Thursday, September 01, 2016

အေစီအနိုင်သေချာတယ် - အီတလီစီးရီးအေပွဲစဉ်(၂၃)

ရိုးမား-ကက်ဂလီယာရီ
ဇန်န၀ါရီလထဲကစားခဲ့တဲ့ စီးရီးအေပွဲတွေမှာ ရိုးမားတို့ နိုင်ပွဲပျောက်နေတယ်။ ကိုပါအီတာလျံဖလားပွဲ
မှာ 'တင်'ကစားနေလို့ စီးရီးအေမှာ ရိုးမားတို့ ခြေစွမ်းနဲ့ ရလဒ်တွေကို ထိန်းမထားနိုင်ဘူး။ ကက်ဂလီ
ယာခြေစွမ်းက အတက်ဘက်ရောက် လာပေမယ့် တိုက်စစ်ကောင်းတဲ့အသင်းကြီးတွေကို ခံကစား
နိုင်တဲ့ခြေစွမ်းမျိုးမှာ မရှိသေးဘူး။ ရိုးမား ပွတ်ကာသီကာ နိုင်ခြေရှိတယ်။

တိုရီနို-ဆမ်ဒိုးရီးယား
ဆက်တိုက်ခြေတက်နေတဲ့ တိုရီနိုခြေစွမ်းက အိမ်ကွင်းပွဲတွေမှာ သိသိသာသာ ပိုကောင်းတယ်။
ဆမ်ဒိုးရီးယားခြေစွမ်းကလည်း နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ပက်စ်ကာရာကို ခြောက်ဂိုးပြတ်နိုင်ထား
လို့ လျှော့တွက်လို့မရဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာ ခြေစွမ်းရော၊ စိတ်ဓာတ်ပါကောင်းတဲ့ တိုရီနိုကို
ပိုကြိုက်တယ်။

ချီယေဗို-ဂျူဗင်တပ်
ပြီးခဲ့တဲ့ပွဲစဉ်တုန်းကလို လာဇီယိုကွင်းမှာ ၁-၀ နဲ့ နိုင်ခဲ့တဲ့ခြေစွမ်းကို ချီယေဗိုတို့ ထိန်းထားနိုင်ရင်
ဂျူဗင်တပ်မချောင်ဘူး။ ဂျူဗင်တပ်ဟာ ကိုပါအီတာလျံဖလားမှာ လာဇီယိုကို ရေကုန်ရေခန်းညှစ်
ထုတ်ပြီး အသည်းအသန်ကစားထားရလို့ စီးရီးအေ ပွဲမှာ ပွဲပန်းပြီး စိတ်အာရုံစူးစိုက်မှု ကျသွားနိုင်
တယ်။ အိမ်ကွင်းရလဒ်ကောင်းတဲ့ ချီယေဗိုဘက်က အရဲစွန့်သင့်တယ်။ ပါလာမို-အတ္တလန္တာ
တောက်လျှောက်စိုက်ဆင်းနေတဲ့ ပါလာမိုဟာ ပြီးခဲ့တဲ့လေးပွဲဆက်တိုက်မှာ ၁၀ ဂိုး သွင်းခံလိုက်ရလို့
ဘယ်လိုမှ ယုံစားလို့မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အတ္တလန္တာကလည်း ခြေစွမ်းကျဆင်းနေသလို အသင်း
သိပ်မငြိမ်သေးဘူး။ ဒီပွဲက သရေနဲ့အဆုံးသတ်ဖို့ များပေမယ့် အတ္တလန္တာ မရှုံးနိုင်ဘူးလို့၊ယူဆမိ
တယ်။

ပက်စ်ကာရာ-ဘိုလော့နာ
ပြီးခဲ့တဲ့ သုံးပွဲဆက်တိုက်ရှုံးခဲ့ရာမှာ ၁၀ ဂိုးသွင်းခံလိုက်ရပြီး တစ်ဂိုးမှ ပြန်မသွင်း နိုင်တဲ့ ပက်စ်ကာရာ
ဟာ တိုက်စစ်ရော၊ ခံစစ်ပါမှာ ပြဿနာရှိနေပါတယ်။ ဘိုလော့နာ အသင်းကြီးတွေကိုတောင် ဂိုးပြန်
သွင်းနိုင်တာကြောင့် တိုက်စစ်ပိုင်းက အားရစရာပါ။ ယေဘုယျအားဖြင့် ဘိုလော့နာတို့ အဝေးကွင်း
ညံ့ပေမယ့် အခုပွဲမှာတော့ အနည်းဆုံး သရေလောက် ကစားသွားနိုင်မယ်လို့ ယူဆမိတယ်။

