Sunday, 30 August 2015

ပြင်သစ်တွေနဲ့ ဖြတ်သန်းမယ့် ငှက်ကျားများ

ဘင်အာဖာဘင်အာဖာ

မနှစ်က ဒီလိုအချိန်မျိုးမှာ နယူးကာဆယ်အသင်းဟာ ပရီမီယာလိဂ်မှာ ဥရောပ ၀င်ခွင့်တစ်နေရာရဖို့
အတွက် စတင်ပြီး အိပ်မက်မက်နေတဲ့ကာလဖြစ်ပါတယ်။ ဒီနှစ်မှာတော့ နယူးကာဆယ်ရဲ့အိပ်မက်
က မနှစ်ကနဲ့မတူ ပြောင်းပြန်အချိုးနဲ့ တန်းမဆင်းရဖို့အတွက်ပဲ ကြိုးစားရ တော့မှာဖြစ်ပါတယ်။

မြန်ဆန်လွန်းသော နယူးကာဆယ်ရဲ့ပြောင်းလဲမှုပဲဖြစ်ပါ တယ်။ မနှစ်ကရာသီကုန်တော့ အဆင့်
(၅)ရခဲ့ပြီး နယူးကာဆယ်ဟာ ယူရိုပါလိဂ် ၀င်ခွင့်ရသွားခဲ့ပါတယ်။ မန်နေဂျာ အလန်ပါဂျူးရဲ့အရည်
အသွေးကြောင့် လို့ နယူးကာဆယ်ကလပ်ပိုင်ရှင် အက်ရှ်လေ ထင်မှတ်ထားခဲ့ပါတယ်။

ဒါကြောင့်လည်း အလန်ပါဂျူးကို မိုက် အက်ရှ်လေဟာ ရှစ်နှစ်သက်တမ်းရှိတဲ့ နှစ်ရှည်စာချုပ်ကို
ချုပ်ဆိုခဲ့တာဖြစ်ပါ တယ်။ အခုတော့ နယူးကာဆယ်ဟာ အဆင့်(၁၆)မှာ ရှိနေခဲ့ပြီး တန်းဆင်းဇုန် နဲ့
နှစ်မှတ်အကွာမှာပဲရှိနေခဲ့ပါတယ်။ ဒါကြောင့်လည်း ဇန်န၀ါရီအပြောင်း အရွှေ့မှာ ကစားသမားတွေ
မဖြစ်မနေ ဖြည့်တော့မှရမယ်ဆိုတာ သိလိုက်လို့ ထင်ပါတယ်။

ဇန်န၀ါရီအပြောင်းအရွှေ့ ကာလမှာ ပရီမီယာလိဂ်အသင်းတွေ ထဲမှ ကစားသမားဝယ်ယူဖြည့်တင်းမှု
အများဆုံးလုပ်သွားတဲ့အသင်းဟာ နယူးကာဆယ်ဖြစ်သွားခဲ့ပါတော့တယ်။ ဒီလို ဖြည့်တင်းလိုက်တဲ့
အတွက်လည်း ဒုတိယ ရာသီဝက်မှာ နယူးကာဆယ်ဟာ မနှစ်က ပုံစံလို ပြန်ဖြစ်လာတော့မလားလို့
အတွေးဝင်လာမိခဲ့တာပဲဖြစ်ပါတယ်။

နည်းပြအလန်ပါဂျူး ဇန်န၀ါရီမှာ ၀ယ်ယူဖြည့်တင်းလိုက်တဲ့ ကစားသမား တွေက ဟိုကဒီကနေ
ကောက်သင်း ကောက်ဝယ်ယူတာမဟုတ်ဘဲ ပြင်သစ် လီဂူးက ကစားသမားတွေချည်းဝယ်ယူ
လိုက်တာကလည်း ထူးခြားအံ့ဩစရာ ဖြစ်သွားခဲ့ပါတယ်။ ၁၉၉၅ တုန်းက အလန်ပါဂျူး ၀က်စ်ဟမ်း
ကလပ်ကို ကိုင်နေတဲ့အချိန်မှာ အာဆင်နယ် မန်နေဂျာ အာဆင်ဝင်းဂါးက အာဆင်နယ်နဲ့ ရီးယဲလ်
မက်ဒရစ်တို့ကစားတဲ့ ချန်ပီယံ လိဂ်ပွဲမှာ အင်္ဂလိပ် ကစား သမားတစ်ယောက်မှ မသုံးဘဲ ရီးယဲလ်ကို
အနိုင်ကစားခဲ့တော့ အလန်ပါဂျူးက အာဆင်ဝင်းဂါးကို အင်္ဂလိပ် ကစား သမားတွေ မသုံးရ ကောင်း
လားဆိုပြီး အာချောင်ခဲ့တဲ့အဖြစ်က အခုတော့ သံသရာတစ်ပတ်လည်လာခဲ့ပြီဖြစ်ပါတယ်။

