မြန်မာ ယူ–၂၂ ရဲ့ ဆီးဂိမ်း ရွှေအိပ်မက်

ဆီးဂိမ်းပြိုင်ပွဲဝင်မည့် ယူ ၂၂ အသင်း၏ နည်းပြအဖွဲ့နှင့် အရန်ကစားသမားများကို လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)ဆီးဂိမ်းပြိုင်ပွဲဝင်မည့် ယူ ၂၂ အသင်း၏ နည်းပြအဖွဲ့နှင့် အရန်ကစားသမားများကို လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)

နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့အရှေ့တောင် အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို 
လာမယ့်သြဂုတ်လ ၁၄ ရက်နေ့မှာ ဘောလုံးပွဲစဉ်တွေနဲ့အတူ စတင်ကျင်းပတော့မှာ
ဖြစ်ပါတယ်။

အိုလံပစ်အားကစားနည်းတွေ၊ အရှေ့တောင်အာရှအားကစားနည်းတွေ၊ ရိုးရာအားကစား
နည်းတွေစတဲ့ အားကစားနည်းပေါင်းစုံနဲ့ကျင်းပတဲ့ ပြိုင်ပွဲကြီးဖြစ်ပေမဲ့ ဘောလုံးပြိုင်ပွဲ
ကတော့ အာရုံစိုက်အခံရဆုံး အားကစားနည်းတစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအများစုမှာ ဘောလုံးက သည်းခြေ ကြိုက်
အားကစားနည်းဖြစ်လို့ နိုင်ငံတိုင်းက ပရိသတ်တွေက အခြားပြိုင်ပွဲတွေထက် ဘောလုံး
အားကစားနည်းကို ပိုမိုအာရုံစိုက် ကြပါတယ်။

ဒါကြောင့်ဘောလုံးပြိုင်ပွဲမှာချန်ပီယံအဖြစ်ရရှိတဲ့ ရွှေတံဆိပ်ကို ပရိသတ်တွေက ပိုလိုချင်၊
ပိုတန်ဖိုးကြီးတယ်လို့ဆိုရမှာပါ။

၂၉ ကြိမ်မြောက်ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အုပ်စုခွဲဝေမှု

ဘောလုံးပြိုင်ပွဲဖြစ်တာကြောင့် ပြိုင်ပွဲဝင် ၁၁ နိုင်ငံစလုံးဝင်ရောက်ယှဉ်ပြိုင်မှာပါ။ အုပ်စုနှစ်စု
ခွဲပြီးကျင်းပမှာဖြစ်တယ်။ အုပ်စု(က)မှာ အိမ်ရှင်မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ လာအိုနဲ့
ဘရူနိုင်းအသင်းတို့ ပါဝင်နေပြီး အုပ်စု(ခ)မှာတော့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊
ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အရှေ့တီမောတို့က ယှဉ်ပြိုင်ကြမှာပါ။

အုပ်စုခွဲဝေမှုအရ အခွင့်အရေးသာနေတဲ့ မြန်မာ

မြန်မာအသင်းဟာ အိမ်ရှင်နဲ့တစ်အုပ်စုတည်း ကျရောက်ခဲ့သလိုအုပ်စု(က)မှာ ငါးသင်းသာ
ပါဝင်တဲ့အတွက် အခွင့်အရေးသာတယ်လို့ ဆိုရမှာပါ။ လက်ရှိချန်ပီယံ ထိုင်း၊ ဗီယက်နမ်နဲ့
အင်ဒိုနီးရှားလို တောင့်တင်းတဲ့အသင်းတွေ ပါဝင်တဲ့ အုပ်စု(ခ)မှာ မကျရောက်ခဲ့လို့ မြန်မာ
အသင်းက ဒီနှစ်မှာ အခွင့်အရေးကောင်းနေတယ်။ အိမ်ရှင်မလေးရှားနဲ့ တစ်အုပ်စုတည်း
ကျရောက်ခဲ့တဲ့အတွက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ရင်တောင် အိမ်ရှင်နဲ့
ရှောင်နိုင်မှာဖြစ်တယ်။

အုပ်စုတွင်းပြိုင်ဘက်တွေရဲ့ အခြေအနေ

မြန်မာအသင်းပါဝင်တဲ့အုပ်စု(က)မှာ အိမ်ရှင်မလေးရှားတစ်သင်းကိုသာ သတိထားကစား
ရဖို့ ရှိနေတယ်။ စင်ကာပူအသင်းက အတွေ့အကြုံနုတဲ့လူငယ်ကစားသမားတွေများလို့
အတွေ့အကြုံရင့် ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ မြန်မာအသင်းကို ယှဉ်နိုင်ဖို့
မလွယ်ဘူး။ မြန်မာကအဖွင့်ပွဲမှာ စင်ကာပူနဲ့တွေ့မှာဖြစ်ပြီး ဒီပွဲရလဒ်ကမြန်မာအတွက်
အရေးကြီးတယ်။ စင်ကာပူက လာအို၊ ဘရူနိုင်းအသင်းတွေနဲ့ အတူဖျက်မြင်းအဆင့်
လောက်နဲ့ မလေးရှားနဲ့မြန်မာကို ဒုက္ခပေးဖို့ ရှိတယ်။

