Monday, May 02, 2016

မက်စ်တဲလားမှာလည်း ဘာစီလိုနာ အခက်တွေ့နိုင်တယ်

စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ရီးယဲလ်မက်ဒရစ်နှင့် ဗလင်စီယာအသင်းတို့ ယှဉ်ပြိုင်နေကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီစပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ရီးယဲလ်မက်ဒရစ်နှင့် ဗလင်စီယာအသင်းတို့ ယှဉ်ပြိုင်နေကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဗလင်စီယာ - ဘာစီလိုနာ ဆိုစီဒက်ကို ရှုံးထားတဲ့ ဘာစီလိုနာ အတွက် အဝေးကွင်းနောက်ထပ်
ပွဲကျပ် တစ်ပွဲကိုကစားရဖို့ ကြုံလာပြန်ပါပြီ။

ဘာစီလိုနာဟာ ဒီပွဲအတိုင်မီ ရီးယဲလ် မက်ဒရစ်နဲ့လည်း အဝေးကွင်းမှာ ကိုပါဒယ်ရေးဆီမီးပွဲကို
ကစားထားရလို့ ပွဲပန်းနေတဲ့အချိန်မျိုးမှာ နောက်ထပ် အဝေးကွင်းတစ်ပွဲကို ဆက်ပြီးကစား ရမှာဖြစ်
လို့ ဘာစီလိုနာအတွက်တော့ အခက်အခဲရှိနိုင်တဲ့ပုံပါပဲ။

ဗလင်စီယာကတော့ ကိုပါဒယ်ရေး ကလည်း ထွက်ခဲ့ရပြီးနောက် သူတို့ရဲ့ အဓိကရည်မှန်းချက်ဟာ
ချန်ပီယံလိဂ် ၀င်ခွင့်ဖြစ်လာခဲ့တယ်။ ဒါကြောင့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အိမ်ကွင်းမှာ
အတတ်နိုင်ဆုံးကြိုးစား ကစားတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာ ထက်လည်း ပိုပြီးလန်းဆန်းတက်ကြွ နေနိုင်တဲ့အနေအထားက ဘာစီလိုနာကို
အကောင်းဆုံးရင်ဆိုင်နိုင်မယ့် အခွင့် အရေးကောင်းတစ်ခုလို့ ပြောလို့ရနေ တယ်။ အိမ်ကွင်းနောက်
ဆုံးပွဲမှာ ရီးယဲလ် မက်ဒရစ်ကို ဂိုးပြတ်အရေးနိမ့်ထား ခဲ့ရတဲ့အချက်ကလည်း ဗလင်စီယာ အတွက်
ဒီပွဲအပေါ် ပိုပြီးဂရုစိုက်ကစား လာနိုင်တဲ့အချက်တစ်ခုပါပဲ။

ဗလင်စီယာဟာ အခုနောက်ပိုင်း ကစားပုံသိသိသာသာတိုးတက်မှုရှိလာ တာ မှန်ပေမယ့်လည်း
ခံစစ်ပိုင်း ကတော့ သိပ်စိတ်မချရသေးပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲကို ရှစ်ဂိုးအထိ ပေးထားရ
တဲ့ ဗလင်စီယာရဲ့ ခံစစ်ကစား ပုံမျိုးနဲ့ဆိုရင် ဘာစီလိုနာလိုအသင်းမျိုး ရဲ့တိုက်စစ်ကို ထိန်းချုပ်
ကစားနိုင်ရေး မှာလည်း သိပ်ပြီး လွယ်ကူမယ့်အနေ အထားမျိုးမှာမရှိပါဘူး။

ဒါကြောင့် အခုပွဲမှာ ဗလင်စီယာဟာ ဘာစီလိုနာရဲ့ တိုက်စစ်ကို ထိန်းချုပ်ကစားဖို့ထက် ဘာစီလိုနာ
နဲ့အပြိုင် တိုက်စစ်ဖွင့်ကစား ပြီး ဘာစီလိုနာခံစစ်ကို ဖိအားပေးနိုင်ဖို့ ကြိုးစားမယ့် ကစားပုံမျိုးကို
အဓိက အသုံးပြုလာနိုင်ပါတယ်။ ဗလင်စီယာတိုက်စစ်ဟာ အခု နောက်ပိုင်းကစားခဲ့တဲ့ပွဲတွေမှာ
ဂိုး မသွင်းနိုင်ခဲ့တဲ့ပွဲဆိုလို့ ရီးယဲလ်မက်ဒရစ် ၅-၀ နဲ့ ရှုံးခဲ့တဲ့တစ်ပွဲပဲရှိသလို နောက်ဆုံး ငါးပွဲမှာ
တိုက်စစ်က စုစုပေါင်း ၁၁ ဂိုးအထိ သွင်းထားနိုင်ခဲ့လို့ တစ်ပွဲပျမ်းမျှသွင်းဂိုး နှစ်ဂိုးနှုန်းလောက်အထိ
ရှိနေတာကို တွေ့ရတယ်။

