ခြေစွမ်းတည်ငြိမ်မှုမရှိခဲ့တဲ့ ရိုးမားနဲ့ လာဇီယို

၂၀၁၂-၁၃ ရာသီ စီးရီးအေတွင် ရောမ အခြေစိုက် ထိပ်သီးနှစ်သင်းဖြစ်သော ရိုးမားနှင့်
လာဇီယိုတို့အနေအထားမှာ ဘောလုံးရာသီမစမီ ခန့်မှန်းထားသည်နှင့် ပြောင်းပြန်အဖြေထွက်
ခဲ့သည်။

ရိုးမားသည် ဘောလုံးရာသီမစမီ လူအင်အားဖြည့်တင်းမှုများ ပြုလုပ် ခဲ့ပြီး ၀ါရင့်နည်းပြ ဇနက်
ဇီမန်း၏ ကိုင်တွယ်မှုကြောင့် ဆုဖလားတစ်ခုခု သို့တည်းမဟုတ် ချန်ပီယံလိဂ်ဝင်ခွင့် ရမည်ဟု
မှန်းဆထားသည်။

လာဇီယိုကိုမူ ယခင်နှစ်များအတိုင်း ရုန်းကန်နေရဆဲအဆင့်မှာသာ ရှိဦးမည်ဟု သုံးသပ်ခဲ့ကြသည်။
တကယ်တန်းတွင် ရိုးမားသည် 'စီးရီးအေ တာထွက်' မဆင်မချောဘဲ စက်တင်ဘာလကုန်ချိန်ထိ
နိုင်ပွဲနှစ်ပွဲ သာရပြီး နှစ်ပွဲသရေကျကာ နှစ်ပွဲရှုံးခဲ့ သည်။ အထူးသဖြင့် စက်တင်ဘာ ၃၀ တွင် ဂျူဗင်
တပ်ကို ၄၁ဖြင့် အရေးနိမ့်သောပွဲသည် အထိနာခဲ့သည်။နိုဝင်ဘာလဆန်းပိုင်းထိ စီးရီးအေ ၁၂ ပွဲ
ကစားပြီးရာ၌ ရိုးမားသည် ငါးပွဲသာနိုင်ပြီး နိုဝင်ဘာ ၁၁ တွင် မြို့ခံ ပြိုင်ဘက် လာဇီယိုကို ၃-၂
ဖြင့် အရေးနိမ့်သည်။

ထိုနောက်ပိုင်းတွင် လေးပွဲဆက်တိုက် နိုင်လိုက်သဖြင့် ပြန်လည်ဦးမော့လာသော်လည်း ရာသီ ထက်ဝက်ကျိုးချိန်တွင် ခြောက်ပွဲဆက်တိုက် နိုင်ပွဲပျောက်သွားသောကြောင့် နည်းပြ ဇနက်ဇီမန်း
ကို ထုတ်ပယ်ကာ လက်ထောက်နည်းပြ အင်ဒရီယာဇိုလီ က ရာသီကုန်ထိ 'မှေးကိုင်'သွားရသည်။

ခြုံကြည့်လျှင် ရိုးမားသည် ဘောလုံး ရာသီတစ်လျှောက်လုံး ခြေစွမ်းအတက် အကျ မတည်ငြိမ်မှု
များဖြင့် ရုန်းကန်ခဲ့ရ သည်။ နည်းပြဟောင်း ဇိမန်းလက်ထက် တွင် ၎င်း၏ ပုံသေဆန်သောကစား
ကွက် များသည် ဘောလုံးသမားများကို ဖိအား ဖြစ်စေခဲ့သည်။ တဖန် နည်းပြနှင့်ကစား သမားများ
အကြား ဆက်ဆံရေး၊ြုတ် အဖွဲ့နှင့် နည်းပြတို့အကြား ဆက်ဆံရေး များ 'အေးခဲ'နေခြင်းက ရိုးမား၏
စွမ်းဆောင်ရည်ပိုင်းကို ထိခိုက်စေခဲ့သည်။

