ရုန်းရင်း ရုန်းရင်း မြုပ်နေတဲ့ တိုနီဖာနန်ဒက်စ်ရဲ့ ကျူပီအာရ်

တိုနီဖာနန်ဒက်စ်တိုနီဖာနန်ဒက်စ်

ကျူပီအာရ်ဆိုတဲ့အသင်းက လန်ဒန်မြို့ ကအသင်းပါ။ အသင်းလေးတစ်သင်းပါပဲ။ ဒီအသင်းကိုပိုင်တဲ့
သူက မလေးရှားက စီးပွားရေးလုပ်ငန်းရှင် အဲအေးရှား လေကြောင်းလိုင်းကို အောင်မြင်အောင်
ထူထောင်သူအဖြစ် ထင်ရှားသူပါ၊ မနှစ်က ကျူပီအာရ်ကိုဝယ်ခဲ့ပြီး ဘောလုံး စီးပွားရေးလုပ်ငန်းထဲ
ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဖာနန်ဒက်စ်ရဲ့ လန်ဒန်ခြေလှမ်းတွေက မရွေ့မလျားဘဲ ဖြစ်နေပါတယ်။ မန်နေဂျာအညံ့တွေ
ကို အားကိုးမိခြင်းရဲ့ အကျိုးဆက်ကြောင့် သူ့ခြေလှမ်းတွေက ရှေ့မရောက်ဘဲ နောက်ကို ပြန်
ရောက်တော့မလိုဖြစ်နေ ရပြီဖြစ်ပါတယ်။

ရုန်းရင်းရုန်းရင်းမြုပ်နေတဲ့ဘ၀ကို ကျူပီအာရ်ဟာ မနှစ်ကတည်းက ရောက်နေခဲ့ရတာ ဒီနှစ်မှာတော့
ပိုဆိုးတဲ့အခြေအနေကို ရောက်ခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့်လည်း ဖာနန်ဒက်ဟာ ငွေအရင်းအနှီးတွေ စိုက်ထုတ်လို့ မဆုံးအောင် ကျူပီအာရ်ကို
ကယ်တင်နေရပြီဖြစ်ပါတယ်။

ကျူပီအာရ်ကို တိုနီဖာနန်ဒက်စ် ၀ယ်ယူပြီးတဲ့နောက်မှာ ကျူပီအာရ်ဟာ မန်နေဂျာသုံးဦးပြောင်းခဲ့ရပြီ
ဖြစ်ပါတယ်။ အရင်ဆုံး မန်နေဂျာက ၀ါနော့ဒ်။ သူက ကျူပီအာရ်ကို ပရီမီယာလိဂ်ကိုရောက်အောင်
စွမ်းဆောင်ခဲ့သူပါ။

ဒါပေမဲ့ ပရီမီယာလိဂ်မှာတော့ သူက ဘာမှ ထူးထူးကဲကဲမစွမ်းဆောင်နိုင်ခဲ့ပါဘူး။ တိုနီဖာနန်ဒက်စ်
ဟာ မစ္စတာ ၀ါနော့ဒ် အတွက် လိုချင်တဲ့ကစားသမားတွေကို ၀ယ်ပေးခဲ့တာပါ။ ဒါပေမဲ့ ၀ါနော့ဒ်ဟာ
လွယ်လင့်တကူနဲ့ တွေ့ရာကစားသမား တွေကို ပေးဝယ်ခဲ့သလိုမျိုး ကစားသမား တွေကို ၀ယ်ယူ
ဖြည့်တင်းခဲ့ပါတယ်။

လုခ်ယန်း၊ အန်တန်ဖာဒီနန်၊ ကီယွန် ဒိုင်ယာ၊ ဂျိုယေးဘာတန် စတဲ့ကစား သမားတွေကို ၀ယ်ယူခဲ့
တာပါ။ ဒါပေမဲ့ ၀ါနော့ဒ် ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဖာနန်ဒက်စ်ဟာ စိတ်ရှည်သည်းခံခဲ့ပါတယ်။
နောက်မတတ်သာတဲ့အဆုံးမှာမှ ၀ါနော့ဒ်ကိုထုတ်ပြီး မာ့ခ်ဟုခ်ျကိုနည်းပြ သစ်ခန့်ပြီး မနှစ်ကခရီး
ဆက်ခဲ့ရပါတယ်။

