ပါရာဒိုင်းအသစ်လိုဖြစ်လာတဲ့ နည်းပြ အပြောင်းအရွှေ့

လောရင်းဘလန့်(၀ဲ)၊ အန်ဆယ်လော့တီ(လယ်)၊ မာတီနက်ဇ်(ယာ)လောရင်းဘလန့်(၀ဲ)၊ အန်ဆယ်လော့တီ(လယ်)၊ မာတီနက်ဇ်(ယာ)

အခု ၂၀၁၃ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်မှာတော့ ကစားသမားအပြောင်းအရွှေ့ထက်တောင်
ပိုပြီး လှုပ်ခတ်နေတဲ့ နည်းပြအပြောင်းအရွှေ့ ကိစ္စတွေကို တင်ပြချင်ပါတယ်။

ပရော် ဖက်ရှင်နယ်နည်းပြတွေဟာလည်း တစ်ခါတစ်ရံမှာ စစ်တုရင်ခုံပေါ်က နယ်ရုပ်လေးတစ်ရုပ်
လို အရွှေ့ခံနေရတာကို တွေ့ရပါတယ်။ှုညွှငာန ဇာတ်ကားထဲကလို နေရဖို့အချိန်ကို ငွေနဲ့ပေးပြီး
ဝယ်နေရသလို နည်းပြတွေရော၊ ကစားသမားတွေပါ ငွေနဲ့ပေါက်ပြီး အ၀ယ်ခံရ၊ အဖယ်ရှားခံရ ဖြစ်
နေတာကတော့ ဘောလုံးစီးပွားရေး ဈေးကွက်ပန်းခင်းကြီးရဲ့ သဘော တရားတစ်ခုပါပဲ။

ဝါရင့်ဂုရုနေရာ အစားဝင်မယ့် မိုယက်စ်မန်ယူမှာ ဖာဂူဆန်အနားယူသွား ပြီးတဲ့နောက် သက်တော်
ရှည်နည်းပြ တွေထဲက တတိယသက်တမ်းအရှည် ဆုံးဖြစ်တဲ့ အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်ကို
အစားထိုးခန့်အပ်ခဲ့ပါ တယ်။

ခြောက်နှစ်စာချုပ်ချုပ်ဆိုထား တဲ့ မိုယက်စ်အတွက် ဖိအားတွေက များလွန်းတဲ့အပြင် အဓိကဦးစား
ပေး လုပ်ဆောင်ရမယ့် အချက်တွေကတော့ တိုက်စစ်မှူး ၀ိန်းရွန်နေကို ထိန်းထားရေးနဲ့ ကစားသမား
တွေရဲ့ ယုံကြည် ကိုးစားမှုကို ရရှိရေးဖြစ်ပါတယ်။

ဒါပေမဲ့ သူ့အနေနဲ့ကတော့ နောက်မှာ ဖာဂူဆန် တစ်ယောက်လုံးရှိနေလို့ တိုင်ပင်ဖော်တိုင်ပင်ဖက်
ရှိနေပါသေးတယ်။အဲဗာတန်ကလည်း ချက်ချင်းဆွဲခန့်လစ်လပ်သွားတဲ့ အဲဗာတန်နည်းပြ မိုယက်စ်
ရဲ့နေရာကို ၀ီဂန်နည်းပြ ဟောင်း စပိန်လူမျိုး မာတီနက်ဇ်နဲ့ အစားထိုးခဲ့ပါတယ်။

မာတီနက်ဇ်က လည်း ၀ီဂန်မှာ ခေတဲ့သူတစ်ဦးမဟုတ် ခဲ့ပါဘူး။ ဒါ့ပြင့် မာတီနက်ဇ်က လက်ရှိ
အဲဗာတန်ရဲ့စုဖွဲ့မှုဟာ လုံလောက်နေ ပြီး ချန်ပီယံလိဂ်လုပွဲဆီ အဲဗာတန်ကို ပို့ပေးနိုင်တယ်လို့ ယူဆ
နေခြင်းပါပဲ။ဂဏန်းငြိမ်သွားတဲ့ ချယ်လ်ဆီးအပြောင်းအရွှေ့ကစားကွက်မှာ ဂဏန်းငြိမ်သွားတာက
တော့ ချယ်လ်ဆီး ပါပဲ။

ချယ်လ်ဆီးကို မော်ရင်ညို တစ်ယောက် ဒုတိယအကြိမ်ပြန်လည် ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။ အသင်း
ပိုင်ရှင်အေဗရာမိုဗစ်ခ်ျရဲ့လက်အောက် မှာ နည်းပြ ၁၀ ဦး အပြောင်းအလဲ ဖြစ်ခဲ့ပြီး ဒီအချိန်မှာ
မော်ရင်ညိုပြောတာကတော့ ချယ်လ်ဆီးဟာ ရေရှည်ကိုင်တွယ်မယ့်နည်းပြတစ်ဦး ပဲလိုတယ်လို့
ပြောကြားခဲ့ခြင်းပါပဲ။