အာဆင်ဝင်းဂါး ကို ဝေဖန်ခဲ့တဲ့သူဟာ အာဆင်ဝင်းဂါးရဲ့ လမ်းစဉ်ကို လိုက်ရတဲ့ဘ၀ ရောက် သွားခဲ့ပြီ
ဖြစ်ပါတယ်။ ရက်ဒင်းကို အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင် ဦးဆောင်ထားပြီးမှ ၁-၂ နဲ့ နောက်ဆုံးမှာ ရှုံးနိမ့်
သွားလို့ အလန်ပါဂျူးဟာ နယူးကာဆယ် ပရိသတ်တွေရဲ့ မြို့မေတ္တာကို ခံယူသွားခဲ့ရပါတယ်။

နယူးကာ ဆယ် ပရီမီယာလိဂ်မှာ နောက်ဆုံး ကစားထားတဲ့ ၁၄ ပွဲမှာ နှစ်ပွဲ သာ အနိုင်ကစားနိုင်ခဲ့တဲ့
အတွက် လည်း နယူးကာဆယ်ကစားသမားဖြစ်တဲ့ တိုက်စစ်မှူး ရှိုလာ အမီယိုဘီက ၂၀၀၈-၀၉
ဘောလုံးရာသီက နယူးကာ ဆယ် တန်းဆင်းသွားရတဲ့ အဖြစ်မျိုးမကြုံတွေ့နိုင်ဖို့ ကြိုတင် သတိ
ပေးပြောဆိုသွားခဲ့ပါတယ်။

ဒီလိုအချိန်မှာ ပထမ ရာသီဝက်က တိုက်စစ်မှာ ခြေစွမ်းပြခဲ့တဲ့ ဒမ်ဘာဘ ကိုလည်း ထိန်းထားနိုင်
စွမ်းမရှိဘဲ လက်လွှတ်ခဲ့ရတော့ အလန်ပါဂျူး အတွက် မိုက်အက်ရှ်လေဟာမဖြည့်ပေးလို့မရတော့ဘဲ
ပြင်သစ်လီဂူးကစားသမား တွေကိုပဲ တစ်ယောက်ပြီးတစ်ယောက် ဆွဲခေါ်လာခဲ့တော့တယ်။

ကစားသမားဖြည့်တင်းပုံက ပရမ်း ပတာမဟုတ်ဘဲ တိုက်စစ်၊ အလယ်၊ နောက် အစုံဖြစ်ခဲ့လို့ အားရ
စရာဖြစ်နေ ပါတယ်။ ဒမ်ဘာဘမရှိတဲ့အတွက် ဆစ်ဆီတစ်ယောက်တည်းနဲ့ အလုပ် မဖြစ်ခဲ့ပါဘူး။
ဒါကြောင့် ဘော်ဒိုးကလပ် ရဲ့တိုက်စစ်မှူး ဂူဖ်ဖရန်ကို ၀ယ်ယူ ဖြည့်တင်းခဲ့တာတွေ့ရပါတယ်။

ဂူဖ် ဖရန်က အသက် ၂၆ နှစ်ရှိပြီး ဘော်ဒိုး ကလပ်မှာ ဒီရာသီဂိုးအများဆုံးသွင်း ထားသူဖြစ်ပါတယ်။
ပြင်သစ် ၂၁ နှစ် အောက် လက်ရွေးစင်ဖြစ်ခဲ့ဖူးသူဖြစ်လို့ ထိပ်တန်းအဆင့်မဟုတ်ရင်တောင် ပထမ
တန်းအဆင့်လောက်ရှိလေမလား လို့ အတွေးဝင်နေမိပါတယ်။ သူ့ကို လေးနှစ်စာချုပ်ခဲ့တာပါ။

