Friday, August 26, 2016

အပြတ်အသတ်ဦးဆောင်နေတဲ့ ဘိုင်ယန် မနှစ်ကလို ဖြစ်ဦးမှာလား

ဘိုင်ယန်မြူးနစ်အသင်း၏ အဓိကကစားသမားနှစ်ဦးဖြစ်သော ရော်ဘင်(၀ဲ)နှင့် ရစ်ဘာရီ။ဘိုင်ယန်မြူးနစ်အသင်း၏ အဓိကကစားသမားနှစ်ဦးဖြစ်သော ရော်ဘင်(၀ဲ)နှင့် ရစ်ဘာရီ။

ဂျာမန်ဘွန်ဒက်စ်လီဂါသည် ဥရောပ၏ဆောင်းရင်ငွေ့တွေ ခိုလှုံနေဆဲဖြစ်ပါ သည်။ အေးစက်
သော နှင်းခဲထုများတွင်အင်္ဂလန်ပရီမီယာလိဂ်သည် ခရီးပြင်းနှင်ခဲ့ပြီးနောက် ယခုပြီးခဲ့သည့်
စနေ၊ တနင်္ဂနွေသောကညများတွင် စပိန် လာလီဂါနှင့် အီတလီစီးရီးအေတို့ ပြန်လည်ပါဝင်
လာခဲ့ကြပြီ ဖြစ်သော်လည်း ဂျာမန်ဘွန်ဒက်စ်လီဂါမှာမူ ဆောင်းအိပ်မက်မက်လျက်ပင်ရှိပါသေး
သည်။

သို့ရာတွင် ယခုကျွန်တော်တို့တင်ပြဆွေးနွေးအသိပေးရမည့် အကြောင်းအရာမှာ ဘိုင်ယန်
မြူးနစ်နှင့် လက်ရှိ ချန်ပီယံဒေါ့မွန်တို့၏ ရာသီအကုန်အနေ အထားသာဖြစ်ပါသည်။
အကျောပေးမှုကတော့ ခံယူရရှိပြန်ပါပြီ ဘိုင်ယန်မြူးနစ်သည် ယခုနှစ် ဘောလုံးရာသီတွင်
ပွဲစတင်လျှင်စတင် ချင်း အဆင့်(၁)နေရာမှဦးဆောင်လာ သည်မှာ ယခုဆောင်းရာသီခိုဝင်
သည့် အချိန်အထိ တောက်လျှောက်ဖြစ်သဖြင့်ရာသီအဆုံးတွင် ဘွန်ဒက်စ်လီဂါချန်ပီယံ
ဘွဲ့ကို ရသင့်ရထိုက်သည်ဟု မိတ်ဆွေ ထင်မြင်ကောင်းထင်မြင်မိပါလိမ့်မည်။

ဘိုင်ယန်သည် လက်ရှိအချိန်တွင် လက်ရှိချန်ပီယံဒေါ့မွန်အား ၁၃ မှတ်ဖြတ်ထား ပါသည်။
ပြီးခဲ့သည့်ရာသီကလည်း ဘိုင်ယန် ဤကဲ့သို့လုပ်ပြခဲ့ဖူးပါသည်။ ဘိုင်ယန်သည် ရှေးဦးပွဲစဉ်
သုံးပွဲတွင် အခြေမလှခဲ့သော်လည်း ပွဲစဉ်(၄)မှစ၍ အခြေအနေကောင်းကို ဆုပ်ကိုင်လာ
နိုင်သည်မှာ ပွဲစဉ်(၁၃)အထိဖြစ်ပြီး ပထမနေရာမှ ယာယီဖယ်ပေးခဲ့ရသည်မှာ ပွဲစဉ် (၁၄)
တစ်ပွဲသာရှိခဲ့ပါသည်။

