မက်စ်တဲလားမှာလည်း ရီးယဲလ်မက်ဒရစ် ရုန်းကန်ရဦးမယ်

ရီးယဲလ်နောက်ခံလူ ကွန်ထရာအို (ယာ)နှင့် အိုဆာဆူနာ ကွင်းလယ်လူ စီဂျူဒိုတို့ အကြိတ်အနယ် ဘောလုံး ယှဉ်လုနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီရီးယဲလ်နောက်ခံလူ ကွန်ထရာအို (ယာ)နှင့် အိုဆာဆူနာ ကွင်းလယ်လူ စီဂျူဒိုတို့ အကြိတ်အနယ် ဘောလုံး ယှဉ်လုနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဗလင်စီယာ - ရီးယဲလ်မက်ဒရစ်
ရီးယဲလ်ကတော့ ဖိအားတွေ များ သထက်များလာတဲ့အချိန်ရောက်နေ ပါပြီ။ အသင်းမှာလည်း
ဒဏ်ရာပြဿနာ တွေ ရှိနေတဲ့အချိန်မှာ ဗလင်စီယာလို အသင်းမျိုးနဲ့ သုံးပွဲဆက်တိုက် (ကိုပါ
ဒယ်ရေး နှစ်ပွဲ၊ လာလီဂါတစ်ပွဲ) ကစား ဖို့ရှိနေတာက ရီးယဲလ်အတွက် တကယ် ကိုကျဉ်းထဲကျပ်ထဲ
မှာ ဖြတ်သန်းနေရတဲ့ အချိန်လို့ပဲ ပြောရပါတော့မယ်။

ရီးယဲလ်နည်းပြ မော်ရင်ညိုကတော့ အသင်းမှာ ဆက်ရှိနေဦးမယ်လို့ တဖွဖွ ပြောနေပေမယ့်လည်း
ဖိအားတွေ ဒီထက်များလာခဲ့မယ်ဆိုရင် ချယ်လ်ဆီး ကို သူစွန့်လွှတ်ခဲ့သလိုမျိုး ရီးယဲလ်ကို လည်း
ထားခဲ့တော့မှာလားဆိုတာ စဉ်းစား ထားရလိမ့်မယ်။

ဒါပေမယ့် လက်ရှိအချိန် အထိတော့ သူ့အသင်းဟာ လာလီဂါက လွဲရင် ကျန်တဲ့ပြိုင်ပွဲနှစ်ခုမှာ
ချန်ပီယံ လမ်းကြောင်းပေါ်မှာပဲ ရှိနေသေးတာ ဖြစ်လို့ မော်ရင်ညိုဟာ တော်ရုံနဲ့တော့ လက်လျှော့
မယ့်ပုံမရှိပါဘူး။

ဖိအားတွေ အောက်မှာ နေသားကျနေပြီဖြစ်တဲ့ မော်ရင်ညိုဟာ ရီးယဲလ်ကို ဘယ်လို အပြောင်းအလဲ
လုပ်ပြမလဲဆိုတာက စောင့်ကြည့်ချင်စရာ ကောင်းနေပါပြီ။ ဗလင်စီယာကတော့ နည်းပြ ပယ်လီ
ဂရီနိုနေရာ ဗယ်လ်ဗာဒီဝင်လာပြီး နောက်မှာတော့ အသင်းဟာ ပိုပြီးကစားပုံ တည်ငြိမ်လာနေသလို
တွေ့ရတယ်။

ဗယ်လ်ဗာဒီလက်ထဲမှာ ဆိုစီဒက်နဲ့ အိမ်ကွင်းရှုံးပွဲတစ်ပွဲကလွဲလို့ ကျန်တဲ့ ပွဲတွေကို အနိုင်ကစား
ထားနိုင်ခဲ့ပြီး ဗလင်စီယာဟာ လမ်းကြောင်းမှန်ပေါ် ကိုရောက်နေပြီလို့ ပြောနိုင်တယ်။ အထူးသဖြင့်
အခုနောက်ပိုင်းကစားတဲ့ ဗလင်စီယာရဲ့ပွဲတွေမှာ ဗလင်စီယာဟာ ခံစစ်ပိုင်းကိုပိုပြီး သတိထားကစား
လာ သလို တိုက်စစ်ပိုင်းကလည်း အိမ်ကွင်းမှာ ဂိုးရဖို့ သိပ်စိတ်မပူရတဲ့အနေအထားကခံစစ်ကြောင်း
အားနည်းမှုတွေရှိနေတဲ့ ရီးယဲလ်မက်ဒရစ်အတွက်တော့ သတိ ထားစရာအခြေအနေမျိုးပါပဲ။

