အားကစားသမားကောင်းတွေ လိုအပ်နေတဲ့ မြန်မာ့ရေကူးလောက

 ဒိုင်ဗင်အားကစားနည်းပြိုင်ပွဲအတွက် လေ့ကျင့်မှုများ ပြုလုပ်နေသော ဇော်မျိုးထက်။ အောင်ခန့်/ မြန်မာတိုင်း(မ်)ဒိုင်ဗင်အားကစားနည်းပြိုင်ပွဲအတွက် လေ့ကျင့်မှုများ ပြုလုပ်နေသော ဇော်မျိုးထက်။ အောင်ခန့်/ မြန်မာတိုင်း(မ်)

တစ်ဖွဲဖွဲရွာသွန်းနေတဲ့ ရန်ကုန်မိုးရေစက်တွေအောက်မှာ ဒိုင်ဗင်ဘုတ် အမြင့်ပေါ်ကနေ တစ်ဦးတည်း
မမောမပန်းနိုင် ထပ်ခါတလဲလဲ ရေကူးကန်ထဲဒိုင်ဗင်ထိုး ခုန်ချနေပါတယ်။ သူနဲ့မလှမ်းမကမ်း
ရေကန်အနီးက တဲငယ်ထဲမှာ နည်းပြ ဖြစ်သူက ဝီစီမှုတ်အချက်ပေးရင်း ကြည့်ရှုနေပါတယ်။
သူကတော့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုသွား
ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ဒိုင်ဗင်ကစားသမား ဇော်မျိုးထက်ပဲဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ဇော်မျိုးထက်က ဒိုင်ဗင်အားကစားသမားဘဝကို ၂ဝ၁ဝ
ကတည်းက စတင်ခဲ့ပြီး မြန်မာ့လက်ရွေးစင်အဖြစ် ၂၇ ကြိမ်နဲ့ ၂၈ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွေမှာ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

''အရင်ဆီးဂိမ်းတွေမှာ ဆုတံဆိပ်မရပေမဲ့ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မှုရှိတယ်။ အကောင်းဆုံး
လုပ်နိုင်ခဲ့တယ် လို့ထင်တယ်။ ဒီနှစ်ကိုတော့ လုံးဝအားမရဘူး။ ကျွန်တော်တို့ကို ထောက်ပံ့မှုလုံးဝ
မရှိဘူး။ ပြင်ဆင်မှုဆိုလို့ တရုတ် ပြည်ကို တစ်လသွားရောက်ခွင့်ရတာလေးပဲရှိတယ်။
အခုက အရင်စံချိန်ဟောင်းပြန်ရဖို့တောင် မနည်းကြိုးစား နေရတယ်''လို့ ဇော်မျိုးထက်က
လက်ရှိအခြေအနေကို ပြောပြပါတယ်။

မလေးရှားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမဲ့ ၂၉ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲမှာ
ရေကူးအားကစားနည်း ၄ဝ ကျော်ရှိပါတယ်။ မြန်မာနိုင်ငံက သွားရောက်ယှဉ်ပြိုင်မယ့် လက်ရွေးစင်
အားကစားသမား ငါးဦးက ရေကူးအားကစား နည်း ၂ဝ ခန့် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ထိုအထဲက ဒိုင်ဗင်အားကစားနည်းမှာ ပါဝင်ယှဉ်ပြိုင်မယ့်သူက ဇော်မျိုးထက်တစ်ဦးသာရှိပါတယ်။
အမြင့်ပေါ်ကနေ ရေကူးကန်ထဲ မကျခင်ကြားမှာ လှလှပပ အကွက်ထိုး ခုန်ချပြရတဲ့ ဒိုင်ဗင်
အားကစားသမားကောင်းတစ်ဦး ဖြစ်လာဖို့ဆိုရင် တကယ်ဝါသနာပါပြီး ခုန်ချရဲတဲ့ သတ္တိနဲ့
လိုအပ်သမျှ ထောက်ပံ့ပေးနိုင်ဖို့လိုအပ်ပါတယ်။

