ကယ်လ်ဒါရွန်ကွင်းမှာ အလက်တီကိုနဲ့ဗလင်စီယာအတွေ့ ...

ရီးယဲလ်နောက်ခံလူ အယ်လ်ဘီယိုနှင့် ဗလင်စီယာနောက်ခံလူ မက်သရူးတို့ ဘောလုံးယှဉ်လုနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီရီးယဲလ်နောက်ခံလူ အယ်လ်ဘီယိုနှင့် ဗလင်စီယာနောက်ခံလူ မက်သရူးတို့ ဘောလုံးယှဉ်လုနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အလက်တီကို - ဗလင်စီယာ နိုင်ငံတကာပွဲတွေ ၀င်လာခဲ့လို့ တစ်ပတ်အနားပေးထားခဲ့တဲ့ လာလီဂါ
ပွဲတွေကို ဒီတစ်ပတ်တော့ ပြန်မြင်ရပါတော့မယ်။

နိုင်ငံတကာပွဲတွေကြောင့် လက်ရွေးစင်အသင်းမှာ ပြန်ကစားထားရတဲ့ကစားသမားတွေရှိလို့
လာလီဂါအသင်းတချို့အတွက်တော့ ပွဲပန်း၊ ခရီးပန်းမှုမျိုးတွေရှိနေနိုင်တယ်။

လက်ရှိလာလီဂါကလည်း ပန်းဝင်ဖို့ လမ်းကြောင်းပေါ်ကိုရောက် လာပြီဖြစ်လို့ အသင်းတိုင်းအတွက်
တစ်ချက်လေးမှ အတိမ်းအစောင်းခံလို့ မရတော့တဲ့ အချိန်မျိုးဖြစ်လာနေပါပြီ။

ထိပ်ပိုင်းအသင်း သုံးသင်းကို ကြည့်မယ်ဆိုရင်ပဲ ပန်းဝင်ခါနီးမှာ အနည်းငယ် မောပန်းသွားပုံရတဲ့
အလက်တီကိုဟာ ပြီးခဲ့တဲ့ပွဲစဉ် (၂၇) အပြီးမှာပဲ တစ်ချိန်လုံး ဦးဆောင်လာခဲ့တဲ့ မြို့ခံပြိုင်ဘက်
ရီးယဲလ် မက်ဒရစ်ကို သူတို့ရဲ့အဆင့်(၂)နေရာ လွှဲပေးလိုက်ရပါတယ်။

လက်ရှိအချိန်မှာ ရီးယဲလ်ထက် တစ်မှတ်လျော့နေတဲ့ အလက်တီကိုအတွက်တော့ ရာသီကုန်
အဆင့်(၂)နေရာကို ပြန်ယူပြီး ရီးယဲလ်ရဲ့ အထက်မှာရပ်တည်နိုင်ဖို့ဆိုတာဟာ ဒီရာသီ အလက်တီ
ကိုရဲ့ အဓိကရည်မှန်း ချက်တစ်ခုလိုဖြစ်နေပါတယ်။

အလက်တီကိုဟာ မြို့ခံပြိုင်ဘက် ရီးယဲလ်နဲ့ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာလည်း ထိပ်တိုက် တွေ့နေလို့
ဒီနှစ်သင်းရဲ့ လာလီဂါ အဆင့်(၂) နေရာလုပွဲနဲ့ ကိုပါဒယ်ရေးမှာ ဗိုလ်စွဲရေးယှဉ်ပြိုင်မှုဟာ မက်ဒရစ်
မြို့ခံ ပရိသတ်တွေကို အဓိကဖမ်းစားနိုင်မယ့် အချက်တစ်ခုလို့ပြောနိုင်တယ်။

ဒါကြောင့်လည်း အလက်တီကိုအတွက်တော့ သူတို့ဖယ်ပေးလိုက်ရတဲ့ အဆင့်(၂)နေရာ ကို ပြန်
ရယူဖို့အတွက် တိုက်ပွဲဝင်သွားမှာ သေချာနေတယ်။

ဒါပေမဲ့ ဒီတစ်ပတ်အလက်တီကို ရင်ဆိုင်ရမယ့်ပြိုင်ဘက်ဟာ အဆင့်(၅) နေရာက ဗလင်စီယာဖြစ်
နေတာကြောင့် အလက်တီကိုအတွက်တော့ ခက်ခဲတဲ့ ပြိုင်ဘက်နဲ့ ဆုံနေရတယ်လို့ ဆိုရမယ်။

ဗလင်စီယာဟာ အဆင့်(၄)နေရာကို ရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်အပြည့်ရှိ
နေတဲ့အသင်း တစ်သင်းဖြစ်နေလို့လည်း အလက်တီကို နဲ့ ရင်ဆိုင်အတွေ့မှာ အမှတ်ရအောင်ရှာမှာ
သေချာတယ်။

