Saturday, July 23, 2016

ခြေစမ်းပွဲများကစားရန် တောင်ကိုရီးယား အူလ်ဆန်တက္ကသိုလ်အသင်း ရောက်ရှိ

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း၊ မြန်မာနေရှင်နယ်လိဂ်ကလပ် ဇွဲကပင် အသင်းတို့နှင့်
ခြေစမ်းပွဲများကစားမည့် တောင်ကိုရီးယား အူလ်ဆန်တက္ကသိုလ် အသင်းသည် ပြီးခဲ့သည့်အင်္ဂါ
နေ့ နေ့လည် ၁ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

အူလ်ဆန်တက္ကသိုလ်အသင်း အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နိုင်ငံတကာဆက်ဆံရေးဌာန
တာဝန်ခံ ဦးစိုးဝင်းနှင့် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင် တို့သွားရောက်ကြိုဆို
ခဲ့ကြပြီး လိုအပ်သည်များအား စီစဉ် ဆောင်ရွက်ပေးခဲ့ကြသည်။

အူလ်ဆန်တက္ကသိုလ်အသင်းတွင် ကစားသမား ၂၂ ဦး၊ အုပ်ချုပ်သူ နည်းပြအဖွဲ့သုံးဦးလိုက်ပါ
လာခဲ့ကြပြီး ဇန်န၀ါရီ ၁၀ ရက်နေ့၊ ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ဇွဲကပင်ယူနိုက်တက်
အသင်း၊ ဇန်န၀ါရီ ၁၂ ရက်နေ့၊ ညနေ ၃ နာရီခွဲ အောင်ဆန်းကွင်းတွင် မြန်မာ့လက်ရွေးစင်
ယူ-၁၉ အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ အူလ်ဆန်အသင်း
သည် မြန်မာနိုင်ငံသို့ မလာရောက်မီ ကမ္ဘောဒီးယားနိုင်ငံတွင်လည်း ခြေစမ်းပွဲများ ကစားခဲ့
သေးကြောင်း သိရှိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yadanarbon
18 48 47
Magwe FC
18 8 32
Yangon United
18 15 30
Hantharwady Utd
18 5 29
Zeyar Shwe Myay
18 6 29
Shan United
18 13 28
Ayeyarwady United
18 5 28
Zwekapin United
18 4 24
Chin United
18 -10 19
Southern Myanmar
18 -24 13
Rakhine United
18 -12 12
Horizon FC
18 -35 6
Last Updated - 19 July 2016
TeamGPGDPTS
Manaw Myay
18 44 45
GFA
18 20 42
Nay Pyi Taw FC
18 29 38
Mahar United
17 18 33
Mawyawadi FC
18 5 29
Myawady FC
16 20 28
University FC
16 -17 17
Dagon FC
17 -9 16
City Stars
18 -13 16
United of Thanlyin
17 -27 11
Silver Stars
17 -33 10
Pong Gan
18 -37 6
Last Updated - 19 July 2016

အကြည့်အများဆုံး - အားကစားသတင်း