ပြင်ဆင်မှုကောင်းတွေကြောင့် မြင့်မားတဲ့ ဆုတံဆိပ်တွေကို မျှော်မှန်းနိုင်တဲ့ မြန်မာဘိလိယက်နဲ့စနူကာ

၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အားကစားသမားတစ်ဦးကို ယခုလအစောပိုင်းက တွေ့ရစဉ်။  အောင်ခန့်/ုမြန်မာတိုင်း(မ်)၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အားကစားသမားတစ်ဦးကို ယခုလအစောပိုင်းက တွေ့ရစဉ်။  အောင်ခန့်/ုမြန်မာတိုင်း(မ်)

၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာလက်ရွေးစင်ဘိလိယက်နဲ့ စနူကာ
အားကစားသမားတွေက အဆင်သင့်ဖြစ်နေကြပါပြီ။

ဒီမလေးရှားဆီးဂိမ်းပြိုင်ပွဲအတွက် ကာလရှည်လေ့ကျင့်ခဲ့တာကြောင့် မြန်မာနိုင်ငံ
ဘိလိယက်နဲ့ စနူကာအဖွဲ့ချုပ်အပြင် လက်ရွေးစင်အားကစားသမားတွေကလည်း
ယုံကြည်မှုအပြည့်အဝရှိနေကြတာပါ။

ဘိလိယက်နဲ့ စနူကာအားကစားနည်းဟာ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ်အမြဲဆွတ်ခူးပေး
နေတဲ့ အားကစားနည်းဖြစ်တယ်။ မလေးရှားဆီးဂိမ်းမှာလည်း မြန်မာနိုင်ငံအတွက်
ရွှေတံဆိပ်မျှော်မှန်းနိုင်သော အားကစားနည်းတစ်ခုအဖြစ် ပါဝင်နေတာပါ။

၂ဝ၁၇ ခုနှစ်၊ သြဂုတ်လမှာကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာဘိလိယက်နဲ့ စနူကာ
အားကစားသမားတွေက ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာကတည်းက စတင်လေ့ကျင့်နေခဲ့ကြတာပါ။

''မလေးရှားဆီးဂိမ်းအတွက် နှစ်နှစ်ကျော် ပြင်ဆင်ခဲ့တယ်။ ကာလရှည်ပြင်ဆင်ခဲ့တာဖြစ်လို့
ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မှုရှိတယ်။ မြိုင်မြိုင်ဆိုင်ဆိုင်
ကြိုးစားပြီးလေ့ကျင့်ခဲ့ကြတယ်။ အရင်နှစ်ပြိုင်ပွဲတွေထက် ပြင်ဆင်မှုကောင်းတယ်လို့
ပြောနိုင်တယ်''လို့ နည်းပြဖြစ်သူဦးအောင်ဆန်းဦးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

မြန်မာ့လက်ရွေးစင် ဘိလိယက်နဲ့စနူကာ အသင်းကို အားကစားသမား ၁၂ ဦးနဲ့ ဖွဲ့စည်း
ထားပါတယ်။ ဘိလိယက်ပြိုင်ပွဲအတွက် လေးဦး၊ စနူကာအတွက် သုံးဦး၊ 9-Ball Pool 
အတွက် ငါးဦးကို ရွေးချယ်ထားတာဖြစ်တယ်။

''ပြိုင်ပွဲအမျိုးအစားတိုင်းမှာ တစ်ဦးချင်း၊ နှစ်ယောက်တွဲနှစ်မျိုးစလုံး ဝင်ရောက်ယှဉ်ပြိုင်မယ်။
ဘိလိယက်နှစ်ယောက်တွဲဆိုရင် မနှစ်ကရွှေရခဲ့တဲ့ နှစ်ယောက်စလုံးဝင်ရောက်ယှဉ်ပြိုင်
မယ်။ ဒီနှစ်လည်း ရွှေတံဆိပ်မှန်း ထားပါတယ်။ သွားပြိုင်မယ့်ကစားသမားတွေက အတွေ့
အကြုံရှိတဲ့သူတွေပါပဲ။ ဆီးဂိမ်း မပြိုင်ဘူးတာ အသစ်ဆိုနှစ်ယောက်၊ သုံးယောက်ပဲ ပါမယ်။
ဒါပေမဲ့ အာရှပွဲတွေကစားဖူးတဲ့သူတွေဖြစ်တယ်''လို့ ဦးအောင်ဆန်းဦးက ပြောပါတယ်။

''ဆီးဂိမ်းမှာ ဘိလိယက်ကစားနည်းက နှစ်တိုင်းနီးပါးရွှေရခဲ့တယ်။ ရွှေမရရင်တောင်
ဆုတံဆိပ်က မလွတ်ခဲ့ဘူး။ ဒီနှစ်က အရင်ဆီးဂိမ်းတွေထက်ပိုပြီး ပြင်ဆင်ထားတဲ့အတွက်
ပိုမိုမြင့်မားတဲ့ ဆုတံဆိပ်တွေကို ရရှိနိုင်တယ်။ အခွင့်အရေးကောင်းတွေကို ပိုင်ပိုင်နိုင်နိုင်
အသုံးချနိုင်မယ်ဆိုရင် အားကစားနည်း သုံးမျိုးစလုံး ဆုတံဆိပ် မလွတ်ဘူးလို့ထင်တယ်''လို့
ဆုတံဆိပ် မျှော်မှန်းချက်နဲ့ပတ်သက်ပြီး ဦးအောင်ဆန်းဦးက ပြောပါတယ်။