လက်ရှိ ဗလင် စီယာဟာ အဆင့်(၄) နေရာမှာရှိတဲ့ ဆိုစီဒက်နဲ့ နှစ်မှတ်သာ လျော့နည်းနေလို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့် ချက်အပြည့်ရှိနေတယ်လို့ ပြောနိုင် တယ်။ အလက်တီကိုကလည်း နောက်ဆုံး ကစားထားတဲ့ အိမ်ကွင်း ဆိုစီဒက်နဲ့ပွဲမှာ ဒီရာသီအိမ်ကွင်းပထမဦးဆုံးအရှုံးကို ကြုံတွေ့ထားရတယ်။ အဆင့် (၄) က အသင်းကို ရှုံးနိမ့်ပြီးတဲ့နောက်မှာ အိမ်ကွင်းမှာ နောက်ထပ် အဆင့်(၅)မှာ ရှိတဲ့ အသင်းတစ်သင်းနဲ့ ထပ်ပြီးရင်ဆိုင် ရတာဟာ အလက်တီကိုအတွက်တော့ ခက်ခဲတဲ့အချိန်တွေလို့ပဲ ပြောရမလိုဖြစ် နေပါတယ်။ လက်ရှိ အလက်တီကိုရော၊ ဗလင်စီယာပါ ဥရောပပြိုင်ပွဲတွေနဲ့ ဝေးခဲ့ကြရပြီဖြစ်လို့လည်း ပြည်တွင်း လာလီဂါဘက်ကို အပြည့်အ၀အားစိုက် ကြတော့မှာ သေချာနေတယ်။ ဒီလိုအချိန် မျိုးမှာ လာလီဂါရဲ့အသင်းကြီးတွေလို့ သတ်မှတ်ထားလို့ရတဲ့ ဒီနှစ်သင်း ထိပ် တိုက်တွေ့နေတဲ့ပွဲဟာ ပွဲကြီးပွဲကောင်းဖြစ် လာတော့မှာလည်း သေချာသလောက် ပါပဲ။ လက်ရှိခြေစွမ်းတွေကို ကြည့်မယ်ဆိုရင် တော့ ဒီနှစ်သင်းရဲ့ခြေစွမ်းပိုင်းဟာ သိသိသာသာကွာဟနေတာမျိုး မရှိပါ ဘူး။ နှစ်သင်းစလုံးနောက်ဆုံးကစားထား တဲ့ပွဲတွေမှာ ရှုံးတစ်ချည်၊ နိုင်တစ်လှည့်နဲ့ ရုန်းကန် ကစားနေကြရတာချင်းလည်း တူနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာ အလက်တီကိုဟာ ဆိုစီဒက်ကို ၁-၀ နဲ့ရှုံးနိမ့်ထားသလို ဗလင်စီယာကလည်း နောက်ဆုံးကစား ခဲ့တဲ့ အဝေးကွင်းပွဲမှာ ဘီလ်ဘာအိုကို ၁-၀ နဲ့ပဲ အရေးနိမ့်ထားတာတွေ့ရတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာကစားခဲ့တဲ့ ၁၃ ပွဲနိုင် ပြီး တစ်ပွဲသာရှုံးထားခဲ့တဲ့ အလက်တီကို ရဲ့ အိမ်ကွင်းကစားအားဟာ အဝေးကွင်း မှာ နိုင်ပွဲလေးပွဲသာရှိပြီး ခြောက်ပွဲအထိ ရှုံးထားတဲ့ ဗလင်စီယာရဲ့ အဝေးကွင်း ကစားအားနဲ့ယှဉ်ရင် အသာစီးမှာရှိနေ တာတော့ အမှန်ပါပဲ။ အထူးသဖြင့် ဗလင် စီယာဟာ ယခုနောက်ပိုင်းကစားခဲ့တဲ့ပွဲ တွေမှာ ခံစစ်ကစားပုံလျော့ကျနေပြီး ပွဲတိုင်းနီးပါးဂိုးပေးနေရတဲ့ ခံစစ်ကစားပုံ ကြောင့် အိမ်ကွင်းဆိုရင် ခြေစွမ်းပြပြီး တိုက်စစ်က ခြေပိုတွေ့လေ့ရှိတဲ့ အလက် တီကိုအတွက် အခွင့်အရေးပေးထား သလိုဖြစ်နေတယ်။ ဒါပေမဲ့ အက်သလက်တီကိုရဲ့ တိုက်စစ် ကို ပြန်ကြည့်မယ်ဆိုရင် အခုနောက်ပိုင်း ပွဲတွေမှာ အလက်တီကိုတိုက်စစ်ကစားပုံ ဟာ ရာသီအစကလောက် ပုံမှန် ထက်မြက်မှုမျိုးမရှိဘဲ ဖြစ်နေတာ တွေ့ရ တယ်။ အထူးသဖြင့် အိမ်ကွင်းမှာ အလက်တီကိုရဲ့တိုက်စစ်ကစားပုံဟာ အနည်းငယ်လျော့ကျနေသလိုတွေ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းသုံးပွဲမှာ နှစ်ဂိုးသာ သွင်းနိုင်ခဲ့တယ်။ ဆိုစီဒက်နဲ့ ပွဲမှာဆိုရင် ဂိုးမရခဲ့တဲ့အပြင် ကျန်တဲ့ အက်စ်ပန်ညို၊ ဘက်တစ်နဲ့ပွဲတွေမှာ လည်း တစ်ဂိုးစီသာ သွင်းနိုင်ခဲ့တာ တွေ့ရ တယ်။ ဒါကြောင့်အခုပွဲမှာ ခံစစ်သာမန် သာရှိတဲ့ ဗလင်စီယာဘက်ကို အလက် တီကိုတိုက်စစ်က ဘယ်လောက် အထိ ဒုက္ခပေးနိုင်မလဲ ဆိုတဲ့အချက်ဟာ အဓိကစဉ်းစားရတော့မယ့် အချက် တစ်ချက်လို့ထင်ပါတယ်။ ဗလင်စီယာကလည်း ပွဲတိုင်း ဂိုးပေး နေရပေမယ့် တိုက်စစ်ပိုင်းကတော့ ဂိုးရအောင်ကစားတတ်တဲ့ အသင်းမျိုး ပါ။ အထူးသဖြင့် ဆိုလ်ဒါဒိုခြေတွေ့ရင် တွေ့သလို ဗလင်စီယာဂိုးတွေ ပိုရတတ် သလို အလက်တီကိုကလည်း ဖယ်လ်ကာ အိုရဲ့ခြေစွမ်းနဲ့ ဂိုးရအောင်ရှာနေတဲ့ အသင်းမျိုးဖြစ်လို့ ဒီပွဲဟာ ဆိုလ်ဒါဒိုနဲ့ ဖယ်လ်ကာအိုတို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရဖို့များနေပါတယ်။ ဒါပေမဲ့ အလက်တီကိုရဲ့ အိမ်ကွင်းခံစစ်ကစား ပုံကို ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ အလက်တီကိုဟာ အိမ်ကွင်းမှာခံစစ်ကို အကောင်းဆုံးကစားနေပြီး နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း၊ အဝေးကွင်း စုစုပေါင်း ၁၀ ပွဲမှာလည်း ပေးဂိုးက နှစ်ဂိုး သာရှိခဲ့လို့ အလက်တီကိုရဲ့ ခံစစ်ကြောင်း မာကျောမှုကို တွက်ဆလို့ရနေတယ်။ ဒါကြောင့် အခုပွဲဟာ ဗလင်စီယာ အတွက် ဂိုးရဖို့တော့ ခက်ခဲမယ့်အနေ အထားမှာရှိနေပါတယ်။ ဒီနှစ်သင်းရဲ့ ဗီဆန်းတေးကယ်လ်ဒါရွန်မှ ထိပ်တိုက် တွေ့ဆုံခဲ့ကြတဲ့ ရလဒ်ပိုင်းကို ကြည့်မယ် ဆိုရင်လည်း ဒီနှစ်သင်းဟာ တစ်သင်းနဲ့ တစ်သင်း သိသာတဲ့ကွာဟမှုမျိုးမရှိဘဲ အပြန်အလှန် သူနိုင်ကိုယ်နိုင်ကစားနိုင် ကြတဲ့ အခြေအနေမျိုးမှာရှိနေလို့ အခုလို အရေးကြီးတဲ့အချိန်မှာ ထိပ်တိုက်တွေ့ ကြနေလို့ နှစ်သင်းစလုံး အမှားမရှိအောင် ပိုသတိထားကစားသွားကြဖို့ရှိလိမ့်မယ် ထင်ပါတယ်။ဒါကြောင့် အခုပွဲဟာ သရေ ကျဖို့များပြီး ဂိုးလည်းနည်းနိုင်တယ်။ အခြားပွဲစဉ်များ * ရာယို - မာလာဂါ ဆယ်လ်တာ - ဘာစီလိုနာ * ဇာရာဂိုဇာ - ရီးယဲလ် * * လီဗန်တေး - ဆီဗီလာ * ဗယ်လာဒိုးလစ် - အိုဆာဆူနာ မာယော့ကာ - ဒီပို့တီဗို * * အက်စ်ပန်ညို - ဆိုစီဒက် * ဘီလ်ဘာအို - ဂရန်နာဒါ * ဘက်တစ် - ဂီတာဖေး

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း