''ဒိုင်ဗင်အားကစားက လူအရမ်းနည်းတယ်။ လက်ရှိအဖွဲ့ချုပ်မှာ ကျွန်တော်တစ်ယောက်ပဲ ရှိတယ်။
အားကစားသမားဆိုတာ အားဖြည့်အစားအစာနဲ့ ကျန်းမာရေးထောက်ပံ့မှုတွေလိုအပ်တယ်။
လေ့ကျင့်နေရတဲ့ ဒိုင်ဗင်ဘုတ်ဆို လုံးဝမကောင်းဘူး။ ပြုပြင်ပေးတာလည်းမရှိဘူး။ ဒိုင်ဗင်
အားကစားနည်းကို အရမ်းဝါသနာပါပေမဲ့ ကျွန်တော်တို့ကို မထောက်ပံ့ပေးနိုင်ဘူးဆိုရင်
မလေးရှားဆီးဂိမ်းပြီးရင် အနားယူတော့မယ်။ ဆက်မကစားတော့ဘူး။ အိမ်ကလည်း
ဒီဆီးဂိမ်းပြီးရင် ဆက်မကစားတော့ဖို့ ပြောနေပြီ''လို့ ကစားသမား ဇော်မျိုးထက်က ကြုံတွေ့နေရတဲ့
အခတ်အခဲကို ပြောပြပါတယ်။

မြန်မာ့လက်ရွေးစင် ရေကူးအားကစားသမားများ လေ့ကျင့်နေစဉ်။ အောင်ခန့်/ မြန်မာတိုင်း(မ်)မြန်မာ့လက်ရွေးစင် ရေကူးအားကစားသမားများ လေ့ကျင့်နေစဉ်။ အောင်ခန့်/ မြန်မာတိုင်း(မ်)

နိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်အားကစားသမားတွေအတွက် သီးသန့်ရေကူးကန်မရှိသေးတဲ့အတွက်
အမျိုးသားရေကူးကန်မှာ အားကစားသမားတွေလေ့ကျင့်ဖို့ မနက် ၆ ခွဲမှ ၉ နာရီနဲ့ ညနေ ၄ နာရီမှ
၆ ခွဲအထိသာ အချိန်သတ်မှတ်ပြီး လေ့ကျင့်နေကြရပါတယ်။

''ရေကူးကန်ကလည်း ပြဿနာတစ်ခုဖြစ်တယ်။ အထူးသဖြင့် မီတာငါးဆယ် ရေကူးလေ့ကျင့်လို့ရတဲ့
ရေကူးကန်က ဒီတစ်ခုပဲရှိတယ်။ ကျန်တာတွေက သေးသေးလေးတွေပဲဖြစ်နေတော့
ရေကူးသင်လို့ပဲရတယ်'' လို့၁၉၈၉ ခုနှစ်ထိ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့တဲ့မြန်မာ့လက်ရွေးစင်
ရေကူးအားကစားသမားဟောင်း နည်းပြ ဦးမောင်မောင်စိန်ကပြောပြပါတယ်။

လက်ရှိ ရန်ကုန်မြို့ရဲ့ တစ်ခုတည်းသော လေ့ကျင်နိုင်တဲ့ အမျိုးသားရေကူးကန်အနေအထားက
ကန်အောက်ခြေ တချို့နေရာတွေမှာ ကြွေပြားတွေ ကျိုးပဲ့နေပါတယ်။ ဒါ့ပြင်ရေညှိဖတ်တွေ
ပေါလောပေါ်နေတဲ့ ရေကူးကန်မှာ ရေကူးလေ့ကျင်ရင်း မကြာခဏဆိုသလို မတော်တဆ
ထိခိုက်မိတာတွေ ခံစားနေရပါတယ်။ ဒိုင်ဗင်ဘုတ်ပြားရဲ့ အလွှာတော်တော် များများကလည်း
ရာသီဥတုရဲ့ တိုက်စားမှုကြောင့် သုံးမရဖြစ်နေတာကြာပြီလို့ မြန်မာရေကူးအဖွဲ့ချုပ်
ဒုဥက္ကဋ္ဌ ဦးသက်ဝင်းက ပြောပြပါတယ်။