နယူးကာဆယ် ဟာ ဒမ်ဘာဘကို အလကားပေးခဲ့တဲ့ အဖြစ်အပျက်ရှိလေတော့ ဂူဖ်ဖရန်လည်း
သိပ်တော့လျှော်မယ့်ပုံမှာမရှိပါ ဘူး။ ဂူဖ်ဖရန်ဟာ ဆစ်ဆီ၊ ရှိုလာ အမီယိုဘီတို့နဲ့ နေရာရဖို့ အပြိုင်
ကြိုးစား ရပါတော့မယ်။ နောက်ထပ်ပြင်သစ်တစ်ယောက်က ဆစ်ဆိုကို။ သူက ကွင်းလယ်ကစား
သမားဖြစ်ပါတယ်။

အသက်က ၂၃ နှစ်ပဲ ရှိသေးတော့ တော်တော်မျှော်လင့်စရာ ပါ။ ပြင်သစ်ကကွင်းလယ်ကစားသမား
တွေပိုပြီး ထူးထူးချွန်ချွန်ရှိကြပါတယ်။ သူ့ကို နယူးကာဆယ်က ခြောက်နှစ်ခွဲ တောင် စာချုပ်ထားခဲ့
ပါတယ်။ အလန် ပါဂျူးကတော့ ဆစ်ဆိုကိုကို တော်တော် လေးမျှော်လင့်ထားပုံရပါတယ်။

ကွင်းလယ်မှာ ကာဘာယီ၊ ဘင်အာဖာ၊ အိုဘာတန်၊ မာဘူးဆိုတဲ့ ပြင်သစ်တွေနဲ့ နားလည်မှုရှိမယ့်သူ
လို့ ယူဆထားပါ တယ်။။ နောက်ထပ်ပြင်သစ်က ယမ်ဂါအမ်ဘီ ၀ါပဲဖြစ်ပါတယ်။ မနှစ်က မွန့်ပယ်လီ
ယာ ကလပ်အသင်း ပြင်သစ်လီဂူးမှာ ချန်ပီယံ ဖြစ်တော့ မွန့်ပယ်လီယာကို အမ်ဘီဝါက ဦးဆောင်ခဲ့
တာပါ။ သူ့ကို အာဆင်နယ် ကလည်း စိတ်ဝင်စားခဲ့ပြီး နယူးကာဆယ် က အရခေါ်သွားခဲ့တာဖြစ်ပါ
တယ်။

အသက်ကလည်း ၂၃ နှစ်ပဲရှိသေးလို့ မျှော်လင့်လို့ရတဲ့ကစားသမားဖြစ်ပါ တယ်။ သူကနောက်တန်း
အတွင်းလူ နေရာက ကစားတဲ့အတွက် ကိုလော့ချီနီ နဲ့တွဲဖက်ပွဲထွက်လာနိုင်ဖွယ်ရှိပါတယ်။
အင်္ဂလိပ်နောက်တန်းကစားသမားတွေ ဖြစ်တဲ့ ၀ီလျံဆင်၊ စတီဖင်တေလာ၊ ဒါရင်ပါ့ခ်ျတို့အတွက်
တော့ နေရာရဖို့ အတော်ကြိုးစားရမယ့်အနေအထား ဖြစ်နေခဲ့ပါတယ်။

နယူးကာဆယ်ဟာ တိုက်စစ်နဲ့ ကွင်းလယ်က သိပ်ပြီးဆိုးရွားတာမဟုတ် ပါဘူး။ ခံစစ်က ဆိုးရွားနေခဲ့
တာပါ။ အဝေးကွင်းမှာ အခုထိနိုင်ပွဲမရသေးဘဲ အဝေးကွင်းမှာ ခံစစ်က တစ်ပွဲကို ပျမ်းမျှ ၂ ဒသမ
၂၇ ဂိုးပေးနေရတဲ့အတွက် အလန်ပါဂျူးဟာ ပြင်သစ်နောက်တန်း သမားတွေကို ပိုပြီးဝယ်ယူနေခဲ့ပါ
တယ်။