တစ်ဖန် မြို့ခံပြိုင်ဘက် လာဇီယိုကို အမှတ်ပေးပွဲနှစ်ပွဲ၊့ိုပါ အီတာလျံ ဗိုလ်လုပွဲတစ်ပွဲ၊ စုစုပေါင်း
သုံးပွဲ ရင်ဆိုင်ခဲ့ရာတွင် နိုင်ပွဲလုံးဝမရ ခဲ့ဘဲ တစ်ပွဲသရေကျပြီး နျစ်ပွဲရှုံးနိမ့်ခဲ့ ခြင်းက ရိုးမားပရိသတ်
များအတွက် ခွင့်မလွှတ်နိုင်စရာ အကြောင်းတရား တစ်ခု ဖြစ်လာသည်။

နည်းပြသစ် ဇိုလီလက်ထက်တွင် ရိုးမား ခြေစွမ်းနှင့်ရလဒ်များ တိုးတက် လာခဲ့သော်လည်း
ဆေးမမီတော့ဘဲ ကိုပါအီတာလျံဖလားကိုသာ ဦးတည် လိုက်ရသည်။ မေလ ၂၆ ရက် ကိုပါ
အီတာလျံဖလား ဗိုလ်လုပွဲတွင် လာဇီယို က ၁၀ ဖြင့် အနိုင်ရဗိုလ်စွဲသွားသောအခါတွင် ရိုးမား
သည် 'နာမည်ကြီး ဖလားငတ်' ဘ၀ဖြင့်သာ ဘောလုံးရာသီ ကို နိဂုံးချုပ်လိုက်ရသည်။

အကယ်စင်စစ် ရိုးမားသည် တိုက်စစ် ကောင်းသောအသင်းအဖြစ် ထိပ်သီး ပြိုင်ဘက်များကပင်
အလေးထားခဲ့ရ သည်။ သုံးယောက်တိုက်စစ်ပုံစံကို အားပြုသော ရိုးမားတိုက်စစ်သည် နည်းပြ
သစ် ဇိုလီလက်ထက်တွင် တိုးတက်ခဲ့ပြီး ၎င်းလက်ထက် အမှတ်ပေးပွဲတွင် ဂိုးမသွင်းနိုင်သောပွဲ
ဟူ၍ အေစီမီလန်နှင့် ဂိုးမရှိသရေပွဲ အပါ အ၀င် နျစ်ပွဲသာရှိသည်။

ရိုးမားအသင်း တည်ဆောက်ပုံမှာ တိုက်စစ်အားပြုလွန်းသည်။ ကွင်းလယ် ကစားသမားများသည်
ပြိုင်ဘက်ကွင်း တစ်ဝက်တွင် အများဆုံးရှိနေတတ်ရုံ သာမက ခံစစ်သမားများပင် ရှေကတက် ကြ
သည်။

သို့ကလိုကြောင့် သုံးယောက် ခံစစ်ပုံစံကို အသုံးပြုသည့်ရိုးမားသည် နောက်တန်းတည်ငြိမ်လုံခြုံမှု
နည်းပါး ကာ ပြိုင်ဘက်အသင်း၏ တန်ပြန် တိုက်စစ်မိသောအခါတွင် မရှုမလှနှင့် ဂိုးသွင်းခံရလေ့ရှိ
သည်။

ခြုံကြည့်လျှင် ရိုးမားတိုက်စစ်သည် အမှတ်ပေးချန်ပီယံ ဂျူဗင်တပ်နှင့်အတူ သွင်းဂိုး ၇၁ ဂိုး ရှိခဲ့
သော်လည်း ၅၆ ဂိုး ပြန်လည်သွင်းခံရသောကြောင့် တန်းဆင်းသွားသော ပက်စ်ကာရာနှင့် အင်
တာမီလန်တို့ပြီးလျှင် စီးရီးအေ တွင် ပေးဂိုးအများဆုံး စံချိန်တင်သွား သည်။တစ်ဖက်တွင် ရိုးမား
၏ မြို့ခံပြိုင်ဘက် လာဇီယိုသည် နည်းပြသစ် ပက်ကိုဗစ် ကိုင်တွယ်ပြီး ပရိသတ်များ၏ 'လျှော့
တွက်'ခြင်းကို ခံခဲ့ရသည်။

