စံချိန်တင်ရမှတ်နဲ့ ရာသီဝက်ကို ဦးဆောင်နိုင်ခဲ့တဲ့ ဂျူဗင်တပ်

ဘယ် မှ ယာ (ပေါ်)ဘာဒစ်ဆို ၊ မာထရီ ၊ ကာဗာနီ ၊ (အောက်) အယ်လ်ရှာရာဝီ ၊ ကာဆာနို ၊ ဟာနာနက်စ်ဘယ် မှ ယာ (ပေါ်)ဘာဒစ်ဆို ၊ မာထရီ ၊ ကာဗာနီ ၊ (အောက်) အယ်လ်ရှာရာဝီ ၊ ကာဆာနို ၊ ဟာနာနက်စ်

ပွဲစဉ်(၁၈)အဖြစ် ဒီဇင်ဘာ ၂၁၊ ၂၂၊ ၂၃ ရက်များတွင် ယှဉ်ပြိုင်ခဲ့ကြပြီးနောက် စီးရီးအေ
အမှတ်ပေးပြိုင်ပွဲကို ခရစ္စမတ် နှင့် နှစ်သစ်ကူး အားလပ်ရက်အဖြစ် ခေတ္တရပ်နားထားပြီ
ဖြစ်သည်။

သည်လို အချိန်မျိုးတွင် စီးရီးအေပြိုင်ပွဲဝင် ထိပ်တန်းအသင်းအချို့၏ ဘောလုံး ရာသီဝက်
ခရီးကြမ်း အနိမ့်အမြင့်၊ အတက်အကျ ကောက်ကြောင်းကို ပြန်လည်ပုံဖော်နိုင်ပြီဖြစ်သည်။

၂၀၁၂-၁၃ရာသီ စီးရီးအေ ထိပ်တန်း အသင်းကြီးများအနက် ဂျူဗင်တပ်သည် ခြေစွမ်း
အကောင်းဆုံးအဖြစ် အီတလီ မီဒီယာအများစုက ချီးကျူးသတ်မှတ်ခဲ့ ကြသည်။

ဒီဇင်ဘာ ၂၂ ရက်၌ ကက်ဂလီ ယာရီကွင်းတွင် ၃-၁ ဖြင့် အနိုင်ရသော ကြောင့် နည်းပြ
ကွန်တီကိုင်တွယ်နေ သော ဂျူဗင်တပ်သည် ၂၀၁၂ ခုနှစ် အတွင်း ကစားခဲ့သော စီးရီးအေ
ပွဲစဉ်များ တွင် ၉၄ မှတ် ရရှိခဲ့သည်။

ထိုရမှတ် သည် ၂၀၀၅ ခုနှစ်တွင် ဂျူဗင်တပ် နည်းပြဟောင်း ကာပယ်လိုလက်ထက် က
ရခဲ့သော ၉၃ မှတ်စံချိန်ကိုချိုးပြီး စံချိန်သစ်တင်သွားသည်။

တစ်ဖန် ဂျူဗင်တပ်သည် ပွဲစဉ်(၁၈) အပြီး ၃၉ ဂိုး သွင်းယူနိုင်ခဲ့ခြင်းကြောင့် ပြီးခဲ့သောရာသီ
ပွဲစဉ်(၁၈)အပြီး ဂိုးသွင်း ယူမှုထက် ၁၀ ဂိုး ပိုမိုများပြားနေသည်။ တစ်ဖက်တွင် ဂျူဗင်တပ်
သည် ချန်ပီယံ လိဂ်ပြိုင်ပွဲ၌ ရှုံးထွက်အဆင့်သို့ တက် ရောက်သွားနိုင်ပြီဖြစ်သည်။

ကိုပါ အီတာလီယာ ရှုံးထွက်ဖလားပြိုင်ပွဲတွင် လည်း ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်
သွားပြီဖြစ်သည်။

ဆောင်းခိုချိန် ခေတ္တရပ်နားထားချိန် တွင် ဂျူဗင်တပ်သည် ဒုတိယနေရာမှ လာဇီယိုကို ရှစ်မှတ်
ဖြတ်ထားလိုက်သည်။

တစ်ဖန် စီးရီးအေတွင် ခြေစွမ်း နှင့် ရစ်သမ်သာမက ကစားသမားများ အကြား ယုံကြည်မှုနှင့်
စိတ်ဓာတ်ပိုင်းများတွင်ပါ အမြင့်မားဆုံး အခြေအနေ တွင်ရှိနေသောကြောင့် ထိုအနေအထား
ကို ၂၀၁၃ ခုနှစ်ထဲတွင် ကူးပြောင်း 'ထိန်း' ထားနိုင်ပါက စကူဒက်တို အမှတ်ပေး ချန်ပီယံဆု
ဖလားသည် ဂျူဗင်တပ် အတွက်၊သေချာနေသလောက်ရှိသည်။

ဂျူဗင်တပ်သည် ပြိုင်ပွဲအရပ်ရပ်တွင် ခြောက်ပွဲဆက်တိုက် နိုင်ထားသည်။ ထိုခြောက်ပွဲအတွင်း
၁၂ ဂိုး သွင်းယူ နိုင်ပြီး ပေးဂိုးတစ်ဂိုးသာရှိသည်။

ငါးပွဲ တိတိ ပေးဂိုးလုံးဝမရှိ clean-sheet ဖြစ်ခဲ့သည်။ အသင်းလိုက် တည်ငြိမ်မှု ရှိပြီး ဂိုးသွင်း
အားကျဆင်းသွားခြင်း မရှိသလို တစ်ဖက်ကလည်း နောက်တန်း လုံခြုံကျစ်လျစ်မှုကို ပွဲတိုင်း
လိုလို ထိန်းထားနိုင်သေးသည်။

