'ခန္ဓာကိုယ်တစ်ခုလုံးနဲ့စိတ်ခံစားချက် အချိုးကျပေါင်းစပ်ပြီး လုပ်ဆောင်မှ လှပတဲ့ကစားကွက် တစ်ကွက် ထွက်ပေါ်လာတာ'

ဝူရှူးအားကစားမယ် မြတ်သက်ဆုဝေဖြိုးနှင့်တွေ့ဆုံခြင်း

လာမယ့်သြဂုတ်လအတွင်းမှာကျင်းပမယ့် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲအတွက် မြန်မာနိုင်ငံက အားကစားအဖွဲ့ချုပ်တွေနဲ့ သက်ဆိုင်ရာ
အားကစားနည်းအလိုက် အားကစားသမားတွေက အပြင်းအထန် ပြင်ဆင်မှုတွေ ပြုလုပ်
နေကြပါတယ်။

ဒီအားကစားနည်းတွေအနက် ဝူရှူးအားကစားနည်းကလည်း အပါအဝင်ဖြစ်ပါတယ်။ ဝူရှူး
အားကစားနည်းက မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်တွေရယူပေးနေတဲ့ အားကစားနည်းဖြစ်
တာကြောင့် မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားတွေကလည်း ရွှေတံဆိပ်ရရှိရေး
အတွက် အာရုံစိုက်ပြင်ဆင်နေကြပါတယ်။

ရွှေတံဆိပ်အတွက် ရေပန်းစားနေတဲ့ မြန်မာ့လက်ရွေးစင် ဝူရှူးမယ် မြတ်သက်ဆုဝေဖြိုးနဲ့
တွေ့ဆုံမေးမြန်းထားပါတယ်။

ဘယ်အသက်အရွယ်ကစပြီး ဝူရှူးကို ကစားခဲ့တာလဲ။

အသက် ခုနစ်နှစ်အရွယ်မှာ ဝူရှူးကို စတင်ကစားခဲ့တာပါ။ မန္တလေးတိုင်း ဗထူးအားကစား
ကွင်းမှာပါ။ လက်ဦးဆရာကတော့ ဦးကျော်အေးဖြစ်ပါတယ်။

အားကစားနည်းတွေအများကြီးအနက် ဝူရှူးကို ဘာကြောင့်ရွေးချယ်ဖြစ်ခဲ့တာလဲ။

ငယ်ငယ်ကတည်းက မြင်ဖူးနေကြ အားကစားနည်းတွေနဲ့မတူဘဲ ကွဲပြားခြားနား
ဆန်းသစ်နေလို့ပါ။ ကလေးဆိုတော့လဲ အဲဒီတုန်းက ခေတ်စားနေတဲ့ တရုတ်သိုင်းကား
တွေကိုအားကျပြီး ကစားချင်စိတ်ဖြစ်ခဲ့တာပါ။

ကစားသမားဘဝ ပထမဆုံးရွှေတံဆိပ်ကို ဘယ်တုန်းက ရရှိခဲ့လဲ။ အဲဒီအချိန်တုန်းက
ခံစားချက် . . .

စကစားပြီး ခုနှစ်အကြာ နွေရာသီ ပြိုင်ပွဲတစ်ခုမှာ ရွှေတံဆိပ်တစ်ခုစတင် ရရှိခဲ့ပါတယ်။
ကလေးဘဝရဲ့ အပျော်ဆုံး အမှတ်တရလေးတစ်ခုပါပဲ။ ခက်ခက်ခဲခဲ ကြိုးစားပြီးရခဲ့တာဖြစ်
လို့ပါ။ အဲဒီကတည်းက အတွေးတစ်ခုဝင်ခဲ့တယ်။ ဘယ်အရာမှ လွယ်လွယ်နဲ့ မရနိုင်ပါလား
ဆိုတဲ့စိတ်ပေါ့။

ဘယ်နှစ်ခုနှစ်မှာ နိုင်ငံလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံရတာလဲ။

၂ဝ၁ဝ ပြည့်နှစ်မှာ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ကို ပဏာမလက်ရွေးစင်အဖြစ် ပထမဆုံး
ရွေးချယ်ခံခဲ့ရပါတယ်။

လက်ရွေးစင်ဘဝကို ရွေးချယ်တဲ့အချိန်မှာ အဓိကစိန်ခေါ်မှုက ဘာလဲ။

အဓိက က ပညာရေးပါ ၁ဝ တန်းအောင် အောင်အရင်ဖြေတယ်။ ဘဝတစ်ဆစ်ချိုး
အောင်မြင်ပြီးဆိုရင် နောက်ထပ်လမ်းတွေကို ရဲရဲတင်းတင်း ဆက်လျောက်နိုင်ပြီလေ။

နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံတွေကရော...

