မိုယက်စ်ကို ပွဲကျပ်စိန်ခေါ်မှုများနဲ့ ကြိုဆိုလိုက်ခြင်း

မန်ချက်စတာယူနိုက်တက်က ပရီမီယာ လိဂ်ရဲ့ လက်ရှိချန်ပီယံ၊ ဖာဂူဆန် စွမ်းဆောင်ပေးမှုတွေ
အောက်မှာ မန်ယူအောင်လံတံခွန်ထူခဲ့ပေမယ့် အခုတော့ မန်ယူဟာ ခေတ်သစ်တစ်ခု ကို ဒေးဗစ်
မိုယက်စ်ဆိုတဲ့ စကော့ တစ်ယောက်နဲ့ ခရီးဆက်မယ့်ရာသီ သစ်ကို အားလုံးကစိတ်ဝင်စားနေခဲ့ကြ
ပါတယ်။

အခုတော့ အဲဒီစိတ်ဝင်စားမှု တွေက ပိုပြီးတောင်မြင့်မားလာနေခဲ့ ပြန်ပါပြီ။ ဘာကြောင့်လဲဆိုတော့
၂၀၁၂-၁၃ ဘောလုံးရာသီအတွက် ပရီမီယာလိဂ်ပွဲစဉ်တွေထွက်လာတဲ့အခါမှာတော့ လက်ရှိချန်ပီ
ယံ ခေတ်သစ် မန်ယူဟာ ရာသီအစပွဲစဉ်ငါးပွဲကို ခက်ခဲခြင်းတွေနဲ့ စတင်ကြုံတွေ့လိုက် ရလို့ပဲဖြစ်
ပါတယ်။

မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်ကို ပွဲကျပ်ငါးပွဲက ကြိုဆိုလိုက်ကြတာပဲဖြစ်ပါတယ်။ ပွဲစဉ်(၁)မှာ
ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ် တို့ဟာ အိမ်ကွင်းပွဲတွေနဲ့ကြုံတွေ့ လိုက်
ရချိန်မှာ မန်ယူကတော့ အဝေး ကွင်းမှာ ဆွမ်ဆီးနဲ့ကစားလိုက်ရခြင်း နဲ့ မိုယက်စ်ရဲ့ မန်ယူခေတ်
သစ် ကန့်လန့် ကာကိုဖွင့်လိုက်ပါတယ်။

ဆွမ်ဆီးပဲ ဘာမှမဖြစ်လောက်ပါဘူးလို့ ထင်ရ ပေမယ့် မနှစ်က ဆွမ်ဆီးကွင်းမှာ ဖာဂူဆန်ဟာ
အနိုင်မကစားနိုင်လိုက် ပါဘူး။ ဆွမ်ဆီးမှာ မနှစ်က ခြေစွမ်းပြ ခဲ့ကြတဲ့ မီချူး၊ ဖလောရက်စ်၊
ဒိုင်ယာ၊ ဂူဇ်မန်၊ ပါဘလိုဖာနန်ဒက်တို့ ရှိနေ ဆဲပဲဖြစ်ပါတယ်။ မိုယက်စ်အတွက် ခက်ခဲတဲ့ပွဲစဉ်
တစ်ခုပဲဖြစ်ပါတယ်။

ဒီထက်ပိုဆိုးတာက နောက်ပွဲတွေပဲ ဖြစ်ပါတယ်။ ပွဲစဉ်(၂)မှာတော့ မိုယက်စ် ဟာ မော်ရင်ညိုနဲ့
ထိပ်တိုက်တိုးနေခဲ့ ပြီဖြစ်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူနဲ့ချယ်လ်ဆီးတို့ စောစောစီးစီး တွေ့
နေခဲ့တာဖြစ်ပါတယ်။

မိုယက်စ်ဘက်ကကြည့်ရင် မိုယက်စ်အတွက် ခက်ခဲတဲ့ပွဲဖြစ်သလို မော်ရင်ညို ဘက်ကကြည့်ရင်
လည်း ခက်ခဲတဲ့ပွဲ တစ်ပွဲဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ ချန်ပီယံမန်ယူအနေနဲ့တော့ ပိုပြီး ဖိအားများ
တဲ့ပွဲဖြစ်နေပါတယ်။

မနှစ်က အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ မန်ယူဟာ ချယ်လ်ဆီးကို အနိုင်မရခဲ့ ပါဘူး။ အက်ဖ်အေဖလား
ပွဲမှာသရေ၊ ပရီမီယာလိဂ်ပွဲမှာ အရှုံးတို့နဲ့ ကြုံတွေ့ သွားခဲ့ပါတယ်။ ဒီပွဲဟာ မိုယက်စ် အတွက်
အရေးပါတဲ့ပွဲတစ်ပွဲပဲဖြစ်ပါ တယ်။