ခြုံငုံကြည့်ပါက စီးရီးအေတွင် ဂျူဗင်တပ်လောက် ပြီးပြည့်စုံသောအသင်းမရှိကြောင်း တွေ့လာ
ရသည်။

စီးရီးအေ အမှတ်ပေးဇယား ထိပ်ပိုင်းကို အကဲခပ်ကြည့်ပါက ဦးဆောင်နေသော ဂျူဗင်တပ်နှင့်
အောက်ဖက်မှ လိုက်လံ ဖိအားပေးနေသော ပြိုင်ဘက်အသင်း များအကြား ကွာဟမှုကြီးမားနေ
ကြောင်း တစ်စတစ်စပေါ်လွင်လာသည်။

ဒုတိယ နေရာတွင် အင်တာမီလန်၊ လာဇီယို၊ နာပိုလီ အစရှိသော အသင်းများသည် တစ်သင်းကျ
တစ်သင်းတက် ဖြင့် 'လည်' နေကြသည်။

ဒုတိယနေရာရောက်လာ ပြီးနောက် ဂျူဗင်တပ်ကို စိုက်လိုက် မတ်တပ် ဖိအားလိုက်ပေးနိုင်သော
အသင်းဟူ၍ ပေါ်ထွက်လာနိုင်ခြင်း မရှိသေးပေ။

အဆင့်နှစ်မှ အဆင့်ခြောက် စာရင်းဝင်အသင်းများသာ တက်လိုက် ကျလိုက်ဖြင့် လုံချာလိုက်နေ
သလောက် ဂျူဗင်တပ်ကတော့ ထိပ်ဆုံးမှာ ဟန် မပျက်ဦးဆောင်နေသည်။

ကျွန်တော့ အမြင်တွင် ယခုရာသီ၌ ဂျူဗင်တပ်၏ စွမ်းဆောင်ရည်ပိုင်း၊ စိတ်ဓာတ်၊ ကစားသမား
နှင့်နည်းပြတို့အကြားရှိနေသော ယုံကြည်မှုပိုင်းများတွင် အခြားမည်သည့် ပြိုင်ဘက်မှ လိုက်
ယှဉ်နိုင်တော့မည် မဟုတ်ဟု ယူဆမိသည်။

ဒုတိယနေရာသို့ ရောက်လာသော လာဇီယိုသည်လည်း သည်ဘက်နှစ်များ တွင် တစ်ဟုန်ထိုး
တိုးတက်လာသည်။

လာဇီယိုတွင် ၀ါရင့်ကစားသမား အတော် များများကို အထိုင်ချ တည်ဆောက်ထားသည်။

အတွေ့အကြုံများသော ဂျာမနီ တိုက်စစ်မှူး ကလိုဆေးကလည်း ဂိုးသွင်း ခြေစွမ်းကို တတ်နိုင်
သလောက် ထိန်းနိုင် သကဲ့သို့ ကွင်းလယ်လူများနှင့် ပူးပေါင်း ဆောင်ရွက်မှုကောင်းမွန်သော
ကြောင့် သူပါဝင်ကစားနိုင်သောပွဲများတွင် လာဇီယိုခြေစွမ်း၊ စိတ်ဓာတ်မြင့်မားမှုနှင့် တိုက်စစ်
အားတို့၊ကောင်းမွန်တတ်သည်။

ယူရိုပါလိဂ်တွင် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ပြီး ကိုပါအီတာလျံ ဖလားတွင်လည်း
ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်လာချိန်မှာပင် လာဇီယိုသည် စီးရီးအေတွင်လည်း
ခြေစွမ်းတည်ငြိမ်မှုကို တတ်နိုင်သမျှ ထိန်းနိုင်ရန် အားထုတ်လာသည်ကို တွေ့ရသည်။

လာဇီယိုသည် နိုဝင်ဘာ ၄ ရက်တွင် ကာတာနီးယားကွင်း၌ လေးဂိုးပြတ် အရေးနိမ့်ပြီးနောက်
ပိုင်း သိသိသာသာ တိုးတက်လာသည်။

စီးရီးအေ၊ ကိုပါအီတာလျံဖလားနှင့် ယူရိုပါလိဂ် ပြိုင်ပွဲသုံးခု တစ်ပြိုင်နက်တည်း ကစားနေသည့်
ကြားမှ လတ် တလောတွင် ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင်ထားသည်။

ထို ၁၁ ပွဲတွင် ရှစ်ပွဲ နိုင်ပြီး သုံးပွဲသရေကျသည်။ တစ်ဖန် ၁၈ ဂိုးသွင်းနိုင်ပြီး ငါးဂိုးသာ ပြန်
လည် သွင်းခံရသကဲ့သို့ ခုနစ်ပွဲမှာ ပေးဂိုးမရှိ clean-sheet ဖြစ်ခဲ့သည်။

သို့ကလိုကြောင့် လာဇီယိုသည် တိုက်စစ်ရော၊ ခံစစ်ပါ ကျစ်လျစ် တောင့်တင်းမှုရှိသကဲ့သို့
သမ္ဘာနှင့် အတွေ့အကြုံ ကြွယ်ဝသည်။

သို့ရာတွင် အသင်းအနေအထားနှင့် ပြိုင်ပွဲသုံးခု 'ဖွင့်' ကစားနေခြင်းကို ချိန်ထိုးလိုက်ပါက
မနိုင်ဝန်ထိုးနေသကဲ့သို့ ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း