ဒါပေမယ့် ဒီနှစ်သင်းဟာတစ်ပတ် အတွင်း သုံးကြိမ်ဆက်တိုက်တွေ့ဖို့ ရှိနေပြီး ကိုပါဒယ်ရေးပထမ
အကျော့ ကို ဘာနေဗျူးမှာကစားပြီးတဲ့နောက်မှာ လာလီဂါပွဲကို ဗလင်စီယာရဲ့ မက်စ်တဲ လားမှာ
ပြန်ကစားဖို့ရှိနေတာကလည်း ဒီနှစ်သင်းအတွက် ပွဲပန်းမယ့်အနေ အထားမျိုးတွေသိပ်မရှိအောင်
ထိန်းထိန်း သိမ်းသိမ်းရင်ဆိုင်သွားကြမယ့် အနေ အထားမျိုးမှာရှိနေတယ်။

အထူးသဖြင့် ရီးယဲလ်ဟာ ဗလင်စီယာနဲ့ နှစ်ပွဲဆက် မက်စ်တဲလားမှာ ကစားဖို့ရှိနေလို့ ကိုပါဒယ်ရေး
ဘက်ကိုပဲ ပိုပြီးဦးစားပေးထား နိုင်မယ့်အခြေအနေမျိုးတွေရှိနေတယ်။ လက်ရှိ လာလီဂါမှာ ချန်ပီယံ
ဖြစ်ဖို့ မျှော်လင့်ချက်ကင်းမဲ့သွားတဲ့အခါမှာ မော်ရင်ညိုဟာ သူ့အသင်းကို စမ်းသပ်မှု တွေအမျိုးမျိုး
လုပ်ပြီး ပွဲထုတ်နေတာ မျိုးကို တွေ့နေရလို့ အခုလည်း လာလီဂါ ပွဲအဖြစ် ဒီနှစ်သင်းကစားကြတဲ့
အချိန်မှာ မော်ရင်ညိုအနေနဲ့ သူ့အသင်းကို အပြောင်းအလဲလုပ်ထားဦးမှာပါပဲ။

အထူးသဖြင့် ပွဲပယ်ပြစ်ဒဏ်စေ့သွားတဲ့ ဂိုးသမားအဒန်ကိုတောင် ပြန်ပြီးပွဲထုတ် လာဦးမလားဆိုတာ
စောင့်ကြည့်ရပါ လိမ့်မယ်။ ခံစစ်မှာလည်း ရာမို့စ် ပွဲပယ်ခံ ထားရပြီး ပီပီကလည်း နာနေချိန်ဖြစ်လို့
ခံစစ်အတွင်းလူအတွဲကို မော်ရင်ညို အနေနဲ့ ဗာရာနီကို ဗလင်စီယာ ကစား သမားဟောင်း အယ်ဘီ
ယိုနဲ့တွဲပြီး ပွဲထုတ်လာဖို့က ပိုများနေတယ်။ ခံစစ် တောင်ပံနှစ်ဖက်မှာလည်း မာဆယ်လို မကစားနိုင်
သေးချိန်မှာ အက်စီယန်နဲ့ အာဘီလိုအာတို့ကိုပဲ ထုတ်ဦးမယ့်ပုံ ရှိတယ်။

ကွင်းလယ်မှာ ကာကာကလည်း ပွဲ ပယ်ခံထားရပြီး ရိုနယ်ဒိုပြန်ကစားနိုင် ဖို့ရှိပေမယ့်လည်း ရီးယဲလ်
ရဲ့အခု နောက်ပိုင်းအဝေးကွင်းဂိုးသွင်းအား ဟာ ပုံမှန်မရှိတတ်တာကို သတိထားရ လိမ့်မယ်ထင်
တယ်။ ဗလင်စီယာကတော့ နည်းပြ ဗယ်လ် ဗာဒီလက်ထဲမှာ ကွင်းလယ်ပိုင်းကစားပုံ ပိုစေ့လာပြီး
တိုက်စစ်ပိုင်းကလည်း ဂိုးတွေရနေတယ်။

ဆိုလ်ဒါဒို ပုံမှန် ဂိုးသွင်းခြေရနေပေမယ့် သူဂိုးမသွင်းနိုင် တဲ့အချိန်မျိုးမှာတော့ ဗလင်စီယာ တိုက်စစ်
ဟာ အနည်းငယ်အားလျော့ သွားမယ့်အနေအထားမျိုးမှာရှိနေ တယ်။ ဒါပေမယ့်လည်း ရီးယဲလ်မက်
ဒရစ် ရဲ့ ခံစစ်ကြောင်းအားနည်းမှုကြောင့် ဗလင် စီယာအတွက် ဂိုးရဖို့အခွင့်အလမ်းက တော့ ပိုပြီး
ရှိနိုင်လိမ့်မယ်ထင်ပါတယ်။

ဗလင်စီယာဟာ ချန်ပီယံလိဂ်ဝင်ခွင့် ကို မျှော်လင့်ပြီးပြန်ကစားနေတဲ့အချိန် ဖြစ်လို့လည်း ရီးယဲလ်
ထက်စာရင် ဒီပွဲအပေါ် ပိုပြီးအားထည့်ကစားမယ့် အခြေအနေမျိုးမှာလည်း ရှိနေတယ်။ နောက်ပြီး
ဗလင်စီယာဟာ ရီးယဲလ်ကို မက်စ်တဲလားမှာ ရင်ဆိုင်ရတိုင်း အခက် အခဲတွေ့အောင် အမြဲတမ်း
ကြိုးစားပြီး ရင်ဆိုင်ကစားတတ်သလို ပရိသတ်တွေ ရဲ့ ရီးယဲလ်အပေါ် ဖိအားပေးမှုကလည်း
ပြင်းထန်လေ့ရှိတတ်လို့ ရီးယဲလ်အတွက် တော့ ဗလင်စီယာကွင်းမှာ ထပ်ပြီး ရုန်းကန်ရဦးမှာသေချာ
နေတယ်။

ပထမအကျော့ အိမ်ကွင်းမှာကစားစဉ် လူစုံတက်စုံနဲ့ အင်အားအပြည့် ရင်ဆိုင် နိုင်စဉ်ကတောင်
ဗလင်စီယာကို သိသာ တဲ့အသာစီးရယူမှုမျိုး ပြုလုပ်နိုင်ခြင်း မရှိခဲ့တဲ့ ရီးယဲလ်ဟာ အခုလိုအချိန်မျိုး
မက်စ်တဲလားမှာ ကစားရမယ့် ပွဲမျိုးဆိုရင်တော့ အိမ်ရှင်ရဲ့ဖိအားပေး မှုအောက်မှာ တော်တော်လေး
ကို အခက် အခဲတွေ့ဖို့များနေပါတယ်။ လက်ရှိ ရီးယဲလ်ဟာ ဖိအားတွေများနေတဲ့ ပုံပေါ်နေပြီး
ကာကာလိုကစားသမားမျိုးတောင် အထုတ်ခံခဲ့ရတာကိုကြည့်ရင် တည်ငြိမ်မှုပိုင်း အားနည်းနေသေး
တာ ကလည်း သိ သာနေသလိုပါပဲ။

နောက်ပြီး မော်ရင်ညိုကိုယ်တိုင်က လာလီဂါဘက် ကို သိပ်ပြီးစိတ်မပါတဲ့အချိန်မျိုးကလည်း ဖြစ်နေ
ပြန်တော့ရီးယဲလ်အတွက် ဗလင် စီယာကွင်းမှာ ရလဒ်ကောင်းယူပြနိုင်ဖို့ ဆိုတာ သိပ်ပြီးဖြစ်နိုင်လိမ့်
မယ်မထင်ပါဘူး။

ဗလင်စီယာရဲ့ ခြေစွမ်း၊ ဂိုးသွင်း နှုန်းတွေအရလည်း ရီးယဲလ်အနေနဲ့ အနိုင်ရအောင်ကစားနိုင်ခဲ့မယ်
ဆိုရင် တောင် ပြတ်သားတဲ့ ရလဒ်မျိုးထွက်ဖို့ သိပ်မလွယ်ကူလို့ ဒီပွဲအတွက် အိမ်ရှင် ဗလင်စီယာနဲ့
ဂိုးအများကိုပဲ ရွေးထား တာကောင်းလိမ့်မယ်ထင်ပါတယ်။

အခြားပွဲစဉ်များ
ဘက်တစ် - ဘီလ်ဘာအို
ဂီတာဖေး - ဆီဗီလာ
အိုဆာဆူနာ - ဒီပို့တီဗို
ဆိုစီဒက် - ဘာစီလိုနာ
မာလာဂါ - ဆယ်လ်တာ
အက်စ်ပန်ညို - မာယော့ကာ
ဗယ်လာဒိုးလစ် - ဇာရာဂိုဇာ
အလက်တီကို - လီဗန်တေး
ဂရန်နာဒါ - ရာယို

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း