အီဂျစ်ထံကနေ အမေရိကန်ထံ ရောက်သွားတဲ့ လန်ဒန်က ဖူလ်ဟမ်အသင်း အပြောင်းအလဲတွေ ဖြစ်လာမလား

ပရီမီယာလိဂ်မှာ ဖူလ်ဟမ်ဆိုတဲ့အသင်းလေးက သေးသေးလေးပါ။
သူတို့ရဲ့အိမ်ကွင်းဆိုတာ ပရိသတ် ၂၅,၇၀၀ သာဆံ့တဲ့ ကွင်းလေးဖြစ်ပါ တယ်။ အဲဒီအသင်းလေး
ကိုပိုင်တဲ့သူက အီဂျစ်သူဌေးကြီး မိုဟာမက်အယ်လ်ဖာရက်ပါ။ အယ်လ်ဖာရက်ဆိုတာ တစ်ချိန်က
နာမည်ကြီးလှတဲ့ ဟာရောဒ့် ကုန်တိုက်ကြီးကို ပိုင်ဆိုင်ခဲ့တဲ့သူ၊ ဒိုင်ယာနာမင်းသမီးနဲ့အတူ သေသွား
တဲ့ ဒိုဒီဖာရက်ရဲ့ဖခင် ဖြစ်ပါတယ်။

ဒိုင်ယာနာနဲ့ သူ့သားဒိုဒီတို့ ပဲရစ်မြေအောက်ကားလမ်းထဲမှာ ကားမှောက် သေဆုံးသွားခြင်းအပေါ်
ယနေ့အထိသံသယတွေရှိနေဆဲ အီဂျစ်စီးပွားရေးလုပ်ငန်းရှင်၊ ဗြိတိန်နိုင်ငံသားဖြစ်ခွင့်လျှောက်တိုင်း
အပယ်ခံရသူ၊ ဆွစ်ဇာ လန် ပတ်စ်ပို့ကိုင်ဆိုင်ထားသူ သန်း ၈၇၀ ကျော် ကြွယ်ဝသူတစ်ဦးဖြစ်ပါ
တယ်။

ဖူလ်ဟမ်အသင်းလေးကို လွန်ခဲ့ တဲ့ ၁၆ နှစ်က ပိုင်ဆိုင်ရင်း သားဖြစ်သူဒိုဒီကိစ္စကို ကြိတ်မနိုင်ခဲ
မရဖြစ်ရင်းစီးပွားရေးလုပ်ကိုင်နေသူဖြစ်ပါတယ်။အခုတော့ ဒီလန်ဒန်အသင်းလေးကိုအယ်လ်ဖာ
ရက်ဟာ စွန့်ခွာသွားလိုက်ပြီဖြစ်ပါတယ်။ ၂၀၀၈ မေမှာ ဟားရော့ဒ် ကုန်တိုက်ကြီးကိုရောင်းချခဲ့ပြီး
အခု ၂၀၁၃ မှာ ဖူလ်ဟမ်ဘောလုံးကလပ်ကို စွန့်ခွာလိုက်တာပဲ ဖြစ်ပါတယ်။

အယ်လ်ဖာရက်တစ်ယောက် ဖူလ်ဟမ် ဆိုတဲ့အသင်းလေးကို ရောင်းလိုက်တဲ့သူက အမေရိကန်
ဘီလျံနာတစ်ယောက် ပဲဖြစ်ပါတယ်။ အယ်လ်ဖာရက်ဟာ ၁၉၉၇ ခုနှစ်က သတင်းထုတ်ပြန်ချက်
အရ ဖူလ်ဟမ် ကလပ်ကို ပေါင်သန်း ၃၀ နဲ့ ၀ယ်ယူ ခဲ့တာဖြစ်ပါတယ်။ တချို့သော အတွင်း သိ
သူတွေကတော့ ပေါင် ၆ ဒသမ ၂၅ သန်းနဲ့ ၀ယ်ယူခဲ့တာလို့ဆိုပါတယ်။

ဖူလ်ဟမ်ကို ပေါင်သန်း ၂၃၀ ကျော်နဲ့ အခုရောင်းလိုက်တာ ဖြစ်ပါတယ်။ အယ်လ်ဖာရက်ဟာ
ဟားရောဒ့် ကုန်တိုက်ကြီးကို နှစ်ပေါင်း ၂၅ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် အဆက်ဖြတ်လိုက်
သလို အခုလည်း ဖူလ်ဟမ် ကို ၁၆ နှစ်ကြာ ကိုင်တွယ်ပြီးတဲ့နောက် မှာ အဆက်ဖြတ်လိုက်တာ
ပဲ ဖြစ်ပါ တယ်။

