Tuesday, May 31, 2016

ပရီမီယာလိဂ်ရာသီဝက်ပြီးသောအခါ...

oဲမှယာ- ဖယ်လိုင်နီ၊ ဒီမက်တီယို၊ ၀ီလ်ရှိုင်းယားoဲမှယာ- ဖယ်လိုင်နီ၊ ဒီမက်တီယို၊ ၀ီလ်ရှိုင်းယား

ပြီခဲ့တဲ့အပတ် ပရီမီယာလိဂ်အနှစ်ချုပ်အဖြစ် ဩဂုတ်၊ စက်တင်ဘာလအတွင်းအခြေအနေတွေ
ကို တင်ပြပြီးတဲ့နောက် အခုအပတ်မှာတော့ အောက်တိုဘာ၊နိုဝင်ဘာ၊ ဒီဇင်ဘာအတွင်း
အခြေအနေတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

စက်တင်ဘာလအကုန်မှာ ပရီမီယာလိဂ်ကို ချယ်လ်ဆီး အမှတ်ပေးဇယားကို ဦးဆောင်သလို
အောက်တိုဘာလ အတွင်းမှာလည်း ချယ်လ်ဆီးကပဲ အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့
ပါတယ်။ အောက်တိုဘာအကုန်မှာ ကိုးပွဲကစား ပြီးသွားခဲ့ပြီ။ ချယ်လ်ဆီးကပဲ ၂၂ မှတ်နဲ့
ဦးဆောင်သွားခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် မန်ယူက ၂၁ မှတ်နဲ့ ချယ်လ်ဆီးကို စတင်ဖိအားပေးခဲ့တဲ့လပဲဖြစ်ပါ တယ်။ မန်ယူရဲ့
နောက်မှာ မန်စီးတီး ကလည်း ၂၁ မှတ်နဲ့ ချယ်လ်ဆီးကို မန်ယူနဲ့အတူ ဖိအားပေးလာခဲ့လို့
ပရီမီယာလိဂ်ရဲ့ ဇာတ်ရှိန်က စတင်မြင့်တက်လာခဲ့ ပါတယ်။

အောက်တိုဘာလထဲမှာ ချယ်လ်ဆီး နဲ့မန်ယူ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ထိပ်တိုက်တွေ့ခဲ့ပြီး မန်ယူ
က ၃-၂ နဲ့ အနိုင်ရလိုက် ရာကစပြီး မန်ယူဟာ ချယ်လ်ဆီးကိုဖိအားပေးဖို့ဖြစ်လာခဲ့တာပဲ
ဖြစ်ပါတယ်။ အောက်တိုဘာမှာ မန်ယူဟာ နယူး ကာဆယ်ကို ၃-၀၊ စတုတ်ကို ၄-၂၊ ချယ်လ်
ဆီးကို ၃-၂ တို့နဲ့ နိုင်ခဲ့ပြီးတဲ့ နောက် ချယ်လ်ဆီးပွဲပြီးတော့ အာဆင် နယ်နဲ့ ဆက်ကစားရလို့
ပွဲကျပ်ကာလ လို့ဆိုရမှာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်ကိုလည်း ၂-၁ နဲ့ နိုင်ခဲ့လို့ ဖာဂူဆန်အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့လ
ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဖာဂူဆန်ဟာ အောက်တိုဘာလရဲ့ အကောင်းဆုံးမန်နေဂျာ
ဆုကိုရရှိသွား ခဲ့တာဖြစ်ပါတယ်။ မန်ယူနည်းတူပဲ မန်စီးတီးဟာ အောက်တိုဘာလထဲ
ရလဒ်ကောင်းတွေထွက်ခဲ့ပါတယ်။ မန်ချီနီဟာ ဖာဂူဆန်လောက် ပွဲမကျပ် ခဲ့ပေမယ့် ရလဒ်
ကောင်းတွေ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဆန်းဒါးလန်း၊ ၀က်စ် ဘရွန်း၊ ဆွမ်ဆီးတို့ကို အနိုင်ကစားနိုင် ခဲ့တာပါ။ လက်ရှိမှာ ခြေစွမ်း
ကျဆင်းနေတဲ့ ဖူလ်ဟမ်ဟာလည်း အောက်တိုဘာလ ထဲမှာ ရှုံးပွဲမရှိ ကစားနိုင်ခဲ့လို့
အဆင့်(၇) နေရာအထိရောက်လာခဲ့ပါတယ်။ ဗီလာကိုအနိုင်၊ ဆောက်သမ်တန်၊ ရက်ဒင်း
တို့ကို သရေကစားခဲ့ပြီး မာတင်ဂျိုးက ယူရိုပါလိဂ်ဝင်ခွင့်ကိုတောင် မှန်းခဲ့တဲ့လ ဖြစ်ပါတယ်။