အမ်ဘီဝါနဲ့အတူ လိုင်လီကလပ်က ပြင်သစ်လက်ရွေးစင် ဒါဘူချီနဲ့ နန်စီ ကလပ်က ဟိုက်ဒါရာတို့ကို
ပါ ၀ယ်ယူ ထားခဲ့ပါတယ။် ဒါဘူချီက နောက်တန်း ညာအစွန်၊ ဟိုက်ဒါရာက နောက်တန်း ဘယ်
အစွန်ကစားသမားတွေဖြစ်လို့ အစောပိုင်းကစားနေတဲ့ ဒေးဗစ်ဆန်တန် (အီတလီ)၊ ဆင်ပ်ဆန်
(အင်္ဂလိပ်)တို့ အတွက် မလွယ်ကူတဲ့ အနေအထားကို ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

ဒါဘူချီက ပြင်သစ်လက်ရွေးစင်အသင်းကြီးမှာ စီနီယာဖြစ်နေသလို ဟိုက်ဒါရာက အသက် ၂၀ ပဲ
ရှိသေးပြီး ပြင်သစ် ယူ-၂၁ လက်ရွေးစင်ဖြစ်နေပါတယ်။ ဇန်န၀ါရီအပြောင်းအရွှေ့မှာ လောလော
ဆယ် ပြင်သစ်ငါးဦးဝယ်ယူလိုက် တဲ့အတွက် နယူးကာဆယ်မှာ ပြင်သစ် ကစားသမား ၁၀ ဦးအထိ
ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အရင်က ကာဘာယီ၊ ဘင်အာဖာ၊ အိုဘာတန်၊ မာဘူး၊ အမ်မဲလ်ဖီတာဒိုဆို
တဲ့ ပြင်သစ်ငါဦး ရှိထားခဲ့တာပါ။

ပြင်သစ်ကစားသမား အသင်းတစ်သင်းစာ ရောက်ရှိသွားတဲ့ အတွက် နယူးကာဆယ်မှာရှိတဲ့
အင်္ဂလိပ် ကစားသမားတွေဟာ ဦးစားပေးနေရာ ရဖို့ဆိုတာ စတီဖင်တေလာကလွဲရင် ကျန်တဲ့
အင်္ဂလိပ်ကစားသမားတွေဟာ အရန် ကစားသမားပဲဖြစ်လာဖွယ်ရှိပါ တယ်။

ဒီလိုပြင်သစ်တွေနဲ့ စုစည်းချိန်မှာ ကပ္ပတိန်ဖြစ်တဲ့ အာဂျင်တီးနားကစား သမားကိုလော့ချီနီက
အာဂျင်တီးနား ပြန်မယ်လုပ်နေတာကို အလန်ပါဂျူးဟာ ရအောင်စည်းရုံးနိုင်ခဲ့သလို ဦးစားပေး ဂိုး
သမား တင်ကရူလ်ကိုလည်း စာချုပ် လိုက်နိုင်တဲ့အတွက် ဗီလာ၊ ၀ီဂန်၊ ဆောက်သမ်တန်တို့ထက်
စာရင် နယူး ကာဆယ်ရဲ့ ဒုတိယရာသီဝက်ဟာ ရလဒ်ကောင်းတွေနဲ့ အကောင်းဘက်ကို ပြောင်းလဲ
သွားနိုင်ဖွယ်ရှိနေတယ်လို့ ယူဆနေမိပါရဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
15 28 43
Ayeyawady
United
14 14 29
Magwe FC
14 14 29
Yadanarbon FC
14 13 29
KBZ FC
15 5 25
Chin United
15 -5 15
Nay Pyi Taw FC
15 -11 15
Zeyar Shwe Myay
FC
14 -8 14
Zwekapin FC
15 -9 14
Hantharwady FC
15 -6 11
Manaw Myay FC
15 -16 11
Rakhine United
15 -19 11
Last Updated - 18 August 2015

အကြည့်အများဆုံး - အားကစားသတင်း