အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (သို့မဟုတ်) ဆီးဂိမ်း

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဆိုတာ နှစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ အာဆီယံ
ဒေသတွင်းကအကြီးမားဆုံးအားကစားပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။

အိုလံပစ်ပြိုင်ပွဲ၊အာရှအားကစားပြိုင်ပွဲတွေပြီးရင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games)
ကို အာဆီယံနိုင်ငံတွေက အရေးထားဝင်ရောက်ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲကြီးတစ်ခု ဆိုရင်လည်း
မမှားပါဘူး။

၁၉၅၉ ခုနှစ်မှာ စတင်ကျင်းပခဲ့

အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၁၉၅၉ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ်ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့မှာစတင်ကျင်းပခဲ့ပါတယ်။ စတင်ကျင်းပစဉ်က အားကစားနည်း ၁၂ မျိုးနဲ့သာ
ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်နိုင်ငံကလည်း ခြောက် နိုင်ငံသာရှိခဲ့တာပါ။
ဒီပြိုင်ပွဲကို အိမ်ရှင်ထိုင်း၊ မြန်မာ၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ လာအို နိုင်ငံတို့က
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ မျက်မှောက်ခေတ်မှာတော့ပြိုင်ပွဲဝင်နိုင်ငံ ၁၁ နိုင်ငံအထိ
ရှိလာပြီးဖြစ်သလို အားကစားနည်းတွေကလည်း ၃ဝ ကျော်အထိ ပါဝင်လာခဲ့ပြီဖြစ်တယ်။ လာမယ့်
၂၉ ကြိမ်မြောက်ဆီးဂိမ်းမှာဆိုရင်အားကစားနည်း ၃၈ နည်းအထိထည့်သွင်းကျင်းပနိုင်တဲ့
ပြိုင်ပွဲကြီးတစ်ခုဖြစ်လာပါတယ်။

အရှေ့တောင် အာရှကျွန်းဆွယ်အားက စားပြိုင်ပွဲမှ ဆီးဂိမ်းပြိုင်ပွဲသို့

၁၉၅၉ခုနှစ်မှာစတင်ကျင်းပစဉ်က အာဆီယံဒေသတွင်းက ကျွန်းဆွယ်နိုင်ငံတွေဝင်ရောက်ယှဉ်ပြိုင်
တာကို အစွဲပြုပြီးအရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ (SEAP Games) အမည်နဲ့
ကျင်းပခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games)အဖြစ်
အမည်ပြောင်းလဲကျင်းပခဲ့ပြီး အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊ ဘရူနိုင်းစတဲ့ ပြိုင်ပွဲဝင်နိုင်ငံတွေလည်း
တိုးပွားလာခဲ့ပါတယ်။

အရှေ့တီမောနိုင်ငံကတော့နောက်ဆုံး ပြိုင်ပွဲဝင်နိုင်ငံဖြစ်ပြီး ၂ဝဝ၃ ခုနှစ်မှ စတင်ဝင်
ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲရဲ့ ရည်ရွယ်ချက်

အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်က အာဆီယံနိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်
အတွက် ဒီပြိုင်ပွဲကြီးကို ကျင်းပခဲ့တာဖြစ်ပါတယ်။အဓိကရည်ရွယ်ချက်ကတော့ဆီးဂိမ်း ပြိုင်ပွဲမှာ
အာဆီယံနိုင်ငံအချင်းချင်းယှဉ်ပြိုင်မှု တွေကနေ စံချိန်ကောင်းတွေရရှိအောင်၊ ဒီစံချိန်ကောင်းတွေနဲ့
အာဆီယံနိုင်ငံက အားကစား သမားတွေ အာရှပြိုင်ပွဲနဲ့ အိုလံပစ် ပြိုင်ပွဲတွေမှာ စံချိန်သစ်တွေနဲ့
အောင်မြင်မှုတွေရရှိအောင်ရည်ရွယ်ကျင်းပခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲကိုကြီးစိုးထားတဲ့ ထိုင်းနိုင်ငံ