အခုတော့ ဖူလ်ဟမ်ဟာ အဆင့်(၁၃)မှာပဲ ရပ်တည်နေခဲ့ပါတယ်။ ဖူလ်ဟမ်လိုပဲ ခြေစွမ်းပြတဲ့
နောက်ထပ် အသင်းငယ်က နော်ဝစ်ခ်ျအသင်းပါ။ အာဆင်နယ်ကိုအိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်
ရပြီး တန်းဆင်းဇုန်က စတင် ရုန်းထွက်လာဖို့ ရစ်သမ်စတင်မှန်ခဲ့တဲ့ နော်ဝစ်ခ်ျရဲ့လပဲ
ဖြစ်ပါတယ်။

အောက်တိုဘာလထဲမှာ တန်းဆင်းဇုန်ထဲရောက်တဲ့ အသင်းတွေက ကျူပီအာရ် (၂၀)၊ ရက်ဒင်း
(၁၉)၊ နော်ဝစ်ခ်ျ (၁၈)တို့ပဲ ဖြစ်ပါတယ်။ ဒဏ်ရာကပြန်ကောင်းလာပြီး ခြေစွမ်းပြကစားနိုင်ခဲ့တဲ့
သူက အာဆင်နယ်က ၀ီလ်ရှိုင်းယားပဲဖြစ်ပါတယ်။ သူ့ရဲ့ခြေစွမ်းပြကစားနိုင်မှုနဲ့ ပတ်သက်ပြီး
ပြောပြဖို့စကားလုံးတောင် မရှိခဲ့ပါဘူးလို့ ဆိုခဲ့ပါတယ်။

နိုဝင်ဘာလထဲရောက်တဲ့အခါမှာတော့ အမှတ်ပေးဇယားဦးဆောင်မှုဟာ ပြောင်းလဲသွားခဲ့ပြီး
ချယ်လ်ဆီးရဲ့နေရာ ကို မန်ယူရယူသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါ တယ်။ ပွဲစဉ်(၁၄)ကစားအပြီးမှာ
မန်ယူ ဟာ ၃၃ မှတ်နဲ့ ထိပ်ဆုံးရောက်ခဲ့ပြီး မန်စီးတီးက ၃၂ မှတ်နဲ့ ဒုတိယ၊ တောက်လျှောက်
ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ၂၆ မှတ်နဲ့  တတိယနေရာကို ထိုးကျသွား ခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံချယ်လ်ဆီးဟာ ဂျူဗင်တပ်ကို ရှုံးခဲ့ပြီးတဲ့ နောက်မှာ
ပိုင်ရှင်အေဗရာမိုဗစ်ခ်ျဟာ မန်နေဂျာ ဒီမက်တီယိုကို ထုတ်ပယ်ပစ် လိုက်လို့ ပရီမီယာလိဂ်မှာ
စွမ်းဆောင် ရည်ကောင်းနေတဲ့ ချယ်လ်ဆီးရဲ့ရစ်သမ် ဟာ ပျက်ပြားသွားခဲ့ပါတယ်။ ယာယီ
နည်းပြအဖြစ်ရောက်လာတဲ့ ဘင်နီ တက်ဇ်ဟာ ချယ်လ်ဆီးပရိသတ်ရဲ့ မလိုလားမှုနဲ့ကြုံတွေ့ပြီး
ချယ်လ်ဆီး ခက်ခဲရုန်းကန်သွားခဲ့ရတာပဲဖြစ်ပါတယ်။