၂ဝ၁ဝ ပြည့်နှစ်ကစပြီး အာရှ လူငယ်ပွဲတွေ၊ ကမ္ဘာ့လူငယ်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါ
တယ်။ ပထမဆုံးပြိုင်ပွဲတွေဖြစ်တာကြောင့်ရှိတဲ့ အတွေ့အကြုံလေးနဲ့ အကောင်းဆုံးကစား
ခဲ့တယ်။ ဆုတံဆိပ်တွေရတော့ အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိတယ်။ ဆုတံဆိပ်တွေရတိုင်း
ထပ်ကြိုးစားဖို့အတွက် တွန်းအားပေးလိုက်သလို ဖြစ်တယ်။

လက်ရွေးစင်ဘဝ ပထမဆုံးပြိုင်ပွဲက ဘာလဲ။

၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ့
လက်ရွေးစင်အဖြစ် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တယ်။ ဒီပြိုင်ပွဲမှာ အားရ
ကျေနပ်မှုရှိခဲ့ပေမဲ့ ဆုတံဆိပ်မရရှိခဲ့ဘူး။ လေ့ကျင့်မှုမပြည့်ဝခဲ့လို့ ဆုတံဆိပ် မရတာလို့
မှတ်ယူခဲ့တယ်။

လက်ရွေးစင် ပထမဆုံးရွှေတံဆိပ်ကို ဘယ်အချိန်မှာ ရရှိခဲ့လဲ။

၂ဝ၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ စင်ကာပူဆီးဂိမ်းမှာ ပထမဆုံး ရွှေတံဆိပ်ကိုရရှိခဲ့တယ်။
မထင်မှတ်၊ မမျှော်လင့်ထားပဲရရှိခဲ့လို့ အရမ်းဝမ်းသာမိပါတယ်။ ပြောမပြတတ်အောင်
ပျော်ရွှင်ခဲ့ရတယ်။ ရွှေတံဆိပ်ရယူနေတဲ့ အခိုက်အတန့်မှာ ပင်ပန်းဆင်းရဲမှု၊ ချွေးစက်၊
သွေးစက်၊ မျက်ရည်တွေ၊ အခက်အခဲတွေအားလုံးကို ပြန်မြင်ယောင်ခဲ့မိပါတယ်။

နိုင်ငံလက်ရွေးစင် ကစားသမား တစ်ယောက် ရဲ့ခံယူချက်..

လက်ရွေးစင်ဆိုတဲ့ အမည်နဲ့လိုက်ဖက်အောင် ကိုယ့်ကိုယ်ကိုယ် လိုအပ်ချက်တွေ
ဖြည့်ဆည်းပြုပြင်ရမယ်။ ပိုကြိုးစားရမယ်။ ပိုလေ့လာရမယ်။ ပြိုင်ပွဲတိုင်းကို အလေးအနက်
ထားရမယ်။ ကိုယ့်ကိုယုံကြည်လို့ လက်ရွေးစင်အဖြစ် ရွေးချယ်ခံထားရတာလေ။
လက်ရွေးစင်ဆိုတာနဲ့ ထိုက်တန်အောင် ကိုယ့်တန်ဖိုးကို မြင့်အောင် အရည်အသွေး
ကောင်းမွန်အောင် ကြိုးစားရမယ်။