ထို့နောက် တောက်လျှောက်ခြေမှန်ကာ ပွဲစဉ်(၁၉) အထိ ပထမနေရာကို ဆုပ်ကိုင်နေပြီးမှ
ပွဲစဉ်(၂၀)ကို ပထမနေရာ ဒေါ့မွန်သို့ လွှဲပေးလိုက်ရပြီး ပြန်လည်၍ နာလန် မထူတော့ချေ။
ဆိုချင်သည်မှာ ပြီးခဲ့သည့်ပွဲစဉ်(၂၀) မှစ၍ ဒေါ့မွန်သည် အဆင့်(၁)နေရာကိုသေချာစွာ
ထိန်းချုပ်ထားပြီး ဘိုင်ယန် ကမူ သူရရှိခဲ့သည့် ပွဲစဉ်(၂၀)မှ ဒုတိယ နေရာနှင့်ပင် ကျေနပ်ခဲ့
ရပေသည်။

ထိုစဉ်က ဘိုင်ယန်သည် ရာသီဝက် ချန်ပီယံဖြစ်ချိန်တွင် ၁၇ ပွဲကစား၊ ၁၂ ပွဲ အနိုင်ရကာ
တစ်ပွဲသရေကျ၍ လေးပွဲ ရှုံးခဲ့ပါသည်။ ထိုစဉ်က ဘိုင်ယန်ရရှိခဲ့သောအမှတ် မှာ ၃၇ မှတ်
သာဖြစ်၍ ဒေါ့မွန်အား သုံးမှတ်သာ ဖြတ်ထားနိုင်ခဲ့ခြင်းဖြစ်သည် ဆိုသည်ကိုလည်း
ထည့်တွက်ရပါမည်။

ယခုမူ ဘိုင်ယန်သည် ဒုတိယနေရာမှ လေဗာကူဆင်အား ကိုးမှတ်ဖြတ်ထား နိုင်ပြီး
ဒေါ့မွန်အား ၁၂ မှတ်ဖြတ်ထား နိုင်ခြင်းမှာ အလွန်ပင် ကျေနပ်အားရ ဖွယ်ကောင်းသော
ရလဒ်တစ်ခုဟု ဆိုနိုင်ပါပေသည်။

အစဉ်အလာများအား ကျော်လွန်၍ မရခြင်းမည်သည့်လုပ်ငန်းကိစ္စရပ်များတွင် မဆို အစဉ်
အလာ၊ ဓလေ့ထုံးစံများ၊ အဆိုအမိန့်များ၊ သီအိုရီများ၊ လုပ်ငန်း လမ်းညွှန်များကို ကျော်လွန်
၍မရနိုင်ပါ။ ကျွန်ုပ်တို့ဘောလုံးလောကတွင်လည်း ထိုနည်းတူတူသာဖြစ်ချေတော့သည်။

အသင်း ၂၀ သူ့ကွင်းကိုယ့်ကွင်းကစား နေချိန်တွင် ရမှတ် ၄၀ မပြည့်ပါက တန်းဆင်းသွား
ရနိုင်ခြင်း၊ ချန်ပီယံဖြစ်လို  သော အသင်းသည် သုံးပွဲထက်ပိုမရှုံး သင့်ခြင်း၊ ချန်ပီယံဖြစ်လို
သောအသင်း သည် အနိမ့်ဆုံးရမှတ်အဖြစ် အဝေးကွင်းတွင် အနိမ့်ဆုံးအမှတ်ခွဲဝေယူနိုင်ခြင်း၊
မိမိ၏အိမ်ကွင်းရလဒ်ကို အပြည့်အ၀ ရယူနိုင်ခြင်း၊ ရာသီဝက်ချန်ပီယံအဖြစ် ဦးဆောင်ထား
နိုင်ခြင်းနှင့် ဖေဖော်ဝါရီ ပွဲကျပ်ကာလတွင် အမှတ်ပေးဇယား၌ ယူသင့်ယူထိုက်သည့် အမှတ်
များကို ရယူနိုင်ခြင်းတို့ဖြစ်ပါသည်။