ဘင်နီတက်ဇ်ဟာ ချယ်လ်ဆီးကို ကိုင်တွယ်တဲ့ ပထမနှစ်ပွဲကို သရေတွေ သာ ကစားနိုင်ခြင်းနဲ
့ ချယ်လ်ဆီးနည်းပြ ဘ၀ကို စတင်ခဲ့ရပါတယ်။ နိုဝင်ဘာလထဲမှာ အကောင်းဆုံး ခြေစွမ်းရှိခဲ့
တာက ၀က်စ်ဘရွန်းအသင်း လေးသာပဲဖြစ်ပါတယ်။ နည်းပြသစ် စတိဗ်ကလပ်ဟာ အကောင်း
ဆုံးစွမ်း ဆောင်နိုင်လို့ ၀က်စ်ဘရွန်းဟာ အဆင့်(၄)နေရာကိုရောက်လာခဲ့သလို စတိဗ်ကလပ်
ဟာလည်း နိုဝင်ဘာလရဲ့ အကောင်းဆုံးမန်နေဂျာဆုကို ရရှိသွား ခဲ့ပါတယ်။ ဆောက်သမ်တန်
၊ ၀ီဂန်၊ ချယ်လ်ဆီးနဲ့ ဆန်းဒါးလန်းတို့ကို ၀က်စ်ဘရွန်း အနိုင်ကစားခဲ့တဲ့လဖြစ်ပါတယ်။

ချယ်လ်ဆီးဟာ ၀က်စ်ဘရွန်းကို ရှုံးသွားပြီးတဲ့နောက်မှာ မန်နေဂျာ ဒီမက်တီယိုလည်း ထုတ်ပယ်
ခံလိုက်ရတာပဲဖြစ်ပါတယ်။ ဒီလထဲမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သူက အဲဗာတန်ကွင်းလယ်
ကစားသမား ဖယ်လိုင်နီဖြစ်ပြီး နိုဝင်ဘာလရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိ သွားနိုင်ခဲ့
ပါတယ်။ ဖယ်လိုင်နီဟာ အဲဗာတန်အတွက် နိုဝင်ဘာလထဲမှာ လေးဂိုးသွင်းသွားနိုင်ခဲ့ပါတယ်။

နိုဝင်ဘာလထဲမှာ ဒီမက်တီယိုဟာ ချယ်လ်ဆီးကို လက်လွှတ်လိုက်ရသလို ကျူပီအာရ်မန်နေဂျာ
မာ့ခ်ဟုခ်ျဟာလည်း နည်းပြရာထူးကို လက်လွှတ် လိုက်ရပါတယ်။ ကျူပီအာရ်ဟာ အိမ်ကွင်းမှာ
တန်းတက်ဆောက်သမ် တန်ကို ရှုံးနိမ့်သွားလို့ မာ့ခ်ဟုခ်ျကို လက်လွှတ်လိုက်ကာ ရက်ဒ်နက်နဲ့
အစားထိုးလိုက်ရပါတယ်။

အာဆင်နယ်က လန်ဒန်မဟာ ပြိုင်ဘက် စပါးကို အိမ်ကွင်းမှာ ၅-၂ နဲ့ အနိုင်ရတာ နိုဝင်ဘာလ
ထဲမှာပါ။ ဒီပွဲဟာနိုဝင်ဘာထဲကပွဲထဲမှာ အကောင်းဆုံးပွဲ တစ်ပွဲဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာမှာ
မန်ယူဟာ ပရီမီယာလိဂ်ထိပ်ဆုံးကို ရောက်လာနိုင်ခဲ့ပေမယ့် ခက်ခဲရုန်းကန် ကစားရပြီး
တက်လာနိုင်ခဲ့တာပါ။