မနှစ်က ကျူပီအာရ် တန်းမဆင်းရဖို့အတွက် နောက်ဆုံးပွဲစဉ်အထိ ရုန်းကန်ကစားသွားခဲ့ရတာပါ။
ကံအလွန်ကောင်းခဲ့ပြီး ကျူပီအာရ်တန်းမဆင်းခဲ့ရတာပါ။ တန်းမဆင်းရဘဲ ပရီမီယာလိဂ်မှာ တင်
ကျန်သွားလို့ တိုနီဖာနန်ဒက်စ်ဟာ မာ့ခ်ဟုခ်ျ လိုချင်တဲ့ကစားသမားတွေကို ဆက်ဖြည့်ပေးခဲ့ပြန်ပါ
တယ်။

သိပ်ပြီး ငြိုငြင်မှုမရှိဘဲနဲ့ကို ပတ်ဂျီဆန်၊ ရောဘတ် ဂရင်း၊ ဟွိုက်လက်၊ ရိုင်ယန်နယ်လ်ဆင်၊ အင်ဒရူး
ဂျွန်ဆင်၊ ဇာမိုရာ၊ ဆစ်ဆီဆိုတဲ့ ကစားသမားတွေကို မာ့ခ်ဟုခ်ျဟာ ၀ယ်ယူဖြည့်တင်းခဲ့တာပါ။
ဒါပေမဲ့ ကျူပီအာရ်ဟာ လူများပြီး ပွဲမစည်ခဲ့ဘဲ ဖြစ်ခဲ့ရပါတယ်။ ကစားသမားပွဲထုတ်ပုံဟာ တစ်ပွဲကို
တစ်မျိုး ပြောင်းလဲလူထုတ် ကစားခဲ့လို့ ကျူပီအာရ်နိုင်ပွဲမရတာ ၁၆ ပွဲ ဆက်တိုက်ပဲဖြစ်ပါတယ်။

တိုနီဖာနန်ဒက်စ်ဝယ်ပေးခဲ့သည့် ကစားသမားများ -  ဘော်ဆင်ဝါ၊ ဆီဇာ၊ ဂရန်နာရို၊ မက်ဂျရီ၊ အမ်ဘီယာ၊ ဖာဘီယို၊ ပတ်ဂျီဆန်၊ ဟွိုက်လက်၊ ဂျွန်ဆင်၊ နယ်လ်ဆင်၊ ရောဘတ်ဂရင်း၊ ဒီယာ ကီတီ၊ အိုနူဟာ၊ ဆစ်ဆီ၊ ဇာမိုရာ၊ ဘင်ဟိန်း၊ ရီမီ၊ ဆမ်ဘာ၊ ဂျာမိန်းဂျီးနပ်စ်၊ တောင်ဆင်။တိုနီဖာနန်ဒက်စ်ဝယ်ပေးခဲ့သည့် ကစားသမားများ - ဘော်ဆင်ဝါ၊ ဆီဇာ၊ ဂရန်နာရို၊ မက်ဂျရီ၊ အမ်ဘီယာ၊ ဖာဘီယို၊ ပတ်ဂျီဆန်၊ ဟွိုက်လက်၊ ဂျွန်ဆင်၊ နယ်လ်ဆင်၊ ရောဘတ်ဂရင်း၊ ဒီယာ ကီတီ၊ အိုနူဟာ၊ ဆစ်ဆီ၊ ဇာမိုရာ၊ ဘင်ဟိန်း၊ ရီမီ၊ ဆမ်ဘာ၊ ဂျာမိန်းဂျီးနပ်စ်၊ တောင်ဆင်။

ဒါကြောင့် ဖာနန်ဒက်စ်ဟာ မာ့ခ်ဟုခ်ျကို ထပ်ပြီးထုတ်ပယ်လိုက်ရကာ ရက်ဒ်နက်ကို နည်းပြသစ်
အဖြစ် ခန့်အပ်လိုက်ရ ပြန်ပါတယ်။ ဟယ်ရီရက်ဒ်နက်လက်ထက်မှာ ကျူပီအာရ်ဟာ တိုးတက်စပြု
လာတယ်လို့ ဆိုရမှာပါ။