ဆီနာ-အင်တာမီလန်
နောက်ပိုင်းပွဲတွေမှာ ဆီနာတို့ ကစားကွက်ပြန်တက်လာပေမယ့် အသင်းကြီး တွေကို ရင်ဆိုင်ရာမှာ
တော့ ရုန်းကန်နေရသေးတယ်။အင်တာမီလန်ကလည်း ကြားရက်ထဲမှာ ကိုပါအီတာလျံဖလားဆီမီး
ဖိုင်နယ်ပွဲကစားထားရတဲ့အချက်ကို ထည့်တွက်ရမယ်။ နောက်တစ်ချက်က အင်တာမီလန်ဟာ
ဇန်န၀ါရီလထဲမှာ အဝေး ကွင်းနိုင်ပွဲပျောက်နေတယ်။ ဒါကြောင့် ဆီနာဘက်က အရဲစွန့်သင့်တယ်။

ဂျီနိုအာ-လာဇီယို
ပြီးခဲ့တဲ့ပွဲစဉ်က ဂျူဗင်တပ်ကွင်းမှာ ၁-၁ သရေကစားသွားတဲ့ခြေစွမ်းကို ဂျီနိုအာ တို့ ထိန်းထားနိုင်
မယ်ဆိုရင် လာဇီယိုမချောင်ပါဘူး။ လာဇီယိုက နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်သွားတယ်။ ဒါကြောင့်
ဒီပွဲမှာတော့ အိမ်ရှင်အားသာချက်ရှိတဲ့ ဂျီနိုအာကို ပိုကြိုက်တယ်။

ဖီအိုရင်တီးနား-ပါးမား
ဇန်န၀ါရီလထဲမှာ ငါးပွဲဆက်တိုက်နိုင်ပွဲပျောက်သွားတဲ့ ဖီအိုရင်တီးနား ခြေစွမ်း ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ
လတုန်းက အနေအထားမှာ မရှိတော့ဘူး။ ဆက်တိုက်ခြေတက် ခဲ့တဲ့ ပါးမားဟာ ပြီးခဲ့တဲ့အိမ်ကွင်းပွဲ
မှာ နာပိုလီကို အရေးနိမ့်ခဲ့ပေမယ့် ခြေစွမ်းအားဖြင့် 'ဦးကျိုး' သွားဖွယ်မရှိပါဘူး။ ပါးမားကိုကြိုက်
တယ်။

အေစီမီလန်-ယူဒီးနိစ်
ကိုပါအီတာလျံဖလားက ထွက်လိုက်ရပြီးနောက် စီးရီးအေမှာ ပြန်ပြီးအာရုံစိုက် လာလို့ အေစီမီလန်
ခြေစွမ်းနဲ့ရလဒ်တွေ ကောင်းလာတယ်။ ယူဒီးနိစ်ကတော့ အိမ်ကွင်းစွာပေမယ့် အဝေးကွင်းမှာ
အသင်းကြီးတွေကို ခံကစားနိုင်စွမ်းမရှိသေး ပါဘူး။ အေစီမီလန်အတွက် သုံးမှတ်သေချာတဲ့ပွဲ ဖြစ်ပါ
တယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yadanarbon
19 28 48
Magwe FC
19 9 35
Yangon United
19 16 33
Zeyar Shwe Myay
19 7 32
Shan United
19 13 29
Hantharwady Utd
19 2 29
Ayeyarwady United
19 3 28
Zwekapin United
19 3 24
Chin United
19 -11 22
Rakhine United
19 -10 15
Southern Myanmar
19 -24 13
Horizon FC
19 -36 6
Last Updated - 4 August 2016
TeamGPGDPTS
Manaw Myay
19 50 48
GFA
19 21 45
Nay Pyi Taw FC
19 29 39
Mahar United
18 21 36
Myawady FC
17 20 29
Mawyawadi FC
19 4 29
University FC
17 -14 20
City Stars
19 -10 19
Dagon FC
18 -12 16
United of Thanlyin
18 -33 11
Silver Stars
18 -36 10
Pong Gan
19 -40 6
Last Updated - 4 August 2016

အကြည့်အများဆုံး - အားကစားသတင်း