အုပ်စုတွင်းအတောင့်တင်းဆုံး အိမ်ရှင်

အုပ်စု(က)မှာ အိမ်ရှင်မလေးရှားက အတောင့်တင်းဆုံးဖြစ်တယ်။ အိမ်ရှင်အားသာချက်
အပြည့်အဝရှိတယ်။ ပူပူနွေးနွေး အာရှခြေစစ်ပွဲအောင်ထားတဲ့အသင်းလည်း ဖြစ်တယ်။
ကစားသမားတွေကလည်း အတွေ့အကြုံရှိသူတွေဖြစ်တယ်။ ကြံခိုင်မှုအသားပေးကစားတဲ့
အသင်းဖြစ်လို့ မြန်မာအတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်တယ်။ မလေးရှားနဲ့ မြန်မာက
ဆီမီးအတွက် ရေပန်းအစားဆုံး အသင်းတွေဖြစ်တယ်။ ဒီနှစ်သင်းက အုပ်စု တတိယပွဲစဉ်
မှာ တွေ့မှာဖြစ်တယ်။ ဒီတွေ့ဆုံမှုရဲ့ရလဒ်က ဆီမီးဖိုင်နယ်အပေါ်အကျိုးသက်ရောက်
မှာဖြစ်တယ်။

အကောင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားတဲ့ မြန်မာအသင်း

လက်ရှိခြေစွမ်းအရမြန်မာအသင်းကအကောင်းဆုံးလူစာရင်းကိုပိုင်ဆိုင်ထားတယ်လို့
ဆိုနိုင်တယ်။ ယူ–၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခဲ့တဲ့ကစားသမားတွေကို အခြေခံပြီး ၂ဝ၁၅
ဆီးဂိမ်းပြိုင်ပွဲဝင်ခဲ့တဲ့ ကစားသမားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်တယ်။ ကစားသမား
အများစုက လက်ရွေးစင်အသင်းကြီးမှာ ကစားနေတာဖြစ်လို့ အတွေ့အကြုံရင့်သူတွေ
ဖြစ်တယ်။

ပြိုင်ပွဲအကြိုပြင်ဆင်မှုတွေ

ဆီးဂိမ်းအတွက်အကြိုပြင်ဆင်မှုတွေ အဖြစ် မြန်မာ့လက်ရွေးစင်ယူ–၂၂အသင်းဟာ
လေးနိုင်ငံဖိတ်ခေါ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တယ်။ အာရှယူ–၂၃ ခြေစစ်ပွဲ
ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ထားတယ်။ ဒီ ပြိုင်ပွဲနှစ်ခုစလုံးမှာအောင်မြင်မှု မရခဲ့ပေမဲ့
ထိုက်တန်တဲ့ခြေစွမ်းတွေကိုတော့ ပြသနိုင်ခဲ့ တယ်။

တိုက်စစ်ပိုင်းအားနည်းချက်

ပြီးခဲ့တဲ့ပြိုင်ပွဲတွေမှာ အသင်းလိုက်ကစားပုံအကောင်းဆုံးပုံစံပြသနိုင်ခဲ့ပေမဲ့ မြန်မာ
အသင်းက တိုက်စစ်ပိုင်းအားနည်းချက်တွေကတော့ မြင်တွေ့နေရဆဲဖြစ်ပါတယ်။
အောင်သူတစ်ယောက်တည်းကို မှီခိုနေရတဲ့ တိုက်စစ်အတွက် လူငယ်တိုက်စစ်မှူး ရွှေကိုနဲ့
ရှိုင်းသူရကို အားဖြည့်ခေါ်ယူခဲ့ပေမဲ့ ပွဲထုတ်တာကိုတော့ မတွေ့ရသေးလို့ သုံးသပ်ရခက်
ပါတယ်။ တောင်ပံကစားသမားတွေဖြစ်တဲ့ စည်သူအောင်၊ မောင်မောင်လွင်နဲ့ဒဏ်ရာက
သက်သာလာတဲ့ ငြိမ်းချမ်းအောင်တို့ မြန်မာအသင်းအတွက် လိုအပ်နေတဲ့သွင်းဂိုးတွေကို
ဖန်တီးပေး နိုင်မလားဆိုတာ ဒီဆီးဂိမ်းပြိုင်ပွဲမှာ စောင့်ကြည့်ရမှာပါ။

ဆီးဂိမ်းအတွက် အဆင်သင့်ဖြစ်နေပြီ

မြန်မာယူ–၂၂အသင်းရဲ့နည်းပြချုပ် ဂတ်ဇီဆီက ဆီးဂိမ်းအတွက်အဆင်သင့်ဖြစ်နေပြီလို့
ကြွေးကြော်ထားပါတယ်။ သူ့အသင်းဟာ ဆီးဂိမ်းမှာ ရွှေတံဆိပ်ရယူဖို့သွားရောက်
ယှဉ်ပြိုင်မယ့်အသင်းလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း