ယိုင်နဲ့နေတဲ့ ကျူပီအာရ်ကို ရက်ဒ်နက်ဟာ ပြန်ထိန်းနိုင်ဖို့ အခုထိ ကြိုးပမ်းနေရဆဲပဲဖြစ်ပါတယ်။
ရှေ့က မန်နေဂျာနှစ်ယောက်က ကစားသမား တွေဝယ်ခဲ့ပေမယ့် ၀ယ်ခဲ့တဲ့ကစားသမား တွေရဲ့
စွမ်းဆောင်ရည်နှုန်းက နိမ့်လွန်း နေတော့ ရက်ဒ်နက်ဟာ အသင်းကို အသစ်တည်ဆောက်နေခဲ့
ရပါတယ်။

ရက်ဒ်နက်ရဲ့လက်ထက်အရောက်မှာ ကျူပီအာရ်ဟာ နိုင်ပွဲတွေ့ခဲ့ရပြီး ခံစစ်ကလည်း ပြန်ပြီးငြိမ်လာ
ခဲ့ပါတယ်။ ချယ်လ်ဆီးကိုလည်း အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။ လက်ရှိချန်ပီယံ မန်စီးတီးကို
လည်း သရေကစားခဲ့သလို စပါးကိုလည်း သရေကစားခဲ့ပါတယ်။ ရက်ဒ်နက်လက်ထက်ရောက်မှ
ကျူပီအာရ်ရဲ့ ခံစစ်ငြိမ်လာပြီး အခု ဆိုရင် နောက်ဆုံးငါးပွဲ ရှုံးပွဲမရှိ ကစားထားပြီး ပရီမီယာလိဂ်မှာ
တင်ကျန်ဖို့ ရုန်းကန်လျက်ရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ကစားတဲ့ နော်ဝစ်ခ်ျပွဲဟာ သရေမကျထိုက်ဘဲ အနိုင်ရသင့်ခဲ့တဲ့ ပွဲပါ။ ကံမကောင်း
စွာပဲ သရေကျသွားလို့ ရက်ဒ်နက်မှာ တန်းဆင်းဇုန်မှာ နစ်မြုပ် နေတုန်းပဲဖြစ်ပါတယ်။ ကျူပီအာရ်လို
ရုန်းကန်နေတဲ့ ရက်ဒင်းဟာ ရုန်းကန် အားကောင်းခဲ့လို့ တန်းဆင်းဇုန်က ပြန်ပြီး ရုန်းထွက်လာနိုင်
ချိန်မှာ ကျူပီအာရ်က တော့ မလွတ်မြောက်နိုင်ဘဲဖြစ်နေခဲ့ပါတယ်။

လက်ကျန် ၁၃ ပွဲမှာ ရမှတ် ၂၃ မှတ်ရနိုင်ဖို့ဟာ ဖာနန်ဒက်စ်အတွက် အရေးပါလာခဲ့ပြီဖြစ်ပါတယ်။
ဒါကြောင့် ရမှတ် ၂၃ မှတ်အတွက် ဖာနန်ဒက်စ်ဟာ ဇန်န၀ါရီအပြောင်း အရွှေ့မှာ ထပ်ပြီး ငွေစိုက်
ထုတ်ကာ ရက်ဒ်နက်အတွက် ကစားသမားတွေ ၀ယ်ယူဖြည့်တင်းပေးလိုက်ပြန်ပြီဖြစ်ပါတယ်။

ရက်ဒ်နက်ဝယ်ယူလိုက်တဲ့ ကစားသမားတွေက ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ရီမီ၊ ခရစ္စတိုဖာ
ဆမ်ဘာနဲ့ ယွန်ဆပ်ယန်းတို့ပဲဖြစ်ပါတယ်။ တိုက်စစ်မှူး ရီမီကို နယူးကာဆယ်ကခေါ်ဖို့ ကြိုးပမ်းနေ
ချိန်မှာ ဖာနန်ဒက်စ်က တစ်ပတ်လုပ်ခ ပေါင် ၇၅,၀၀၀ နဲ့ သိမ်းသွင်းရယူခဲ့ရတာပါ။ ဆမ္ဘာကို
ကျတော့ တစ်ပတ်လုပ်ခ ၁၀၀,၀၀၀ နဲ့ သိမ်းသွင်းခဲ့ရတာဖြစ်ပါတယ်။