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သက်တမ်းတစ်လျှောက်မှာအအောင်မြင် ဆုံးနိုင်ငံကတော့
ထိုင်းနိုင်ငံပဲဖြစ်ပါတယ်။ သူတို့က ပထမဆုံးအကြိမ်ကနေ ၂၈ ကြိမ် မြောက်အထိ အကြိမ်တိုင်း
ဝင်ရောက်ယှဉ်ပြိုင် နိုင်ခဲ့သလို အကြိမ်တိုင်းမှာလည်း ရွှေတံဆိပ်များစွာဆွတ်ခူးနိုင်တဲ့ နိုင်ငံဖြစ်ပါ
တယ်။

၂၈ ကြိမ်အပြီးမှာရွှေတံဆိပ်၂,ဝဝဝ ကျော်ဆွတ်ခူးထားနိုင်တဲ့ ထိုင်း

၁၉၅၉ ခုနှစ်က စတင်ကျင်းခဲ့တဲ့ ပထမဆုံး ပြိုင်ပွဲကနေ ၂ဝ၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ ၂၈ ကြိမ်မြောက်
ဆီးဂိမ်းပြိုင်ပွဲအပြီးထိ ထိုင်း နိုင်ငံက ရွှေတံဆိပ် ၂,ဝဝဝ ကျော် (၂ဝ၈၉) အထိ ဆွတ်ခူးထားနိုင်တာကို
တွေ့ရပါတယ်။ ဒုတိယနေရာမှာတော့ အင်ဒိုနီးရှားနိုင်ငံက ရွှေတံဆိပ် ၁,၇ဝဝ ကျော်၊ မလေးရှားနိုင်ငံက
ရွှေတံဆိပ် ၁,၁ဝဝ ကျော်နဲ့ အစဉ်လိုက်ရပ်တည်နေတာပါ။

မြန်မာနိုင်ငံကတော့ အဆင့် ခုနစ်နေရာမှာ ရွှေတံဆိပ် ၅ဝဝ ကျော်နဲ့ ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်သုံးကြိမ် ကျင်းပနိုင်ခဲ့

မြန်မာနိုင်ငံက ဆုတံဆိပ်အောင်မြင်မှုတွေမှာအခြား နိုင်ငံတွေကို မယှဉ်နိုင်ခဲ့ပေမဲ့ အကြိမ်တိုင်း
ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တစ်ခုကိုတော့ပိုင်ဆိုင်ထားပါတယ်။ ဒါ့ပြင် အိမ်ရှင်
အဖြစ် သုံးကြိမ်လက်ခံကျင်းပနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုကိုလည်း ရရှိထားပါတယ်။

ပထမဆုံးအကြိမ်ပြိုင်ပွဲကတည်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံက ၁၉၆၁ ခုနှစ်က ကျင်းပခဲ့တဲ့
ဒုတိယအကြိမ်ပြိုင်ပွဲနဲ့ ၁၉၆၉ ခုနှစ်က ကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် ပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ်လက်ခံ
ကျင်းပနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေရှိပါတယ်။

တတိယအကြိမ်မြောက်အိမ်ရှင်အဖြစ်ကိုတော့ ၄၄ နှစ်အကြာ ၂ဝ၁၃ ခုနှစ်မှ ပြန်လည်ကျင်းပနိုင်ခဲ့
ပါတယ်။ ၂၇ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲကို လက်ခံကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံက ရွှေတံဆိပ် ၈၄ ခုအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီဆုတံဆိပ် အရေအတွက်ဟာ
ဆီးဂိမ်းသက်တမ်းတစ် လျှောက်မြန်မာအသင်းအတွက် အအောင်မြင်ဆုံးမှတ်တမ်းလည်းဖြစ်ခဲ့တယ်။

