ဆုချိတ်ဖို့ထက် မျိုးဆက်သစ်ကစားသမားတွေအတွေ့အကြုံရဖို့ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဦးစားပေး

မလေးရှားနိုင်ငံ ဘန်ကာဝီကျွန်းမှာလုပ်မယ့် ၂၉ ကြိမ်မြောက် ဆီးဂီမ်းလှေလှော်ရွက်တိုက်
အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံကလည်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ 

လှေလှော်ရွက်တိုက်ကစားနည်း ၁၂ တန်းရှိတဲ့အထဲမှာ မြန်မာနိုင်ငံအနေနဲ့ ကစားနည်း
ငါးမျိုးနဲ့ အတန်းရှစ်တန်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကစားနည်းတွေကတော့
Men's International 470, Men's RS One, Women's RS One, Men's International
420 (U-19), Men's Optimist (U-16), Women's Optimist (U-16) and Men's/
Women's Optimist Team ကစားနည်းအမျိုးအစားတွေ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ကစားသမားတွေဟာ အသက်အငယ်ဆုံး ၁ဝ နှစ်နေ ၁၈ နှစ်အထိ စုစုပေါင်း ၁၂
ယောက်သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကစားသမားစုစုပေါင်း အယောက် ၄ဝ ထဲ
ကနေ ဒီ ၁၂ ယောက်ကို ဆန်ခါတင်ရွေးချယ်ထားခဲ့တာဖြစ်ပြီး ခြောက်ယောက်က
အား/ကာအဖွဲ့ချုပ်က ကစားသမားတွေဖြစ်ပြီး ကျန်ခြောက်ယောက်ကတော့ ရန်ကုန်
ရွက်လှေအသင်းရဲ့ အဖွဲ့ဝင်တွေထဲက ရွေးချယ်ထားတာဖြစ်ပါတယ်။ ပြိုင်ပွဲမှာသွားပြိုင်မယ့်
တစ်ဝက်လောက်ကတော့ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံရှိပေမဲ့ ကျန်တစ်ဝက်ကတော့
နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံမရှိသူတွေပါ။

သွားပြိုင်မယ့် ရွက်လှေကစားသမား ၁၂ ယောက်ထဲမှာလည်း အသက်အငယ်ဆုံးဖြစ်သလို
ဆီးဂိမ်းပြိုင်ပွဲမှာလည်း အသက်အငယ်ဆုံး ကစားသမားတစ်ယောက်ဖြစ်တဲ့ အသက် ၁ဝ
နှစ်အရွယ် ငါးတန်းကျောင်းသူ သံသာအောင်ဟာ ရွက်လှေကစားနည်းကို အသက်
ခြောက်နှစ်အရွယ်ကနေ စတင်ကစားခဲ့သူပါ။ အသက် ခြောက်နှစ်ကနေ ခုနစ်နှစ်အထိ
အပျော်တမ်း ရွက်လှေကစားခဲ့ပေမဲ့ အသက်ရှစ်နှစ်ကစတင်ကာ ပြည်တွင်းပြိုင်ပွဲတွေ
ယှဉ်ပြိုင်ကစားခဲ့ပြီး အခုနောက်ဆုံး ဗီယက်နမ်ပြိုင်ပွဲမှာလည်း သွားရောက်ယှဉ်ပြိုင်ခဲ့သူ
ဖြစ်ပြီး အခု ဆီးဂီမ်းပြိုင်ပွဲဟာ သူရဲ့ဒုတိယအကြိမ်မြောက် နိုင်ငံတကာပြိုင်ပွဲဖြစ်ပါတယ်။

