ဆီးဂိမ်းအပေါ် လူငယ်တွေ စိတ်ဝင်စားမှု ဘယ်လိုရှိလဲ

ယခုလအတွင်း ကျင်းပတော့မယ့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
အပေါ် မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ ဘယ်လောက်ထိ စိတ်ဝင်စားလဲ၊ ဘယ်လိုမြင်လဲ၊ 
ဘယ်အားကစားတွေကို စိတ်ဝင်စားလဲဆိုတာကို မေးမြန်းထားပါတယ်။

ကိုပိုင်ဟိန်းထက်၊ အသက် ၂၅

ဒီနှစ် ဆီးဂိမ်းအပေါ် ကျွန်တော့်ရဲ့ စိတ်ဝင်စားမှုကတော့ မြန်မာအသင်းရဲ့ ပါဝင်ပတ်သက်မှု
အဆင့်ရယ်၊ မြန်မာနိုင်ငံက ဘယ်အားကစားတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မလဲဆိုတာအပေါ်
မူတည်တယ်။ ကျွန်တော်ကြိုက်တဲ့ အားကစားတွေကတော့ ဘောလုံးနဲ့ မြားပစ်ပါ။ အရင်
နှစ်တွေကတော့ ကိုယ့်နိုင်ငံမှာလည်း မရှိတော့ အားမပေးဖြစ်ခဲ့ပါဘူး။ ဒီနှစ်ကတော့
ကိုယ်လည်း မြန်မာနိုင်ငံမှာဆိုတော့ အချိန်ရရင်ရသလို တီဗီကနေ အားပေးဖြစ်မှာပါ။

မခင်စုကြည်၊ အသက် ၂၄

ကိုယ်တိုင်က အားကစားကို သိပ်ဝါသနာမပါတော့ ဆီးဂိမ်းကို သိပ်တော့စိတ်မဝင်စားဘူး။
ကိုယ်နိုင်ငံမှာ လုပ်တဲ့အချိန်လောက်ပဲ စိတ်ဝင်တစားနဲ့ ကြည့်ဖြစ်တာ။ နောက်ပိုင်းကျတော့
ကိုယ်တိုင်စိတ်ဝင်စားတဲ့ ဘောလုံးပွဲတွေလောက်ပဲ အားပေးဖြစ်တယ်။ ဒါတောင်
ကိုယ်အားတဲ့ အချိန်လောက်မှ ကြည့်ဖြစ်တာ။ ဒါပေမဲ့ မနှစ်ကလို မြန်မာဘောလုံးအသင်း
ဖိုင်နယ်ကန်တဲ့ပွဲမျိုးတော့ ရအောင်အားပေးတယ်။ ဒီနှစ်လည်း ဖိုင်နယ်တက်ရင်တော့
ကောင်းတာပေါ့။

ကိုဇင်ကိုကို၊ အသက် ၂၃

ဆီးဂိမ်းကတော့ ၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် ကျင်းပကတည်းက အိုလံပစ်
ထက်တောင် ပိုစိတ်ဝင်စားပါတယ်။ ဆီးဂိမ်းကတော့ အာဆီယံနိုင်ငံတွေရဲ့ ထုံးစံအတိုင်း
အိမ်ရှင်အားသာတဲ့ အားကစားနည်းတွေ ထည့်ထားတာကတော့ အရင်အတိုင်းပါပဲ။
မလေးရှားနိုင်ငံမှာကျင်းပတာနဲ့ ပတ်သက်တာကတော့ စည်စည်ကားကားနဲ့
အောင်မြင်အောင် ကျင်းပနိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် အချက်ပါ။ အဓိက
အားပေးတာက ဘောလုံးပေါ့။ ဒါပေမဲ့ တခြားအားကစားနည်းတွေအကုန်လုံးလည်း
အားပေးပါတယ်။ မနှစ်က ရွှေဆုရတာထက်တော့ ပိုရစေချင်မိတယ်။

ကိုဇင်လင်းဦး၊ အသက် ၂၂

ဆီးဂိမ်းကိုတော့ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပတဲ့နှစ်ကစလို့ သတိထားပြီးကြည့်ဖြစ်
တာပေါ့။ ကျွန်တော်ကတော့ အဓိက ဘောလုံးပွဲကိုပဲ အားပေးဖြစ်တယ်။ နောက် ခြင်းလုံး
တို့ ဘော်လီဘောတို့လည်း ကျွန်တော်ကြိုက်တဲ့အတွက် တီဗီမှာ ပြရင်ပြသလို ကြည့်ဖြစ်
တယ်။ ဒီနှစ်ကတော့ အချိန်ရရင်ရသလို ကျွန်တော်ကြိုက်တဲ့ အားကစားတွေ ကြည့်ဖြစ်
မယ်။ ဒီနှစ် မြန်မာအနေနဲ့ဆုတံဆိပ်တွေ ဘယ်လောက်ရမယ် မပြောတတ်ပေမဲ့
ကျွန်တော်အထင်တော့ ခြင်းလုံးမှာတော့ ရွှေရမယ်လို့ မျှော်လင့်ပါတယ်။ 

 ကိုရသ၊ အသက် ၃ဝ

ဆီးဂိမ်းကို ဘယ်လိုမြင်လဲဆိုတော့ မြန်မာပြည်မှာ အိမ်ရှင်အနေနဲ့ ကျင်းပတုန်းက နိုင်ငံ
အဆင့်ရပ်တည်မှုမှာ ဒုတိယနေရာအထိ တက်နိုင်ခဲ့တယ်။ အခုနောက်ပိုင်း တခြားနိုင်ငံ
တွေမှာလုပ်တဲ့ ပြိုင်ပွဲတွေမှာလည်း နိုင်ငံအလိုက် သူတို့နိုင်ဖို့ အားသာမယ့် အားကစား
နည်းတွေ ထည့်သွင်းကျင်းပကြလို့ ထိပ်ဆုံးနေရာတွေမှာ မရပ်တည်နိုင်တော့ပေမဲ့
ကျွန်တော်တို့နိုင်ငံက အလယ်အလတ်အဆင့်မှာတော့ စာရင်းဝင်နေသေးတယ်လို့ ပြောလို့
ရတယ်။ မြန်မာနိုင်ငံမှာ အားကစားနဲ့ပတ်သက်လို့ အောင်မြင်ဖို့ တာဆူတဲ့ အနေအထားမှာ
ရှိတယ်လို့ သတ်မှတ်တယ်။ ဆီးဂိမ်းပြိုင်ပွဲတွေကို ရုပ်မြင်သံကြားကနေတစ်ဆင့် အားပေး
ဖြစ်ပါတယ်။ ဘောလုံး၊ မြားပစ်၊ ပိုက်ကျော်ခြင်း၊ ရေကူး အားကစားတွေကို အခြား
အားကစားတွေထက် ပိုပြီးအားပေးဖြစ်ပါတယ်။ 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း