ဒီပွဲပြီးတော့ မန်ယူဟာ လီဗာပူနဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားရ တော့မှာဖြစ်ပါတယ်။ မိုယက်စ်
အတွက် ဆက်တိုက်ပွဲကျပ်တွေ ကစားရမှုပဲဖြစ် ပါတယ်။ အခြားသော မန်ယူရဲ့ပြိုင်ဘက် တွေဟာ
မန်ယူလောက်တော့ ရာသီ အစမှာ ပွဲကျပ်ကစားရခြင်းမရှိသေး တဲ့အချိန်မှာ မန်ယူအနေနဲ့ ခက်ခဲ
စေ ခဲ့တာပဲဖြစ်ပါတယ်။

ဒီပွဲပြီးရင်တော့ တန်းတက်လာတဲ့ ခရစ္စတဲလ်ပဲလေ့စ် အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ဒီပွဲတစ်ပွဲ
သာ မန်ယူအတွက် လွယ်ကူတဲ့ ပွဲဖြစ်ပါတယ်။ ဒီပွဲပြီးရင်မန်ယူဟာ မန်ချက်စတာဒါဘီအဖြစ် မန်
စီးတီး အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

မိုယက်စ်ရဲ့အဖွင့်ပွဲစဉ်ငါးပွဲမှာ ခရစ္စ တဲလ်ပဲလေ့စ်နဲ့တစ်ပွဲသာ လွယ်ကူတဲ့ ပွဲဖြစ်နေပြီးကျန်တဲ့
လေးပွဲ က ခက်ခဲတဲ့ပွဲတွေပဲဖြစ် နေခဲ့ပါတယ်။ မိုယက်စ် အတွက် စိန်ခေါ်မှု တွေနဲ့ ကြိုဆို နေတဲ့
အနေအထားက စိတ်ဝင်စား ဖွယ်ရာပဲဖြစ်ပါတယ်။

မိုယက်စ်ဟာ အခုအခါမှာတော့ မိသားစုနဲ့ အပန်းဖြေခရီးကပြန်လာပြီး အာရှတိုးခရီးအတွက် ပြင်
ဆင်နေပါ တယ်။ ထိုင်း၊ ဩစတြေးလျ၊ တရုတ်၊ဂျပန် တို့ကိုခရီးထွက်မှာပါ။ နောက်တန်းသမား
ဖာဒီနန်ကတော့ အာရှခရီးက ပြန်လာတာနဲ့ ကစားသမားတွေဟာ အာရုံအပြည့်စိုက်ပြီး ပွဲကျပ်
ငါးပွဲကို ကျော်ဖြတ်ဖို့လိုတယ်လို့ ဆိုလိုက်ပါ တယ်။ ဇွန်လနောက်ဆုံးပတ်ရောက်တဲ့ အထိတော့
မိုယက်စ်ဟာ ကစားသမား တစ်ယောက်သာ ၀ယ်ယူဖြည့်တင်းထားခဲ့ပါသေးတယ်။

ဘာစီလိုနာကွင်းလယ်သမား သီယာဂိုအယ်လ် ကန်တာယာကိုဝယ်ဖို့ ကြိုးပမ်းနေပြီး ရောက်လာ
ဖို့တော့ရှိနေပါတယ်။မိုယက်စ်အနေနဲ့ ရွန်နေကို ထိန်းထားနိုင်ရေးဟာ အဓိကကျနေပါတယ်။ ဒါပေ
မဲ့ ရွန်နေဟာ ထွက်ခွာချင်နေပါ တယ်။ ရွန်နေက ချယ်လ်ဆီးကိုသွားချင် နေပြီး မန်ယူက ချယ်လ်
ဆီးဆိုရင်လက်လွှတ်မယ့်သဘောမှာ ရှိမနေခဲ့လို့ ဒီကိစ္စက မပြီးပြတ်သေးဘဲရှိနေပါ တယ်။

ရွန်နေအနေနဲ့ မန်ယူမှာရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မန်ယူ ရဲ့ပထမ ငါးပွဲကတော့ ပွဲကျပ်
တွေဖြစ်နေတယ်ဆိုတာထင်ရှားနေခဲ့ပါတယ်။ ဂလေဇာမိသားစုကတော့ မိုယက်စ်အတွက်
အပြောင်းအရွှေ့မှာသုံးဖို့ ပေါင်သန်း ၆၀ ခွင့်ပြုထားခဲ့ပြီးဖြစ်လို့ မိုယက်စ်ဟာ အာရှတိုးနဲ့အတူ
ကစားသမားဖြည့်တင်းဖို့ ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။