သို့ရာတွင် တကယ်တန်း ဘောလုံးကွင်းထဲ၌ ထွက်ပေါ်လာသော ရလဒ်တွင်မူ လာဇီယိုသည်
အမှတ်ပေးပွဲတွင် ဒုတိယ နေရာထိရောက်ခဲ့ကာ ထိပ်ဆုံးမှ ဂျူဗင်တပ်ကိုပင် လိုက်လံဖိအားပေး
သောအသင်း ဖြစ်ခဲ့သည်။ပွဲဦးထွက် အတ္တလန္တာကွင်းတွင် နိုင်ပွဲအပါအ၀င် လာဇီယိုသည် သုံးပွဲ
ဆက်တိုက်နိုင်သည်။ ထိုနောက် ဂျီနိုအာ နှင့် နာပိုလီတို့ကို ဆက်တိုက် ရှုံးပြီး နောက် သုံးပွဲဆက်
တိုက် ပြန်နိုင်သည်။နိုဝင်ဘာလဆန်းမှ ဇန်န၀ါရီ လလယ်ပိုင်းထိ လာဇီယိုခြေစွမ်းသည် စီးရီးအေ
ပြိုင်ပွဲတွင် အကောင်းဆုံး အနေအထားသို့ ရောက်ရှိခဲ့သည်။

သို့ရာတွင် ထိုနောက်ပိုင်း၌ ခြေစွမ်းတည်ငြိမ်အောင် ထိန်းထားနိုင်စွမ်းမရှိ တော့ခြင်းကြောင့် ဧပြီလ
ကုန်ချိန်ထိ အမှတ်ပေးပွဲတွင် နိုင်ပွဲနှစ်ပွဲသာရပြီး ရှစ်ပွဲအရှုံးပြခဲ့သည်။ ပန်းဝင်ခါနီး ရောက်မှသာ
တစ်ချက်ပြန်လည် ဦးမော့သည်။လာဇီယိုတို့ ယခုကဲ့သို့ စီးရီးအေတွင် ခြေစွမ်း 'ပြုတ်ကျ' သွားခြင်း
မှာ အမှတ်ပေး၊ ရှုံးထွက်နှင့် ယူရိုပါလိဂ် ပြိုင်ပွဲသုံးခု တစ်ပြိုင်နက်တည်း 'တင်' ကစားပြီး မနိုင်ဝန်
ထမ်းလိုက်ရသော ကြောင့်ဖြစ်သည်။

အထူးသဖြင့် ယူရိုပါ လိဂ် ကွာတားဖိုင်နယ်တွင် တူရကီမှ နာမည်ကျော် ဖီနာဘာချီကို ရင်ဆိုင်ချိန်
နှင့် ထိခိုက်ဒဏ်ရာရသူများ မြင့်တက်ချိန် တို့ တိုက်ဆိုင်သွားသည်။ တစ်ဖန် ထိုအချိန်အပိုင်းအခြား
တွင် လာဇီယိုတို့ ၀ါရင့်တိုက်စစ်မှူး ကလိုဆေး ဂိုးမိုး ခေါင်နေပြီး အသင်းလိုက် ခြေပျက်ချိန် နှင့်
သွားရောက်တိုက်ဆိုင်သော ကြောင့် ယူရိုပါလိဂ်ကို ကျောခိုင်း လိုက်ရသည်။

သို့ရာတွင် လာဇီယိုသည် ကိုပါ အီတာလျံဖလား နောက်ဆုံးဗိုလ်လုပွဲ၌ ရိုးမားကို အနိုင်ရပြီး ဗိုလ်စွဲ
ခဲ့သောကြောင့် ဖြေသာသွားသည်။'နည်းနည်းနျင့် ကျဲကျဲဝိုင်း' ခဲ့ရသော လာဇီယိုသည် နည်းပြ
ပက်ကိုဗစ် ကိုင်တွယ်မှုအောက်တွင် မာကျော သောအသင်းအဖြစ် ရပ်တည်နိုင်ရုံ သာမက ကိုပါ
အီတာလျံဖလားကိုပင် ဆွတ်ခူးနိုင်ခဲ့သေးသည်။

