Friday, August 26, 2016

မထင်မှတ်တာတွေကို နယူကာဆယ်တို့ လုပ်ပြနိုင် - ပရီမီယာလိဂ်ပွဲစဉ်(၂၅)

မန်စီးတီး - လီဗာပူး
ပထမအကျော့ အန်းဖီးလ်မှာတုန်းက ၂-၂ သရေကျခဲ့ပါတယ်။ လီဗာပူး အနိုင်ရလုလုအခြေအနေ
ကနေ သရေကျသွားတာပါ။ အခုပွဲမှာ မန်စီးတီး နောက်တန်းက ကွန်ပနီပြန်မကစား နိုင်သေးဘူး
ဆိုရင် မန်စီးတီးမှာ ပြဿနာရှိနိုင်ပါ တယ်။ အကြိတ်အနယ်ရှိမယ့်ပွဲဖြစ်ပြီး သရေထပ်ပြီးကျသွားနိုင်
တဲ့ပွဲမို့ လီဗာပူးကို ရွေးရမှာပါ။

ဝက်စ်ဘရွန်း - စပါး
ဝက်စ်ဘရွန်းကို လျှော့တွက်လို့မရပါဘူး။ အိမ်ကွင်းဆိုရင် ထူးထူးခြားခြားကောင်း တာကြောင့် စပါး
ဟာ ခက်ခက်ခဲခဲကစားရနိုင်ပါတယ်။ စပါးလောက် ၀က်စ်ဘရွန်း ကစားသမားတွေ မထင်ရှားပေမယ့်
အသင်းလိုက်ကစားအားရှိတာကြောင့် လီဗာပူး၊ ချယ်လ်ဆီးတို့တောင် ၀က်စ်ဘရွန်းကွင်းမှာ ရှုံးနိမ့်ခဲ့
ကြပါတယ်။ စပါးမှာ တိုက်စစ်ကောင်းတစ်ခုရှိထားသော်လည်း အိမ်ရှင်ကိုသာ ရွေးရမယ့်ပွဲဖြစ်ပါ
တယ်။

ဖူလ်ဟမ် - မန်ယူ
ပထမအကျော့ အိုးလ်ထရက်ဖို့ဒ်မှာ ၃-၂ မန်ယူနိုင်ခဲ့ပါတယ်။ ခက်ခက်ခဲခဲနဲ့ မန်ယူကစားခဲ့ရတဲ့ပွဲဖြစ်
ပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့အပတ်က အက်ဖ်အေဖလားပွဲ မှာတော့ မန်ယူဟာ ဖူလ်ဟမ်ကို ဂိုးပြတ်နဲ့နိုင်
ခဲ့ပါတယ်။ အခုတစ်ခါ ဖူလ်ဟမ်ကွင်း မှာ ထပ်တွေ့နေတာပါ။ အခု ဖူလ်ဟမ်ကွင်းမို့ မန်ယူခက်ခဲမယ်
ထင်ရပေမယ့် ဖူလ်ဟမ်ရဲ့ကွင်းလယ်က အရမ်းအားနည်းနေလို့ မန်ယူကို ယှဉ်ဖို့မလွယ်ပါဘူး။ မန်ယူ
ထပ်နိုင်ဦးမှာပါ။

နယူးကာဆယ် - ချယ်လ်ဆီး
နယူးကာဆယ်က ဇန်န၀ါရီမှာ ကစားသမားတွေ ထပ်ဖြည့်ထားလို့ ကစားပုံ ကောင်းလာမယ်လို့
မျှော်လင့်ရပါတယ်။ ချယ်လ်ဆီးက ခြေမငြိမ်တဲ့အသင်းဖြစ် နေပါတယ်။ မှန်းရခက်တဲ့အသင်းကြီး
တစ်သင်းဖြစ်ပါတယ်။ အခုနယူးကာဆယ် ကွင်းမို့ ချယ်လ်ဆီးခက်ခက်ခဲခဲကစား ရဦးမယ့်ပွဲဖြစ်ပါ
တယ်။ နယူးကာဆယ်ကို ကြိုက်ပါတယ်။

အာဆင်နယ် - စတုတ်
စတုတ်ကွင်းရောက်ရင် အာဆင်နယ် ကစားရခက်ပေမယ့် အာဆင်နယ်ကွင်း ရောက်ရင် စတုတ်ဟာ
ကစားရခက်တဲ့ အသင်းပြန်ဖြစ်သွားပါတယ်။ စတုတ်ဟာ ခံစစ်သာကစားတတ်ပြီး တိုက်စစ်က
ထက်မြက်တဲ့အနေအထားမှာမရှိတာကြောင့် စတုတ်အခက်တွေ့နေရတာဖြစ်ပါတယ်။ အာဆင်နယ်
ကွင်းမှာ အာဆင်နယ် ဘောလုံးအသာစီးနဲ့ ကစားနိုင်တဲ့ပွဲမို့ အာဆင်နယ်အနိုင်ရဦးမှာပါ။