မနှစ်က ပေါင် ၂၄ သန်းနဲ့ ဗန်ပါစီကို ၀ယ်ယူခဲ့ပြီး ရွန်နေနဲ့ အတွဲ ညီညီကစားခဲ့ပေမယ့် တကယ်လို့
သာရွန်နေကိုမထိန်းနိုင်ဘူးဆိုရင် မနှစ်က ထိပ်တန်းဂိုးသွင်းသူဖြစ်လာတဲ့ ဗန်ပါစီ ဟာ ခြေစွမ်းပြနိုင်
ပါတော့မလား ဆိုတာကလည်း စဉ်းစားစရာပဲဖြစ်ပါ တယ်။

ရွန်နေနဲ့ မိုယက်စ်တို့ကြားက ပြဿနာက ကြီးမားခဲ့တာဆိုတော့ ဒီနှစ်ယောက် ပြေလည်ဖို့ဆိုတာ
မလွယ်ကူတဲ့ အနေအထားဖြစ်ပါတယ်။ မိုယက်စ်အနေနဲ့ စောစီးစွာပဲ ချယ်လ်ဆီး၊ လီဗာပူး၊ မန်စီး
တီးတို့နဲ့ တွေ့နေတာ ကတော့ သူ့အတွက် စိန်ခေါ် စမ်းသပ်ခံမှုပဲ ဖြစ်ပါတယ်။ ဒီသုံးပွဲမှာ ရလဒ်
ကောင်းတွေ ထွက်လာနိုင်ရင်တော့ လက်ရှိ ချန်ပီယံသရဖူကို ကာကွယ်နိုင်ဖို့ ဆိုတဲ့ ယုံကြည်မှု
ကတော့ ရသွား မှာပဲဖြစ်ပါတယ်။

တွေ့နေကြတာ ကလည်း မန်နေဂျာသစ်တွေနဲ့ ချည်း တွေ့နေတာဆိုတော့ အခြေအနေ တွေက
သုံးသပ်ရခက်တဲ့ပွဲတွေ ဖြစ်နေပါတယ်။ နည်းပြဟောင်းဆူးနက်စ် ကတော့ ဒုတိယပွဲစဉ်ဖြစ်တဲ့
ချယ်လ်ဆီးနဲ့ပွဲမှာ မိုယက်စ် အနေနဲ့ အနိုင်ရကိုရမှဖြစ် မယ့်ပွဲဖြစ်ပါတယ်။

မိုယက်စ် ဟာ ရာသီမစခင်ကတည်း က ဖိအားတွေနဲ့တွေ့နေရပြီဖြစ်ပါတယ်။ မျှော် လင့်ရတာက
တော့ မိုယက်စ်ဟာ အသင်းကို ပိုမိုတောင့်တင်း အောင် ပြင်ဆင်နိုင် မယ်ထင်ပါတယ်။အသင်းရဲ့
အနေအထားက ပြောင်း လဲမှုရှိကောင်းရှိ နိုင်ပေမယ့် အမာခံ အုပ်စုအားကိုတော့ အပျက်ခံမှာ
မဟုတ် ဘူးလို့ သုံးသပ်ထားခဲ့ပါ တယ်။

မော်ရင်ညိုချယ်လ် ဆီးကို ပြန်ရောက်လာတာဟာဒီနှစ်ပရီမီယာလိဂ်ကို မြိုင်ဆိုင်လာ လိမ့်မယ်လို့
လည်း ဆူးနက်စ်က သုံးသပ် ထားခဲ့ပါတယ်။ ချန်ပီယံအသင်းတစ်သင်း ကို ကိုင်တွယ်ရတဲ့မန်နေ
ဂျာတစ်ယောက် အနေနဲ့ ဖိအားတွေဆိုတာက ရှိလာစမြဲ ပဲဖြစ်ပါတယ်။

ဒါကြောင့် မိုယက်စ် တစ်ယောက် သူ့ အရည် အသွေးကို မှတ် ကျောက်တင်ခံနိုင် မလားဆိုတာ
ကတော့ ပရီမီ ယာလိဂ် ပထမ ငါးပွဲကို စောင့် ကြည့်ရတော့ မှာပဲ ဖြစ်ပါ တယ်။

 မိုယက်စ်ရဲ့ပထမ(၅)ပွဲ
 ၁၇-၈-၁၃     ဆွမ်ဆီး- မန်ယူ
 ၂၄-၈-၁၃     မန်ယူ - ချယ်လ်ဆီး
 ၃၁-၈-၁၃     လီဗာပူး - မန်ယူ
 ၁၄-၉-၁၃     မန်ယူ - ခရစ္စတယ်ပဲလေ့စ်
 ၁၄-၉-၁၃     မန်စီးတီး - မန်ယူ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း