ယခုနှစ်အပါအ၀င် သုံးနှစ်၏အနေ အထားများကို ပြန်လည်ချင့်တွက်ကြည့် ပါမည်။ ၂၀၁၀-၁၁
ဘောလုံးရာသီတွင် ဒေါ့မွန်သည် ချန်ပီယံဖြစ်ပါသည်။ ဆောင်းရာသီဝက် ဒေါ့မွန်ချန်ပီယံဖြစ်
သောအခါ သူက ၄၃ မှတ်ဖြစ်၍ ဘိုင်ယန်မြူးနစ်က ၂၉ မှတ်သာဖြစ်ပါသည်။ ပဉ္စမနေရာတွင်
သာရှိပါသည်။ ရာသီ အဆုံးတွင် ဒေါ့မွန်က ၇၅ မှတ်ဖြင့် ဗိုလ်စွဲပြီး ဘိုင်ယန်က ၆၅ မှတ်ရရှိ
ကာ ၁၀ မှတ်အကွာဖြင့် တတိယနေရာကိုသာ ဆုပ်ကိုင်နိုင်ခဲ့ပါသည်။

ဤနေရာတွင် ဆောင်းရာသီဝက်ချန်ပီယံသည် ရာသီအဆုံးတွင် ချန်ပီယံဖြစ်လေ့ရှိသည်
ဆိုသော၊အဆိုအမိန့်၊မှန်ကန်ခဲ့ပါသည်။ သို့ဆိုလျှင် ပြီးခဲ့သည့် ၂၀၁၁-၁၂ ဘောလုံးရာသီကို
တွက်ဆကြည့်ပါဦး မည်။ ဘိုင်ယန်သည် ပွဲစဉ်(၄)မှစ၍ တောက်လျှောက်ခြေမှန်ခဲ့ပြီး ပွဲစဉ်
(၁၉) အထိ တန်းစီဇယားထိပ်ကို ဦးဆောင် ခဲ့ပါသည်။ သို့ရာတွင် ဖေဖော်ဝါရီပွဲကျပ်ကာလ
ကိုမူ မကျော်လွှားနိုင်ခဲ့ပါ။

အပြောင်းအလဲမရှိသော စာရင်း ဇယားများအရ ပွဲစဉ်(၂၀)တွင် တန်းစီ ဇယားကို ဦးဆောင်ခဲ့
သည့်ဒေါ့မွန်သည် ချန်ပီယံဖြစ်ခဲ့သကဲ့သို့ ဘိုင်ယန်သည် လည်း ဒုတိယနေရာဖြင့်ပင် ကျေနပ်
ခဲ့ ရပါသည်။ ဆောင်းရာသီချန်ပီယံတွင် ဘိုင်ယန်က ၃၇ မှတ်ဖြစ်ပြီး ဒေါ့မွန်က ၃၄ မှတ်ဖြစ်၍
လုံးဝအတိမ်းအစောင်း မခံခဲ့ပါ။

ထိုအချိန်က သုံးမှတ်အကွာတွင် ရှော်လ်ကေးကလည်း ရှိနေခဲ့သဖြင့် ရာသီအဆုံးတွင်သူသည်
အဆင့်(၃) နေရာကို ထိန်းချုပ်နိုင်ခဲ့သည်ကို တွေ့ရ ပါသည်။ ထို့ကြောင့် ဖေဖော်ဝါရီပွဲကျပ်
ကာလကို ကျော်လွန်မြောက်နိုင်သူသည် အမှတ်ပေးချန်ပီယံဆုဖလားကို ရရှိနိုင် သည်ဆို
သည့် အဆိုအမိန့်သည်လည်း မှန်ကန်သွားခဲ့ပါသည်။

