မြန်မာနေရှင်နယ်လိဂ်-၂ ကို ရှုံးပွဲမရှိစံချိန်နဲ့ ချင်းယူနိုက်တက် ဆက်လက်ဦးဆောင်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကကြီးမှူး ကျင်းပလျက်ရှိသော မြန်မာနေရှင်နယ် လိဂ်-၂ ပွဲစဉ်(၄)၏
ပွဲစဉ်များကို ပြီးခဲ့သည့် မတ်လ ၈၊ ၉၊ ၁၀ ရက်များတွင် အောင်ဆန်းကွင်းနှင့် ပဒုမ္မာကွင်းတို့တွင်
ကျင်းပပြုလုပ်ခဲ့ရာ ချင်းယူနိုက်တက်က ရှုံးပွဲမရှိဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေ
သည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသော Best United
အသင်းနှင့် ချင်းယူနိုက်တက်တို့၏ပွဲစဉ်တွင် ချင်း ယူနိုက်တက်က ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မတ်လ
၉ ရက်နေ့ ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသော ဒဂုံအက်ဖ်စီ အသင်းနှင့် Horizon အသင်းတို့
၏ပွဲစဉ်၌ ဒဂုံအက်ဖ်စီအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပွဲစဉ်(၄)၏ နောက်ဆုံးပွဲစဉ်အဖြစ် GFA အသင်းနှင့် မောရ၀တီတို့၏ပွဲစဉ်တွင် မောရ၀တီအသင်းက
၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်-၂ ၏ ပွဲစဉ်(၄)အပြီးတွင် ချင်းယူနိုက်တက်အသင်းက လေးပွဲကစား သုံးပွဲနိုင်၊
တစ်ပွဲသရေ ရမှတ် ၁၀ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိပြီး ဒုတိယနေရာနှင့်
တတိယနေရာတို့တွင် ဒဂုံအက်ဖ်စီ အသင်းနှင့် မောရ၀တီအသင်းတို့က ရမှတ်ခြောက်မှတ်စီဖြင့်
အသီးသီး ရပ်တည်လျက်ရှိသည်။

စတုတ္ထနေရာနှင့် ပဉ္စမနေရာတို့တွင် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနှင့် GFA အသင်းတို့ က
ရမှတ် ငါးမှတ်စီဖြင့် ရပ်တည်လျက်ရှိပြီး အဆင့်(၆)နေရာတွင် Best United အသင်းက ရမှတ်
လေးမှတ်ရရှိထားပြီး မြ၀တီအသင်းနှင့် Horizon အသင်းတို့ကလည်း ရမှတ်သုံးမှတ်စီဖြင့် အဆင့်
(၇)နှင့် အဆင့်(၈)နေရာတို့တွင် ရပ်တည်ရှိသည်။

မြန်မာနေရှင်နယ်လိဂ် -၂ ၏ ဇယားအောက်ဆုံးတွင် Michelia အသင်းက တစ်ပွဲသရေ၊ သုံးပွဲရှုံး၊
ရမှတ်တစ်မှတ်သာရရှိထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016