အိမ်ရှင်နိုင်ငံတွေကစိုးမိုးထားတဲ့ဆီးဂိမ်း

အာဆီယံအားကစားသမားတွေရဲ့ ပြိုင်ဆိုင်မှုပြင်းထန်မှုနဲ့အတူ ဆီးဂိမ်းပြိုင်ပွဲကြီးဟာ တစ်နှစ်ထက်
တစ်နှစ် အရှိန်ပိုမိုမြင့်တက်လာ ခဲ့ပြီဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်လာတာအမျှပြိုင်ပွဲဝင်နိုင်ငံတွေ
ကလည်း ဂုဏ်သိက္ခာအတွက်ရွှေတံဆိပ် ပိုမိုရရှိရေးကို အရေးထားလာကြပါတယ်။ ဒီထဲမှာအိမ်ရှင်
အဖြစ်လက်ခံကျင်းပခွင့်ရတဲ့နိုင်ငံတွေက အိမ်ရှင်အခွင့်အရေးကိုအသုံးချပြီး ရွှေတံဆိပ်
ပိုမိုရရှိဖို့ကြိုးစားလာကြတာကိုတွေ့ရပါတယ်။ ကိုယ့်အားသာရာအားကစားနည်းတွေကို ပိုမို
ထည့်သွင်းကျင်းပလာကြပြီး ဆုတံဆိပ်ရရှိ ရေးကို ဦးစားပေးလာတာကိုတွေ့ရမှာဖြစ်ပါတယ်။

ဆီးဂိမ်းကျင်းပခြင်း ရည်ရွယ်ချက် နဲ့ သွေဖည်လာ

ဆုတံဆိပ်ရရှိရေးကိုပိုမိုဦးစားပေးလာကြတဲ့အတွက် ကိုယ့်အားသာတဲ့ အားကစားနည်းတွေကို
ထည့်သွင်းကျင်းပလာကြသလို အိမ်ရှင်နိုင်ငံတွေရဲ့ရိုးရာ အားကစားနည်း တွေကိုလည်းထည့်သွင်း
ကျင်းပလာတာကို တွေ့ရမှာဖြစ်ပါတယ်။ အာဆီယံနိုင်ငံအချင်းချင်း ကိုယ့်နိုင်ငံရဲ့ ရိုးရာအားကစား
နည်းတွေကို ဖလှယ်တာဟာ ကောင်းတဲ့ အချက်ဆိုပေ မဲ့ အခြားတစ်ဖက်မှာ ဆုမရနိုင်တဲ့
အားကစားနည်းတွေကို လုံးဝထည့်သွင်းမကျင်းပတော့ တာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
တချို့ဆီးဂိမ်းပြိုင်ပွဲတွေမှာ အိမ်ရှင်နိုင်ငံက ဆုတံဆိပ်မရနိုင်တဲ့အတွက် အိုလံပစ်အားကစားနည်း
တွေကိုတောင် လုံးဝထည့်သွင်း မကျင်းပ တော့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ယခုနှစ်
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် ၂၉ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲမှာလည်း
စစ်တုရင်၊လှေလှော်၊ကနူးကယက်အစရှိတဲ့ အားကစားနည်းတွေမပါဝင်လာတာကို
တွေ့မြင်ရမှာပါ။

ဒီအချက်တွေကြောင့် အာဆီယံနိုင်ငံက အားကစားသမားတွေဟာ အဆင့်တစ်ခုမှပဲ ရပ်တန့်
နေခဲ့ပြီး အာရှပြိုင်ပွဲနဲ့အိုလံပစ်ပြိုင်ပွဲ အောင်မြင်မှုအနည်းအကျဉ်းသာ ရယူနိုင်တာ ကိုတွေ့မြင်
ရမှာဖြစ်ပါတယ်။

ဒါကြောင့်အနာဂတ်ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရရှိရေးဦးစားမပေးပဲ ထည့်သွင်း ကျင်းပ
သင့်တဲ့အားကစားနည်းများကို ထည့်သွင်းကျင်းပမယ်ဆိုရင် အိုလံပစ်လို ကမ္ဘာ့ အဆင့်ပြိုင်ပွဲ
တွေမှာ အရှေ့တောင်အာရှက အားကစားသမားတွေ အောင်မြင်မှုမှတ်တမ်းကောင်းတွေ
ရရှိလာမယ့်လို့မျှော်လင့်နေမိပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း