Monday, 31 August 2015

ဘရာဇီးလ်အသင်း၏ ခြေစမ်းပွဲခရီးစဉ် ပယ်ဖျက်

မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံ အချို့သို့ ခြေစမ်းပွဲများလာရောက် ကစားရန် စီစဉ်ထားသည့်
ဘရာဇီးလ် လက်ရွေးစင်ဟောင်းများအသင်းသည် ယင်းတို့၏ ကစားသမားများစုဆောင်းမှု
အဆင်မပြေခြင်းကြောင့် ၂၀၁၃ Asia Tour ခြေစမ်းပွဲခရီးစဉ်ကို ပယ်ဖျက်လိုက်ကြောင်း
သိရှိရသည်။

မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်အနေ ဖြင့် ခြေစမ်းပွဲအတွက် အစစအရာရာကြိုတင်စီစဉ်မှုများ
ပြုလုပ်ခဲ့သော်လည်း ဘရာဇီးလ် ကစားသမားဟောင်းများ အသင်း ခြေစမ်းပွဲအတွက်
တစ်ဖက်မှ စီစဉ်ပေးသူက Asia Tour အစီအစဉ်တစ်ရပ်လုံးအား ဖျက်သိမ်းလိုက်ကြောင်း
ဆက်သွယ်အကြောင်းကြားလာသဖြင့် ယခင်ထုတ်ပြန်ကြေညာခဲ့သည့် ခြေစမ်းပွဲ အစီအစဉ်
များကို ဖျက်သိမ်းခဲ့ ရသည်။

"တစ်ဖက်ကစီစဉ်ပေးသူက ဘရာဇီးလ်နာမည်ကျော် ကစားသမားဟောင်း တွေလိုက်မလာနိုင်
တဲ့အတွက် Asia Tour အစီအစဉ်တစ်ခုလုံးကို ပယ်ဖျက်လိုက်တယ်လို့ပြောပါတယ်။ ကျွန်တော်
တို့ဘက်က ခြေစမ်းပွဲအတွက်ကြိုတင် စီစဉ်ထားပြီးသားပါ။ ငွေခေတ် လက်ရွေးစင် ကစား
သမားတွေလည်း Old Star အသင်းအနေနဲ့ စုဖွဲ့လေ့ကျင့် နေကြပါပြီ။

အခုလိုခြေစမ်းပွဲ ပျက်ပြယ် သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံ
သာမက ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေကိုသွားမယ့် ခရီးစဉ်တွေလည်း ပယ်ဖျက်လိုက်တာ
ပါ"ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးဌာနတာဝန်ခံ ဦးစိုးမိုးကျော် က
ပြောကြားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
15 28 43
Ayeyawady
United
14 14 29
Magwe FC
14 14 29
Yadanarbon FC
14 13 29
KBZ FC
15 5 25
Chin United
15 -5 15
Nay Pyi Taw FC
15 -11 15
Zeyar Shwe Myay
FC
14 -8 14
Zwekapin FC
15 -9 14
Hantharwady FC
15 -6 11
Manaw Myay FC
15 -16 11
Rakhine United
15 -19 11
Last Updated - 18 August 2015