ဆီးဂိမ်းပြိုင်ပွဲအတွက် အသင့်ဖြစ်နေတဲ့ မြန်မာမြားပစ်ကစားသမားများ

၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် မြားပစ်အားကစားသမားများကို ယခုလအစောပိုင်းက တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် မြားပစ်အားကစားသမားများကို ယခုလအစောပိုင်းက တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံ မြားပစ်အဖွဲ့မှာ အတွေ့အကြုံရှိတဲ့ ဝါရင့်ကစားသမား လေးယောက်သာရှိပြီး 
၂ဝ၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွေမှာ 
ဆုတံဆိပ် တစ်ခုမှ ဆွတ်ခူးနိုင်ခြင်းမရှိခဲ့ပေမဲ့လည်း မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်ရဲ့ 
ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးက ဒီနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာကျင်းပမယ့် 
အားကစားပြိုင်ပွဲမှာ ဆုတံဆိပ်တွေ ဆွတ်ခူးရရှိဖို့ ယုံကြည်မှုရှိနေပါတယ်။

''လာမယ့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွေမှာ ကစားသမား
၁၄ ယောက်ပါဝင်တဲ့ ကျွန်တော်တို့အဖွဲ့ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ သူတို့ထဲက
ခုနစ်ယောက် ရှစ်ယောက်က မကြာသေးခင်ကမှ အဖွဲ့ထဲရောက်လာတဲ့ ကစားသမား
တွေပါ''လို့ ဦးကျော်ဦးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။ ဝါရင့်ကစားသမားတချို့က
နိုင်ငံအသင်းအတွက် ကစားပေးခဲ့တဲ့ ၁-ဝ နှစ်ကျော်ကာလအတွင်းမှာ ပြည်တွင်းနဲ့ ပြည်ပ
ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖူးပါတယ်။ အသစ်ဝင်ရောက်လာသူတွေထဲက နှစ်ယောက်
ကတော့ လွန်ခဲ့တဲ့လအနည်းငယ်ကမှ နိုင်ငံအသင်းမှာ ဝင်ရောက်ကစားဖြစ်ခဲ့တာဖြစ်
ပါတယ်။

''သူတို့က ပြည်တွင်း ပြည်ပပွဲ အတွေ့အကြုံမရှိကြဘူးဆိုပေမဲ့လည်း ကစားသမားကောင်း
တွေဖြစ်ပါတယ်။ ဥပမာ – ပြိုင်ပွဲဝင်မယ့် ဇင်သူရိန်မှူးဆိုရင် လွန်ခဲ့တဲ့ရှစ်လကမှ အဖွဲ့ထဲ
ဝင်ရောက်လာဖြစ်ပါတယ်။ အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ ဒီနှစ် အရှေ့တောင်အာရှ
အားကစား ပြိုင်ပွဲတွေမှာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ compound 
အားကစားသမား နောက်တစ်ဦးကတော့ အသက် ၁၆ နှစ်အရွယ် စုစုလှိုင်ဖြစ်ပါတယ်။
သူကတော့ လွန်ခဲ့တဲ့ ၁ဝ လကမှ အဖွဲ့ကို ရောက်လာတာပါ''လို့ သူကပြောပါတယ်။
အိမ်ရှင်နိုင်ငံဖြစ်တဲ့ မလေးရှားအပါအဝင် ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ လာအို၊
အင်ဒိုနီးရှားနဲ့ မြန်မာ စတဲ့ ပါဝင်ယှဉ်ပြိုင်ကြတဲ့နိုင်ငံတွေရဲ့ မြားပစ်အားကစားသမားတွေ
ထဲမှာ မြန်မာနိုင်ငံက ဒီကစားသမားနှစ်ယောက်က အသက်အငယ်ဆုံးဖြစ်တယ်လို့ ဒုတိယ
ဥက္ကဋ္ဌ ဦးကျော်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် မြားပစ်အဖွဲ့မှာ မျက်နှာသစ်ကစား
သမားတွေနဲ့အတူ ဆုတံဆိပ်ရရှိဖူးသူ ကစားသမားတချို့လည်း ပါဝင်မှာဖြစ်ပါတယ်။
မြားပစ်ချန်ပီယံ အောင်ဟိန်းက ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ Asian Archery Championship
ပြိုင်ပွဲဒုတိယအဆင့်မှာ ကြေးတံဆိပ်ရရှိထားသူ ဖြစ်ပါတယ်။ စန်းယုထွေးက ပြီးခဲ့တဲ့နှစ်
ရီယိုအိုလံပစ်ပြိုင်ပွဲမှာအကောင်းဆုံးစွမ်းရည်ကို ပြသနိုင်ခဲ့ပြီး ထိပ်တန်း ကစားသမား ၁ဝ
ယောက်ထဲပါဝင်ခဲ့တာကြောင့် တစ်ကမ္ဘာလုံးမှာ မြားပစ်အတော်ဆုံး ၁၆ ယောက်ထဲ ပါဝင်
ခဲ့ပါတယ်။