ဆီးဂိမ်းပြိုင်ပွဲရဲ့ ဘိလိယက်ပြိုင်ပွဲတွေမှာ စင်ကာပူ၊ထိုင်း၊ မြန်မာတို့က အဓိကပြိုင်ဘက်
နိုင်ငံတွေဖြစ်ပြီး ဒီသုံးနိုင်ငံကပဲ ရွှေတံဆိပ်ရယူနိုင်တဲ့ကစားသမားတွေကို ပိုင်ဆိုင်ထားတာ
ဖြစ်တယ်။

9-Ball Pool အားကစားနည်းမှာ ကမ္ဘာ့အဆင့် ကစားသမားတွေကိုပိုင်ဆိုင်ထားတဲ့
ဖိလစ်ပိုင်ကို သတိထားရမှာဖြစ်ပြီး စနူကာပြိုင်ပွဲမှာကျတော့ မလေးရှားနဲ့ ထိုင်းနိုင်ငံက
ကစားသမားတွေက မြန်မာနိုင်ငံအတွက် အဓိကပြိုင်ဘက်တွေဖြစ်လာမှာပါ။

လက်ရှိအချိန်မှာလက်ရွေးစင် ဘိလိယက်နဲ့စနူကာအသင်းကို နည်းပြအဖြစ် တာဝန်ယူ
နေပြီး မြန်မာ့လက်ရွေးစင်ကစား သမားဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဦးအောင်ဆန်းဦးက
''မြန်မာကစားသမားတွေရဲ့ ကစားကွက်တွေက အဆင့်မြင့်လာကြပါတယ်။ မြန်မာကစား
သမားတွေလိုပဲ အခြားနိုင်ငံက ပြိုင်ပွဲဝင်တွေကလည်း အဆင့်မြင့်လာကြတာကြောင့်
သတိထားယှဉ်ပြိုင်ရမယ်။ ကိုယ်ရတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံး ချနိုင်မယ်ဆိုရင်
ဆုတံဆိပ်တွေက ပြေးမလွတ်ပါဘူး''လို့ဆိုပါတယ်။

ဘိလိယက်နှစ်ယောက်တွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မယ့် မြန်မာ့
လက်ရွေးစင်အောင်ဌေးက ရွှေတံဆိပ်ရယူဖို့ ယုံကြည်ချက်ရှိနေတယ်လို့ ဆိုပါတယ်။

''ပြိုင်ပွဲဆိုတာ ကြိမ်းသေပေါက်ပြောလို့ မရပေမဲ့ ကျွန်တော်တို့ကတော့ ရွှေတံဆိပ်အတွက်
အကောင်းဆုံးကြိုးစားသွားမှာပါ။ လက်ရှိစွမ်းဆောင်ရည်ယုံကြည်ချက်ရှိတယ်။ ကျွန်တော်
ကစားသမား သက်တမ်းတစ်လျှောက်အကောင်းဆုံးပုံစံကို ရနေတဲ့အချိန်ပါ'' လို့
ပြောပါတယ်။

''မြန်မာအသင်းက အခြားပြိုင်ပွဲဝင်နိုင်ငံတွေထက် ပြင်ဆင်မှုပိုကောင်းတယ်။ နှစ်နှစ်နီးပါး
ပြင်ဆင်ခဲ့တယ်။ အင်္ဂလန်လူမျိုးကမ္ဘာ့ချန်ပီယံနဲ့လည်း လေ့ကျင့်ခဲ့တယ်။ ဆီးဂိမ်းမှာဆိုရင်
အင်ဒိုနီးရှား၊ ဗီယက်နမ်တို့က တိုးတက်လာတာတွေ့ရတယ်။ သတိထားထိုးရမယ့်
နိုင်ငံတွေ ဖြစ်လာတယ်။ ဒါပေမဲ့ စိုးရိမ်ပူပန်တာတော့ မရှိပါဘူး။ ရွှေတံဆိပ်ရဖို့ အာရုံစိုက်
ယှဉ်ပြိုင်သွားမယ်''လို့ အောင်ဌေးက ဆိုပါတယ်။

၂၈ ကြိမ်မြောက်ဆီးဂိမ်းက ဝါရင့်ကစားသမားအောင်ဌေးဟာ မင်းစည်သူထွန်းနဲ့ အတူ
ဘိလိယက်နှစ်ယောက်တွဲ မှာရွှေတံဆိပ်ရရှိထားသူဖြစ်ပါတယ်။ ၂ဝ၁၅ ခုနှစ်က
စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံက ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်
လေးခု၊ ကြေးတံဆိပ်သုံးခုကို ရရှိခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း