AFC Cup 2013 ပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲရခဲ့တဲ့ ဧရာဝတီ

ဧရာဝတီယူနိုက်တက်နှင့် မော်လ်ဒိုက်ကလပ် မာဇီယာအသင်းတို့ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ခဲ့စဉ်။ဧရာဝတီယူနိုက်တက်နှင့် မော်လ်ဒိုက်ကလပ် မာဇီယာအသင်းတို့ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ခဲ့စဉ်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC) က စီစဉ်ကျင်းပသော AFC Cup 2013 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်(၄)
ပွဲစဉ်များကို ပြီးခဲ့သည့် ဧပြီလ ၉၊ ၁၀ ရက်များတွင် ကျင်းပပြုလုပ်ခဲ့ရာ အုပ်စု(G)မှ ဧရာဝတီယူနိုက်
တက်အသင်းက အိမ်ကွင်းတွင် မော်လ်ဒိုက်ကလပ် မာဇီယာအသင်း ကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်
ရရှိခဲ့ပြီး အုပ်စု(F) မှ ရန်ကုန်ယူနိုက်တက် အသင်းသည် အဝေးကွင်းတွင် မော်လ်ဒိုက်ကလပ်
နယူးရေးဒီးယန် အသင်းကို ၃-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။

အဆိုပါရလဒ်များသည် ရန်ကုန် ယူနိုက်တက်အသင်းအတွက် AFC Cup ၂၀၁၃ ပြိုင်ပွဲတွင် ပထမ
ဆုံးသော ရှုံးပွဲဖြစ်သလို ဧရာဝတီယူနိုက်တက် အသင်းအနေဖြင့်လည်း ပထမဆုံး နိုင်ပွဲ ရရှိခဲ့ခြင်း
ဖြစ်သည်။

ဧရာဝတီအတွက် အနိုင်ဂိုးများကို ပွဲချိန်လေးမိနစ်တွင် ဒေါ့မိနစ်၊ ခြောက်မိနစ်တွင် လီယန်ဒရို နှင့်
၃၄ မိနစ်တွင် နေလင်းထွန်းတို့က သွင်းယူပေးခဲ့သည်။

ဧရာဝတီအသင်းသည် မော်လ်ဒိုက် ကလပ်မာဇီယာအသင်းကို အဝေးကွင်းတွင် ၃-၁ ဂိုးဖြင့်အရေး
နိမ့်ခဲ့သော အိမ်ကွင်းပွဲစဉ်တွင် ၃-၀ ဂိုးရလဒ်ကို စွမ်းဆောင်နိုင်ခဲ့သည်။

သို့သော် ဧရာဝတီယူနိုက်တက်အသင်းသည် အုပ်စုပွဲစဉ်လေးပွဲကစားပြီးချိန်တွင် သုံးပွဲရှုံးနိမ့်ထားပြီး
တစ်ပွဲသာအနိုင်ရရှိထားသောကြောင့် လက်ကျန်နှစ်ပွဲကို မဖြစ်မနေအနိုင်ကစားရန် လိုအပ်နေ
သည်။

လက်ကျန်ပွဲစဉ်များအဖြစ် ဧပြီလ ၂၃ ရက်နေ့တွင် အိမ်ကွင်း၌ ဗီယက်နမ်ကလပ် ဒါနန်းနှင့် လည်း
ကောင်း၊ ဧပြီလ ၃၀ ရက်နေ့တွင် အဝေးကွင်းတွင် မလေးရှားကလပ် ကီလန်တန်အသင်းနှင့် လည်း
ကောင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဧရာဝတီအသင်း AFC Cup ရဲ့ အုပ်စု (G)တွင် မလေးရှားကလပ် ကီလန်တန်၊ ဗီယက်နမ်ကလပ်
ကီလန် တန်အသင်း၊ မော်လ်ဒိုက်ကလပ် မာဇီယာ အသင်းစတဲ့အသင်းတွေနဲ့ ကျရောက်ခဲ့ပြီး
ဒါနန်းအသင်းကို အဝေးကွင်းမှာ ၂-၁ ဂိုးဖြင့်လည်းကောင်း၊ ကီလန်တန်အသင်းကို အိမ်ကွင်းတွင်
၁-၃ ဂိုးဖြင့်လည်းကောင်း၊ မာဇီယာ အသင်းကို အဝေးကွင်းတွင် ၃-၁ ဂိုးဖြင့် လည်းကောင်း ရှုံးနိမ့်ခဲ့
ပြီး ယခုမာဇီယာ အသင်းနှင့် အိမ်ကွင်းပွဲစဉ်တစ်ပွဲသာ အနိုင်ရထားသည်။

ဧရာဝတီယူနိုက်တက်အသင်းနှင့် ဆန့်ကျင်ဘက်ရလဒ်များရရှိထားသော ရန်ကုန်ယူနိုက်တက်
အသင်းက AFC Cup ၏ အုပ်စု(F)တွင် ဟောင်ကောင်ကလပ် ဆန်ဟိုင်းအသင်း၊ အင်ဒိုနီးရှား
ကလပ် ပါစီဘိုအသင်းနှင့် မော်လ်ဒိုက်ကလပ် နယူးရေးဒီးယန့်အသင်းတို့နှင့် တစ်အုပ်စုတည်းကျ
ရောက်ခဲ့ပြီး အိမ်ကွင်းတွင် ပါစီဘိုအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နယူးရေးဒီယန်အသင်းကိုတော့
၂-၀ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

ဆန်ဟိုင်းအသင်းကိုလည်း အဝေးကွင်းတွင် ၁-၃ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရလဒ်များကို ရရှိခဲ့သော်လည်း
နယူးရေး ဒီးယန်အသင်းကို အဝေးကွင်းတွင် ၃-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ AFC Cup ၏ အုပ်စု(F)တွင် လေးပွဲ ကစား၊ သုံးပွဲနိုင်၊ တစ်ပွဲရှုံး၊
ရမှတ် ကိုးမှတ်ဖြင့် ထိပ်ဆုံးမှဦးဆောင်နေ သော နယူးရေးဒီယန်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြား
ချက်ဖြင့် ဒုတိယ နေရာတွင် ရပ်တည်နေပြီး ဧရာဝတီအသင်းကတော့ လေးပွဲကစား၊ သုံးပွဲရှုံး၊
တစ်ပွဲနိုင်၊ ရမှတ်သုံးမှတ်ဖြင့် အုပ်စု(G) ရဲ့ အောက်ဆုံးကိုရောက်ရှိနေပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ဧရာဝတီအသင်းတို့ဟာ AFC Cup ပြိုင်ပွဲကို နှစ်နှစ်ဆက်တိုက်
ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရထားတဲ့ အသင်းများဖြစ်သည်။

မနှစ်ကတော့ နှစ်သင်းစလုံး အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရပြီး ဒီနှစ်မှာတော့ ရန်ကုန်ယူနိုက်တက်
အသင်းက အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အခြေအနေကောင်းများကို ပိုင်ဆိုင်ထားပြီး ဧရာဝတီ
အသင်းအနေဖြင့် လက်ကျန် နှစ်ပွဲကို အနိုင်ရမှသာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း