အောင်ဟိန်းနဲ့ စန်းယုထွေးတို့ကို အများကြီးမျှော်လင့်ထားပြီး သူတို့က mixed team 
ပြိုင်ပွဲမှာ သေချာပေါက် ရွှေတံဆိပ်ဆွတ်ခူးပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဦးကျော်ဦးက
ပြောပါတယ်။

မြားပစ်ပြိုင်ပွဲအမျိုးအစား ၁ဝ မျိုးမှာ မြန်မာနိုင်ငံက compound ပြိုင်ပွဲမှာ အမျိုးသား၊
အမျိုးသမီး တစ်ဦးချင်းနှင့် အဖွဲ့လိုက်ပြိုင်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ recurve
 ပြိုင်ပွဲမှာလည်း တစ်ဦးချင်းနှင့် အဖွဲ့လိုက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အောင်ဟိန်းနဲ့ စန်းယု
ထွေးတို့က တစ်ဦးချင်း အရမ်းကိုကောင်းပါတယ်။ မြန်မာနိုင်ငံအတွက် ရွှေ၊ ငွေ၊ ကြေး
တံဆိပ်တစ်ခုခုကို ယူဆောင်ပေးနိုင်မှာပါ။ တခြား အားကစားသမားတွေကလည်း
အရမ်းကိုကောင်းမွန်ပြီး စိတ်ဓာတ်ပြင်းထန်တဲ့ ကစားသမားတွေပါလို့ ဦးကျော်ဦးက
ပြောခဲ့ပါတယ်။

အဓိကပြိုင်ဘက်တွေဖြစ်တဲ့ အိမ်ရှင် မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့ကို
ကျော်လွန်ပြီး ရွှေတံဆိပ်ဆုရအောင် အကုန်လုံး စွမ်းဆောင်နိုင်မယ်လို့ ဒုဥက္ကဋ္ဌက
ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်မှာ အင်္ဂလန်နိုင်ငံက မြားပစ်နည်းပြနှစ်ယောက်ဆီမှာ ယခုနှစ်
အစောပိုင်းက သင်တန်းပေးထားတဲ့ ပြည်တွင်းနည်းပြဆရာ အယောက်၂ဝ ရှိပါတယ်။

''သူတို့တွေရဲ့လေ့ကျင့်ပေးမှုက အရမ်းကို အဆင့်မြင့်ပါတယ်။ ကျွန်တော်တို့ရဲ့ နည်းပြတွေ
လည်း အတွေ့အကြုံတွေ အများကြီး ရယူနိုင်ခဲ့ပါတယ်''လို့ ဦးကျော်ဦးက ပြောခဲ့ပါတယ်။
နိုင်ငံတကာ အိုလံပစ်ကော်မတီ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ နှင့် မြန်မာနိုင်ငံမြားပစ်
အဖွဲ့ချုပ်တို့က ပြုလုပ်တဲ့ Olympic Solidarity Programme ပဲဖြစ်ပါတယ်။ ''မြန်မာနိုင်ငံ
အတွက် အရမ်းကိုတန်ဖိုးရှိတဲ့ အတွေ့အကြုံပါပဲ''လို့ ဦးကျော်ဦး က ပြောခဲ့ပါတယ်။

ယခုနှစ် ဇန်နဝါရီလက ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ခြောက်ကြိမ်မြောက် အရှေ့တောင်အာရှ
မြားပစ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ မြားပစ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက်
နေပြည်တော်နဲ့ ရန်ကုန်မြို့တို့တွင် Olympic Solidarity Programme နဲ့ လေ့ကျင့်မှုများ 
ပြုလုပ်လျက်ရှိပါတယ်။ ''မြားပစ်သမားတွေက လေ့ကျင့်မှု အပြည့်အဝရှိနေပြီး
အကောင်းဆုံးကိုမျှော်လင့်လို့ရပါပြီ။ ကျွန်တော်တို့ ဆီးဂိမ်းအတွက်လည်း အဆင်သင့်ဖြစ်
နေပါပြီလို့ သူက ပြောခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း