''အပေါ် ၁ဝ မီတာရှိတဲ့ ဒိုင်ဗင်ဘုတ်က အပေါက်တွေနဲ့ပြေးလို့မရဘူး။ သုံးမီတာ စက်ပရင်ဘုတ်
ဆိုရင် ခုန်မရလို့ဖြုတ်ထားရတယ်။ တစ်မီတာစက်ပရင်ဘုတ်ပဲရှိတယ်။အဲဒါကလည်း ကြာတော့
ရေညှိတက်ပြီး သုံးမရတော့ဘူး။ဒီမှာရှိတဲ့ အထောက်အကူပစ္စည်းတွေက သုံးမရတာများတယ်'' လို့
ဦးသက်ဝင်းက ပြောပြပါတယ်။

၁၉၆၃ ခုနှစ်မှာ မြန်မာရေကူးချန်ပီယံဖြစ်ခဲ့တဲ့ ဦးသက်ဝင်းဟာ ၁၉၆၅ ခုနှစ်ထိ နိုင်ငံတကာပြိုင်ပွဲ
တွေမှာ ယှဉ်ပြိုင်ခဲ့ပြီး၊ နောက်ပိုင်း ရေကူးကနေ ဒိုင်ဗင်ပြောင်းကစားခဲ့ကာ ၁၉၇၇ ခုနှစ်မှာ
အားကစားသမားဘဝက အနားယူခဲ့သူပါ။

လက်ရွေးစင် ဒိုင်ဗင်အားကစားသမားအဖြစ် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲတွေမှာ နိုင်ငံအတွက်
ဆုတံဆိပ်တွေ ယူဆောင်ပေးခဲ့ပြီး အခုချိန်ထိလည်း ဝါသနာအရ ဒိုင်ဗင်နည်းပြ အဖြစ်
ဆက်လက် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

၁၉၅၉ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှအားကစားပွဲကနေ ငါးကြိမ်မြောက်အထိ
မြန်မာ့ရေကူးလောကရဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့အချိန်တွေပဲဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်တွေ အများဆုံးရယူနိုင်ခဲ့တဲ့အချိန်ဖြစ်
ပါတယ်။ ဒါပေမဲ့ ဆီးဂိမ်းပြိုင်ပွဲ ၆ ကြိမ်နဲ့ ၇ ကြိမ်မြောက်ကစပြီး မြန်မာ့ ရေကူးလောက
တဖြည်းဖြည်းကျဆင်းလာခဲ့လိုက်တာ အခုချိန်ထိပါပဲလို့လည်း ဦးသက်ဝင်းက ဆိုပါတယ်။

''မြန်မာနိုင်ငံရဲ့တိုးတက်မှုထက် တခြားနိုင်ငံတွေရဲ့ တိုးတက်မှုက တအားမြန်နေတယ်။
အဲဒီတော့ လိုက်လို့မမီဘူး။ ငွေကြေးပံ့ပိုးတယ်ဆိုပေမဲ့ အကောင်အထည်ဖော်တဲ့နေရာမှာ
မတိကျ မပီပြင်တာတွေရှိတော့ တိုးတက်သင့် သလောက် မတိုးတက်ဘူး'' လို့ သူက
ပြောပါတယ်။

