်တွင် လှုပ်ရှားမှုများနှင့် ဆီမြွန်နီ၏စိတ်အားထက်သန်မှု၊ အသင်းသားများအကြား
ပိုမိုစည်းလုံးလာနိုင်သည့် အနေအထားများအရ ဆိုလျှင်တော့ ဂါစီယာ၏ ပြောစကားကို
မဖြစ်နိုင်ဟု မငြင်းနိုင်သည်ကတော့ အမှန်တရာဟုပဲ ဆိုရမည် ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း