လာလီဂါမှာ ဘာစီလိုနာနဲ့ ရီးယဲလ်ကိုပဲ စောင့်ကြည့်ရမယ်

မာလာဂါမှ လူငယ်ကြယ်ပွင့် အစ္စကို(ယာ)ကို ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်နှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီမာလာဂါမှ လူငယ်ကြယ်ပွင့် အစ္စကို(ယာ)ကို ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်နှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ရာသီသစ်အတွက် မကြာမီမှာ လာလီဂါ အသင်းတွေလည်း ပြင်ဆင်မှုတွေ
စပြီးလုပ်ကြတော့မှာပါ။ လာလီဂါမှာတော့ ထုံးစံအတိုင်း ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့
ပြိုင်ဆိုင်မှုတစ်ခုကိုပဲ စိတ်ဝင်စားစရာတစ်ခုအဖြစ် စောင့် ကြည့်ရဖို့ရှိနေတာလည်း သေချာနေ
ပါတယ်။

ငွေကြေးအကျပ်အတည်းတွေ ကြားမှာကျန်တဲ့အသင်းတွေ အရောင်းအ၀ယ်ဈေးကွက်မှာ
ရီးယဲလ်နဲ့ ဘာစီလိုနာတို့လောက် လှုပ်ရှားနိုင်စွမ်းလည်းမရှိပါဘူး။ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်၊
ဘာစီလိုနာ တို့နဲ့ ထိပ်တိုက်အပြိုင်ရင်ဆိုင်နိုင်ခဲ့တဲ့ အလက်တီကိုမက်ဒရစ်တောင် အခု အချိန်
ထိတော့ ဈေးကွက်မှာဝင်ရောက် လှုပ်ရှားနိုင်စွမ်းမရှိသေးတာကိုကြည့် ရင် ဒီရာသီလာလီဂါချန်
ပီယံဆုက လည်း ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ် နှစ်သင်းပဲ ယှဉ်လုရဦးမယ့်ပုံမျိုး ပေါ်နေ ပြန်ပါ
တယ်။

အလက်တီကိုဟာ ဖယ်လ်ကာအိုလိုကစားသမားမျိုးကို ရောင်းချ ထားပေမယ့် လက်ရှိအနေ
အထားအရဆိုရင်တော့ ဖယ်လ်ကာအိုလို တိုက်စစ်မှူးကောင်း တစ်ယောက်ကို ပြန်ဝယ်နိုင်ဖို့
ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ လောလောဆယ်မှာ ဗလင်စီယာတိုက်စစ်မှူးဆိုလ်ဒါဒိုကို မျက်စိ
ကျနေပေမယ့်လည်း ဆိုလ်ဒါဒိုရဲ့ခေါ်ဈေးက မြင့်နေတဲ့ အချိန်မျိုးမှာ အလက်တီကို အတွက်
တော့ တိုက်စစ်မှူးတစ်ယောက် အတွက် ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံမယ့်အနေအ
ထားမျိုး မမြင်ရသေးပါဘူး။ ဗလင်စီယာဆိုရင်လည်း သိပ်တော့ မထူးလှပါဘူး။

အသင်းမှာ ကြုံနေတဲ့ငွေကြေးအကျပ်အတည်းကို ဖြေရှင်း နိုင်ဖို့ အသင်းရဲ့အမာခံကစားသမား
တွေကို ရောင်းထုတ်ပြီးငွေရှာနေရ တယ်။ သူတို့အတွက် ပြီးခဲ့တဲ့ ရာသီက ဂိုးတွေသွင်းယူပေးနိုင်
ခဲ့တဲ့ ဆိုလ်ဒါဒိုလို တိုက်စစ်မှူးမျိုးကိုတောင် ရောင်းထုတ် ဖို့ ကြံစည်နေလို့ သူတို့လည်း ဒီရာသီ
မှာ ချန်ပီယံဆုကိုယှဉ်ပြိုင်နိုင်မယ့် အင်အားမျိုးရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လာလီဂါရဲ့ ကျန်တဲ့အ
သင်းတွေ ငွေကြေးအကျပ်အတည်းကြားမှာရုန်း ကန်နေရပြီး ကစားသမားကိုအ၀ယ် ထက်အ
ရောင်းဘက်ကို ပိုအားပြုနေ ကြတဲ့အချိန်မှာ ထိပ်ဆုံးမှ ဘာစီလိုနာနဲ့ ရီးယဲလ်ကတော့ ငွေသုံး
ဖို့ကြံ ရွယ်နေကြသလို တကယ်လည်းငွေ ကြေးသုံးစွဲမှုကို ပြထားခဲ့ကြပါပြီ။

