Tuesday, 02 September 2014

ဘယ်လိုပဲခြေမှန်နေပါစေ ဘေးအရီနာမှာ ဒေါ့မွန် ပွဲကျပ်လိမ့်မယ်

ဒေါ့မွန်အသင်းတိုက်စစ်မှူး လီဝမ်ဒေါစကီးနုရင်ဘတ်ဘက်သို့ ဂိုးသွင်းယူရန် ကြိုးပမ်းနေစဉ်။ဒေါ့မွန်အသင်းတိုက်စစ်မှူး လီဝမ်ဒေါစကီးနုရင်ဘတ်ဘက်သို့ ဂိုးသွင်းယူရန် ကြိုးပမ်းနေစဉ်။

ဝါဒါဘရီမင် - ဟန်နိုဗာ
၁၅-၉-၁၂ ဟန်နိုဗာ ၃-၂ ဘရီမင် ၀ါဒါဘရီမင်မှာ ဆဲလ်ဗင့်ဇ်ဖရစ်ဇ်နဲ့ မာကိုအနော်တိုဗစ်တို့ ပွဲပယ်
ပြစ်ဒဏ် ကြောင့် ပါဝင်နိုင်ခြင်းရှိမှာမဟုတ်သလို ဟန်နိုဗာမှာလည်း ဆီဘက်စတီယန် ပိုဂေါ့နိုလီ
အခုပွဲစဉ်ကို လွဲချော်မှာဖြစ်ပါ တယ်။ အမှတ်ကွာဟမှု လေးမှတ်သာ ရှိလို့ ပြိုင်ဆိုင်မှုပြင်းထန်းမယ့်ပွဲ
လည်း ဖြစ်ပါတယ်။ အဝေးကွင်းလေးပွဲစလုံး ရှုံးထားတဲ့ ဟန်နိုဗာကို ငြင်းချင်တယ်။

ဒတ်ဆယ်လ်ဒေါ့ဖ် - စတုဂတ်
၁၅-၉-၁၂ စတုဂတ် ၀-၀ ဒတ်ဆယ်လ်ဒေါ့ဖ် ဒီပွဲဟာလည်း အကြိတ်အနယ်ရှိနိုင် ပါတယ်။ အထက်
ကပွဲစဉ်လို အမှတ် ကွာဟမှု လေးမှတ်သာရှိလို့ ဖြစ်ပါတယ်။ ဒတ်ဆယ်လ်ဒေါ့ဖ်ရဲ့နောက်ဆုံးအိမ်
ကွင်း မှာ တန်းဆင်းဇုန်ထဲက အော့စ်ဘတ်ကို တောင် ရှုံးခဲ့ပါတယ်။ စတုဂတ်ကလည်း သူ့အောက်
က ၀ုဖ်ဘတ်ကို အဝေးကွင်း မှာ ၂-၀ နဲ့ ရှုံးပြလိုက်တော့ စိတ်ပျက် စရာချည်းပါပဲ။ ဒီပွဲစဉ်ဟာ ၁-၁
သရေ ကျမယ့်အဆင်ဖြစ်နေပါတယ်။

ရှော်လ်ကေး - ဂရုသာဖတ်ခ်ျ
၁၅-၉-၁၂ ဂရုသာဖတ်ခ်ျ ၀-၂ ရှော်လ်ကေး ပထမအကျော့အဝေးကွင်း ရှော်လ် ကေး ဂိုးပြတ်အနိုင်ရ
ထားပါတယ်။ ရှော်လ်ကေးဟာ အခုနောက်ဆုံး အိမ်ကွင်းပွဲစဉ် ဟန်နိုဗာကို ၅-၄ နဲ့ နိုင်ထားပါတယ်။
ဂရုသာဖတ်ခ်ျက တန်းစီဇယားရဲ့အောက်မှာ ကိုးမှတ် တည်းရပြီး ရပ်တည်နေတဲ့အသင်းပါ။
ရှော်လ်ကေးနဲ့ နှစ်သင်းပေါင်းသွင်းဂိုး အများကို ရွေးချယ်ချင်ပါတယ်။

ဝုဖ်ဘတ် - အော့စ်ဘတ်
၁၅-၉-၁၂ အော့စ်ဘတ် ၀-၀ ၀ုဖ်ဘတ် ၀ုဖ်ဘတ်က အခုအချိန်အထိ တန်း ဆင်းဇုန်ရဲ့ခြောက်လှန့်မှု
ဒဏ်ကို မခံရ သေးပါဘူး။ အော့စ်ဘတ်ကတော့ လုံးဝ အမှားခံလို့မရသေးတဲ့အခြေအနေရှိနေတယ်။
ဝုဖ်ဘတ်ရဲ့အခုနောက်ပိုင်း အိမ်ကွင်းရလဒ်တွေကောင်းပါတယ်။ ဟာသာဘာလင်ကို ၅-၁၊ စတုဂတ်
ကို ၂-၀ ကစားနိုင်ခဲ့တာမဆိုးပါဘူး။ အော့စ် ဘတ်ကလည်း လေးပွဲဆက်တိုက် အရှုံး မရှိဘူးဆိုပေ
မယ့် ဒီတစ်ချီ အဝေးကွင်း မှာ အော့စ်ဘတ် ကြွေပျက်လိမ့်မယ်လို့ ထင်တယ်။