ကစားသမားခေါ်ယူမှုတွေ မလုပ်သေး ပေမယ့်လည်း သူတို့ဟာ နာပိုလီ တိုက်စစ်မှူး ကာဗာနီနဲ့
မန်စီးတီး တိုက်စစ်မှူး ဒီဇီကိုတို့ကို ပစ်မှတ်ထား နေပါတယ်။ဏွှ နဲ့ အန်ဆယ်လော့တီရဲ့ အနာဂတ်
ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှုနဲ့အတူ ရှေ့ကိုတစ်ရှိန်ထိုး ထိုးတက်လာတဲ့ ပြင်သစ်ကလပ် ဏွှ ကနေ
အန်ဆယ် လော့တီ ထွက်ခွာတော့မှာဖြစ်ပါတယ်။

သူက လစ်လပ်နေတဲ့ ရီးယဲလ်မက်ဒရစ် နည်းပြရာထူးကို မျှော်မှန်းနေတာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌဖြစ်
တဲ့ ပီရက်ဇ်က လည်း အန်ဆယ်လော့တီကို ခန့်အပ် ချင်တဲ့ သဘောထားရှိနေတာကို တွေ့ရ ပါ
တယ်။

အမှန်က ရီးယဲလ်မက်ဒရစ်လိုအသင်းကြီးမျိုးနဲ့ အန်ဆယ်လော့တီ လို ပုဂ္ဂိုလ်မျိုးနဲ့ ထိုက်တန်ပါ
တယ်။ အဲဒီလိုသာ အန်ဆယ်လော့တီ ရီးယဲလ် နည်းပြဖြစ်သွားရင် ဂျူဗင်တပ်ရဲ့ ဂန္ထ၀င် တစ်ဦးဖြစ်
တဲ့ စီရိုဖာရာရာက ဏွှ နည်းပြဖြစ်လာလိမ့်မယ်လို့ ရေပန်းစား နေပါတယ်။

ငါးရံ့နှစ်ကောင်ဖမ်းချင်နေတဲ့ ရီးယဲလ်ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်ကတော့ သူ့ရဲ့နည်းပြ
အဖြစ် အန်ဆယ်လော့တီကို မခန့်အပ်နိုင်ရင် အားကစားဒါရိုက်တာတစ်ဦးဖြစ်တဲ့ ရီးယဲလ် ကစား
သမားဟောင်း ဇီဒန်းကို ခန့်အပ်ဖို့ကြံရွယ်နေပါတယ်။

ဒါ့ပြင် ဘိုင်ယန်မြူးနစ်ကနေ လမ်းခွဲသွားပြီဖြစ်တဲ့ ဖလားသုံးလုံးပိုင်ရှင် ဂျပ်ဟေးနက်စ်ကိုလည်း
ပီရက်ဇ်က ပစ်မှတ်ထား နေပါတယ်။ ဒါကြောင့် ရီးယဲလ်နည်းပြ အနေနဲ့ ဘယ်သူဖြစ်လာမလဲဆို
တာ စဉ်းစားစရာဖြစ်နေပါတယ်။စိတ်ဝင်စားခြင်းခံနေရတဲ့ လောရင့်ဘလန့်အသက် ၄၇ ခုနှစ်ရှိပြီဖြစ်
တဲ့ ပြင်သစ် လက်ရွေးစင်နည်းပြဟောင်း လောရင့်ဘလန့်ကိုလည်း စိတ်ဝင်စားတဲ့အသင်း တွေရှိပါ
တယ်။

သူ့ကိုချိတ်ဆက်နေတဲ့ ကောလာဟလတွေကတော့ အီတလီစီးရီးအေကလပ်ရိုးမား၊ ပြင်သစ်
ကလပ် ဏွှ နဲ့ စပိန်ကလပ် လာလီဂါကလပ် ဆိုစီဒက်တို့ဖြစ်ပါတယ်။မန်စီးတီးကိုရောက်မယ့်သူက
ဘယ်သူလဲမန်စီးတီးအနေနဲ့ ရာသီမစခင် ကစား သမားသစ်နှစ်ဦးကို ခေါ်ယူထားနိုင်ခဲ့ပြီး ဖြစ်ပေမယ့်
လစ်လပ်နေတဲ့နည်းပြ နေရာကိုတော့ မဖြည့်ဆည်းနိုင်သေးပါ ဘူး။

ချီလီ၊ အီကွေဒေါ၊ အာဂျင်တီးနား ကလပ်တွေအပြင် စပိန်ကလပ်တွေ ဖြစ်တဲ့ ဗီလာရီးယဲလ်၊
ရီးယဲလ်၊ မာလာဂါ တို့မှာပါ နည်းပြလုပ်ခဲ့ဖူးတဲ့ ပယ်လီဂရီနီ ကို ခန့်အပ်ဖို့ တုံ့ဆိုင်းနေတုန်းပါပဲ။

ဒါကြောင့် မန်စီးတီးနည်းပြနေရာ အတွက်က အဖြေမထွက်သေးပါဘူး။ခြုံပြီးပြောရရင် ဥရောပထိပ်
တန်းလိဂ်လေးခုမှာ နည်းပြအပြောင်းအလဲတွေက စိတ်ဝင်စားစရာကောင်းသလို ဘယ်သူတွေက
ဘယ်အသင်းမှာ နည်းပြဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေဆဲဖြစ်တယ်ဆိုတာ
တင်ပြလိုက်ရပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း