'ဘန်ကာဝီမှာသွားပြိုင်ဖို့က တစ်ခါမှမရောက်ဖူးပေမဲ့ ငွေဆောင်မှာလေ့ကျင့်ထားတာ
ကြောင့် ပင်လယ်မှာလေ့ကျင့်တဲ့ အတွေ့အကြုံရှိပြီးသားဖြစ်လို့ ကြောက်တော့မကြောက်
ပါဘူး။ ပြိုင်ပွဲမှာ ဆုရအောင်ပြိုင်မယ်လို့တော့ စိတ်ကူးထားပါတယ်။ ဆုမရခဲ့ဘူးဆိုရင်
တောင် သမီးအနေနဲ့ အကောင်းဆုံးယှဉ်ပြိုင်သွားမယ်'' လို့ သံသာအောင်က ပြောပါတယ်။

''ရွက်လှေအသင်းအနေနဲ့တော့ လူငယ်တွေနဲ့ အားသစ်လောင်းထားတဲ့အတွက် သိပ်တော့
အားထားလို့မရပါဘူး။ နောက်နှစ်ဆီးဂိမ်းပြိုင်ပွဲတွေမှာတော့ အားထားနိုင်မှာပါ။ ဒီနှစ်မှာ
တော့ နိုင်တယ်ရှုံးတယ်ဆိုတာ အရေးမကြီးပါဘူး။ အကောင်းဆုံးယှဉ်ပြိုင်သွားဖို့ပဲ အရေး
ကြီးတာပါ။ နှစ်ပေါင်းများစွာ တိုင်းပြည်အတွက် မျက်နှာပန်းလှမယ့် လူငယ်တွေမွေးထုတ်
ပေးဖို့ အဓိကပါပဲ''လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမိုးမြင့်က ပြောပါတယ်။

''မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်က ဆီးဂိမ်းပြိုင်ပွဲတွေကို ၁၉၉ဝ ပြည့်နှစ်ကတည်းက
ဝင်ပြိုင်ခဲ့ပြီး ဆုတံဆိပ်တွေရရှိခဲ့ဖူးပေမဲ့ ကျွန်တော့်အဖေ မလုပ်တော့ဘဲ ကျွန်တော့်ကို
လက်လွဲလိုက်တဲ့ ၂ဝ၁၅ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာတော့ ဆုတံဆိပ်မချိတ်ခဲ့သလို အခု ၂ဝ၁၇
ခုနှစ်မှာလုပ်မယ့် ၂၉ ကြိမ်မြောက် ပြိုင်ပွဲမှာလည်း ဆုရရှိဖို့ထက် မျိုးဆက်သစ်လူငယ်တွေ
အတွေ့အကြုံရဖို့ကို အဓိကထားပြီးတော့ပဲ သွားပြိုင်မှာပါ။ အသင်းက အရမ်းငယ်တဲ့
အတွက် တံဆိတ်ချိတ်မလားဆိုရင် မချိတ်လောက်ပါဘူး။ ဒီနှစ်ကတော့ မျိုးဆက်သစ်
တွေကို အတွေ့အကြုံရဖို့ပဲ အဓိကထားပါတယ်''လို့ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ရဲ့
ဒုဥက္ကဋ္ဌ ကိုဘုန်းကျော်မိုးမြင့်က ပြောပါတယ်။

''အားကစားပြိုင်ပွဲတွေဆိုရင် လူတွေက ဆုတံဆိပ် ဘယ်နှစ်ခုရလဲ။ ရွှေတံဆိပ်ရမလား၊
ငွေတံဆိပ်ရမလားပဲ ပြောကြတယ်။ အားကစားသမားတွေဟာ နိုင်ငံကိုယ်စား ပြုအနေနဲ့
သူတို့အတတ်နိုင်ဆုံး ကြိုးစားပြီး သွားယှဉ်ပြိုင်ရတာဖြစ်တဲ့အတွက် နိုင်နိုင်ရှုံးရှုံးယှဉ်ပြိုင်
ခြင်းက အဓိကပါပဲ။ နိုင်မှ အားပေးတာမျိုး မလုပ်ကြပါနဲ့။ နိုင်နိုင်ရှုံးရှုံးအားပေးကြပါလို့''
လို့လည်း ကိုဘုန်းကျော်မိုးမြင့်က ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း