နော်ဝစ်ခ်ျကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ သလို အက်စတွန်ဗီလာကိုလည်း နှစ်ဂိုးအရှုံးကနေ ဒုတိယ
ပိုင်းရောက်မှ ဂိုးတွေသွင်းပြီး အနိုင်ယူကစားသွားနိုင်ခဲ့တဲ့ ကာလဖြစ်ခဲ့ပါတယ်။ ၀ီဂန်ကွင်းလယ်
ကစားသမား ဂျော်ဒီဂိုမက်ဇ်ဟာ နိုဝင် ဘာလထဲမှာ ဟက်ထရစ်သွင်းနိုင်ခဲ့ သူပါ။ ၀ီဂန်နဲ့
ရက်ဒင်းတို့ကစားတဲ့ပွဲမှာ ၀ီဂန်ဟာ ၂-၁ နဲ့ အနိုင်ရနေရာက ၀ီဂန်ဂိုးသမား အယ်လ်ဟက်ဆီ
မမှားသင့်တဲ့ အမှားကနေ ဂိုးပေးလိုက်ရလို့ ၂-၂ သရေကျနေစဉ်မှာ မိနစ် ၉၀ အရောက် မှာ
ဝီဂန်ရဲ့ အနိုင်ဂိုးကို ဂိုမက်ဇ်က သွင်းခဲ့လို့ ၀ီဂန်အနိုင်ရကာ ဂိုမက်ဇ်ဟာလည်း ဟက်ထရစ်
ရသွားခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာမှာ တန်းဆင်းဇုန်ထဲရောက် နေတဲ့အသင်းတွေက ကျူပီအာရ်(၂၀)၊ ဆောက်သမ်တန်
(၁၉)၊ ရက်ဒင်း (၁၈) တို့ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ မှာ တန်းဆင်းဇုန်ထဲရှိနေတဲ့
နော်ဝစ်ခ်ျ ဟာ ရုန်းထွက်သွားနိုင်ခဲ့ပါတယ်။

ဒီဇင်ဘာလပွဲစဉ်တွေကတော့ အများသိတဲ့အတိုင်းပွဲကစားရက်တွေ စိပ်ခဲ့တဲ့ လပဲဖြစ်ပါတယ်။
ဘောက်ဆင်ဒေး၊ နှစ်ကုန်အပိတ်၊ နှစ်သစ်ကူးအဖွင့်ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ကစားခဲ့တဲ့လပဲဖြစ်ပါ
တယ်။ ဒီဇင်ဘာထဲမှာ ချယ်လ်ဆီး၊ မန်ယူ၊ အာဆင်နယ်၊ စပါး၊ လီဗာပူးတို့ ပြောစမှတ်တွင်ခဲ့တဲ့
လဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ ၀က်စ်ဟမ်းကို အဝေး ကွင်းမှာ ရှုံး၊ ဗီလာကို အိမ်ကွင်းမှာ ၈-ဝ
နဲ့ နိုင်ခဲ့ပါတယ်။

ဘင်နီတက်ဇ်အနေနဲ့ အတက်အကျ၊ အနိမ့်အမြင့်တွေရှိခဲ့ပြီး မှန်းရခက်တဲ့ ခြေမမှန်တဲ့အသင်း
မျိုး ဖြစ်သွားခဲ့ပါတယ်။ မန်ယူကျတော့ လည်း အိမ်ကွင်းမှာ ဆန်းဒါးလန်း၊ နယူးကာဆယ်၊
ဝက်စ်ဘရွန်းတို့ကို နိုင်ခဲ့သော်လည်း နယူးကာဆယ်ပွဲဟာ မန်ယူ တို့ရဲ့ သရဲနီစိတ်ဓာတ်ကို
မြင်တွေ့စေတဲ့ ပွဲဖြစ်ခဲ့ပါတယ်။ နယူးကာဆယ်ဟာ ဧည့်သည်အသင်းဖြစ်သော်လည်း မန်ယူ
ကို မကြောက်ဘဲ ဖွင့်ကစားသွားခဲ့လို့ ဦးဆောင်ဂိုးတွေ တောက်လျှောက်သွင်း ပြီးမှ
နောက်ဆုံးမှာ ရှုံးသွားခဲ့တာဖြစ်ပါ တယ်။

