အသက်အကြီးဆုံး မာရသွန်အပြေးသမား အနားယူ

ဟောင်ကောင် - ကမ္ဘာ့အသက်ကြီးဆုံးအပြေးသမားဟုဆိုရမည့် မာရသွန် အပြေးသမားသည်
တနင်္ဂနွေနေ့က ဟောင်ကောင်၌ သူ၏နောက်ဆုံးအပြေးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ပြီးနောက် အားက
စားလောကမှ အနားယူသွား သည်။ ထိုပြိုင်ပွဲမှာ ၎င်းအဖို့ အပျော်ဆုံးနေ့များထဲမှာ တစ်နေ့ပင်
ဖြစ်ကြောင်း လည်း ထုတ်ဖော်ပြောသွားသည်။

'ဗောင်းထုပ်နှင့် တော်နေဒို'ဟု ချစ်စနိုး အခေါ်ခံရသူဆစ်လူမျိုး ဖော်ဂျာဆင်း (၁၀၁ နှစ်)သည်
ဟောင်ကောင်၌  ကျင်းပသည့် ၁၀ ကီလိုမီတာ(ခြောက်မိုင်)မာရသွန်ပြေးပွဲတွင် တစ်နာရီ ၃၂
မိနစ်နှင့် ၂၈ စက္ကန့်ပြေး၍ပန်းဝင်ခဲ့သည်။ ထိုစံချိန်မှာလွန်ခဲ့သောနှစ်ထက် တစ်မိနစ် ပိုမြန်သေးသော
စံချိန်ဖြစ်သည်။

အိန္ဒိယပြည်ပေါက် ဗြိတိန်နိုင်ငံသား ဖြစ်သူ ဆင်းက "ကနေ့ဟာ ကျွန်တော့်ရဲ့အပျော်ဆုံးနေ့တွေထဲ
က တစ်နေ့ပါပဲ" ဟု ပန်ချာဘီစကားဖြင့် ပြောသည်။

အသက်ရာကျော် ဆင်းသည် အင်္ဂလန်တွင်အခြေချမနေထိုင်မီက ပန်ဂျက် ပြည်နယ်မှ လယ်သမား
တစ်ဦးဖြစ်ခဲ့ပြီး အသက် ၈၉ နှစ်အရွယ်တွင်မှ မာရသွန်အပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လာခဲ့၍
ကမ္ဘာသိဖြစ်လာခြင်းဖြစ်သည်။

သူသည် ထိုအချိန်မှစ၍ လန်ဒန်၊ တိုရွန်တိုနှင့် နယူးယော့ခ်တို့တွင် ကျင်းပခဲ့သော ၄၂ ကီလိုမီတာ
(၂၆ မိုင်)မာရသွန်အပြေးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ သည်။ သူ၏အအောင်မြင်ဆုံးကာလမှာ
တိုရွန်တိုမာရသွန်အပြေးပြိုင်ပွဲတွင်ဖြစ် သည်။ ထိုစဉ်က သူသည် ၂၆ မိုင်ကို ငါးနာရီ၊ မိနစ် ၄၀ နှင့်
လေးစက္ကန့်ဖြင့် ပြေးခဲ့သည်။

ဟောင်ကောင်တွင် 'ဆစ်အသိုင်းအ၀န်း'ထဲမှ သူ့ကိုထောက်ခံသူ ဆစ်လူမျိုး ၁၀၀ နှင့်အတူ ပြိုင်ပွဲ
ဝင် ၁၀၁ ဦးတို့ သူ၏အသက် ၁၀၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြေးခဲ့ကြခြင်းဖြစ်သည်။

ဆင်း ယခုကဲ့သို့ အသက်ရှည်ခြင်းမှာ ၎င်းသည် အပြုသဘောစိတ်ကောင်းမွေး၍ ဘ၀ကို ရိုးရိုးက
လေးနေထိုင်ကာ ပျော်ပျော်ရွှင်ရွှင်နေသောကြောင့် ဖြစ်သည် ဟုဆိုသည်။ 

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း