ဖူလ်ဟမ်ဆိုတဲ့အသင်းလေးရဲ့ ကံဇာတာအပြောင်းအလဲတစ်ခုပဲဖြစ် ပါတယ်။ ဖူဟမ်ကိုဝယ်လိုက်
တဲ့သူက ပါကစ္စတန်လူမျိုး အမေရိကန်နိုင်ငံသား ရှာဟစ်ခန်းဆိုသူပဲဖြစ်ပါတယ်။ ခန်းက အယ်လ်
ဖာရက်ထက်တောင်ချမ်းသာသူဖြစ်နေပါတယ်။ ပေါင် ၁ ဒသမ ၇ ဘီလျံတောင် ကြွယ်ဝသူဖြစ်
ပါတယ်။

ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့ မှာ မွေးဖွားကြီးပြင်းပြီး အသက် ၁၆ နှစ် မှာ၊အမေရိကန်ကို ပြောင်း
ရွှေ့ခဲ့တဲ့ ခန်းဟာ အီလီနွိုင်း ယူနီဗာစီတီမှာ စက်မှုအင်ဂျင် နီယာဘွဲ့ရခဲ့သူ၊ ကား အရောင်း အ
ဝယ် လုပ်ငန်းကြီးတစ်ခု ကို ၀န်ထမ်းပေါင်း ၁၆,၀၀၀ နဲ့ လုပ်ကိုင်နေတဲ့ အောင်မြင်သူလုပ်ငန်းရှင်
တစ်ယောက်ပဲဖြစ်ပါတယ်။

ဖူလ်ဟမ်ကို အရင်ပိုင်ဆိုင်ခဲ့တဲ့ အယ်လ် ဖာရက်ဟာ ဖူလ်ဟမ် ကလပ်အသင်းလေးကို ပရီမီယာ
လိဂ် မှာ တန်းမဆင်းရဖို့ဆိုတာ သူတို့ရဲ့ ရည်မှန်းချက်ပဲဖြစ်ပါတယ်။ ဒီထက် ပိုတဲ့ ရည်မှန်းချက်
ဆိုတာ သူတို့မှာ ရှိမနေခဲ့ပါဘူး။ ဒါကြောင့်လည်း အယ်လ်ဖာရက်ဟာ အသင်းအတွက် ရင်းနှီးမြှုပ်
တာဟာ အတော်အသင့်လောက်ပဲရှိခဲ့ပါတယ်။ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုဆိုတာ မရှိသလောက်
ပဲ ဖြစ်ပါတယ်။

အသင်းမှာ ထင်ထင်ရှားရှား ရှိသူဆိုလို့ ဘာဘာတော့ဗ်လောက် သာ ရှိခဲ့ပါတယ်။ မနှစ်က ဖူလ်
ဟမ် ဟာ၊ပရီမီယာလိဂ်မှာ အဆင့်(၁၂)မှာ ရပ်တည်သွားခဲ့ပါတယ်။ အခုအရောင်း အ၀ယ်မဖြစ်
ခင်ချိန်မှာလည်း ဖူလ်ဟမ် ဟာ စတီကယ်လန်ဘတ်၊ ဒါရက်ဘိုတန်၊ အမိုဘီယေတာတို့ကို ၀ယ်
ထားခဲ့ပြီး ဖြစ်ပါတယ်။ အခု အမေရိကန်ဘီလျံနာ ၀ယ်ယူလိုက်တဲ့အတွက် အသင်းဟာ အပြောင်း
အလဲတွေ ရှိကောင်းရှိလာ မယ်လို့ ယူဆလျက်ရှိနေကြပါတယ်။

အသင်းရဲ့အနေအထားက ကြီးကြီး မားမားမဟုတ်ပေမယ့် အမေရိကန် သူဌေးဟာ ကစားသမား
တွေကို ဘယ်လောက်ဖြည့်တင်းပြီး စိတ်ဝင်စား မှုရှိအောင် ဖမ်းစားမလဲဆိုတာ စောင့် ကြည့်စရာ
ပဲဖြစ်ပါတယ်။

၂၀၁၁ က အမေရိကန် ဘောလုံးအသင်းဖြစ်တဲ့ ဂျက်ဆင်ဗီးလ် ဂျာဂွာကလပ်ကို ၀ယ်စဉ်တုန်းက
တော့ ဂျာဂွာကလပ် ဟာ တန်းမဆင်းရဖို့ ရုန်းကန်သွားခဲ့ရပါ တယ်။ အခုရော ဖူလ်ဟမ်ကို ဘယ်
လို ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး ဆွဲဆောင် ဖမ်းစားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

လာမယ့်ဘောလုံးရာသီမှာ ပရီမီယာ လိဂ် ရုပ်သံကြေးက မြင့်တက်လာတဲ့အတွက် အသင်းတိုင်း
က တန်းမဆင်းရ ဖို့ကို ကြိုးပမ်းနေခဲ့ကြပါတယ်။ အဲဒီ အထဲမှာ ဖူလ်ဟမ်လည်း အပါ အ၀င်ဖြစ်ပါ
တယ်။