ဒီအချက်ဟာ မက်စ်တဲ လားမှာ ဘာစီလိုနာကို အဓိကဖိအားပေး နိုင်မယ့် အချက်တစ်ချက်ဖြစ်နိုင်
တယ်။ ဘာစီလိုနာကတော့ အခုနောက်ပိုင်း မှာ ကစားအားကို အကုန်ထုတ် ကစား တာမျိုးသိပ်
မလုပ်တော့ဘဲ ထိန်းထိန်း သိမ်းသိမ်းကစားလာနေပြီး လိုအပ်မှသာ ညှစ်ကစားတဲ့ပုံစံမျိုးကို
အသုံးပြုလာ နေတယ်။

အခုနောက်ပိုင်း ခံစစ်မှာ ပူယိုးလ်ရော၊ ပီကေးပါ ပြန်ကစားနိုင်ပြီ ဖြစ်ပေမယ့်လည်း ခံစစ်ကြောင်းဟာ
တည်ငြိမ်မှုသိပ်မရှိသေးတာကို တွေ့နေ ရသေးတယ်။ မာလာဂါနဲ့ကစားထားတဲ့ ကိုပါဒယ်ရေးနဲ့
လာလီဂါ သုံးပွဲ၊ ဆိုစီဒက် နဲ့ပွဲတွေမှာ ဘာစီလိုနာခံစစ်ဟာ ပွဲတိုင်း ဂိုးပေးထားခဲ့ရပြီး ပေးဂိုးစုစုပေါင်း
၁၀ ဂိုးအထိရှိနေတာက ဘာစီလိုနာခံစစ် အားလျော့နေမှုကို ပေါ်လွင်စေတယ်။

ဘာစီလိုနာရဲ့တိုက်စစ်နဲ့ပတ်သက် လို့ကတော့ သိပ်ပြီး ပြောစရာမရှိပါဘူး။ ဒါပေမဲ့ ဘာစီလိုနာရဲ့
တိုက်စစ်ဟာ အသင်းရဲ့ စိတ်ဓာတ်ပိုင်းနဲ့ တိုက်ရိုက် အချိုးကျနေပြီး လိုရင်လိုသလို ညှစ် ကစားရင်
ဂိုးတွေရသွားတတ်ပေမယ့် တော်ရုံထိန်းကစားနေခဲ့ရင်တော့ ဂိုးရဖို့ခက်နေတတ်တာ တွေ့ရတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာဟာ ကစား ခဲ့တဲ့ ပွဲတိုင်းနီးပါးကို ဂိုးရအောင်သွင်းနိုင် ခဲ့တဲ့ အသင်းတစ်
သင်းဖြစ်နေလို့ ခံစစ်ကြောင်းစိတ်ချရလို့မရတဲ့ ဗလင် စီယာကိုလည်း ဂိုးတွေရအောင်သွင်း နိုင်မှာ
တော့ သေချာသလောက်ပါပဲ။

ဘာစီလိုနာတိုက်စစ်မှာ မက်ဆီ ဒဏ်ရာအနည်းငယ်ရှိနေလို့ စောင့်ကြည့် ရမယ့်အနေအထားမျိုးမှာ
ရှိနေတယ်။ ဒါပေမဲ့ ဖာဘရီဂတ်စ်၊ ပက်ဒရိုတို့ရဲ့ ဒီရာသီတိုက်စစ်ကစားပုံနဲ့ ဂိုးသွင်းနှုန်း ပြန်ကောင်း
လာတဲ့ အချက်ရယ်၊ ကွင်းလယ်မှ ဇာဗီ၊ အင်နီယေစတာတို့ရဲ့ ပံ့ပိုးမှုတွေဟာအရင် ရာသီကထက်
ပိုပြီး တိကျမှုရှိလာလို့ ဘာစီလိုနာရဲ့ တိုက်စစ် ကစားပုံဟာ ဒီရာသီမှာပိုမြိုင်ဆိုင်လာပြီး ဂိုးတွေ
ရနေတာလို့ ပြောလို့ရတယ်။