ဟော့ဖန်ဟိမ်း - ဖရိုင်းဘတ်
၁၆-၉-၁၂ ဖရိုင်းဘတ် ၅-၃ ဟော့ဖန်ဟိမ်း အရင်ဆုံးပြောချင်တာက နှစ်သင်း ပေါင်းသွင်းဂိုးအများကို
ရွေးဖို့ပါပဲ။ တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရ တဲ့ ဟော့ဖန်ဟိမ်းဟာ အားနည်းနေတဲ့ ခံစစ်ပိုင်း
အတွက် မိန့်ဇ်ရဲ့ကွင်းလယ် ခံစစ်သမား ပိုလန်စကီးနဲ့ နောက်ခံကစား သမား အေဘရာဟင်၊ ဂါနာ
လက်ရွေးစင် ကစားသမား အက်ဂွာတို့ကိုလည်း ခေါ်ယူထားပြီးဖြစ်ပါတယ်။ ကီစလင် ကလည်း
ဖရိုင်းဘတ်အတွက် တစ်ဂိုး သွင်းပေးရင် ဂတ်မူလာ၊ ဂျက်ဟေးနက်ပ် တို့လို ရာစုနှစ်အကြီးကျယ်ဆုံး
ကစား သမားဖြစ်မှာပါ။ ဟော့ဖန်ဟိမ်းကို ရွေးချယ်သင့်ပါတယ်။

မိန့်ဇ် - ဘိုင်ယန်မြူးနစ်
၁၅-၉-၁၂ ဘိုင်ယန် ၃-၁ မိန့်ဇ် ဘိုင်ယန်ဟာ လေဗာကူဆင်ကို ၁၁ မှတ်ဖြတ်ပြီး တန်းစီဇယားကို
ဦးဆောင် နေဆဲပါပဲ။ မိန့်ဇ်ရော၊ ဘိုင်ယန်ပါ ရစ်သမ်မှန်နေပါတယ်။ ဘိုင်ယန် ကလည်း ပြီးခဲ့တဲ့စနေ
နေ့ပွဲအပါအ၀င် ဘွန်ဒက်စ်လီဂါနောက်ဆုံးအဝေးကွင်း ၁၁ ပွဲကစားခဲ့ရာမှာ ၁၀ ပွဲနိုင်ခဲ့တဲ့ အသင်းဖြစ်
နေပါတယ်။ ပိုလန်စကီး ထွက်ခွာသွားပြီဖြစ်တဲ့ မိန့်ဇ်ကို ငြင်းပယ် ချင်ပါတယ်။

ဟမ်းဘတ် - ဖရန့်ဖတ်
၁၆-၉-၁၂ ဖရန့်ဖတ် ၃-၂ ဟမ်းဘတ် အဆင့်(၄)ရောက်နေတဲ့ ဖရန့်ဖတ် ထက်တောင် ဟမ်းဘတ်က
ပိုပြီးရစ်သမ် မှန်နေပါတယ်။ ဖရန့်ဖတ်ဟာ နောက်ဆုံး အဝေးကွင်းသုံးပွဲစလုံးရှုံးထားလို့ စိတ်ပျက်
စရာပါ။ ဒါ့ပြင် ချယ်လ်ဆီးကနေ အငှားဆိုပြီး စေလွှတ်ထားတဲ့ နောက်ခံ ကစားသမား ဘရူမာဟာ
အခုဆိုရင် အမြဲတမ်းစာချုပ်နဲ့ ကစားခွင့်ရသွားလို့ စွမ်းဆောင်ရည်ပိုတက်လာမယ်လို့ ထင်ပါတယ်။
ဓာတ်တိုင်နှစ်တိုင်လောက် အကျောပေးထားရတဲ့ ဖရန့်ဖတ်ကို အနိုင်ယူပြီး ဟမ်းဘတ် အသေ
အကျေ လိုက်လိမ့်မယ်။

နုရင်ဘတ် - မိုချင်ဂလက်ဘတ်
၁၅-၉-၁၂ မိုချင် ၂-၃ နုရင်ဘတ် တန်းဆင်းဇုန်နဲ့ ကပ်နေတဲ့ နုရင်ဘတ်ဟာ သရေကျရင် ၈၀ ရာခိုင်
နှုန်း အကျိုးအမြတ်ရနိုင်မယ့် အခွင့်အရေးကိုတော့ ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့နောက်ဆုံး အိမ်ကွင်း
သုံးပွဲမှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ကျထားလို့ နုရင်ဘတ်ကိုပဲ အိတ်ကပ်ထဲ ဆောင်ထားလိုက်မယ်။

လေဗာကူဆင် - ဒေါ့မွန်
၁၅-၉-၁၂ ဒေါ့မွန် ၃-၀ လေဗာကူဆင် လေဗာကူဆင်မှာတောင် ဒေါ့မွန်က သရေကျရင် ၂၅ ရာခိုင်
နှုန်း ဆုံးရှုံးမှာ ဖြစ်ပါတယ်။ လေဗာကူဆင်ကွင်း နောက်ဆုံးသုံးကြိမ်တွေ့ဆုံခဲ့ရာ ၁-၁၊ ၁-၃၊ ၀-ဝ
ရလဒ်တွေ ထွက်ပေါ်ထားပါတယ်။ ဒေါ့မွန်တောက်လျှောက် ရစ်သမ်မှန်နေပြီး နောက်ဆုံးအဝေးကွင်း
နှစ်ပွဲမှာ ၁-၃၊ ၀-၅ ရလဒ်တွေနဲ့ အနိုင်ရ ထားပါတယ်။ လေဗာကူဆင်ကလည်း အိမ်ကွင်းနောက်ဆုံး
သုံးပွဲမှာ ၃-၀၊ ၃-၁၊ ၁-၀ ဂိုးရလဒ်တွေနဲ့ အနိုင်ရထားတာ တွေ့ရ ပါတယ်။ ဒါကြောင့် ဘယ်လိုပဲခြေ
မှန်နေပါစေ ဘေးအရီနာမှာတော့ ဒေါ့မွန်ကို လေဗာကူဆင်က အနိုင် ကစားသွားပါလိမ့်မယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။