Sunday, 30 August 2015

တွေ့မရှောင် ဖိုင်နယ်တက်ခဲ့တဲ့ ၂၀၁၃ ဒဂုံရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ

တွေ့မရှောင်(၀ဲ)နှင့် မာဆွတ်တို့ ယှဉ်ပြိုင်ထိုးသတ်နေစဉ်။ (သီရိလူ / မြန်မာတိုင်း(မ်))တွေ့မရှောင်(၀ဲ)နှင့် မာဆွတ်တို့ ယှဉ်ပြိုင်ထိုးသတ်နေစဉ်။ (သီရိလူ / မြန်မာတိုင်း(မ်))

အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး ဒဂုံ အဖျော်ယမကာ
ကုမ္ပဏီမှ အဓိကကူညီ ပံ့ပိုးသော ၂၀၁၃ ခုနှစ်အတွက် ဒဂုံ ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့
ပြိုင်ပွဲကြီးကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့၊ မွန်းလွဲ၂ နာရီတွင် သုဝဏ္ဏ အမျိုးသား
အားကစားပြိုင်ပွဲရုံ (၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲ၏ ပထမတန်းဆီမီး ဖိုင်နယ်ပွဲစဉ်တွင် မြန်မာ့လက်ဝှေ့ကျော် တွေ့မရှောင်က
အီရန်လက်ဝှေ့သမား မာဆွတ်ကို ဒုတိယအချီ နှစ်မိနစ်တွင် အလဲထိုးဖြင့် အနိုင်ရရှိပြီး
ပထမတန်း ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

တတိယတန်း ဒဂုံရွှေအောင်လံ (ကွာတားဖိုင်နယ်)ပွဲစဉ်များတွင် ကညောဖိုးက စောထူးဇော်ကို
တတိယ အချီ ၁၂ စက္ကန့်တွင် အလဲထိုးဖြင့် လည်းကောင်း၊ ရဲမြင့်အောင်က မိုးသီးကို ငါးချီ
အပြီးတွင် အမှတ်ဖြင့်လည်းကောင်း၊ မြှားထက်အောင်က ဂျစ်တူးကို အမှတ် ဖြင့်လည်းကောင်း၊
နိုင်ဝင်းက ကျော်ကြား ကို ဒုတိယအချီတွင် အလဲထိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့
ကြသည်။

ဒုတိယတန်း ဒဂုံရွှေအောင်လံ (ကွာတားဖိုင်နယ်)ပွဲစဉ်များတွင် တူးတူး က ကျန်စစ်အောင်ကို
ဒုတိယအချီတွင် အလဲ ထိုးဖြင့်လည်းကောင်း၊ ဖိုးသားကြီး က ထက်အောင်ဦးကို အမှတ်ဖြင့်
လည်း ကောင်း၊ သပြေညိုက ကညောဖိုးကို အမှတ်ဖြင့်လည်းကောင်း၊ လုံးချောလေး က
ဒေါင်းသည်းခြေကို တတိယအချီတွင် မျက်ခုံးကွဲ၍ ဒိုင်ပွဲရပ်ဖြင့်လည်းကောင်း အသီးသီးအနိုင်
ရရှိခဲ့သည်။

၂၀၀၈ခုနှစ်မှစ၍နှစ်စဉ်ကျင်းပလေ့ ရှိသော အဆိုပါဒဂုံရွှေအောင်လံရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင်
လက်ဝှေ့ကျော် များစွာပါဝင်ပြီး ပရိသတ်စိတ်ဝင်စား သောပြိုင်ပွဲ တစ်ပွဲဖြစ်သည်။

ယခု (၅)ကြိမ်မြောက် ကျင်းပသော ၂၀၁၃ ဒဂုံရွှေအောင်လံမြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကြီး၏
ဒုတိယပတ်ပွဲစဉ်များကို လာမည့်ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
15 28 43
Ayeyawady
United
14 14 29
Magwe FC
14 14 29
Yadanarbon FC
14 13 29
KBZ FC
15 5 25
Chin United
15 -5 15
Nay Pyi Taw FC
15 -11 15
Zeyar Shwe Myay
FC
14 -8 14
Zwekapin FC
15 -9 14
Hantharwady FC
15 -6 11
Manaw Myay FC
15 -16 11
Rakhine United
15 -19 11
Last Updated - 18 August 2015

အကြည့်အများဆုံး - အားကစားသတင်း