ဘာစီလိုနာရဲ့နိုင်ပွဲတွေမှာ မက်ဆီရဲ့ သွင်းဂိုးတွေက အဓိကကျတယ်လို့ပြော နိုင်ပေမယ့်လည်း
မက်ဆီ မကစားနိုင်တဲ့ အချိန်တွေမှာလည်း ဘာစီလိုနာ တိုက်စစ်အတွက် ခြေစွမ်းပြနိုင်ဖို့ စောင့်
နေကြတဲ့ ဒေးဗစ်ဗီလာ၊ အလက်ဆစ် တို့လို ကစားသမားမျိုးတွေကလည်း ရှိနေလို့ ဘာစီလိုနာ
တိုက်စစ်အနေနဲ့ ဂိုးရဖို့သိပ်မပူရဘူး။ ဒါကြောင့်လည်း အခုပွဲဟာ နှစ်သင်း တိုက်စစ်အားပြိုင်မယ့်ပွဲ
မျိုးဖြစ်လာနိုင် ပြီး ဘယ်အသင်းက ဂိုးတွေ ပိုပေးလိုက်ရ မလဲဆိုတာကိုပဲ အဓိကထား စောင့်ကြည့်
ရဖို့ ရှိနေပါတယ်။

ဒီနှစ်သင်းရဲ့ အစဉ် အလာပိုင်းတွေကို ပြန်ကြည့်မယ်ဆိုရင် တော့ ဘာစီလိုနာဟာ မက်စ်တဲလားမှာ
ကစားထားတဲ့ ကိုပါဒယ်ရေးနဲ့ လာလီဂါ နောက်ဆုံးနှစ်ပွဲစလုံးကို သရေသာ ကစားထားနိုင်ခဲ့ပြီး
ဗလင်စီယာကွင်းမှာ နောက်ဆုံး ၂၀၀၈ နောက်ပိုင်း ဆုံတွေ့ခဲ့ ကြတဲ့ စုစုပေါင်း ခြောက်ပွဲမှာ ဘာစီ
လိုနာ က ၁-၀ နဲ့ တစ်ပွဲသာနိုင်ထားပြီး ကျန်တဲ့ ငါးကြိမ်မှာတော့ လေးကြိမ်သရေကျ ကာ တစ်ပွဲရှုံး
ထားခဲ့တယ်။ ဒါကြောင့် လည်း ရီးယဲလ်နဲ့ ပွဲကျပ်ကစားထားရ တဲ့အပြင် အဝေးကွင်းပွဲတွေလည်း
ဆက် နေတဲ့ ဘာစီလိုနာအနေနဲ့ ဗလင်စီယာရဲ့ မက်စ်တဲလားကွင်းမှာ ခြေစွမ်းဆက်ပြပြီး ကစားနိုင်
ဖို့ဆိုတာ နည်းနည်းတော့ အခက်အခဲရှိနိုင်လိမ့်မယ်ထင်ပါတယ်။ တိုက်စစ်အပြိုင်ဖွင့်ကစားနိုင်တဲ့
ဒီပွဲမှာ နှစ်သင်းစလုံး အပြန်အလှန် ဂိုးတွေသွင်းနိုင်ဖို့ ရှိနိုင်ပေမယ့်လည်း အစဉ်အလာအရရော၊
ဘာစီလိုနာရဲ့ ပွဲပန်းနေနိုင်မှုအရပါ ဗလင်စီယာကို အနိုင်ယူနိုင်ခဲ့ရင် ဂိုးပြတ်ဖို့ ခက်ခဲနိုင်တဲ့ အခြေ
အနေမျိုးရှိနေတဲ့အတွက် ဒီပွဲကို ရွေးချယ်ရာမှာ ဗလင်စီယာဘက်မှာပဲ အရဲစွန့်နေကြည့်ရင်
ကောင်းလိမ့်မယ် ထင်ပါတယ်။

အခြားပွဲစဉ်များ
ဗယ်လာဒိုးလစ် - ဘီလ်ဘာအို *
အိုဆာဆူနာ - ဆယ်လ်တာ *
* ဂီတာဖေး - ဒီပို့တီဗို
* အက်စ်ပန်ညို - လီဗန်တေး
* ဂရန်နာဒါ - ရီးယဲလ်
* မာလာဂါ - ဇာရာဂိုဇာ
* ဆီဗီလာ - ရာယို
* အလက်တီကို - ဘက်တစ်
* ဆိုစီဒက် - မာယော့ကာ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yadanarbon
11 17 29
Hantharwady Utd
11 8 21
Ayeyarwady United
11 3 20
Yangon United
11 10 19
Magwe FC
11 1 16
Chin United
11 1 15
Zwekapin United
11 2 14
Zeyar Shwe Myay
11 -3 13
Shan United
11 6 12
Rakhine United
11 -3 11
Horizon FC
11 -21 5
Southern Myanmar
11 -21 4
Last Updated - 7 April 2016
TeamGPGDPTS
Manaw Myay
11 24 26
GFA
11 12 26
Nay Pyi Taw FC
11 13 20
Myawady FC
11 14 19
Mawyawadi FC
11 4 19
Mahar United
11 6 18
University FC
11 -3 15
City Stars
11 -6 12
Dagon FC
11 -2 11
United of Thanlyin
11 -9 11
Silver Stars
11 -23 4
Pong Gan
11 -30 1
Last Updated - 7 April 2016

အကြည့်အများဆုံး - အားကစားသတင်း