၎-၃ နဲ့ မန်ယူနိုင်တဲ့ ဒီပွဲမှာ နယူးကာဆယ်ကချည်း ဦးဆောင်ဂိုး သွင်းခဲ့လို့ သရေနဲ့ပြီးမယ့်
အချိန်မှာ ပွဲပြီးခါနီးမှာ ဟာနန်ဒက်ဇ်က အနိုင်ဂိုး သွင်းသွားလို့ ဖာဂူဆန်တော်တော်ပျော်
ခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။ မန်စီးတီးလည်း  ထို့အတူပါပဲ။ နော်ဝစ်ခ်ျနဲ့ပွဲမှာ ၄-၃ နဲ့ နိုင်ခဲ့တော့ ပွဲအစ
ခုနစ်မိနစ်အတွင်းမှာ နှစ်ဂိုးပြတ်နိုင်နေခဲ့တာပါ။ ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာ နာဆရီအထုတ်
ခံ ရလို့ နော်ဝစ်ခ်ျရဲ့ ဖိကစားတာကိုခံခဲ့ရ ပါတယ်။ ဒါပေမယ့် ၁၀ ယောက်တည်းနဲ့ မန်စီးတီး
ဟာ ဒုတိယပိုင်းမှာ နှစ်ဂိုးထပ် သွင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် နော်ဝစ်ခ်ျရဲ့ ချေပဂိုးတွေကြောင့် မန်စီးတီးဟာ ကံကောင်းစွာ ၄-၃ နဲ့ အနိုင်ရသွားခဲ့
ပါတယ်။ နယူးကာဆယ်က မန်ယူကို ရှုံးပြီးတော့ အာဆင်နယ်နဲ့ ဆက်ပြန် တော့လည်း ၃-၃
နဲ့ သရေအထိကစား နိုင်ခဲ့ပြီးမှာ နောက်ဆုံးမှာ ၇-၃ ဂိုးနဲ့ ရှုံးသွားခဲ့ရပြန်ပါတယ်။

အာဆင်နယ်- နယူးကာဆယ်ပွဲ ဒုတိယပိုင်းဟာ ပွဲကြည့်ပရိသတ်ကို ရသပေးနိုင်တဲ့ပွဲပဲဖြစ်
ပါတယ်။ ဒီဇင်ဘာလထဲမှာ စပါးဟာ ရလဒ်တွေ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါ တယ်။
လီဗာပူးဟာ အဲဒီနိုဝင်ဘာအစမှာ ဗီလာကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့သလို စတုတ်ကိုလည်း
ဂိုးပြတ်ရှုံးခဲ့ပါတယ်။

ဒါပေမယ့် ဖူလ်ဟမ်နဲ့ ကျူပီအာရ်တို့ကိုတော့ ဂိုးပြတ်တွေနဲ့ ကစားသွားနိုင်ခဲ့ပါတယ်။ ပရီမီယာ
လိဂ်ရာသီတစ်လျှောက် နိုင်ပွဲမရှိသေးတဲ့ ကျူပီအာရ်ဟာ ဖူလ်ဟမ်ကို အနိုင်ရပြီး နိုင်ပွဲစတွေ့
သွား ခဲ့ပါတယ်။ ဒီဇင်ဘာ ၃၁ အပြီးမှာတော့ တန်းဆင်းဇုန်ထဲကို ကျူပီအာရ် (၂၀)၊  ရက်ဒင်း
(၁၉)၊ ဆောက်သမ်တန်(၁၈)တို့ ရောက်ရှိသွားပြီး ၂၀၁၂-၁၃ ခရီးတစ်ဝက်ကို အဆုံးသတ်
သွားခဲ့ ကြပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yadanarbon
11 17 29
Hantharwady Utd
11 8 21
Ayeyarwady United
11 3 20
Yangon United
11 10 19
Magwe FC
11 1 16
Chin United
11 1 15
Zwekapin United
11 2 14
Zeyar Shwe Myay
11 -3 13
Shan United
11 6 12
Rakhine United
11 -3 11
Horizon FC
11 -21 5
Southern Myanmar
11 -21 4
Last Updated - 7 April 2016
TeamGPGDPTS
Manaw Myay
11 24 26
GFA
11 12 26
Nay Pyi Taw FC
11 13 20
Myawady FC
11 14 19
Mawyawadi FC
11 4 19
Mahar United
11 6 18
University FC
11 -3 15
City Stars
11 -6 12
Dagon FC
11 -2 11
United of Thanlyin
11 -9 11
Silver Stars
11 -23 4
Pong Gan
11 -30 1
Last Updated - 7 April 2016

အကြည့်အများဆုံး - အားကစားသတင်း