တစ်ပတ် လုပ်ခလစာတွေက အရမ်းကိုများပြားလွန်းတဲ့ အနေအထားပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဖာနန်
ဒက်စ်အတွက် ရွေးချယ်စရာလမ်းက မရှိတော့ပါဘူး။ ရုန်းရင်းရုန်းရင်း မြုပ်နေရတဲ့အဖြစ်က လွတ်
မြောက်ဖို့က အရေးကြီးနေတော့ ဈေးကြီးမှန်း သိနေပေမယ့် မတတ်သာ တော့ဘဲ လောင်းကြေး
ထပ်လိုက်ရတော့ တာပဲဖြစ်ပါတယ်။

လေကြောင်းလိုင်းကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ ပေမယ့် ဘောလုံးကလပ် အသင်းကို
အောင်မြင်အောင်ထက် မကျရှုံးအောင်လုပ်နေရတဲ့အဖြစ်ကတော့ သူ့အတွက် စိတ်ပျက်စရာပဲ ဖြစ်
ပါတယ်။

ရက်ဒ်နက်ဟာ စပါးက ဂျာမိန်းဂျီးနပ်စ်နဲ့ အန်ဒရိုတောင်ဆင် တို့ကိုပါ အငှားနဲ့ခေါ်လိုက်တဲ့အတွက်
အသင်းက အပြောင်းအလဲဖြစ်သွားတာ တော့ သေချာနေခဲ့ပါတယ်။ ရက်ဒ်နက်ရဲ့ရှေ့က ၀ါနော့ဒ်နဲ့
မာ့ခ်ဟုခ်ျတို့ ၀ယ်ခဲ့ကြတဲ့ ဆစ်ဆီ၊ အန်တန်ဖာဒီနန်၊ ဂါဘီဒွန်၊ ဒိုင်ယာ၊ ဖာလင်တို့ကို အငှားတွေနဲ့ပို့
ခဲ့ပြီး အသင်းကို တည်ဆောက်လိုက်တာပဲဖြစ်ပါတယ်။

မနှစ်က တန်းမဆင်းရဖို့ မာ့ခ်ဟုခ်ျ ကိုအားကိုးခဲ့ရသလို အခုလည်း ရက်ဒ်နက် ကို အားကိုးနေရပြီ
ဖြစ်ပါတယ်။

ရက်ဒ် နက်ရဲ့ နည်းပြအတွေ့အကြုံထဲမှာအခု ကျူပီအာရ်လို တန်းဆင်းဇုန်ထဲရောက် နေတဲ့
အသင်းတွေကို ကယ်တင် နိုင်ခဲ့တာတွေက ပို့စ်မောက်၊ စပါးတို့နဲ့ ရှိထား လေတော့ လက်ကျန် ၁၃
ပွဲမှာ ၂၃ မှတ် တော့ ရနိုင်ကောင်းပါရဲ့လို့ ဖာနန်ဒက်စ် မျှော်လင့်နေမှာပါ။

အဲဒီလိုမှမဟုတ်ရင် အိန္ဒိယသူဌေးတွေပိုင်တဲ့ ဘလက်ဘန်း လို၊ ဟောင်ကောင်သူဌေးတွေပိုင်တဲ့
ဘာမင်ဂမ်လို ကျူပီအာရ် တန်းဆင်းသွားရမှာပါ။ အခုလည်း တန်းမဆင်းရဘူးလို့ ပြောလို့မရသေး
ပါဘူး။ ဒါပေမဲ့ ငွေအား လိုက်နိုင်ခြင်းက အားအင်တစ်ခုဖြစ်နေ တာကြောင့် ရက်ဒ်နက်ဟာ
ဖာနန်ဒက်စ် ကို ကူညီနိုင်မယ်လို့ မျှော်လင့်ရပါရဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း