Monday, 31 August 2015

ဩစတြေးလျအိုးပင်းမှာ ဘယ်သူတွေ ဗိုလ်စွဲဦးမှာလဲ

ဩစတြေးလျအိုးပင်း၏ လက်ရှိအမျိုးသားတစ်ဦးချင်းချန်ပီယံ ဂျိုကိုဗစ်ရှ်။ ဓာတ်ပုံ - အေအက်ဖ်ပီဩစတြေးလျအိုးပင်း၏ လက်ရှိအမျိုးသားတစ်ဦးချင်းချန်ပီယံ ဂျိုကိုဗစ်ရှ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

တင်းနစ်ပရိသတ်တွေကို ရင်ခုန်သံမြန် စေဦးမယ့်၊ စိတ်လှုပ်ရှားမှုမျိုးစုံပေးစွမ်း ဦးမယ့် နာမည်ကြီး
ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲကြီးကို လာမယ့်ဇန်န၀ါရီ ၁၄ မှာ မဲလ်ဘန်းမြို့ကMelbourne
Park မှာ စတင်ဖွင့်လှစ်ကျင်းပတော့မှာဖြစ်ပါတယ်။

ကြီးလေးကြီးဂရင်းဆလမ် ပြိုင်ပွဲကြီးတစ်ရပ်ဖြစ်သလို ပြိုင်ပွဲ သက်တမ်းကလည်း ရာစုနှစ်တစ်ခု
ကိုတောင် ကျော်လွန်ခဲ့သည်ဖြစ်တာမို့ ဒီပြိုင်ပွဲဟာ တင်းနစ်ကမ္ဘာမှာတော့ အထင်ကရပြိုင်ပွဲ
တစ်ရပ်ဖြစ်တယ် ဆိုတာ အားလုံးအသိပါပဲ။

၁၉၀၅ ခုနှစ် ကာလကတည်းက စတင်ကျင်းပခဲ့တဲ့ ဒီအကျော်ဒေးယျပြိုင်ပွဲကြီးကို ဩစတြေးလျ
မြို့ကြီးငါးမြို့နဲ့ နယူးဇီလန်မြို့နှစ်မြို့မှာ ကျင်းပခဲ့ဖူးပေမယ့် ၁၉၇၂ ခုနှစ် ကာလအရောက်မှာတော့
မဲလ်ဘန်းမြို့မှာပဲ အတည်တကျကျင်းပခဲ့တာ ယနေ့ကာလတိုင်အောင်ပဲဖြစ်ပါတယ်။

ယူအက်စ်အိုးပင်းပြိုင်ပွဲပြီးရင် ဒုတိယ ပရိသတ်အားပေးမှု အများဆုံး ဂရင်းဆလမ်ပြိုင်ပွဲဟာ
အခြားပြိုင်ပွဲသုံးရပ် လောက်တော့ ရုပ်သံတင်ဆက်မှုများပြား ခြင်းမရှိခဲ့တာကလည်း ထူးခြား
ချက် တစ်ရပ်ပါပဲ။ စုစုပေါင်း ရုပ်သံလိုင်းတစ်ခု ကပဲ ဒီပြိုင်ပွဲကို တိုက်ရိုက်တင်ဆက်မှာ လို့
သိရပါတယ်။

အခုနှစ်ပြိုင်ပွဲကို အမျိုးသားတစ်ဦး ချင်းမှာ ဗိုလ်စွဲသူကို ဆုကြေးဒေါ်လာ နှစ်သန်းကျော်
ချီးမြှင့်မှာဖြစ်ပြီး လက်ရှိ ချန်ပီယံဂျိုကိုဗစ်ရှ်က အလားအလာ အကောင်းဆုံး ဆီဒင်(၁)ရရှိ
ထားတာ တွေ့ရပါတယ်။ ဂန္ထ၀င်ဖက်ဒါးရားက ဆီဒင်(၂)နဲ့ အင်္ဂလန်ငွေကြယ်ပွင့် မာရေးက
ဆီဒင်(၃)ရရှိထားပြီး အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲမှာလည်း လက်ရှိ ချန်ပီယံ အဇာရင်ကာ
ကပဲ ဆီဒင်(၁) ရရှိထားပါတယ်။ ကမ္ဘာ့အဆင့်(၂) ရှာရာပိုဗာက ဆီဒင်(၂)ရရှိထားသလို
ဆီရီနာဝီလျံက ဆီဒင်(၃)နဲ့ ပိုလန်စတား ရ၀မ်စကာက ဆီဒင်(၄)အသီးသီးရရှိ
ထားပါတယ်။

Hardcourt (Plexicushion) မျက်နှာပြင်အမျိုးအစားမှာ ယှဉ်ပြိုင်ရတဲ့ဒီပြိုင်ပွဲဟာ ၁၉၈၇
ကာလအထိါမျေ မျက်နှာပြင်မှာ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်ခဲ့ ဖူးပါတယ်။ ၁၉၈၈ ကာလထဲမှာ
Hardcourt မျက်နှာပြင်ပြိုင်ပွဲအဖြစ် မဲလ်ဘန်းပါ့ခ်မှာ စတင်ပြောင်းလဲကျင်းပ ခဲ့ပြီး မျက်နှာ
ပြင်အမျိုးအစားမတူတဲ့ ပြိုင်ပွဲနှစ်ရပ်မှာ ဗိုလ်စွဲခဲ့ဖူးသူကလည်း တစ်ဦးပဲရှိခဲ့ပါတယ်။