ဘာစီလိုနာဆိုရင် ရာသီကုန်ကတည်းက ဘရာဇီးလ်မှ နေမာကို ခေါ်ယူအားဖြည့်ထားပြီး
ဖြစ်သလို ရီးယဲလ်ကလည်း မာလာဂါရဲ့ လူငယ်ကြယ်ပွင့် အစ္စကို ကို အသင်းရဲ့အမြင့်ဆုံး
ပြည်တွင်းကစားသမားစံချိန် ချိုးပြီး ငွေသုံးကာဝယ်ယူထားခဲ့ပြီးပါပြီ။ ဒါကြောင့်လည်း ဒီအ
သင်းကြီး နှစ်သင်းရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုမှသည် ချန်ပီယံဆုအတွက် အကြိတ်အနယ် ယှဉ်
ပြိုင်လာနိုင်မှုဟာ အခုအချိန်ကတည်းက အားလုံးကိုဆွဲဆောင်နေနိုင်ပြီလို့ ပြောနိုင်ပါတယ်။

လက်ရှိ နှစ်သင်းစလုံးရဲ့အ၀ယ်တွေ ကလည်း ရပ်တန့်သွားဦးမယ့် ပုံစံမရှိပါ ဘူး။ အထူးသဖြင့်
ငွေသုံးရာမှာ နာမည် ကြီးတဲ့ ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌပီရက်ဇ် ဟာ အခုအချိန်မှာ သူလိုချင်တဲ့
နည်းပြ ဖြစ်တဲ့ အန်ဆယ်လော့တီကိုလည်း ရထားပြီဖြစ်တဲ့အပြင် ဘာစီလိုနာ လက်ထဲမှ ချန်
ပီယံဆုကိုလည်း ပြန်လည် လွှဲပြောင်းယူနိုင်ဖို့ စိတ်အားထက်သန်နေတဲ့ အချိန်မျိုးလည်းဖြစ်
ပါတယ်။

ဘာစီလိုနာကတော့ ရီးယဲလ်လောက် ငွေသုံးကြမ်းမယ့်ပုံမျိုးတော့ မရှိပါဘူး။ နဂိုကတည်းက
ဘာစီလိုနာဟာ အရောင်းနဲ့အ၀ယ်ကို မျှတစွာပြုလုပ် တတ်တဲ့ အသင်းတစ်သင်းဖြစ်လို့ လက်ရှိ
အချိန်မှာလည်း နေမာအတွက် ကုန်ကျထားတဲ့ ငွေကြေးပမာဏကို ပြန်ထေနိုင်ဖို့ အသင်းမှ ကစား
သမားအချို့ကို ရောင်းထုတ်တာမျိုး အရင်လုပ် နေတာ တွေ့ရတယ်။ ဒါပေမဲ့ လက်ရှိ အချိန်ထိ
တော့ ဘာစီလိုနာဟာ အဓိက ကစားသမားတွေထဲက တစ်ယောက်မျှ ရောင်းထုတ်တာမျိုးမရှိ
သေးဘဲ အသင်း ရဲ့ လူငယ်ကစားသမားအများစုကိုသာ ရောင်းတန်ရောင်း၊ ငှားတန်ငှား လုပ်နေ
တာတွေ့ရတယ်။

အခုအချိန်ထိလည်း အသင်းအတွက် တကယ်ခေါ်ယူနိုင် မယ့် ကစားသမားမျိုး ရှာတွေ့သေးတဲ့
ပုံမပေါ်ဘဲ ဘယ်ကစားသမားကိုခေါ်မယ်ဆိုတဲ့အသံတွေလောက်သာ ထွက် နေတာတွေ့ရတယ်။
တစ်ဖက်မှာလည်း ရီးယဲလ်ဟာ ပြည်ပနာမည်ကြီးကစားသမားတွေ ဖြစ်တဲ့ ဘေးလ်၊ ကာဗာနီ၊
ဆွာရက်ဇ် စတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ လှုပ်ရှားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေ
ပေမယ့် တကယ်တမ်း ရီးယဲလ် အရယူဖို့ ကြိုးစားနေတဲ့ကစားသမား အများစုဟာ ပြည်တွင်း
ကလူငယ် ကစားသမားလေးတွေဖြစ်နေတာကို လည်း တွေ့နေရပါတယ်။

အစ္စကို ကို ခေါ်ယူပြီးနောက်မှာ ဆိုစီဒက်မှ စပိန် ယူဪ၂၁ လူငယ်ကစားသမားလေး အီယာ
ရာမန်ဒီကို ခေါ်ယူဖို့ အရှိန်မြှင့်ကြိုးစားနေပြီး ရဖို့လည်း အခွင့်အရေးကောင်း နေတာတွေ့ရတယ်။
ရီးယဲလ်ဟာ ဒီကစားသမားလေးကိုရဖို့ ပေါင် ၂၆ သန်းလောက်သုံးဖို့ရှိ နေတာကလည်း ရီးယဲလ်ရဲ့
အနာဂတ်အတွက် ကြိုတင် ပြင်ဆင်မှုလမ်းကြောင်းတစ်ခုကို ဖော်ပြ နေသလိုပါပဲ။

