Tuesday, 29 July 2014

မြန်မာနေရှင်နယ်လိဂ် ၂၀၁၃ စတင်၊ အသင်း ရပ်တည်ရေး ခက်ခဲခဲ့သည့် ဟံသာဝတီယူနိုက်တက် ပွဲဦးထွက် ရှုံးနိမ့်

ဇေယျာရွှေမြေအသင်း ထိုးဖောက်မှုကို ဟံသာဝတီယူနိုက်တက် ကစားသမားတစ်ဦး ဟန့်တားရန် ကြိုးပမ်းနေစဉ်။ ဘူးသီး/ မြန်မာတိုင်း(မ်)ဇေယျာရွှေမြေအသင်း ထိုးဖောက်မှုကို ဟံသာဝတီယူနိုက်တက် ကစားသမားတစ်ဦး ဟန့်တားရန် ကြိုးပမ်းနေစဉ်။ ဘူးသီး/ မြန်မာတိုင်း(မ်)

ဇန်န၀ါရီလ ၅ ရက်တွင် မြန်မာနေရှင် နယ်လိဂ် ၂၀၁၃ ဘောလုံးပြိုင်ပွဲများ စတင်ရာ အသင်း
ရပ်တည်ရေးအတွက် ခက်ခဲခဲ့သည့် ဟံသာဝတီယူနိုက်တက် အသင်းနှင့် ဇေယျာရွှေမြေအသင်း
တို့ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားရာ ဇေယျာရွှေမြေအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့်
အနိုင်ရရှိခဲ့သည်။

ဟံသာဝတီယူနိုက်တက်အသင်း၏ ပိုင်ရှင် ဦးအောင်မိုးကျော်IBTC  Co.,Ltd သည် အသင်း
အား ပြန်လည်အပ်နှံတော့ မည့် အခြေအနေမှ မြန်မာနေရှင်နယ် လိဂ် ၂၀၁၃ ရာသီသစ်
ပြန်စတော့မည့် အချိန်တွင် ဦးခင်မောင်အေးCB Bank နှင့် လက်တွဲကာ ဟံသာဝတီယူနိုက်
တက် အား အသက်ဆက်စေခဲ့သည်။ ဟံသာ ၀တီယူနိုက်တက်တွင် နိုင်ငံခြားသား ကစား
သမား Cliffordတစ်ဦးတည်းသာ ပါဝင်ပြီး နောက်ထပ် နိုင်ငံခြားကစား သမားများကိုလည်း
ခေါ်ယူရန်ရှိသည်။

"ဒီနေ့ပွဲမှာ ကစားသမားတွေကို ကျေနပ်ပါတယ်။ အနည်းဆုံးသရေ ရမယ်လို့ မှန်းထားပေမယ့်
ရသင့်ရထိုက် တဲ့ ဂိုးတွေမရှိခဲ့တာကြောင့် ဂိုးမရခဲ့တာ ပါ"ဟု ဟံသာဝတီယူနိုက်တက်၏
နည်းပြ ဦးဝင်းတင်က ဆိုသည်။

ဘောလုံးရာသီမစတင်မီ ဇေယျာရွှေမြေအသင်း၏ အားထားရသော နာမည်ကျော် ကစား
သမား ကျော်ကိုကို သည် ရန်ကုန်ယူနိုက်တက်သို့ ပြောင်းရွှေ့ ခဲ့ပြီး အသင်း၏ တောင်ပံ
တိုက်စစ်၌ ရုတ်တရက် အစားထိုးရန် အဆင်သင့် မရှိပဲ ဖြစ်နေခဲ့သည်။ ဇေယျာရွှေမြေ
အသင်း၏ နည်းပြ ဦးစိုးမိုးသည် အသင်း၏ အလယ်တန်း အားနည်းမှုကို ၀န်ခံပြီး ပြင်ဆင်စရာ
ရှိသည်ကို ပြင်ဆင်သွားမည်ဟု ပြောကြားသည်။

ဇေယျာရွှေမြေအသင်းသည် ဘောလုံးပိုင်ဆိုင်မှုသာသော်လည်း တစ်ဖက်နှင့် တစ်ဖက်
အပြန်အလှန် တိုက်စစ်ဆင်နိုင်ခဲ့သည်။ ဟံသာဝတီ ယူနိုက်တက်သည် နှစ်ကြိမ်တိုင်တိုင်
အပိုင်အခွင့်အရေးရပြီး ဂိုးဧရိယာ အတွင်း အဆင့်ဆင့်ကန်သွင်းခဲ့သော် လည်း ဇေယျာရွှေမြေ
နောက်တန်း ကစား သမားများ ဖျက်ထုတ်နိုင်ခဲ့သည်။

ပွဲချိန် ၇၁ မိနစ်တွင် ဇေယျာရွှေမြေ အသင်းမှ ဆာဆာညာဝင်းမှ ဆွဲပြေးလာရင်း အတွင်းသို့
ထိုးပေးသောဘောလုံးကို စည်သူဝင်းက လှလှပပ ပိတ်သွင်းယူကာ အသင်းအတွက် တစ်လုံး
တည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သည်။

ဂိုးပေးခံရပြီး နောက်ပိုင်းတွင် ဟံသာဝတီယူနိုက်တက် အသင်းသား များ အပြင်းအထန်
တိုက်စစ်ဆင်လာပြီး ၇၄ မိနစ်တွင် အောင်မျိုးသူရ၏ ကန်ချက် တိုင်ထိထွက် သွား၍ ဟံသာဝတီ
ယူနိုက် တက် ဂိုးကံခေခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။