ဒါကြောင့် စောစီးစွာကပဲကစားသမားသုံးယောက် ကို၊၊၀ယ်ယူခဲ့တာဖြစ် ပါတယ်။ အခုပိုင်ရှင်
အပြောင်းအလဲမှာ ကစားသမားအသစ် တွေ ထပ်ဝယ်ဖို့ အတွက် ဖူလ်ဟမ်ပရိသတ်တွေက
စောင့်မျှော်နေကြ ပါတယ်။

မနှစ် က အသင်းမှာ အဓိက ကစား ခဲ့ကြတဲ့ ကာရာဂူးနစ်၊ ပက်ထရစ်၊ ခရစ် ဘာ့ဒ်တို့ကို ရောင်း
ထားပြီးဖြစ်လို့ အသင်းက နောက်ထပ်အားဖြည့်ဖို့ တော့ လိုအပ်လျက် ရှိနေပါတယ်။ ပိုင်ရှင်သစ်
ခန်းကလည်း အသင်းကို တောင့်တင်းအောင်ဖြည့်တင်းမယ်လို့ တော့ စတင်ပြောဆိုနေတာ တွေ့
ရပါ တယ်။

ဘီလျံနာတစ်ယောက်က ပရီမီ ယာလိဂ်ကိုလာပြီး ရင်းနှီးမြှုပ်နှံပြီးမှ တော့ အသင်းကို ဆွဲဆောင်မှု
ရှိအောင် ဖမ်းစားဖို့ကတော့ အလွန်အရေးပါလာ ပြီဖြစ်ပါတယ်။ ပရီမီယာလိဂ်မှာ အမေရိကန် လုပ်
ငန်းရှင်တွေအဖြစ် မန်ယူ၊ အာဆင်နယ်၊ လီဗာပူး၊ ဗီလာ၊ ဆန်းဒါးလန်းကလပ်တွေမှာ လာပြီး ရင်းနှီး
မြှုပ်နှံနေကြပြီးဖြစ်လို့ နောက် ဆုံးရောက်လာသူ ခန်းကလည်း အသင်း ကို တိုးတက်ပြောင်းလဲလာ
ဖို့ လုပ်ရ တော့မှာ ဖြစ်ပါတယ်။

ဖူလ်ဟမ်ဟာ မနှစ်က တန်းမဆင်းရဖို့အတွက် ရုန်းကန်ကစားခဲ့ရတာမျိုး မရှိခဲ့ပါဘူး။ အေးဆေး
တည်ငြိမ်စွာနဲ့ပဲ ဖြတ်သန်းခဲ့ပါတယ်။ ဒါပေမဲ့ လာမယ့် ရာသီဟာ ရုပ်သံကြေးမြင့်မားလာခြင်း
အောက်မှာတော့ အလယ်အလတ်အသင်းတွေဟာ ပြိုင်ဆိုင်မှုပြင်းထန် လာတော့မှာဖြစ်လို့
ဖူလ်ဟမ်ဟာ ပေါ့ပေါ့ဆဆပြင်ဆင်လို့မရတော့ပါဘူး။

ရှာဟစ်ခန်းအနေနဲ့ ပရီမီယာလိဂ် ဘောလုံးစီးပွားရေး လောကထဲကို လာရောက်ရင်းနှီးမြှုပ်နှံခြင်း
ဟာ တစ်စုံတစ်ရာ မျှော်လင့်ချက်တစ်ခုနဲ့ ရောက်လာတာဖြစ်လို့ ဖူလ်ဟမ်ဟာ ထူးခြားတဲ့ပြောင်း
လဲမှုတစ်ခုဖြစ်လာ ဖွယ်ရှိနေပါတယ်။ လန်ဒန်က ကလပ် အသင်းသေးသေးလေးရဲ့ဘ၀ဟာ ပိုင်ရှင်အပြောင်းအလဲအောက်မှာ ခေတ်သစ်တစ်ခုဖြစ်လာမလားဆိုတာ စိတ်ဝင်စားဖွယ် ဖြစ်
လာနေပါရဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


TeamGPGDPTS
Yangon United
4 9 10
Yadanarbon
4 3 10
Shan United
4 3 9
Rakhine United
4 1 6
Zwekapin United
4 0 6
Nay Pyi Taw FC
4 -1 4
Chin United
4 -2 4
Ayeyarwady United
4 -2 4
Magwe FC
4 -5 4
Hantharwady Utd
4 -1 3
GFA
4 -2 2
Southern Myanmar
4 -3 2
Last Updated - 6 February 2016
TeamGPGDPTS
Manaw Myay
22 51 52
GFA
22 21 49
Nay Pyi Taw FC
22 33 48
Mahar United
22 31 48
Myawady FC
22 23 36
Mawyawadi FC
22 1 35
City Stars
22 1 28
University FC
22 -17 23
Dagon FC
22 -11 20
Pong Gan
22 -37 12
United of Thanlyin
22 -47 11
Silver Stars
22 -49 10
Last Updated - 28 August 2016