ဘာစီလိုနာကတော့ အသင်းရဲ့ လူငယ်ကစားသမားအများစုကို ပြန် ထုတ်နေပြီး နေမာကြောင့်
ဒေးဗစ်ဗီလာ လို အဓိကတိုက်စစ်မှူးမျိုးကိုလည်း ရောင်းထုတ်သွားမယ့်ပုံရှိတယ်။

လက်ရှိ ဘာစီလိုနာရဲ့ ဈေးကွက်ထဲကအသံတွေအရ မန်ယူမှ ရွန်နေ၊ ချယ်လ်ဆီးမှ ဒေးဗစ်လုဇ်၊
ပီအက်စ်ဂျီမှ သီယာဂိုဆေးလ်ဗားတို့ လို ကစားသမားကောင်း တွေကို ခေါ်ယူဖို့ ရှိနေတယ်ဆိုပေ
မယ့် ဘာစီလိုနာရဲ့တကယ်တမ်းလိုအပ်ချက် က တိုက်စစ်ပိုင်းမှာမဟုတ်ဘဲ ခံစစ်ပိုင်း မှာဖြစ်နေလို့
ဒေးဗစ်လုဇ်နဲ့ ဆေးလ်ဗား တို့ကို ခေါ်ယူမယ့်အနေအထားမျိုးက ပိုပြီးဖြစ်နိုင်ခြေရှိနေတယ်။

ကွင်းလယ်နဲ့ တိုက်စစ်မှာ လူ အင်အားတောင့်တင်းနေတဲ့ ဘာစီလိုနာ ဟာ အသင်းရဲ့အဓိက
လိုအပ်ချက် ဖြစ်တဲ့ ခံစစ်ပိုင်းကိုသာအားဖြည့်နိုင်ခဲ့မယ်ဆိုရင် ပိုပြီး အင်အားတောင့်တင်း သွား
မယ့်ပုံစံမျိုးလည်းပေါ်နေတယ်။

ဒါကြောင့်လည်း ဘာစီလိုနာရဲ့ ဈေးကွက် အတွင်း လှုပ်ရှားမှုအနေအထားဟာ ကွင်းလယ်နဲ့
တိုက်စစ်သမားတွေခေါ်ယူဖို့ထက် ခံစစ်သမားကောင်း တစ်ယောက်လောက်ကိုသာ ငွေသုံးစွဲပြီး
ထပ်ခေါ်မယ့် ပုံစံမျိုးပေါ်နေပါတယ်။ ရီးယဲလ်ကတော့ ဘာစီလိုနာထက် စာရင် ကစားသမားအင်
အားဖြည့်မှုကို ပိုပြီးလုပ်ရမယ့်အနေအထားမျိုးရှိနေတဲ့အပြင် အသင်းရဲ့သက်ကြီးကစား သမား
အများစုကိုလည်း တဖြည်းဖြည်း နဲ့ဖယ်ရှားဖို့ ကြိုးစားလာနေတာတွေ့ရ တယ်။

ပြီးခဲ့တဲ့ရာသီတွေကတည်းက အမြဲတမ်း အပြောင်းအရွှေ့ဈေးကွက် မှာ နာမည်ထွက်လေ့ရှိတဲ့
ကာကာနဲ့ ကွင်းလယ်မှ ဇာဘီအလွန်ဆိုတို့ရဲ့အနာဂတ်တွေတောင် ရီးယဲလ်မှာ ဆက်ရှိဖို့ဆိုတာ
မသေချာတဲ့အနေအထားမျိုးဖြစ်လာနေပါပြီ။

လက်ရှိအချိန်ထိတော့ နည်းပြအန်ဆယ် လော့တီဟာ ကွင်းလယ်နဲ့တိုက်စစ်ပိုင်း ကိုပဲ အဓိက
အားဖြည့်မယ့်အသံမျိုး ထွက်နေပြီး ခံစစ်ပိုင်းအတွက်တော့ ခေါ်ယူချင်တဲ့အသံ သိပ်မကြားရသေး
ပါဘူး။

လက်ရှိရီးယဲလ်ရဲ့ ခံစစ် အနေ အထားနဲ့ လူအင်အားဟာလည်း တောင့်တင်းပြီးသားအခြေအနေ
မျိုး မှာရှိနေတဲ့အတွက် အန်ဆယ်လော့တီ လိုချင်တဲ့ ကွင်းလယ်နဲ့ တိုက်စစ်မှ တကယ့်ကစား
သမားကောင်းမျိုးကို သာ အရခေါ်နိုင်မယ်ဆိုရင်တော့ ဒီရာသီ ရီးယဲလ်နဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီ
ယံဆုပြိုင်ဆိုင်မှုဟာလည်း ပိုပြီး အရှိန်ကောင်းလာတော့မှာပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016

အကြည့်အများဆုံး - အားကစားသတင်း