ဝက်စ်ဟမ်း - ဆွမ်ဆီး
ဒီနှစ်သင်းမှာ ပွဲကစားရတဲ့ရက် စိပ်နေတာက ဆွမ်ဆီးဖြစ်လို့ ဆွမ်ဆီးပွဲပန်း နေမယ်လို့ ယူဆရပါ
တယ်။ မီချူလည်း ဂိုးပေါက်ပျောက်နေပါတယ်။ ၀က်စ်ဟမ်းက အိမ်ကွင်းဆိုရင် ကစားအားကောင်း
တာကြောင့် ဆွမ်ဆီးကစားရခက်မယ့်ပွဲ ဖြစ်ပါ တယ်။ နိုလန် ဦးဆောင်တဲ့ ၀က်စ်ဟမ်းအသင်း နိုင်ပွဲ
တွေ့မယ့်ပွဲပါ။

ဝီဂန် - ဆောက်သမ်တန်
ဝီဂန်ကစားအားတင်ရတော့မယ့်အချိန်ဖြစ်ပါတယ်။ ဆောက်သမ်တန် နည်းပြသစ် ပိုချက်တီနို
အတွက် ဒုတိယမြောက် အဝေးကွင်းပွဲဖြစ်နေပါတယ်။ ၀ီဂန်နည်းပြ မာတီနက်ဇ်ရဲ့ အတွေ့အကြုံ
ကောင်းကြောင့် ၀ီဂန်နိုင်ပွဲပြန်တွေ့နိုင်တဲ့ ပွဲဖြစ်ပါတယ်။ ဆောက်သမ်တန်ဟာ အဝေးကွင်းဆိုရင်
အစကတည်းက မကောင်း လို့ ၀ီဂန်ကိုရွေးရမယ့်ပွဲဖြစ်ပါတယ်။

အဲဗာတန် - ဗီလာ
အရင်တုန်းကတော့ ဒီနှစ်သင်းဟာ သိပ်ပြီးမကွာကြတဲ့အသင်းတွေပါ။ အခု တော့ အတော့ကိုကွာ
သွားပြီဖြစ်ပါတယ်။ ဒီပွဲမှာ အဲဗာတန်နိုင်မယ်ဆိုရင်တော့ ဂိုးပြတ်နိုင်ဖို့မလွယ်လှပါဘူး။ ဗီလာညံ့တာ
မှန်ပေမယ့် ဂိုးသွင်းအား ဗီလာမှာရှိနေလို့ အဲဗာတန် ဂိုးပေးရနိုင်ခြေရှိပါတယ်။ အဲဗာတန်ကစားပုံ
ကောင်းပေမယ့် ဂိုးမပြတ်လို့ ဗီလာကို ရွေးရမယ့်ပွဲပါ။

ရက်ဒင်း - ဆန်းဒါးလန်း
ရက်ဒင်းက အခုနောက်ပိုင်းမှာ ကစားပုံအတော်လေးကောင်းနေတဲ့အသင်း ဖြစ်ပါတယ်။ အိမ်ကွင်း
ဆိုရင် ကစားအားပိုကောင်းတဲ့အသင်းဖြစ်ပါတယ်။ ဆန်းဒါး လန်းဟာ အဝေးကွင်းမှာ အသင့်အတင့်
ပဲခြေကောင်းလေ့ရှိပါတယ်။ ၀ီဂန်ကွင်းမှာ တုန်းက အနိုင်ရခဲ့ပေမယ့် ရက်ဒင်းကွင်းမှာ နိုင်ဖို့မလွယ်လှ
ပါဘူး။ ရက်ဒင်းက နေရမယ့်ပွဲဖြစ်ပါတယ်။

ကျူပီအာရ် - နော်ဝစ်ခ်ျ
ကျူပီအာရ်ကတော့ ရုန်းကန်နေရတဲ့အသင်းပါ။ အက်ဖ်အေဖလားပွဲမှာ လူချန် ကစားခဲ့တာကိုကြည့်
ရင် ရက်ဒ်နက်ဟာ တန်းမဆင်းရဖို့ကို ဦးစားပေးတယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒီနှစ်သင်းရဲ့
ကစားပုံ သိပ်မကွာကြပါဘူး။ နော်ဝစ်ခ်ျလည်း ခြေပြန်ကျဆင်းလာနေတဲ့အသင်းဖြစ်လို့ ကျူပီအာရ်
ကစားလို့ရနိုင်မယ် ယူဆရပါ တယ်။ ကျူပီအာရ်ကိုကြိုက်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yadanarbon
19 28 48
Magwe FC
19 9 35
Yangon United
19 16 33
Zeyar Shwe Myay
19 7 32
Shan United
19 13 29
Hantharwady Utd
19 2 29
Ayeyarwady United
19 3 28
Zwekapin United
19 3 24
Chin United
19 -11 22
Rakhine United
19 -10 15
Southern Myanmar
19 -24 13
Horizon FC
19 -36 6
Last Updated - 4 August 2016
TeamGPGDPTS
Manaw Myay
19 50 48
GFA
19 21 45
Nay Pyi Taw FC
19 29 39
Mahar United
18 21 36
Myawady FC
17 20 29
Mawyawadi FC
19 4 29
University FC
17 -14 20
City Stars
19 -10 19
Dagon FC
18 -12 16
United of Thanlyin
18 -33 11
Silver Stars
18 -36 10
Pong Gan
19 -40 6
Last Updated - 4 August 2016

အကြည့်အများဆုံး - အားကစားသတင်း