ဝူရှူးအားကစားနည်းကို ဘယ်လိုအဓိပ္ပာယ်ကို ဘယ်လိုဖွင့်ချင်လဲ။

ဝူရှူးအားကစားနည်းက ကိုယ်တိုင်ကစားမှ ပိုသိလာတယ်။ တော်တော်ခက်ခဲနက်နဲတယ်။
ခန္ဓာကိုယ်တစ်ခုလုံးနဲ့စိတ်ခံစားချက် ပေါင်းစပ်ပြီးလုပ်ဆောင်မှ လှပတဲ့အကွက်တစ်ကွက်
ထွက်ပေါ်လာတာမျိုး။ အဲဒီအကွက်ကို ပေါ်လွင်အောင် ပြသနိုင်ဖို့က ခံစားချက်လဲပါရမယ်။
လိုက်လျောညီထွေ စည်းချက်ကျနမှုတွေ အနှေး၊ အမြန် သဘောတရားတွေ ခွန်အား
သုံးစွဲမှုတွေ ထိရောက်ပေါ်လွင်ရမယ်။ ကွဲပြားတဲ့ ပုံစံတွေနဲ့ ပြသနိုင်ရမယ်။ ဆန်းသစ်
တီထွင်မှုတွေကို အမြဲတမ်း လေ့လာနေနိုင်မှသာလျှင် အဆင်ပြေမယ်။ တရုတ်အားကစား
နည်းဆိုတော့ အမြဲတိုးတက်ပြောင်းလဲနေတာလေ။ ဝူရှူးအားကစားနည်းကို နှစ်သက်
တယ်။ ကြိုက်တယ်။ ပြီးတော့ ချစ်လဲချစ်ပါတယ်။

ကစားသမားဘဝမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရဘူးလား..

ဒဏ်ရာကတော့ ခြေကျင်းဝတ်နှစ်ဖက်၊ ဒူးနှစ်ဖက်ရယ်မှာ ဒဏ်တွေ ဖြစ်နေတာပါ။ ချက်ချင်း
အပြင်းအထန် ရသွားမဟုတ်ပေမဲ့ ထိတာတွေ၊ ခေါက်တာတွေများပြီး ဒဏ်ဖြစ်သွားတဲ့
အတွက် အထိန်းအကွပ်ရယ် ဆေးတွေ (လိမ်းဆေး၊ သောက်ဆေး) အမြဲသုံးစွဲနေရတယ်။

ဆီးဂိမ်းပြိုင်ပွဲနဲ့ အခြားပြိုင်ပွဲတွေနဲ့ ကွာခြားချက်..

ဆီးဂိမ်းနဲ့ အခြားပြိုင်ပွဲတွေ ကွာခြားချက်ကတော့ အာရှနဲ့ကမ္ဘာ့ပွဲတွေက ပြိုင်ပွဲဝင်လည်း
များတယ်။ ကစားသမားကောင်းတွေလည်း များတယ်။ ပြိုင်ပွဲဆိုတဲ့ စိတ်ကတော့ တူတူပါပဲ။
ဆီးဂိမ်းကတော့ Level မကွာကြသူတွေ ပြိုင်တဲ့ပွဲဖြစ်လို့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်း
ပါတယ်။

မနှစ်က ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ခြင်းက ဒီနှစ်အတွက် ဖိအားဖြစ်စေလား။

မနှစ်က ရွှေတံဆိပ်ရထားတဲ့အတွက် နိုင်ငံက ဒီနှစ်မှာ ပိုအားထားတယ်။ ပိုပြီးယုံကြည်
တယ်ဆိုတဲ့သဘောပါ။ ဖိအားပုံစံမျိုးတော့ မရှိပါဘူး။ ကိုယ်တွေရဲ့ စိတ်ထဲမှာ ပိုအလေး
အနက်ထား ဆောင်ရွက် ကြိုးစားကြတယ်။

ဆီးဂိမ်းမှာဝင်ပြိုင်မယ့် ပြိုင်ပွဲအမျိုးအစားတွေ နဲ့ ရွှေတံဆိပ်မျှော်မှန်းချက်..

ဝင်ပြိုင်မယ့် ပြိုင်ပွဲအမျိုးအစားတွေက ချန်းချွမ်၊ကျန့်၊ ချန်းသုံးမျိုးပါ။ အားအသာဆုံးဆိုတာ
မျိုးတော့ မရှိပါဘူး။ အကုန်လုံးအားရပါတယ်။ အမျိုးအစားတိုင်းမှာ ရွှေတံဆိပ်အောင်
ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း