Tuesday, 01 September 2015

ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ၂၀၁၃ ဒဂုံရွှေအောင်လံ ဗိုလ်လုပွဲစဉ်များ

အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး မြန်မာ မီဒီယာဂရု(ပ်)
နှင့် ဒဂုံအဖျော်ယမကာကုမ္ပဏီတို့ ပူးပေါင်းစီစဉ်ကျင်းပလျက်ရှိသော ဒဂုံရွှေအောင်လံ မြန်မာ့
ရိုးရာလက်ဝှေ့ပြိုင်ပွဲ ၂၀၁၃ ၏ ဖိုင်နယ်ပွဲစဉ်များကို ပြီးခဲ့သည့် ဇန်န၀ါရီလ ၆ ရက်နေ့က
သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လေးချီပွဲစဉ်သုံးပွဲ၊ ငါးချီပွဲစဉ် ငါးပွဲအပါအ၀င် စုစုပေါင်းပွဲစဉ်ရှစ်ပွဲပါဝင်သော အဆိုပါ ပြိုင်ပွဲကြီး
သည် ပရိသတ်အကြိုက် လက်ဝှေ့သမားများ အနိုင်ရရှိခဲ့သောကြောင့် ပရိသတ် နှင့်ထပ်တူကျ
ခဲ့သော ဖိုင်နယ်ပွဲစဉ်များဖြစ်ခဲ့ သည်ဟုဆိုနိုင်သည်။

အထူးဒဂုံရွှေအောင်လံ ပွဲစဉ်များအဖြစ် ထွန်းထွန်းမင်း(မြန်မာ)နှင့် ဖဲလစ်(ဂျာမနီ)တို့၏
ပွဲစဉ်နှင့် ထွန်းထွန်း (မြန်မာ)နှင့်အက်ရှ်ခန် အမ်တီဒါဘီ(အီရန်) တို့၏ပွဲစဉ်များလည်း
ပါဝင်သည်။

လေးချီစိန်ခေါ်ပွဲစဉ်များတွင် အောင်သူရိန်က ရဲရင့်ထွန်းကို ပထမအချီတွင် ဆေးရှုံးဖြင့်အလဲ
ထိုးအနိုင်ရရှိခဲ့ပြီး ဇွဲမောင်မောင်နှင့် သက်ကို၊ စလူကာနှင့် ရှမ်းသွေးလေးတို့၏ပွဲစဉ်များသည်
အနိုင်အရှုံးမပေါ်ဘဲ သရေ ပွဲစဉ်များ ဖြစ်ခဲ့သည်။

တတိယတန်း ဒဂုံရွှေအောင်လံ ဖိုင်နယ်ပွဲစဉ်တွင် ရဲမြင့်အောင်နှင့် မြားထက်အောင်တို့ အကြိုက်
အနယ် ယှဉ်ပြိုင်ထိုးသတ်ကစားခဲ့ကြပြီး တတိယအချီတွင် ရဲမြင့်အောင်က ဒူးတိုက်ချက်ဖြင့်
မြှားထက်အောင်ကို နောက်ကောက်ချခဲ့ပြီး တတိယတန်းဒဂုံရွှေအောင်လံ ဆုဖလားကို
သိမ်းပိုက်နိုင်ခဲ့သည်။

ဒုတိယတန်းဒဂုံရွှေအောင်လံဖိုင်နယ်ပွဲစဉ်သည် လက်ရည်ကွာဟမှုကျဉ်းမြောင်းသော တူးတူးနှင့်
ဖိုးသားကြီးတို့၏ တွဲဆိုင်းဖြစ် သောကြောင့် အလွန်ကောင်းမွန်သောပွဲစဉ်ဖြစ်ခဲ့သည်။ ဖိုးသားကြီး
က နောက်ဆုံးအချီအထိ တောင့်ခံထားနိုင်ခဲ့ပြီး တူးတူးက အမှတ်ဖြင့်သာ အနိုင်ရရှိခဲ့ပြီး ဒုတိယ
တန်းရွှေအောင်လံကို ရယူနိုင်ခဲ့သည်။

အထူးဒဂုံရွှေအောင်လံပွဲစဉ်များသည် နိုင်ငံခြားသားလက်ဝှေ့သမားများ ပါဝင်သော်လည်း မြန်မာ
လက်ဝှေ့သမားများကို ယှဉ်ထိုး နိုင်ခြင်းမရှိဘဲ ပြည်တွင်းပွဲစဉ်များလောက်ပင် ပရိသတ်ကို
ဆွဲဆောင်နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။

နောက်ဆုံးပွဲစဉ်တွင် ပရိသတ် စိတ်အ၀င်စားဆုံး တွဲဆိုင်းဖြစ်သော တွေ့မရှောင်နှင့် ဖိုးကေတို့က
ပထမတန်းဒဂုံရွှေအောင်လံကို ယှဉ်ပြိုင်လုခဲ့ကြပြီး ဖိုးကေကို တွေ့မရှောင်က အလဲထိုးဖြင့်
အနိုင်ရရှိခဲ့သည်။

ဒဂုံရွှေအောင်လံပြိုင်ပွဲကြီး၏ အဓိကပြိုင်ပွဲဖြစ်သော ပထမတန်း ရွှေအောင်လံပွဲစဉ်သည်
ပရိသတ်မျှော်လင့် ထားသလောက် ကောင်းမွန်ခဲ့ခြင်းမရှိဘဲ တွေ့မရှောင်ကို ရင်ဆိုင်ယှဉ်ပြိုင်
နှိုင်ခြင်းမရှိသော ဖိုးကေအပေါ် ပရိသတ်၏ဝေဖန်သံများဖြင့် ဆူညံခဲ့သည်။

ယခုပွဲစဉ်တွင်ဖိုးကေကို အနိုင်ယူပြီး ပထမတန်းဒဂုံရွှေအောင်လံကို ဆွတ်ခူးနိုင်ခဲ့သော်လက်ဝှေ့
ပရိသတ်အသည်းစွဲ တွေ့မရှောင်က "ကျွန်တော်အခုပွဲကို အနိုင်ရရှိခဲ့တဲ့အတွက် အရမ်း
ဝမ်းသာပါတယ်။နောက်ပြီးကျွန်တော့ကို အားပေးတဲ့အတွက် ပရိသတ်အားလုံးကို ကျေးဇူး
တင်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
15 28 43
Ayeyawady
United
14 14 29
Magwe FC
14 14 29
Yadanarbon FC
14 13 29
KBZ FC
15 5 25
Chin United
15 -5 15
Nay Pyi Taw FC
15 -11 15
Zeyar Shwe Myay
FC
14 -8 14
Zwekapin FC
15 -9 14
Hantharwady FC
15 -6 11
Manaw Myay FC
15 -16 11
Rakhine United
15 -19 11
Last Updated - 18 August 2015

အကြည့်အများဆုံး - အားကစားသတင်း