ဘိုင်ယန်နောက်ဆုံးချန်ပီယံဖြစ်ခဲ့သည့် ၂၀၀၉-၁၀ ဘောလုံးရာသီကို ပြန်ကြည့်ပါဦးမည်။
ယင်းအချိန်တုန်းက ဘိုင်ယန်သည် ရမှတ် ၇၀ ဖြင့် ဗိုလ်စွဲပြီး ဒေါ့မွန်မှာ ရမှတ် ၅၇ မှတ်ဖြင့်
ပဉ္စမနေရာ အဆင့်တွင်သာရှိပါသည်။ ရှော်လ်ကေး၊ ၀ါဒါဘရီမင်၊ လေဗာကူဆင်တို့ကပင်
ဒေါ့မွန်၏ အထက်တွင် ကြီးစိုးလွှမ်းမိုး နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။

ထိုရာသီက ဆောင်းရာသီ ရာသီဝက်ချန်ပီယံမှာ လေဗာကူဆင်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်
က လေဗာကူဆင်မှာ ၃၅၊ ရှော်လ်ကေးမှာ ၃၄ နှင့် ဘိုင်ယန်မှာ ၃၃ မှတ်ဖြစ်ရာ တစ်ချက်မှ
အမှားမခံသည့် အနေအထားမျိုးဖြစ်နေပါသည်။ ထို့ကြောင့် အဆင့်(၆)နေရာမှ ၀ါဒါဘရီ
မင်ပင် ရာသီအဆုံး၌ တတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ခြင်းဟု၊ယူဆရပါသည်။

ခြုံငုံသုံးသပ်ခြင်း သေချာသည်ကတော့ ဆောင်းရာသီဝက် ချန်ပီယံဖြစ်ရုံမျှနှင့် ရာသီကုန်
ချန်ပီယံဖြစ်ရန် မလုံလောက်ပါ။ ဖေဖော်ဝါရီပွဲကျပ်ကာလ(ချန်ပီယံလိဂ်ရှိနေခြင်းကို ဆိုလို
သည်)ကို အောင်မြင်စွာကျော်ဖြတ်နိုင်ရမည်။ ဆောင်းရာသီဝက်တွင် အမှတ်ဖြတ်ထားနိုင်မှု
သည် တစ်မှတ်(သို့တည်းမဟုတ်) သုံးမှတ်ဖြတ်ထားရုံနှင့်လည်း ရာသီကုန်ချန်ပီယံ
မဖြစ်နိုင်ပါ။

၁၄ မှတ် သို့မဟုတ် ၁၀ မှတ်ကျော် ဖြတ်ထားနိုင်မှသာလျှင် ချန်ပီယံဖြစ်ဖို့ အလားအလာ
ကောင်းကြောင်းနှင့် ယခု ၁၂ မှတ်ဖြတ်ထားသော ဘိုင်ယန်မြူးနစ်သည် ဖေဖော်ဝါရီပွဲကျပ်
ကာလအလှည့် အပြောင်းဖြစ်စေမည့် ပွဲစဉ်(၂၀)အထိ ထိန်းချုပ်ထားနိုင်ခဲ့ပါလျှင် ဘွန်ဒက်စ်
လီဂါချန်ပီယံဖြစ်သင့်ကြောင်း ၀န်ခံလိုက် ရပေလိမ့်မည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yadanarbon
19 28 48
Magwe FC
19 9 35
Yangon United
19 16 33
Zeyar Shwe Myay
19 7 32
Shan United
19 13 29
Hantharwady Utd
19 2 29
Ayeyarwady United
19 3 28
Zwekapin United
19 3 24
Chin United
19 -11 22
Rakhine United
19 -10 15
Southern Myanmar
19 -24 13
Horizon FC
19 -36 6
Last Updated - 4 August 2016
TeamGPGDPTS
Manaw Myay
19 50 48
GFA
19 21 45
Nay Pyi Taw FC
19 29 39
Mahar United
18 21 36
Myawady FC
17 20 29
Mawyawadi FC
19 4 29
University FC
17 -14 20
City Stars
19 -10 19
Dagon FC
18 -12 16
United of Thanlyin
18 -33 11
Silver Stars
18 -36 10
Pong Gan
19 -40 6
Last Updated - 4 August 2016

အကြည့်အများဆုံး - အားကစားသတင်း