လာဇီယိုတိုက်စစ်သည် အမှတ်ပေးပွဲတွင် ၅၁ ဂိုးသာ သွင်းယူနိုင်သောကြောင့် စီးရီးအေထိပ်ဆုံး
ခုနစ်သင်းထဲတွင် သွင်းဂိုးအနည်းဆုံး ဖြစ်သည်။ ၀ါရင့်တိုက်စစ်မှူး ကလိုဆေးကို 'တည်'ပြီး တိုက်
စစ်အင်အားစုကို အထိုင်ချခဲ့သော်လည်း ကလိုဆေးသည် ဒဏ်ရာ ကြောင့် ပွဲစဉ်အတော်များများ
ကို လွဲချော်ခဲ့ရသဖြင့် တိုက်စစ်မှာ အသက် မ၀င်ဘဲဖြစ်နေသည်။

သို့ရာတွင် လာဇီယိုကွင်းလယ်သည် ပြီးခဲ့သော ရာသီတွင် ထူးထူးခြားခြား ခြေစွမ်းပြနိုင်သည်။
ကစားကွက် အသာစီးရရေး၊ တိုက်စစ်မှူးများကို ဂိုးသွင်းခွင့်ဖန်တီးပေးရေးနျင့် အခွင့်သာပါက
ကိုယ်တိုင်ဂိုးသွင်းရေးစသည့် 'အရေးသုံးရေး' ကို ထိထိရောက်ရောက် စွမ်းဆောင်နိုင်ခဲ့သည်။

စီးရီးအေတွင် ၁၁ဂိုးသွင်းယူခဲ့သော ကွင်းလယ် ဖန်တီးရှင် ဟာနန်နက်ဇ်ကို အဓိကထား ပြီး
လာဇီယိုကွင်းလယ်ကို တည်ဆောက် သည်။ တဖန် ဂွန်ဇာလက် (၂၈ နျစ်)၊ ဠူလစ် (၂၇ နျစ်)၊
အီတလီလက်ရွေးစင် ကန်ဒရီော (၂၆ နျစ်)၊ လီဒက်စ်မာ (၃၀ နျစ်)တို့ဖြင့် '၀န်းရံ'ပေးထားသော
လာဇီယိုကွင်းလယ်သည် အတွေ့အကြုံ ရော၊ အသက်အရွယ်ပိုင်းအရပါ အကောင်းဆုံးအနေ
အထားတွင် ရှိသည်။ပြီးခဲ့သော ဘောလုံးရာသီ တစ် လျှောက်လုံးတွင် လာဇီယိုကို ယေဘုယျ
အကဲဖြတ်နိုင်သော အချက်တစ်ခုမှာ ကွင်းလယ်လွှမ်းမိုးမှု ဖြစ်သည်။

ကွင်းလယ်ကစားသမားများ အချိတ်အဆက်မိခြင်း ရှိမရှိ၊ ခြေစွမ်းပြနိုင်ခြင်း ရှိမရှိ စသောအချက်
များပေါ်တွင် မူတည်ပြီး လာဇီယိုအသင်းလိုက် ခြေစွမ်း အတက်အကျ ဖြစ်ခဲ့သည်။သို့ရာတွင် ခြုံ
ကြည့်လျှင် မြို့ခံ ပြိုင်ဘက်ရိုးမားကို နောက်ဆုံးဗိုလ်လုပွဲ တွင် အနိုင်ရပြီး ကိုပါအီတာလျံဖလား
ကို ရယူနိုင်ခဲ့ခြင်းကြောင့် လာဇီယိုတို့ စိတ်ဖိစီးမောပမ်းခဲ့ရသမျှ ကျေနပ်ခဲ့ရ သည်။

အထူးသဖြင့် စီးရီးအေအတွေ့ အကြုံ လုံးဝမရှိဘဲ အစိမ်းသက်သက် ဖြစ်သော နည်းပြပက်ကိုဗစ်၏
ပွဲဦးထွက် ရာသီတွင် ကိုပါအီတာလျံဖလားကို ရ ယူနိုင်ပြီး ယူရိုပါလိဂ်တွင် ကွာတား ဖိုင်နယ်အဆင့်
သို့ ရောက်နိုင်ခဲ့ခြင်းမှာ 'နည်းနည်းနှင့် ကျဲကျဲဝိုင်း' ခဲ့ရသော လာဇီယိုတို့အတွက် ကြီးမားသော
စွမ်းဆောင်နိုင်မှုရလဒ်တစ်ခုပင် မဟုတ်ပါလား။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016