မြန်မာလက်ရွေးစင် ရေကူးအားကစားသမားများထဲမှတစ်ဦး လေ့ကျင့်နေသည်ကို တွေ့ရစဉ်။ အောင်ခန့်/ မြန်မာတိုင်း(မ်)မြန်မာလက်ရွေးစင် ရေကူးအားကစားသမားများထဲမှတစ်ဦး လေ့ကျင့်နေသည်ကို တွေ့ရစဉ်။ အောင်ခန့်/ မြန်မာတိုင်း(မ်)

''လက်ရှိအခြေအနေမှာ အရမ်းကို ကွာခြားနေပြီ။ တရုတ်က ကမ္ဘာမှာလည်း နံပါတ်တစ်၊
အာရှမှာလည်းတစ်ပဲ။ မြန်မာကတော့ အာရှမပြောနဲ့ အရှေ့တောင်အာရှမှာတောင် ရေကူးမှာ
ဗိုလ်လုပွဲမတက်နိုင်တာကြာနေပြီ။ လူရွေးပွဲမှာတင် ပြုတ်ကျတာများတယ်'' လို့ ဆိုပါတယ်။

တစ်ချိန်တုန်းက အခြေခံပညာကျောင်းတွေမှာ အားကစားနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုများမှာ
ကျောင်းသားတွေက ထဲထဲဝင်ဝင်ပါဝင် ဆောင်ရွက်ခြင်းများရှိခဲ့သော်လည်း ယခုနောက်ပိုင်း
ပညာရေးကိုသာ ပိုမိုဦးစားပေးလာကြတာကို တွေ့ရတယ်။ ဒါကြောင့် ရေကူးအားကစားဟာ
နွေရာသီကျောင်းပိတ်ရက်အတွင်း လေ့လာလိုက်စားရတဲ့ အားကစား သာသာဖြစ်လာတယ်လို့
ဂျပန်နိုင်ငံမှာ ရေကူးအားကစားနဲ့ပတ်သက်တဲ့ မဟာဘွဲ့ယူခဲ့ပြီး ဂျပန်နိုင်ငံသားခံယူထားတဲ့
ဦးမောင်မောင်စိန်က ပြောပါတယ်။ လက်ရှိမှာလည်း ၂ဝ၁၂ ကတည်းက မြန်မာနိုင်ငံမှာ
ရေကူးနည်းပြ အဖြစ် လုပ်ကိုင်ပေးနေတဲ့ သူက ပြောပါတယ်။

လက်ရှိအနေအထားအရ ရေကူးလက်ရွေးစင်အားကစားသမားဆိုတာ အင်မတန်ရှားပါးနေပါပြီ။
ရေကူးအားကစားသမားတွေ စနစ်တကျပေါ်ထွန်းလာဖို့ လေ့ကျင့်သင်ကြားပေးတဲ့သူထက်
ရေကူးသင်တန်ဖွင့်စားတဲ့ သူတွေသာများလာတယ် လို့ ပြောပြပါတယ်။

''ဒီမှာကရေကူးနေရင်ပဲ လက်ရွေးစင်ဖြစ်နေတယ်။ အဲဒါကြောင့် နိုင်ငံတကာရေကူးသမားတွေနဲ့
ကွာခြားနေတာ။ လာမယ့် ဆီးဂိမ်းပြိုင်ပွဲမှာလည်း ဖိုင်နယ်အဆင့်ထိ ရှစ်ယောက်ထဲဝင်ရင်ကိုပဲ
မဆိုးတော့ဘူးဖြစ်နေတယ်။ ဒီအခြေ အနေတိုင်း ဆက်သွားမယ်ဆိုရင် မြန်မာ့ရေကူးလောက
ပျောက်ကွယ်သွားနိုင်တယ်။ မြန်မာ့ရေကူးလောက ဆက်လက်တည်တံ့ဖို့ လက်ရွေးစင်အဆင့်ထိ
မွေးပေးမယ့်အားကစားသမားတွေ အများကြီးလိုအပ်နေတယ်'' လို့ ဦးမောင်မောင်စိန်က
ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း