ဒီဘက်ခေတ်မှာ အမေရိကန်စတား အင်ဒရေးအဂ္ဂါစီ တင်ရှိထားတဲ့ သုံးထပ်ကွမ်းချန်ပီယံ
စံချိန်ကို လက်ရှိချန်ပီယံဂျိုကိုဗစ်ရှ် အမီလိုက်နိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာပဲ
ဖြစ်ပါတယ်။ ဩစတြေးလျအိုးပင်း အကြိုလက်ရည်စမ်းပွဲ တစ်ပွဲဖြစ်တဲ့ Hoffman Cup
ပြိုင်ပွဲမှာ ဂျိုကိုဗစ်ရှ်ဟာ လက်စွမ်းမပြနိုင်ပဲ အရေးနိမ့်ခဲ့တာကြောင့် လက်ရှိသရဖူကို
ကာကွယ်နိုင်စွမ်းရှိပါ့မလားဆိုတာကိုလည်း ဆားဘီးယားပရိသတ်တွေ တွေးပူနေကြတာ
တွေ့ရပါတယ်။

ဂန္ထ၀င် ဖက်ဒါးရားအတွက်ကလည်း ဒီပြိုင်ပွဲဟာသူ့ရဲ့အားကစားသမားဘ၀နှုတ်ဆက်
ဂရင်းဆလမ်လို့ ဆိုနိုင်တာကြောင့် အကြိတ်အနယ်ကြိုးစားလာဦးမှာ သေချာသလို
အိုလံပစ် ရွှေတံဆိပ်ဆုရှင် မာရေးအတွက်ကလည်း ဂရင်းဆလမ် ဆုဖလားလေးလုံး
အိပ်မက်ခရီးအတွက် ဒုတိယခြေလှမ်းဖြစ်တာကြောင့် ရေကုန် ရေခန်းယှဉ်ပြိုင်သွားဦး
မှာ သေချာပါ တယ်။

အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲအတွက် ဆီဒင်(၁)ရထားသူ ဘီလာရုစ်စတား အဇာရင်
ကာဟာ လက်ရှိကမ္ဘာ့အဆင့် (၁)တင်းနစ်ငွေကြယ်ပွင့်ဖြစ်ပြီး ပထမ ဆုံးသော ဘီလာရုစ်
ဂရင်းဆလမ်ဆုရှင် အဖြစ် မှတ်တမ်းဝင်ထားသလိုHardcourt မျက်နှာပြင်ပြိုင်ပွဲတွေမှာ
အထူးလက်စွမ်းပြနိုင်သူတစ်ဦးပဲဖြစ်ပါတယ်။

၁၉၉၂ မှာ စတင်ကျင်းပခဲ့တဲ့ ဩစတြေးလျအိုးပင်း အမျိုးသမီးတစ်ဦး ချင်းပြိုင်ပွဲမှာ စံချိန်တင်
ဆုဖလားရယူ ထားသူက စတက်ဖီဂရပ်ဖ်နဲ့ မော်နီကာ ဆဲလက်တို့ဖြစ်ပြီး လေးကြိမ်ရရှိခဲ့သလို
မာတီနာဟင်းဂစ်ဟာ သုံးကြိမ်ပိုင်ဆိုင်ခဲ့ ဖူးပါတယ်။

အခု ၂၀၁၃ မှာ ဘီလာရုစ်သူချောက ဒုတိယအကြိမ်မြောက်သရဖူရယူနိုင်ဦးမလားဆိုတာ
ကလည်း စိတ်ဝင်စားစရာပါပဲ။ ဂရင်းဆလမ် ဆုဖလားလေးလုံးစလုံးကို ပိုင်ဆိုင်ခွင့် ရထား
ပြီဖြစ်တဲ့ ရုရှားစတားမလေး ရှာရာပိုဗာကလည်း ဆီဒင်(၂)ရရှိထား တာကြောင့် လက်ရှိ
ချန်ပီယံလက်ထဲက သရဖူကို လွှဲပြောင်းရယူနိုင်မလားဆိုတာကို မော်စကိုပရိသတ်တွေ
မျှော်လင့် စောင့်စားနေကြပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ နှစ်စဉ်နှစ်တိုင်း ဇန်န၀ါရီလမှာ ကျင်းပမြဲဖြစ်တဲ့ ဂန္ထ၀င်ဩစတြေးလျ
တင်းနစ်ပြိုင်ပွဲနဲ့ပတ်သက်ရင် အားကစားပရိသတ်တွေအားလုံး ရင်ခုန်သံမြန်ရ စမြဲဖြစ်တဲ့
ဂရင်းဆလမ်ရာသီဖွင့်ပွဲကို စောင့်မျှော် အားပေးကြပါစို့လား။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
15 28 43
Ayeyawady
United
14 14 29
Magwe FC
14 14 29
Yadanarbon FC
14 13 29
KBZ FC
15 5 25
Chin United
15 -5 15
Nay Pyi Taw FC
15 -11 15
Zeyar Shwe Myay
FC
14 -8 14
Zwekapin FC
15 -9 14
Hantharwady FC
15 -6 11
Manaw Myay FC
15 -16 11
Rakhine United
15 -19 11
Last Updated - 18 August 2015

အကြည့်အများဆုံး - အားကစားသတင်း